ဒီအချစ်ဇာတ်လမ်းလေးကတော့
ကျောင်းသားဘဝတိတ်တခိုး
ချစ်ခဲ့ရတဲ့သူတွေရှိရင် ကြည့်သင့်တယ်နော်
ရေဒီယိုဌာနတစ်ခုရဲ့ MCဖြစ်သူ ဟယ်ရှောင်ယန်
ရှောင်ယန်မှာ သူ့ကျောင်းသူဘဝတုန်းက
ဖြစ်ခဲ့တဲ့အတိတ်ဆိုးတစ်ခုရှိပါတယ်
အဲ့အတွေးက သူ့ကိုခုထိလိုက်နှောင့်ယှက်နေတာကို ခံနေရသူပါ
သူကျောင်းသူဘဝတုန်းက သူငယ်ချင်းဖြစ်သူရှောင်ရှန့်ချီကို
တိတ်တခိုးချစ်ကြိုက်ခဲ့ပါတယ် ဒါပေမဲ့
ရှန့်ချီဟာ အဆုံးသတ်မှာသူနဲ့ချစ်ကြိုက်ရမဲ့အစား
သူတိုအဖွဲကသူငယ်ချင်းဖြစ်သူ ချန်ဖေးအာကို
ချစ်ကြိုက်နေခဲ့ပါတယ် ရင်နာစရာဇာတ်လမ်းလေးပါပဲ
သူငယ်ချင်းဖြစ်သူနှစ်ယောက်ကြားရှောင်ယန်ဟာ
သူ့ခံစားချက်တွေကိုဖွင့်မပြောတော့ဘဲ
သိမ်းဆည်းထားလိုက်ပါတော့တယ်
ဒီလိုနဲ့ရှောင်ယန်ဟာပြောင်းသွားပြီး
ရေဒီယိုဌာနတစ်ခုမှာ DJတီးတဲ့သူအဖြစ်
ဝင်လုပ်ခဲ့ပါတယ် အဲ့အချိန်မှာဘဲ
ကံကြမ္မာရဟတ်ကတစ်ကျော့ပြန်ပြီး
လွန်ခဲ့တဲ့၈နှစ်က ကိစ္စကိုပြန်အသက်သွင်းဖို
ဖြစ်လာပါတော့တယ်
အဲ့ဒါကတော့ရှန့်ချီဟာ နိုင်ငံခြားကနေ
သူတိုမြိုကိုပြန်လာပြီး ကျဆုံးခါနီးဖြစ်နေတဲ့
ကုမ္ပဏီကိစ္စကို တာဝန်ယူလုပ်ဆောင်ရပါတော့တယ်
ဒီတစ်ခါမှာတော့ရှန့်ချီက အရင်တုန်းက
သူမှားတဲ့ကိစ္စတစ်ခုကို အမှန်ပြန်ပြင်ဖို
ဆုံးဖြတ်ထားပြီးသားပါ သူဟာရှောင်ယန်နဲ့တွေ့ပြီး
သူမတွေးဘဲမနေနိုင်ခဲ့တဲ့သူ သူတကယ်ချစ်နေတဲ့သူဟာ
ရှောင်ယန်လိုပြောလိုက်တဲ့အချိန်
ကဲဘာတွေဆက်ဖြစ်မလဲ?
နှစ်ဖက်လုံးကသူငယ်ချင်းဖြစ်နေချိန်
ရှောင်ယန်ဘာကိုရွေးချယ်မလဲ?
သူကြောက်လန့်နေခဲ့ရတဲ့အတိတ်ကိစ္စကို
သူပြန်အသက်သွင်းပြောင်းလဲနိုင်ပါ့မလား?
(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်)
Quality : WEB-DL 720p,1080p
Total Episodes : 36
Format : mp4
Genres : Romance
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။