Channel Myanmar

John Carpenter’s Suburban Screams (2023)

John Carpenter's Suburban Screams

1 Seasons 6 Episodes
Returning Series

John Carpenter’s Suburban Screams (2023)

6
TMDb: 6/10 3 votes

General information

Original nameJohn Carpenter's Suburban Screams
Created by

Backdrops

John Carpenter’s Suburban Screams (2023)
John Carpenter’s Suburban Screams (2023)
John Carpenter’s Suburban Screams (2023)
John Carpenter’s Suburban Screams (2023)
John Carpenter’s Suburban Screams (2023)

Synopsis of John Carpenter’s Suburban Screams (2023)

 

ဒါရိုက်တာ ဂျွန် ကာပန်တာ ရိုက်ကူးတဲ့ မီနီစီးရီးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဖြစ်ရပ်မှန်များလည်း ပါဝင်သလို ပါးစပ်ရာဇဝင်‌တွေပါ ရောထွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပဲပြောပါတော့။ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုဖြစ်ပြီး reality show တစ်ခု ဖြစ်လုနီးပါးရိုက်ကူးထားပါတယ်။ ဆိုလိုတာက ကာယကံရှင်များကို တွေ့ဆုံမေးမြန်းတာတွေပါသလို သရုပ်ဆောင်များနဲ့လည်း ပြန်လည်ပုံဖော်ပေးထားတာမလို့ပါ။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဂျွန် ကာပန်တာ က ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရိုက်ကူးတာမဟုတ်ဘဲ အိမ်ကနေ သားရေထိုင်ခုံမှာထိုင်ပြီး အဝေးကနေ ရိုက်ကူးရေးအဖွဲ့ကို ညွှန်ကြားရိုက်ကူးခဲ့တာပါတဲ့။

ဆင်ခြေဖုံးရပ်ကွက်တွေဟာ နေလို့ထိုင်လို့ ကောင်းတဲ့နေရာတွေပါ။ အချင်းချင်းသိကြတယ်။ ရာဇဝတ်မှုမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတတ်တဲ့ ပတ်ဝန်းကျင်သန့်သန့်လေးတွေ။ ဒါပေမဲ့ ဂျွန် ကာပန်တာ က လူကြီးမင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဇိမ်ကျလုံခြုံနေတာကို မနာလိုဘူးထင်ပါရဲ့လေ။ သူ့ဇာတ်လမ်းတွဲကိုကြည့်ပြီးရင် လူကြီးမင်းဘေးက အသိုင်းအဝန်းကို အရင်လိုအမြင်မျိုးနဲ့ မြင်နိုင်မှာမဟုတ်တော့ဘူးလို့ အာမခံထားပါတယ်ဗျာ။

ဒီတော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ရာဇဝတ်မှုခင်းတွေကို အသေးစိတ်ရိုက်ကူးထားပါတယ်။ သေသူက သူသေသွားမှန်းမသိဘဲ သူသံယောစဉ်တွယ်နေတဲ့သူနားမှာပဲ တဝဲလည်လည်ဖြစ်နေလို့ သေပါပြီဆိုတဲ့အကြောင်း အသိပေးရတာလိုမျိုး မြန်မာ့ဝန်းကျင်မှာ ကြားနေကျ မြန်မာဆန်ဆန်ဇာတ်လမ်းတွေပါတယ်။ ညအချိန် တူတူပုန်းတမ်းကစားရင်း ယုန်လူသားက ဖမ်းသွားတယ်ဆိုတဲ့ အယူအဆကလည်း မြန်မာတွေ နတ်ဝှက်တတ်တယ်ဆိုတာနဲ့ အလားသဏ္ဍန်တူတယ်ပေါ့။ ပုဏ္ဏကတိုက်နေတဲ့အိမ်မှာ မိသားစုတွေ ပြောင်းလာရင်း စိတ်ဖောက်ပြန်ပြီး အချင်းချင်းသတ်ကုန်တဲ့ဇာတ်လမ်းတွေရောပေါ့။

စုစုပေါင်း အပိုင်းခြောက်ပိုင်းရှိမှာဖြစ်ပြီး နေ့စဉ်တင်ဆက်ပေးသွားမှာပါ။ တစ်ပိုင်းတည်း ဇာတ်လမ်းပြီးတာတွေမလို့ အဆက်ကိုမျှော်ရတဲ့ဒုက္ခတော့ မရှိနိုင်ပါဘူး။ အအေးဓာတ်ဝင်လာပြီဖြစ်တဲ့ ညလေးတွေမှာ တစ်ယောက်တည်းကြည့်ရင်း ကြက်သီးလေးတွေ ထကြပါစို့။

 

File size…(590 MB)/(320 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….00:43:00
Genre…Documentary, Mystery
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Arr Khun Winchester

 

Season 1

Episode 1 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 1 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 2 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 2 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 3 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 3 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 4 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 4 1080p  –  Yoteshin / Megaup / Meganz / Usersdrive 

 

Episode 5 720p  –  Yoteshin / Megaup / Meganz / Usersdrive / Streamwish

Episode 5 1080p  –  Yoteshin / Megaup / Meganz / Usersdrive 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-10-13
TypeMiniseries
Episode runtime40 min
Popularity19.823
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments