Netflix နဲ့ BBC တို့ ပူးပေါင်းတင်ဆက်ထားတဲ့ Mockumentary ဇာတ်လမ်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ BBC ရဲ့ Cunk on Britain ရဲ့ အောင်မြင်မှုအပြီးမှာ Cunk on earth ဆိုပြီး ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ပုံစံတင်ဆက်ထားတဲ့ ဟာသဇာတ်လမ်းအဖြစ် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ သတင်းထောက် ဖီလိုမီနာ ကန့်ခ်က ရှေးဦးဂူအောင်းလူသားခေတ်ကစပြီး ဒီနေ့ဆိုရှယ်မီဒီယာခတ်အထိ ကြားထဲမှာဖြစ်ပွားခဲ့တဲ့ အရေးကြီးအဖြစ်အပျက်တွေ ဥပမာ- အလယ်ခေတ်အကြောင်း၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ ပေါ်ပေါက်လာပုံအကြောင်း၊ တစ်ကျော့ပြန်ခေတ် (the Renaissance)အကြောင်း၊ ပြီးတော့စက်မှုခေတ်ရောက်လာပုံ အစရှိတဲ့ သမိုင်းအဖြစ်အပျက်တွေကို တကယ်ဖြစ်ခဲ့တာတွေနဲ့ ပြက်လုံးတွေပေါင်းပြီး ဟာသနှောတင်ဆက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖြစ်အပျက်တွေနဲ့ဆိုင်တဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေ၊ ပါမောက္ခတွေကို မေးမြန်းတာတွေ ပါပါတယ်။ အဲဒီအပိုင်းက ပရိတ်သတ်တွေတော်တော်များများ သဘောကျကြတဲ့အပိုင်းဖြစ်ပါတယ်။ သတင်းထောက် Cunk က ကြောင်တောင်တောင်မေးခွန်းတွေ၊ ပေါက်ပေါက်ရှာရှာမေးခွန်းတွေကို ပါမောက္ခတွေကို မေးလေ့ရှိပြီး ပါမောက္ခတွေကလည်း သူမေးတာကို အတည်ပေါက်ယူပြီး တတ်နိုင်သလောက် ပညာရှင်ရှုထောင့်ကနေ ပြန်ဖြေပေးကြတာက ရယ်စရာဖြစ်နေတာပါ။ ဒါပေမဲ့ တစ်ခါတလေ Cunk မေးတဲ့ဟာတွေက လူတိုင်းစိတ်ကူးထဲမှာ ပေါက်ပေါက်ရှာရှာပေါ်လာတတ်ပြီး ပါမောက္ခတွေကို သွားမမေးရဲတဲ့မေးခွန်းမျိုးတွေလို့ ခံစားရစေပါတယ်။ ကိုယ်တွေမမေးရဲပေမဲ့ သူကတော့မေးရဲပြီး ပါမောက္ခတွေက ရယ်လည်းမရယ်၊ စိတ်လည်းမတိုကြဘဲ သူတို့ကပါ ရုပ်တည်ကြီးနဲ့ ပြန်ဖြေနေကြတာတွေကြည့်ပြီး ခွီလိုက်ကြပါဦးနော်။
File size…(700 MB)/(300 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:01:00
Genre…Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Monica May
Download Link
Episode 1 720p – Yoteshin / Megaup / Meganz / Usersdrive / Streamsb
Episode 1 1080p – Yoteshin / Megaup / Meganz / Usersdrive
Episode 2 720p – Yoteshin / Megaup / Meganz / Usersdrive / Streamsb
Episode 2 1080p – Yoteshin / Megaup / Meganz / Usersdrive
Episode 3 720p – Yoteshin / Megaup / Meganz / Usersdrive / Streamsb
Episode 3 1080p – Yoteshin / Megaup / Meganz / Usersdrive
Episode 4 720p – Yoteshin / Megaup / Meganz / Usersdrive / Streamsb
Episode 4 1080p – Yoteshin / Megaup / Meganz / Usersdrive
Episode 5 720p – Yoteshin / Megaup / Meganz / Usersdrive / Streamsb
Episode 5 1080p – Yoteshin / Megaup / Meganz / Usersdrive
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။