Bokudake ga Inai Machi 2017
=======================
ဒီ Japan Mini TV Series လေးဟာ
အပိုင်း ၁၂ ပိုင်းပဲ ထွက်ရှိထားပြီး IMDb 8.1 ထိ ရရှိထားပါတယ်
English Title ကတော့ Erased ပါတဲ့…
ဇတ်လမ်း ပုံစံကတော့ ဆာတိုရူ ဆိုတဲ့ ကောင်လေးဟာ
သူ့ ငယ်ဘ၀ မှာ ကျောင်းနေဘက် သူငယ်ချင်း တစ်ချို့ကို
ကလေးလူသတ်သမား က ကွင်းဆက် သတ်ဖြတ်မှု အဖြစ်
တစ်ယောက်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတယ်
ဒီလို အတွေ့အကြုံတွေနဲ့ ဆာတိုရူ ဟာ အသက်ကြီးလာခဲ့တယ်
ကံကောင်းစွာနဲ့ အဲ့ဒီအထဲ သူတော့ မပါခဲ့ပါဘူး
ဘာလို့လဲ ဆိုတော့ ကွင်းဆက် လူသတ်သမားကို ဖမ်းဆီးသွားကြလို့ပါ
ဖမ်းဆီးသွားကြတဲ့ ကွင်းဆက်သမား လူသတ်သမားဆိုသူကလဲ
လူသတ်သမားလို့ ထင်လောက်စရာမရှိတဲ့ သာမန်လူရိုး လူအေး တစ်ဦးပါပဲ
ဒီလိုနဲ့ ဆာတိုရူ အရွယ်ရောက်လာတဲ့ အခါ သူ့မှာ ထူးခြားတဲ့
ဖြစ်ရပ်ဆန်း တစ်ချို့ ဖြစ်ပျက်လာပါတော့တယ်…
အာ့တာကတော့ ဆာတိုရူ ဟာ ဘယ်အရာကို မဆို မဖြစ်လာခင်
ကြိုကြိုမြင်တက်တာပါပဲ…
ဆာတိုရူ ရဲ့ ၀ါသနာကတော့ မန်ဂါ ကာတွန်း ရေးဆွဲတာဖြစ်ပြီး
ကံမကောင်းစွာနဲ့ သူ့ကာတွန်းကို ထုတ်ဝေဖို့ ဘယ်ထုတ်ဝေသူမှ
စိတ်မ၀င်စားကြပါဘူး သူကတော့ လက်မလျှော့ပဲ အပြင် အလုပ်တွေ
လုပ်ပြီး ကာတွန်း ဆက်ဆွဲနေခဲ့ပါတယ်…
တစ်ရက်မှာတော့ ပီဇာ လိုက်ပို့ရင်း အဖြစ်အပျက် တစ်ခုကို
အရင်က ဖြစ်ပျက်ခဲ့ဖူးသလို ခံစားလိုက်ရပြီး ကလေး ငယ် တစ်ယောက်
ကားတိုက်ခံရမလို ဖြစ်နေရာကနေ ကြိုမြင်နိုင်တဲ့ အစွမ်းကြောင့်
ကယ်တင်လိုက်နိုင်ပါတယ်…
ဒါပေမယ့် သူပြန်ပေးဆပ်လိုက်ရတာကတော့ ကားတစ်စီးနဲ့ တိုက်မိပြီး
ဆေးရုံရောက်သွားတာပါပဲ…
ဒီနောက်ပိုင်း ဘယ်လောက်ထိ သူ ပြင်ဆင်လို့ရမလဲ စိတ်ဝင်စားဖို့
တစ်ဖြေးဖြေးကောင်းလာတယ် သူ ငယ်ငယ်က ဆုံးရှုံးခဲ့ရတဲ့
သူငယ်ချင်းတွေကို ပြန်ကယ်ဖို့ထိ သူငယ်ငယ်က ဘ၀ လေးကို
ပြန်ရောက်သွားတယ် လူသတ်သမား ရန်ကနေ သူငယ်ချင်းတွေကို
ကာကွယ်ဖို့ အတွက် ဆာတိုရူ က အသက် ၁၀ နှစ်လောက်ပဲ ရှိသေးတယ်
သူ ဘယ်လိုတွေ ဆောင်ရွတ်မလဲ ဆိုတာတော့ စိတ်ဝင်စားဖို့
ကောင်းလွန်းလို့ ကျနော်ကတော့ အပိုင်း ၁၂ ထိ ဆက်တိုက်
ကြည့်ဖြစ်သွားခဲ့တယ် လုံးဝ ပျင်းစရာမကောင်းအောင်
လှည့်ကွက်လေးတွေ နဲ့ ဟင်ခနဲ ဟာခနဲ ဖြစ်အောင်
ဆွဲဆောင်သွားနိုင်ခဲ့တယ်…
အချိန်အရမ်းမပေးချင်ပဲ ဇတ်လမ်းတွဲ ကောင်းကောင်း
ကြည့်ချင်သူတွေ ဒီ ဇတ်လမ်းတွဲ ကြည့်သင့်တယ်လို့
ညွှန်းဆိုပါတယ် ….
Channel Myanmar Translator May Thazin Soe လက်ရာနဲ့
Channel Myanmar တွင် အောက်ပါ Link မှ ၀င်ရောက် ကြည့်ရှုနိုင်ပါပြီ
EP 01 Google Drive / Openload
EP 02 Google Drive / Openload
EP 03 Google Drive / Openload
EP 04 Google Drive / Openload
EP 05 Google Drive / Openload
EO 06 Google Drive / Openload
EP 07 Google Drive / Openload
EO 08 Google Drive / Openload
EP 09 Google Drive / Openload
EP 10 Google Drive / Openload
EP 11 Google Drive / Openload
EP 12 Google Drive / Openload
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။