Chinese Historical Drama Palace ကားတွေကိုကြိုတ်နှစ်သက်ကြတဲ့သူတွေအတွက်ကတော့
Yanxi palace နဲ့ Ruyi Royal loveတို့နဲ့စိမ်းမယ်မထင်ပါဘူး။
၂၀၁၈ တုန်းကထွက်ပြီး အပြိုင်နာမည်ကြီးခဲ့ဲ့တဲ့ ဒီ၂ကားပြီးသွားတဲ့နောက်တော့
နောက်ထပ် မန်ချူးခေတ်ဇာတ်အိမ်တည်ထားပြီးအနောက်နန်းဆောင်ကြားမှ
မိဖုရားတွေရဲ့အာဏာလုတဲ့ဇာတ်လမ်းတွေကို ကြည့်ချင်တဲ့ပရိသတ်တို့အတွက်
နောက်ကားကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားကတော့ အပေါ်က ၂ကားရဲ့ ရှေ့ကားလို့ပြောလို့ရပါတယ်။
yanxi နဲ့ ruyi ကားကိုကြည့်ဖူးတဲ့သူတွေကတော့
အဲ့ကားထဲမှာပါတဲ့ ဘုရင်ရဲ့မယ်တော်ကြီးကိုမှတ်မိအုံးမယ်ထင်ပါတယ် ။
ဟုတ်ပါတယ် အခုတင်ဆက်ပေးမယ့်ကားကတော့ သားတော်နဲ့မြေးတော်
နှစ်ယောက်စလုံးရဲ့ခေတ်ကို မီရုံမက လူတွေရဲ့လေးစားသမှုခံရပြီးအာဏာရှိခဲ့တဲ့
မန်ချင်းခေတ်ရဲ့အသက်အရှည်ဆုံး ဧကရီမယ်တော်ကြီး
နညိုဟူရု အကြောင်းရိုက်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဒီကားဟာ သမိုင်းမှာတကယ်ကိုရှိခဲ့တဲ့ ချင်လုံဧကရာဇ်ရဲ့အမေဧကရီမယ်တော်ကြီးအကြောင်းဖြစ်ပါတယ်။
Lui lainziရေးသားခဲ့တဲ့ The legend of zhen huan ကိုအခြေတည်ပြီးရိုက်ပြထားတာကြောင့်
တကယ့်သမိုင်းအစစ်မဟုတ်ပေမယ့် အင်မတန်မှကြည့်ကောင်းပြီး
ကြည့်ရတာတန်စေမယ့်ကားကောင်းလေးတစ်ခုဆိုလည်းမမှားပါဘူး။
Rating အနေနဲ့ 8.3 /IMDbရထားပြီး 2015မှာ Netflix ဝယ်ယူပြီးပြသခဲ့ရတဲ့ကားလေးတစ်ကားပါ
အညွုန်းလေးပြောပြရင်မယ်ဆိုရင်တော့..
“(တားမြစ်နန်းတော်)ကျီကျင့်နန်းတော်ထဲ တစ်ခါခြေချမိရင် နောက်ပြန်လှည့်လို့မရတော့ဘူး”တဲ့..
ကျန်းဟွမ်ဟာ အပြာရောင်အလံတော်အောက်မိသားစုမှလာသူဖြစ်ပြီး
လှပပြီးထက်မြက်ပေမယ့် မောက်မာတဲ့သူမဟုတ်ပါဘူး။
ရိုးသားဖြူစင်တဲ့သူမဟာ တည်ငြိမ်အေးချမ်းပြီး သာမာန်ဘဝနဲ့ရိုးရှင်းစွာဖြတ်သန်းချင်သူပါ။
ဒါပေမယ့်ကံတရားက သူမကိုဆန္ဒကိုမျက်ကွယ်ပြုခဲ့လေတော့ နန်းအပျိုတော်ရွေးပွဲကိုအောင်မြင်သွားပြီး
ဘုရင့်အနောက်နန်းဆောင်ကိုဝင်ခဲ့ရပါတော့တယ်။
ဘုရင့်မျက်နှာတော်ရဖို့နဲ့ အာဏာရဖို့အရေး ယှဉ်ပြိုင်နေရတဲ့
အနောက်နန်းဆောင်မှမိဖုရားများရဲ့ ပဋိပက္ခတွေကြားမှာ
အတတ်နိုင်ဆုံးမပါဝင်ပဲ ခက်ခဲစွာရှင်သန်အောင်ကြိုးစားနေထိုင်ခဲ့ရာက
နောက်ဆုံးမှာတော့ ..
ကျီကျင့်နန်းတော်ဆိုသည့်နေရာမျိုးမှာအာဏာမရှိရင် အစေခံထက်တောင်နိမ့်ပါးတဲ့ဘဝမှာနေရပြီး
ကိုယ်ချစ်တဲ့သူတွေကိုမကာကွယ်နိုင်ကြောင်းကို နားလည်သဘောပေါက်ခဲ့ပါတော့တယ်။
ကျန်းဟွမ်တယောက် အရင်ကဖြူစင်ရိုးသားတဲ့စိတ်ကိုစွန့်ခွာပြီး
ဘုရင့်အချစ်တော်ကိုရယူပြီး အာဏာရဖို့ကြံစည်လာပါတော့တယ်။
မောင်းမတော်အဆင့်သာရှိတဲ့ ကျန်းဟွမ်တယောက်
အနောက်နန်းဆောင်က အားပြိုင်မှုတွေကြား ဘယ်အဆင့်အထိအမြင့်တတ်သွားနိုင်မလဲ။
ဘုရင့်ရဲ့မျက်နှာသာတော်ပေးတာကိုရော တကယ်ရသွားနိုင်မလား။
သူမမက်မောလိုချင်ခဲ့တဲ့ အာဏာတွေရဖို့ သူမဘာတွေကိုစွန့်လွှတ်လိုက်ရမလဲ။
အဆုံးမှာတော့ သူမတကယ်လိုချင်တဲ့ဘဝကို ရနိုင်ရဲ့လား ဆိုတာကိုတော့ ..
အပိုင်း၇၆ ပိုင်းထိပါဝင်တဲ့ဒီကားကို တပတ်မှာ 3 ပိုင်းတင်ဆက်ပေးနေပါတယ်
Encoder : LK
Translator : Chu Chu , Phyo Zaw , Nay Chii, Yamin Ei , Apl Lajawn , Htoo Htoo Ka Joe , Lwinlwin Aung
Episode 1 to 18 Zip FIle
VIP / Megaup / Userdrive / Yandex
Episode 19 to 31 Zip File
VIP / Yoteshin / Megaup / UserDrive
Episode 32 to 51 Zip File
Episode 52 to 66 Zip File
VIP / Yoteshin / Megaup / UserDrive
Episode 67 to 76 Zip File
VIP / Yoteshin / Megaup / UserDrive
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။