Channel Myanmar

Cruel Summer (2021) Season 01 Complete

Cruel Summer

2 Seasons 20 Episodes
Returning Series

Cruel Summer (2021) Season 01 Complete

7.6
TMDb: 7.6/10 274 votes

General information

Original nameCruel Summer
Created by

Backdrops

Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete
Cruel Summer (2021) Season 01 Complete

Synopsis of Cruel Summer (2021) Season 01 Complete

Cruel Summer (2021) Season 01 Complete

 

~ IMDb – 7.4/10, Rotten Tomatoes – 82% ~

 

ဒီ Teen, Drama, Thriller, Mystery Series လေးက 13 Reasons Why ဇာတ်လမ်းကို ကြိုက်သူတွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ Series လေးပါပဲ။ ပုံမှန် ဆယ်ကျော်သက် ပြဿနာတွေထက်ပိုကြီးတဲ့ ပြဿနာတွေကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက်လေးတစ်စုအကြောင်းပါ။ စလာကတည်းက စိတ်ဝင်စားစရာကောင်းပြီး နောက်ဘာဖြစ်မယ်ဆိုတာ အပိုင်းတိုင်းမှာ ရင်ခုန်နေရအောင် ဆွဲဆောင်ထားနိုင်ပါတယ်။

 

ဇာတ်လမ်းကို ခုနှစ်သုံးခုရဲ့ နွေရာသီတွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို အပြိုင်ပြထားတဲ့အတွက် နည်းနည်းတော့ ရောချင်စရာကောင်းပါတယ်။ အချိန်ကရှေ့နောက်ကူးနေပေမဲ့ ဇာတ်လမ်းသွားကတော့ Mystery အမျိုးအစားပီပီသသ ရှေ့မှာ ဘာဖြစ်မလဲဆိုတာ မှန်းမရအောင် ပြထားနိုင်တာကတော့ အရမ်းကိုလှတယ်လို့ပြောချင်ပါတယ်။ ဇာတ်လမ်းထဲကအကြောင်းအရာကိုပဲ အဓိကပြောထားပြီး လူ့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ လူ့အသိုင်းအဝိုင်းက ဘယ်လို အဲဒါမျိုး မက်ဆေ့တွေပေးမထားတာလည်း တစ်မျိုးသဘောကျချင်စရာပါပဲ။ ဇာတ်ဆောင်မင်းသမီးနှစ်ယောက်ရဲ့ ခံစားချက်ကိုပဲ အဓိကပြပေးသွားတာပေါ့။

 

ဇာတ်လမ်းအကျဉ်းကတော့ ကိတ်ဝေါလစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ပျောက်သွားတယ်။ သူက သူတို့မြို့မှာ လူချစ်လူခင်များ နာမည်ကြီးတဲ့ မြို့မျက်နှာဖုံး မိသားစု ကျောင်းသူလေးပေါ့။ သူပျောက်သွားတဲ့အချိန်မှာ ခပ်ကုပ်ကုပ်နေတတ်တဲ့ ဂျနက်တန်နာဆိုတဲ့ကောင်မလေးက သူ့နေရာကို အစားထိုးလိုက်သလို ပုံစံမျိုးနဲ့ လူရှေ့သူရှေ့မှာ ပေါ်လာတယ်။ ကိတ်ရဲ့ သူငယ်ချင်းတွေ ရည်းစား နာမည်ကြီးပြီး လူချစ်လူခင်များတာ အဲဒါတွေအကုန်လုံးကို အစားဝင်ယူလိုက်သလိုပုံစံမျိုးပေါ့။ ပျောက်နေတဲ့ ကိတ်က ပြန်ပေးဆွဲခံထားရတာဖြစ်ပြီး လွတ်လာတဲ့အချိန်မှာ သူ့ဘဝကို အစားထိုးဝင်နေသလိုနေနေတဲ့ ဂျနက်တန်နာက သူဖမ်းခံထားရတဲ့အချိန်မှာ သူ့ကိုတွေ့ရဲ့နဲ့ ရဲကို အကြောင်းကြားမပေးဘူးလို့ လူသိရှင်ကြား ပြောလိုက်တဲ့အချိန်မှာ သာယာနေတဲ့ ဂျနက်ရဲ့ ဘဝလည်း လှိုင်းထန်သွားပါတယ်။ လနဲ့ချီပြီးပြန်ပေးဆွဲခံထားရလို့ စိတ်ဒဏ်ရာဖြစ်နေတဲ့ ကောင်မလေးနဲ့ သူ့ရဲ့စကားတစ်ခွန်းကြောင့် ဘဝပျက်သလိုဖြစ်သွားတဲ့ ကောင်မလေးတို့ရဲ့ အားပြိုင်မှုတွေကို စိတ်ဝင်စားစရာ ကြည့်ရပါလိမ့်မယ်။

 

(* အပိုင်းတစ်ပိုင်းချင်းစီရဲ့ အစနားမှာ အဲဒီအပိုင်းက ဘယ်အချိန်မှာဖြစ်ခဲ့တာလဲဆိုတာကို ပြောပြထားပေးပါတယ်။ ဇာတ်လမ်းဘယ်ရောက်လို့ရောက်လဲမသိမဖြစ်ရအောင် အဲဒါကို သတိထားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ပါဘူး။ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ *)

 

[ဒီစီးရီးက ဇာတ်လမ်းဇာတ်အိမ်လောက်ပဲကောင်းတာမဟုတ်ပါဘူး။ Teenage Drama ဖြစ်တဲ့အတွက် နောက်ခံသီချင်းတွေလည်း အတော်လေးကို ကောင်းပါတယ်။ အဲဒီလိုသီချင်းကောင်းတွေ ကြည့်ရင်း နားထောင်နေရင်း ဘာသီချင်းမှန်းမသိလိုက်မှာစိုးလို့ Playlist ပါ ချပေးလိုက်ပါတယ်။ ခံစားနားဆင်ကြည့်ရှူလိုက်ကြပါဦး…

https://www.youtube.com/playlist?list=PLvF3VzvSLBG-cc_iKGkKebBJEBmfMdxVy&fbclid=IwAR2jqIx8yYpMgjduznhdEPV56A03ijoVxELMV2khrawhZaq2GISF8KgYMG8 ]

 

(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)

Size ~ 600MB+
Total – 10 Episodes
Quality – 1080p
Duration ~ 40min+ (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Mystery, Thriller
Source : AMZN.Web-dl.1080p
Translator – 666
Encoder – Y


 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 7 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 8 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 9 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 

Episode 10 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB / StreamVid

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-07-24
TypeScripted
Episode runtime42 min
Popularity89.953
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments