Channel Myanmar

THE KLOCKWORX

Undead Murder Farce (2023) 7.1
Undead Murder Farce (2023) Undead Girl Murder Farce (2023) Genre - Anime, Fantasy, Mystery၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်းအပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေအများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီးဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်းလူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်ကခိုးယူသွားလို့ ...
7.1
TMDb: 7.1/10 12 votes
tv

Undead Murder Farce (2023)

2023
Record of Ragnarok – Season (01)(02) 6.4
Record of Ragnarok – Season (01)(02) Record of Ragnarok - Season (01)(02) ==============================="Record of Ragnarok"ကို Anime fan အတော်များများသိပြီး ဖြစ်ပါလိမ့်မယ်။ မသိသေးသူများအတွက် ပြောပြရမယ်ဆိုရင်တော့ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေ (ဥပမာ-Thor,Zeus, Shiva, Buddha,etc...)နဲ့ လူသားတွေကြားကတိုက်ပွဲဖြစ်ပါတယ်။ ဘာသာရေးနယ်ပယ်အစုံက နတ်ဘုရားတွေဖြစ်တဲ့အတွက် universe တွေကိုတစ်နေရာတည်းအကုန်စုကြည့်နေရသလိုပါပဲ။ အဲ့တစ်ချက် နဲ့တင် ဇာတ်လမ်းကအတော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဘာလို့လူသားတွေနဲ့ တိုက်ပွဲဖြစ်ရသလဲဆိုရင်ဖြင့် အဲ့လိုဘာသာရေး နယ်ပယ်အစုံက နတ်ဘုရားတွေဟာ နှစ်၁၀၀၀မှာတစ်ခါ သူတို့ဖန်ဆင်း ခဲ့တဲ့လူသားမျိုးနွယ်ကို ဆက်ရှင်သန်ခွင့်ပေးရမလား၊ မျိုးဖြုတ်ပစ် ရမလားဆိုပြီး မဲခွဲတဲ့အစည်းအဝေးထိုင်တတ်ကြပါသတဲ့။ အဲ့လိုနဲ့ နှစ်(၁၀၀၀)ရောက်တိုင်းတစ်ခါ မဲခွဲလာလိုက်တာ လူသားမျိုးနွယ် သက်တမ်းက အနှစ်(၇)သန်းအရောက်မှာတော့ ကမ္ဘာကြီးဟာ ယိုယွင်း ပျက်စီးလာလို့ ဘယ်နတ်ဘုရားမှ လူသားမျိုးနွယ်ကိုဆက်ထားချင်စိတ် မရှိတော့ပါဘူး။ အဲ့မှာတင် မျိုးဖြုတ်ကြမယ်အလုပ် Valkyrie ညီ အစ်မ(၁၃)ဖော်ထဲက အကြီးဆုံးအစ်မတော် Brunhild က "Ragnarok" စီးချင်းပွဲကို အဆိုပြုခဲ့ပါတယ်။"Ragnarok"စီးချင်းပွဲဆိုတာက နတ်ဘုရားတစ်ပါးနဲ့ လူသားတစ်ယောက် အသေအကြေစီးချင်းတိုက်တဲ့ပွဲပါ။ "Ragnarok"မှာ (၁၃)ချီပါဝင်မှာ ဖြစ်ပြီး အရင်ဆုံး(၇)ချီနိုင်တဲ့ဘက်က အနိုင်ရမှာပါ။ နတ်ဘုရား၁၃ပါးနဲ့ လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလူ(၁၃)ယောက်တို့ စီးချင်းတိုက်ကြရင်း နောက်ဆုံးအဆုံးသတ်ရလဒ်က ဘယ်လိုဖြစ်လိမ့်မလဲ၊ လူသားမျိုးနွယ်ဟာ သုတ်သင်ခံရမှာလား၊ ဆက်လက်ရှင်သန်ခွင့်ရရှိမှာလားဆိုတာကို ကြည့် ရှုရမှာဖြစ်ပါတယ်။လက်ရှိမှာ Netflix ကနေ ...
6.4
TMDb: 6.4/10 6700 votes
tv

Record of Ragnarok – Season (01)(02)

2021