A Model Family (2022)
စစ်ပွဲတွေ ရောဂါတွေ မတော်တဆမှုတွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဥ် လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်
ဒါပေမယ့် အဲဒီထက်ပိုများတဲ့ အသက်တွေကတော့ ငွေကြောင့်ဆုံးရှုံးနေတယ်တဲ့
လောကမှာ ငွေကြောင့်ဆုံးရှုံးရတဲအသက်တွေ ဘယ်လောက်အထိများနေပြီလဲ
ဇာတ်လမ်းအကျဥ်း
ဘတ်ဒုံဟာက ဂန်အွန်းဂျူနဲ့လက်ထပ်ထားတဲ့ သာမန် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တယ်
သားသမီး ၂ ယောက်ရှိပြီး သားငယ်လေး ဟျွန်းအူ နှလုံးအစားထိုးခွဲစိတ်ဖို့အတွက် ငွေအရေးပေါ်လိုအပ်နေတယ်
မိသားစုအပေါ် သူ့ရဲ့ တာဝန်မကျေမှုတွေကြောင့် ဇနီးဖြစ်သူ အွန်းဂျူကလည်း သူ့ကို ကွာရှင်းချင်နေတယ်
အွန်းဂျူမှာကလည်း လျို့ဝှက်ချက်တွေက ရှိနှင့်ပြီးသားပေါ့
ဒုံဟာတစ်ယောက် စိတ်ညစ်ညစ်နဲ့ခြေဦးတည့်ရာထွက်လာခဲ့ရာက မထင်မှတ်ဘဲ ကားတစ်စီးကိုတွေ့လိုက်ရတယ်
လူပြတ်တဲ့လမ်းမပေါ်မှာရပ်ထားတာမို့ ထူးဆန်းလို့ အဲဒီကားအနားကိုသွားကြည့်တဲ့အခါ…
ကားထဲမှာ လူနှစ်ယောက် သွေးအလိမ်းလိမ်းနဲ့ဖြစ်နေတာတွေ့လိုက်ရတယ်
အစက အရေးပေါ်ကို ဖုန်းဆက်ပေးပေမယ့် ကားနောက်ခန်းက ငွေထုတ်ကြောင့် စိတ်ပြောင်းပြီး ဖုန်းချလိုက်တယ်
နောက်ဆုံး ကားထဲကငွေတွေကို ခိုးယူလိုက်မိတယ်
အဲဒီငွေတွေက မူးယစ်ဂိုဏ်းတွေနဲ့ ပက်သက်နေတဲ့အခါ ဒုံဟာတစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။
Drama: A Model Family
Director: Kim Jin-Woo
Writer: Lee Jae-Gon
Network: Netflix
Episodes: 10
Release Date: August 12, 2022
Runtime: 45mins
Translated by Hay Thar Oo, Hnin Wutt Yee , Myo Myo Htet
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။