Heartbreak High (2022) Season 01 Complete
~ IMDb rating – 7/10 ~
နာမည်မှာပါတဲ့အတိုင်းပဲ… အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေဘဝကို အခြေခံရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။ ဇာတ်အိမ်တည်ထားပုံ၊ ကာရိုက်တာတည်ဆောက်ထားပုံတွေဟာ ဗြိတိသျှတို့လက်ရာ Sex Education အမည်ရတဲ့ မထင်မရှားစီးရီးလေးနဲ့ မဆိုစလောက် ချွတ်စွပ်နီးပါးဆင်တူနေပေမယ့် ဇာတ်လမ်းကတော့ကွဲပါတယ် (လို့မျှော်လင့်ရတာပဲ)။ ဆင်တူတယ်ဆိုတိုင်းလည်း မကောင်းဘူးလို့မဆိုလိုပါဘူး။ Sex Education ကိုကြည့်ဖူးတဲ့သူတွေအတွက် စစချင်းမှာ ပေါ့သလိုလိုဖြစ်နေနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ သူ့ဇာတ်လမ်းကလည်းဆွဲဆောင်မှုတစ်မျိုးရှိမှန်း သိလာပါလိမ့်မယ်။ ဩစတြေးလျလေသံကလည်း တစ်မျိုးလေးအသစ်အဆန်းဖြစ်သလို သရုပ်ဆောင်ပိုင်းရွေးချယ်ထားမှုမှာလည်း နာမည်ကြီးပြီးသား မင်းသား၊ မင်းသမီးတွေ မဟုတ်သည့်တိုင် သူ့နေရာနဲ့သူကိုက်ညီနေပြီး အချောအလှလေးတွေ ဒီထဲမှာတောင်ပိုများပါတယ်။
ဇာတ်လမ်းကိုသွားရရင် သြစတြေးလျနိုင်ငံက ဟာ့တ်လေဆိုတဲ့ အထက်တန်းကျောင်းလေးဟာ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး တော်တော်နာမည်ကြီးပါတယ်။ ဆိုးတဲ့ဘက်ကပါ။ ဒီလိုဆိုပေမယ့်လည်း ကျောင်းရဲ့အောင်ချက်က ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ နောက်ကရေရင်ပေါ့။ ဒီလိုလန်ထွက်နေတဲ့ကျောင်းလေးဟာဆိုရင် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မရီနဲ့ဟာပါဆိုတဲ့ ကောင်မလေးတွေရဲ့လက်ချက်ကြောင့် သတင်းမှာပါတဲ့ထိ ဟိုးလေးတကျော်ဖြစ်သွားရာကနေ ဆက်လက်ရပ်တည်နိုင်ဖို့လည်း ပိုရုန်းကန်ရတော့မယ့် အနေအထားတစ်ခုကို ရောက်လာပါတော့တယ်။ Sex Education နဲ့ကွာတာကဘာလဲဆိုရင် သူတို့ကနာမည်အတိုင်း လူငယ်တွေအတွက် လိင်ကျန်းမာရေးနဲ့ဆိုင်တာတွေကိုပိုအသားပေးထားပြီး ဒရာမာလေးတွေနဲ့ပေါင်းစပ်ထားတာဖြစ်ပေမယ့် အခုသြဇီဇာတ်လမ်းတွဲကတော့ လိင်ပညာပေးတွေ၊ သူငယ်ချင်းသံယောဇဥ်တွေ၊ လူငယ်သဘာဝတွေနဲ့ ဒရာမာလေးတွေကို ညီညီမျှမျှ အချိုးကျကျပေါင်းစပ်ထားတာကိုတွေ့ရမှာပါ။ အညွှန်းအစပိုင်းကိုပဲဖတ်ပြီး စိတ်မပျက်သွားပဲနဲ့ တစ်တို့လောက် မြည်းကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Min Khant Bo ပဲဖြစ်ပါတယ်။)
Size ~ 750MB+
Total – 8 Episodes
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Romance
Source : NF.Web-dl.1080p
Translator – Min Khant Bo
Encoder – Y
Season Complete Zip (Yoteshin)
Episode 1 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 2 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 3 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 4 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 5 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 6 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 7 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 8 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။