Undead Girl Murder Farce (2023)
Genre – Anime, Fantasy, Mystery
၁၃ ပိုင်း ပါဝင်တဲ့ အသစ်ထွက် Anime စီးရီးကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
လက်ရှိမှာတော့ ၁၁ ပိုင်းအထိ ထွက်ရှုထားပြီး ကျန်တဲ့ ၂ ပိုင်းကိုလည်း
အပတ်စဉ် ထွက်ပြီးတာနဲ့ အချိန်မှီတင်ဆက်ပေးသွားဦးမှာပါ။
ဒီ စီးရီးမှာတော့ စုံထောက်ကြီး ရှားလော့ဟုမ်းတို့ နာမည်ကြီးစောရဝိဇ္ဇာ လူပင်တို့
စသဖြင့် စိတ်ကူးယဉ် နာမည်ကျော် ဇာတ်ကောင်တွေ
အများအပြား ပါဝင်ထားတဲ့အပြင် သွေးစုပ်ဖုပ်ကောင်တို့ သမန်းဝံပုလွေတို့
မကောင်းဆိုးဝါးပေါင်းစုံတွေပါ ပါဝင်ပြီး
၁၉ ရာစုနောက်ခံ စုံထောက်စွန့်စားခန်းလိုမျိုး ဇာတ်အိမ်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆို
ပထမအဓိက ဇာတ်ကောင်အနေနဲ့ ဆူဂရုအကြောင်းပေါ့။
သူကတော့ လူတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီး
ဒီစွမ်းအားနဲ့ ဂျပန်မှာ ထူးဆန်းတဲ့ အကောင်ပလောင်တွေနဲ့
လက်ဝှေ့ထိုးစားနေတဲ့ မကောင်းဆိုးဝါး သုတ်သင်သူလို့ ခေါ်ကြတဲ့
ပေါ့ပျက်ပျက်လူတစ်ယောက်ပေါ့။
ဒါပေမဲ့ ဒီလို မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေရတာလည်း
လူတစ်ယောက်ရဲ့ စနက်ကြောင့်ပါ။
ဒုတိယတစ်ယောက်ကတော့ ဒီစီးရီးရဲ့ပင်တိုင်ဇာတ်ကောင်
ခေါင်းပြတ်မလေး ရင်ဒိုအာယာပါ။
သူကတော့ မသေမျိုးဖြစ်ပြီး သူ့ ခန္ဒာကိုယ်ကို လူတစ်ယောက်က
ခိုးယူသွားလို့ စိတ်ပျက်လက်ပျက်နဲ့
သေချင်လွန်းလို့ မကောင်းဆိုးဝါး သုတ်သင်သူဆီ လာပြီး အသတ်ခံမယ့်လူ။
ဒါပေမဲ့ တကယ်တမ်း နှစ်ယောက်သား တေ့တေ့ဆိုင်ဆိုင်
စကားပြောကြည့်တော့ ဆူဂရုကို လုပ်ခဲ့တဲ့လူနဲ့ အာယာရဲ့ ခန္ဒာကိုယ်ကို ခိုးသွားတဲ့လူက
တစ်ယောက်တည်း ဖြစ်နေတော့ နှစ်ယောက်သား ပူးပေါင်းပြီး
ဒီလက်သည်ကို ဥရောပထိ လိုက်ရှာပြီး သွေးကြေးဆပ်ကြမယ်ဆိုပြီး
သစ္စာပြုလိုက်ကြရော။
တတိယဇာတ်ကောင်ကတော့ ခေါင်းပြတ်မလေးရဲ့ သစ္စာရှိလူယုံမလေး ရှီဇူကုပါ
သခင်မအမိန့်အတိုင်း စေလိုရာသာလုပ်ပြီး ပေါ့ပြက်ပြက် ဆူဂရုနဲ့
အမြဲသတ်နေတဲ့တစ်ယောက်ပေါ့။
ဒီလိုနဲ့ ၃ ယောက်သား စုစည်းပြီး အာယာရဲ့ စုံထောက်စွမ်းရည်ရယ်
ဆူဂရုရဲ့ မကောင်းဆိုးဝါး သုတ်သင်နိုင်စွမ်း ရှီဇူကုရဲ့ ထူးဆန်းတဲ့ငွေလက်နက်နဲ့
တိုက်ခိုက်နိုင်စွမ်းနဲ့အတူ သူတို့ကို ဘဝဖျက်သွားတဲ့လူနောက် လိုက်ကြရင်း
စွန့်စားခန်းတွေ ထွက်ကြတာကို ရသပေါင်းစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။
File size… 330 mb
Quality… WEB Rip 1080p
Format… mp4
Duration…. 23 m
Genre ….. Action, Crime
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by.. Thura Aung , Kasashi , Dr Zac , Orika , Thandar Linn . Spencer Potato , Sai Sumali
Download
========
1080p
EP 01 – Usersdrive / Yoteshin / Megaup / Streamvid
EP 02 – Usersdrive / Yoteshin / Megaup / Streamvid
EP 03 – Usersdrive / Yoteshin / Megaup / Streamvid
EP 04 – Usersdrive / Yoteshin / Megaup / Streamvid
EP 05 – Usersdrive / Yoteshin / Megaup / Streamvid
EP 06 – Usersdrive / Yoteshin / Megaup / Streamvid
EP 07 – Usersdrive / Yoteshin / Megaup / Streamvid
EP 08 – Usersdrive / Yoteshin / Megaup / Streamvid
EP 09 – Usersdrive / Yoteshin / Megaup / Streamvid
EP 10 – Usersdrive / Yoteshin / Megaup / Streamvid
EP 11 – Usersdrive / Yoteshin / Megaup / Streamvid
EP 12 – Usersdrive / Yoteshin / Megaup / Meagnz / Streamvid
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။