Channel Myanmar

Peacock

Megamind Rules! (2024) 6.056
Megamind Rules! (2024)  2024 March မှာ release လုပ်ထားတဲ့ မီဂါမိုင်း အသစ်စက်စက် ဇာတ်လမ်းတွဲလေးလာပါပြီ မက်ထရိုစီးတီးရဲ့ ဟီးရိုးစတိုင်အသစ်နဲ့ မီဂါမိုင်း ပဲဖြစ်ပါတယ်ခေတ်နောက်ကျနေတဲ့ မီဂါမိုင်း တစ်ယောက် သူ့ကိုဘယ်သူကမှ အသိအမှတ်မပြုတော့ဘဲနဲ့ လူကြိုက်နည်းသွားပြီး ဘယ်သူမှဂရုမစိုက်တော့တဲ့ အချိန်ပေါ့ သူ့ကိုပြန်ပြီး အသိအမှတ်ပြုကြဖို့အတွက် ဟီးရိုးကွက်တွေ ထုတ်သုံးပေမယ့် အရာမရောက်ဘဲနဲ့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ ကေကို ဆိုတဲ့ ကောင်မလေးနဲ့မှ ဒီဘက်ခေတ်ကို နားလည်ပြီး Social Media တွေ၊ Web Channel တွေ၊ Live Stream တွေကို အမှီလိုက်သုံးပြီး ၂၁ ရာစုရဲ့ မီဂါမိုင်း အသစ်အနေနဲ့ ဖန်တီးထားတာပါEpisode 8 ခုပါဝင်ပါတယ် All Round Rating အရကတော့ အတော်လေးနည်းပေမယ့် E4 နဲ့ E5 ကိုတော့ 6.9/10 ပေးထားပြီး Fun တွေအနေနဲ့လည်း All ...
6.056
TMDb: 6.056/10 18 votes
tv

Megamind Rules! (2024)

2024
The Traitors (2023) Season 2 6.8
The Traitors (2023) Season 2  2023ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ American Survival showThe Traitors ရဲ့ ‌ဒုတိယမြောက် Season ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီshow ကို Spy kids trilogy /The smurfsတို့နဲ့လူသိများတဲ့ မင်းသားကြီး Alan Cumming က Host အဖြစ်တာဝန်ယူတင်ဆက်ထားတာပါ။ ဒီ show ရဲ့ကစားပုံက အကြမ်းဖျင်းအရတော့အားလုံးသိကြတဲ့ Lair game/ Killer game အကြီးစားတစ်ခုပါပဲ။Player 21ယောက်ထဲမှာ Host က သစ္စာဖောက် (traitors)တွေကိုရွေးချယ်ပေးထားပြီး အဲ့သစ္စာဖောက်တွေဟာ ညရောက်တာနဲ့ ကျန်တဲ့သစ္စာခံ (faithfuls)တွေထဲက တစ်ယောက်စီကို ကစားပွဲထဲကထုတ်ပစ်ရမှာပဲဖြစ်ပါတယ်။ သစ္စာခံတွေကတော့ သစ္စာဖောက်က ဘယ်သူ‌တွေလဲဆိုတာ ရှာဖွေဖော်ထုတ်နိုင်ရင် အနိုင်ရမှာဖြစ်ပြီး၊ သစ္စာခံတွေအကုန်လုံးကိုသစ္စာဖောက်တွေကသတ်နိုင်လိုက်ရင် သစ္စာဖောက်တွေအနိုင်ရမှာပဲဖြစ်ပါတယ်။ အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ250000 ကို ရရှိမှာဖြစ်ပြီး ထပ်တိုး Mission တွေကနေ ဆုကြေးငွေတွေတိုးလာအောင်လည်းကြိုးစားလို့ရပါသေးတယ်။ ဒီshowက Survivalရှိုးတွေနဲ့မတူဘဲ ...
6.8
TMDb: 6.8/10 10 votes
tv

The Traitors (2023) Season 2

2023
Apples Never Fall (2024) 7.7
Apples Never Fall (2024)  Family dramaကြိုက်တဲ့ CMပရိသတ်တို့အတွက်IMDb 6.9 ရထားတဲ့ peacock tv ရဲ့drama mysteryဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ငွေကြေးချမ်းသာပြီး West Palmရဲ့ဂုဏ်သရေရှိမိသားစုလည်းဖြစ်တဲ့ တင်းနစ်သင်တန်းကျောင်းဖွင့်ထားတဲ့ ဒလန်နီမိသားစုထဲကအရှုပ်အရှင်းတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မြို့ရဲ့မျက်နှာဖုံး ဂုဏ်သရေရှိ တင်းနစ်ချန်ပီယံ ဂျွိုင်းနဲ့စတန်တို့မှာထရွိုင်း လိုဂန် ဘရွတ်ခ်နဲ့ အေမီဆိုတဲ့ သားသမီး ၄ ယောက်ရှိပြီးအောင်မြင်တဲ့ တင်းနစ်သင်တန်းကျောင်းကြီးကို ဦးစီးနေကြတာပေါ့။သားသမီး ၄ ယောက်ထဲမှာ အဖေနဲ့အမေလို တင်းနစ်ပါရမီပါတဲ့သူတွေရှိပေမဲ့လည်း ဘယ်သူမှ တင်းနစ်သင်တန်း‌ကျောင်းကိုဦးစီးမယ့်သူမရှိလေတော့ သူတို့အနားယူချိန်မှာ သင်တန်းကြီးကိုပိတ်လိုက်ရတာပေါ့။လူတိုင်းက အလုပ်လုပ်နေရချိန်မှာတော့ ပင်စင်ယူချိန်အနားယူချိန်ကိုတမ်းတနေတတ်ကြပြီး အနားယူရင် ဘာလုပ်မယ်ညာလုပ်မယ် ကြိုတင်စီစဉ်နေပေမဲ့ တကယ်တမ်းပင်စင်ယူရချိန်မှာတော့ ရင်ထဲဟာပြီး အလိုမကျဖြစ် စိတ်ဆတ်တတ်ကြပါသတဲ့။ဂျွိုင်းနဲ့စတန်တို့လည်း ဒီလူတွေထဲမှာ အပါအဝင်ပါပဲ။ ယှဉ်ပြိုင်လိုစိတ်များပြီး တသက်လုံးအလုပ်နောက်လိုက်နေခဲ့တဲ့ စတန်နဲ့ဂျွိုင်းတို့အချိန်တန်ပင်စင်ယူချိန်ရောက်တော့လည်း သားသမီး ၄ ‌ယောက်ကအဖေနဲ့အမေအပေါ် နွေးနွေးထွေးထွေး မရှိကြပါဘူး။အမြဲတမ်း miss callမြင်ရင် ဖုန်းပြန်မခေါ်တာမျိုး စာမပြန်တာမျိုးမရှိတဲ့ ဂျွိုင်းတစ်ယောက် စာမပြန်ချိန် ...
7.7
TMDb: 7.7/10 7 votes
tv

Apples Never Fall (2024)

2024
Ted (2024) Season 1 7.8
Ted (2024) Season 1 (function(f,b,n,j,x,e){})();(function(f,b,n,j,x,e){})();ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ...
7.8
TMDb: 7.8/10 8 votes
tv

Ted (2024) Season 1

2024
Dr. Death (2021) 7.345
Dr. Death (2021) (function(f,b,n,j,x,e){})(); လူရယ်လို့ဖြစ်လာပြီဆိုရင် သမုဒ္ဒရာဝမ်းတထွာအတွက် လူတိုင်းရှာဖွေစားသောက်ကြရတာ သဘာဝပါ.....အဲဒီလို သက်မွေးဝမ်းကြောင်းတွေထဲ ဆရာဝန်ဆိုတဲ့ သက်မွေးဝမ်းကြောင်းတစ်ခုလည်းပါဝင်ပါတယ်......လူတွေရဲ့ အသက်ဆက်ရေး ကျန်းကျန်းမာမာနေရရေးအတွက် သေမင်းနဲ့ စီးချင်းထိုး ကုသပေးရတဲ့သူတွေလို့ ဆိုကြတာပေါ့.......အဲဒီလို လူ့အသက်တွေကို ကိုင်တွယ်နေရတဲ့ ဆရာဝန်တစ်ယောက်က အတ္တကြီး ကြွားလုံးထုတ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာကလွဲ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆို ဘာဖြစ်သွားမလဲ.....တွေးကြည့်ဝံ့စရာပင်မရှိတော့.....ခွဲစိတ်ဆရာဝန်ဖြစ်နေပြီဆိုရင်တော့ ပိုလို့ပင်ပြောစရာမရှိတော့ပါ.......ဟုတ်ပါတယ် ကိုယ့်ခန္ဓာတခုလုံး ဝကွက်အပ်လိုက်ရမဲ့လူက အဲဒီလိုလူမျိုးဆိုတာသိနေလို့ကတော့ မခွဲခင်က သေနှင့်ပြီဆိုတာတွေ ပုံအောလာမှာပါပဲ........ဒီဇာတ်ကားလေးမှာတော့ အဲဒီလိုဖြစ်နေတဲ့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန် တစ်ယောက်အကြောင်း တင်ဆက်ပေးထားတာပါ ဖြစ်ရပ်မှန်ပါ....သူခွဲလိုက်ရင် သေရင်သေ မသေရင် ဒုက္ခိတတော့အနည်းလေးဖြစ်တတ်တာဆိုတော့ တကယ်တတ်ကျွမ်းပြီး လူနာတွေပေါ် စေတနာထားတဲ့ ဆရာဝန်ကြီးနှစ်ယောက်က သူ့ကို တားနိုင်ဖို့ အားကုန်ထုတ်ကြိုးစားပါတော့တယ်......ကျွန်တော်တို့ဆီမှာဆိုရင်တော့ ဆမသိမ်း ရွာပြန်အိပ်ရအောင်လုပ်သလိုမျိုးပေါ့..........ဒါပေမဲ့ သူတင်ကြောက်ဖို့ကောင်းတာလားဆိုတော့မဟုတ် အတ္တကြီးမားလှတဲ့လူတွေရဲ့ ကိုယ်ကျိုးတစ်ခုတည်းကြည့်တတ်တဲ့ အကျင့်ကြောင့် ဆရာဝန်ကြီးနှစ်ယောက်ကြိုးစားသမျှက အရာမဝင်ဖြစ်နေတော့တာပေါ့.......အဲဒီတော့ ဘယ်လိုမှလက်ခံလို့မရတဲ့ ကိစ္စကို ဆရာဝန်ကြီးနှစ်ယောက်က ဘယ်လိုတားဆီးကြမလဲ......သူတို့ကို ကူညီပေးမဲ့သူရော ရှိနေပါ့မလား......အရာရာ အပေါ်ယံသာကြည့်တတ်တဲ့ လူ့လောကကြီးထဲ ...
7.345
TMDb: 7.345/10 132 votes
tv

Dr. Death (2021)

2021
John Carpenter’s Suburban Screams (2023) 6
John Carpenter’s Suburban Screams (2023)  ဒါရိုက်တာ ဂျွန် ကာပန်တာ ရိုက်ကူးတဲ့ မီနီစီးရီးတစ်ခုကို တင်ဆက်ပေးပါ့မယ်။ ဖြစ်ရပ်မှန်များလည်း ပါဝင်သလို ပါးစပ်ရာဇဝင်‌တွေပါ ရောထွေးထားတဲ့ လျှို့ဝှက်ဆန်းကြယ် သဲထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားပဲပြောပါတော့။ တစ်ပိုင်းကို ဇာတ်လမ်းတစ်ခုဖြစ်ပြီး reality show တစ်ခု ဖြစ်လုနီးပါးရိုက်ကူးထားပါတယ်။ ဆိုလိုတာက ကာယကံရှင်များကို တွေ့ဆုံမေးမြန်းတာတွေပါသလို သရုပ်ဆောင်များနဲ့လည်း ပြန်လည်ပုံဖော်ပေးထားတာမလို့ပါ။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဂျွန် ကာပန်တာ က ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းရိုက်ကူးတာမဟုတ်ဘဲ အိမ်ကနေ သားရေထိုင်ခုံမှာထိုင်ပြီး အဝေးကနေ ရိုက်ကူးရေးအဖွဲ့ကို ညွှန်ကြားရိုက်ကူးခဲ့တာပါတဲ့။ဆင်ခြေဖုံးရပ်ကွက်တွေဟာ နေလို့ထိုင်လို့ ကောင်းတဲ့နေရာတွေပါ။ အချင်းချင်းသိကြတယ်။ ရာဇဝတ်မှုမရှိဘူး။ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမတတ်တဲ့ ပတ်ဝန်းကျင်သန့်သန့်လေးတွေ။ ဒါပေမဲ့ ဂျွန် ကာပန်တာ က လူကြီးမင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဇိမ်ကျလုံခြုံနေတာကို မနာလိုဘူးထင်ပါရဲ့လေ။ သူ့ဇာတ်လမ်းတွဲကိုကြည့်ပြီးရင် လူကြီးမင်းဘေးက အသိုင်းအဝန်းကို အရင်လိုအမြင်မျိုးနဲ့ မြင်နိုင်မှာမဟုတ်တော့ဘူးလို့ အာမခံထားပါတယ်ဗျာ။ဒီတော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ...
6
TMDb: 6/10 3 votes
tv

John Carpenter’s Suburban Screams (2023)

2023
The Continental: From the World of John Wick (2023) 7.8
The Continental: From the World of John Wick (2023) The Continental: From the World of John Wick (2023) ======================================= John Wick Spin off : Continental Season 1ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည် ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝက‌နေ ရာဇဝတ်လောကထဲ ရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြ ထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်း တမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက် ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့် ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း - ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီ ဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင် နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက ...
7.8
TMDb: 7.8/10 1628 votes
tv

The Continental: From the World of John Wick (2023)

2023
Twisted Metal – Season (01) 7.5
Twisted Metal – Season (01) Twisted Metal - Season (01) ==================== IMDb Rating - 7.8/10Anthony Mackie(New Captain America မင်းသား) ရဲ့ စီးရီးသစ်လာပါပြီ။ Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်း တွေ ကာလိုက်ကြပါတယ်။ အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင် လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။ ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂို ကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေး အယူလုပ်လာပါတယ်။ သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ် စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းက ဘဝကို လောဘတက်မိပါတယ်။ ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက်ဘာ တွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)(ဒီစီးရီးရဲ့အညွှန်းကို ...
7.5
TMDb: 7.5/10 1874 votes
tv

Twisted Metal – Season (01)

2023
Based on a True Story (2023) 7.3
Based on a True Story (2023) Based on a True Story (2023) ===================== IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် (2023)ခုနှစ်ထွက် Comedy, Thriller စီးရီးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ Westside Ripper ဆိုတဲ့ ကွင်းဆက်လူသတ် သမားကြီး ခေတ်ထနေဆဲအချိန်ဖြစ်ပါတယ်။ သေဆုံးသူ (၇)ယောက် ထိ ရှိလာတာတောင် ရဲတွေလည်း တရားခံဘယ်သူမှန်း မသိကြသေး ပါဘူး။တင်းနစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ နေသန်နဲ့ သူ့ဇနီးအေ ဗာတို့ဟာ လောကဓံရိုက်ခတ်မှုကြောင့် ငွေကြေးအခက်ကြုံနေဆဲမှာပဲ ရေစက်လား ဝဋ်ကြွေးလားမသိ၊ အဲဒီကွင်းဆက်လူသတ်သမားကို ဘယ် သူဘယ်ဝါဆိုတာ သိသွားရုံမက လူကောင်လုံးလိုက်ကြီးပါ တွေ့လိုက် ကြရပါတယ်။ "အူမတောင့်မှသီလစောင့်နိုင်တယ်"ဆိုတဲ့စကားပုံအတိုင်း ငွေကြေးအခက်ကြုံနေတဲ့ လင်မယားစုံတွဲဟာ လူသတ်သမားကို ရဲလက် မအပ်ဘဲ လူသတ်သမားကို အကြောင်းပြုပြီး ငွေလမ်းကြောင်းဖန်တီးဖို့ စိတ်ကူးရသွားကြပါလေရော။ ဒီလိုနဲ့ လင်မယားနှစ်ယောက်နဲ့ ကွင်းဆက် လူသတ်သမားတစ်ယောက်တို့ရဲ့ အရှုပ်တော်ပုံကြီး စ‌တင်လေသတည်း ပေါ့ဗျာ။IMDb Rating 7.3/10 ရရှိထားပြီး Herly Quinn: Birds of Prey (2020)ထဲက Victor Zsasz အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Chris ...
7.3
TMDb: 7.3/10 4700 votes
tv

Based on a True Story (2023)

2023
Bupkis (2023) 7.4
Bupkis (2023) Bupkis (2023) =========== Genres - Comedy , Drama IMDb Rating - 7.4/10Pete Davidson ဆိုတာ ဒီနေ့ခေတ် ရှားပါးလာတဲ့ လူငယ် comedy actor. တွေက အအောင်မြင်ဆုံး Hollywood actor တစ်‌ယောက်ပါ။ သူတွဲခဲ့တဲ့ သူတွေကလည်း Kim Kardashian, Ariana Grande တို့လို စူပါမာ်ဒယ် တွေ။ဒီဇာတ်လမ်းတွဲက သူ့ဘ၀နဲ့ ငယ်ဘ၀ဇာတ်ကြာင်းအနည်းငယ်ကို ရိုက်ပြထားတာပါ ။ တစ်ခြားဇာတ်ကောင်တစ်ခုကိုမြင်ရမှာမဟုတ် ဘဲ Pete Davidson ဆိုတဲ့ သူ့ဘ၀ကို သူကိုယ်တိုင်ရိုက်ကူးထား တာပါ။ ရုပ်တည်ကြီးနဲ့ နောက်တဲ့ ဟာသတွေ , Hollywood က ရိုက်ကွင်းအလွဲတွေနဲ့ နောက်ကွယ်ကဇာတ်လမ်းတွ အများကြီးပါပဲ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Brad Pitt , Machine Gun Kelly , Avenger ထဲက Winter soldier သရုပ်ဆာင်စသည်ဖြင့် အများကြီး ပါ၀င်ထားပါသေးတယ်။ Comedy ဇာတ်လမ်းတွဲမျှော်နေတဲ့ သူတွေ အကြိုက်တွေ့စမယ့် ဇာတ်လမ်းတွဲပါပဲ ...
7.4
TMDb: 7.4/10 3300 votes
tv

Bupkis (2023)

2023
Mrs. Davis (2023) 7.333
Mrs. Davis (2023) ဒီဇာတ်ကားကတော့ မရိုးနိုင်တဲ့ quest တစ်ခုဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့ သောက်တော်ရေခွက် ဟိုလီဂရေးကို လိုက်ရှာရတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက သူက Sci-fi ဆိုလည်း ဟုတ်နေပြန်တယ်။ အနာဂတ်မှာ လူတွေက ဖေ့စ်ဘုတ်တွေ၊ အင်စတာဂရမ်တွေ မသုံးတော့ဘဲ မစ္စစ်ဒေးဗစ်လို့ခေါ်တဲ့ အဲလ်ဂိုရစ်သမ်ကြီးတစ်ခုကို တစ်ကမ္ဘာလုံးက အသုံးပြုကြတယ်။ဒီအဲလ်ဂိုရစ်သမ်ကြီးက ပြောရရင် ဘုရားလိုပဲ ဘာမှ မသိတာမရှိဘူး၊ လူတွေကို ပျော်အောင်ထားသလိုလိုနဲ့ ထိန်းချုပ်ထားတယ်ပေါ့။ သူ့မှာ တခြားဆိုရှယ်မီဒီယာတွေမှာ Blue mark ရသလိုမျိုး Wings ဆိုတာကို ရအောင်လုပ်ကြတဲ့ လူတွေ ရှိတယ်။ သူကလည်း သူခိုင်းချင်တယ်ဆိုရင် Wings နဲ့ ဆွဲဆောင်တာပေါ့။ လစ်ဇီက ဒီအဲလ်ဂိုရစ်သမ်ကြောင့် သူ့အဖေသေခဲ့ရတာဖြစ်တဲ့အတွက် ဒီဟာကြီး မကောင်းကြောင်းကို သိထားတဲ့သူ။အဲဒါကြောင့် အဲလ်ဂိုရစ်သမ်ကို မသုံးဘဲ နေနေတဲ့ လူနည်းစုထဲမှာ ပါပြီး ဒီဟာကြီးကို ...
7.333
TMDb: 7.333/10 18 votes
tv

Mrs. Davis (2023)

2023
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
Irreverent (2022) 4.5
Irreverent (2022) Irreverent (2022)နိုဝင်ဘာလ ၃၀ ရက်နေ့ကမှ ထွက်ရှိထားတဲ့ Comedy, Crime, Drama အမျိုးစား ဇာတ်လမ်းတွဲအသစ်ဖြစ်ပြီးတော့ IMDb 6.3 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Paulo ဟာ ချီကာဂိုက ရာဇဝတ်အဖွဲ့တွေကြား ညှိနှိုင်းရေးသမားဖြစ်ပြီးတော့ တစ်နေ့မှာ လူဆိုးဂိုဏ်းတစ်ခုရဲ့သားဖြစ်သူကို မတော်တဆ သတ်လိုက်မိတဲ့အတွက် ရှောင်ပြေးရဖို့ ဖြစ်လာပါတယ်။ Australia ရဲ့ ကျွန်းလေးတစ်ကျွန်းကိုသွားတဲ့ လေယာဉ်ပေါ်မှာ သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးနဲ့ ဆုံပြီးတော့ နှစ်ယောက်အတူတူသောက်ဖြစ်ကြရင်းနဲ့ Paulo ရဲ့ ငွေတွေကို ဘုန်းတော်ကြီးက ယူပြေးသွားပါတယ်။ ဒုက္ခရောက်နေတဲ့ Paulo လည်း သူ့ငွေတွေ ယူပြေးသွားတဲ့သူကို လိုက်ရှာဖို့ ဘုန်းတော်ကြီးသွားရမယ့် မြောက်ပိုင်းက ကျွန်လေးတစ်ကျွန်းကိုသွားပြီး ဘုန်းတော်ကြီးရဲ့ နေရာမှာ အစားထိုးနေရင်းနဲ့ သူ့အကြောင်းစုံစမ်းဖို့ လုပ်ရပါတော့တယ်။ ရာဇဝတ်သားဖြစ်တဲ့ Paulo အနေနဲ့ ကျွန်းလေးမှာ ဘုန်းတော်ကြီးလုပ်ဖို့ အဆင်ပြေပါ့လား၊ သူ့ငွေတွေ ယူသွားတဲ့သူကိုရော မိပါ့မလား၊ ချီကာဂိုက လူဆိုးဂိုဏ်းကရော သူ့ကို မိသွားမှာလားဆိုတာ ဒီဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတကတော့ Moh ...
4.5
TMDb: 4.5/10 2 votes
tv

Irreverent (2022)

2022
A Friend of the Family (2022) Complete 9.1
A Friend of the Family (2022) Complete A Friend of the Family (2022) Completed Limited Series ~ IMDb - 7.4/10, Rotten Tomatoes - 91% ~ Peacock ရဲ့ Rotten Tomatoes - 91% အထိရထားတဲ့ Limited စီးရီးအသစ်ပါ။ အစအဆုံးကြည့်ဖို့အတွက် ၇နာရီ၅၃မိနစ်ပဲ ကြာမြင့်မှာမို့ အချိန်သိပ်မပေးရဘဲ ကောင်းကောင်းကြည့်လို့ရမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်အမျိုးအစားပါပဲ။ ရုပ်ရှင်တွေ မယ်မယ်ရရ မရိုက်ဖြစ်သေးပေမဲ့ စီးရီးလောကမှာတော့ တော်တော်ခရီးပေါက်နေပြီဖြစ်တဲ့ Tom Hanks ရဲ့သား Colin Hanks ရဲ့ကားအသစ်မို့ ဦးလေးတွမ်ရဲ့ ပရိသတ်တွေလည်း သဘောကျလောက်မယ့် မီနီစီးရီးပါပဲ။ ၁၉၇၀ ခုနှစ်ကာလ အမေရိကန်နိုင်ငံမှာ "ဘရိုဘာ့ဂ်" ဆိုတဲ့ မိသားစုတစ်ခု ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အ‌ကြောင်းပါပဲ။ ဒီမိသားစုမှာ ဂျန်နီ ခယ်ရန် ဆူဇန် ဆိုတဲ့ သမီးလေး ...
9.1
TMDb: 9.1/10 2 votes
tv

A Friend of the Family (2022) Complete

2022
The Calling (2022) 8.5
The Calling (2022) အာဗရာဟမ် အာဗရာဟမ်က နယူးယောက်ရဲဌာနရဲ့ အတော်ဆုံး စုံထောက်။ ဘာသာတရားကိုင်းရှိုင်းတဲ့ ဂျူးဘာသာဝင်တစ်‌ယောက်ဖြစ်တဲ့ သူဟာ အမှုလိုက်တဲ့နေရာမှာလည်း အလိုလိုသိစိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို အဓိကအားကိုးသူ။ လူသားဆန်မှုကို ယုံကြည်သူဖြစ်ပေမဲ့ ရဲတစ်ယောက်ဖြစ်လာပြီဆိုမှတော့ အမြဲတမ်းလိုလို ဆိုးယုတ်သူတွေနဲ့ပဲ ကြုံနေရတဲ့သူ့အတွက် မှုခင်းတွေရဲ့ ရှုပ်ထွေးမှုမြင့်မားလာတာနဲ့အမျှ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါMindhunter စီးရီးရဲ့ ဇာတ်လမ်းသွားလာပုံမျိုး နဲ့ Sherlock Holmes လို ခွကျတဲ့ ဉာဏ်ကြီးရှင်ရဲစုံထောက်တစ်ယောက်ကို ဗဟိုပြုထားတာမလို့ ကြည့်မိတာ နောင်တမရစေမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။Quality :1080p WEB H264 / 720pTotal Episodes :8EpsFormat : mp4Genres :Drama, CrimeDuration :46minsSubtitle : Myanmar Subtitle ( Hardsub )Translated by Nana Yuni 720p === Ep1 - Yoteshin / Userdrive / Megaup / Meganz  Ep2 - Yoteshin / ...
8.5
TMDb: 8.5/10 2 votes
tv

The Calling (2022)

2022
Wolf Like Me (2022) Season 1 7.98
Wolf Like Me (2022) Season 1 Wolf Like Me =========== ဂယ်ရီက ဇနီးသည် ကင်ဆာရောဂါနဲ့ ဆုံးပါးသွားလို့ ၁၁ နှစ်အရွယ်သမီးလေးနဲ့ ကျန်ရစ်ခဲ့တဲ့ ဆင်ဂယ်ဖားသားတဦးပါ စိတ်ပိုင်းဆိုင်ရာပြဿနာရှိလို့ စိတ်ကုဆရာဝန်နဲ့ပြနေရတဲ့ အကြောက်လွန်ရောဂါဖြစ်နေတဲ့ သမီးလေးကို အဖက်ဖက်က လိုလေသေးမရှိအောင်ထားပြီးဖခင်တာဝန်ကျေစေခဲ့ပေမယ့် သမီးလေးနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးကအဆင်ပြေမလာခဲ့ပါဘူး တနေ့မှာတော့ သမီးလေးကို ကျောင်းလိုက်ပို့တဲ့လမ်းမှာ သူတို့ကားကို အခြားကားတစီးက မတော်တဆဝင်တိုက်ပြီးအက်ဆီးဒင့်ဖြစ်ခဲ့ပါတယ်ဝင်တိုက်သူက မေရီဆိုတဲ့ အမျိုးသမီးတဦးဖြစ်ပြီးဒီမတော်တဆမှုကို အကြောင်းပြလို့ သူတို့ရင်းနှီးခဲ့ကြပါတယ်ဂယ်ရီနဲ့‌ မေရီတို့ မိတ်ဆွေ ထက်ပိုတဲ့ ဆက်ဆံရေးတခုကို ရောက်လာခဲ့သည့်တိုင်မေရီဟာ ဂယ်ရီရဲ့ အနားကနေ အမြဲတမ်းထွက်ပြေးနေခဲ့တယ် တညမှာတော့ဘာကြောင့် သူဒီလိုလုပ်နေတာလဲဆိုတဲ့ မေရီရဲ့ ထူးဆန်းအံ့ဩဖွယ်ရာလျှို့ဝှက်ချက်တခုကို မထင်မှတ်ဘဲ ဂယ်ရီ သိရှိသွားပါတော့တယ်။  Episodes   : 6File Size    : 544MB , 256MBQuality      :Web-DL 1080p,720PGenres      : Drama, ...
7.98
TMDb: 7.98/10 49 votes
tv

Wolf Like Me (2022) Season 1

2022
Leopard Skin (2022) Season 1
Leopard Skin (2022) Season 1 Leopard Skin (2022) ================ Crime/ Thriller series များကို တောင့်တနေတဲ့ပရိသတ်ကြီးတို့အတွက် Leopard Skin ဆိုတဲ့action series လေးကို တင်ဆက်ပေးချင်ပါတယ်။ရတနာ ဓားပြတိုက်ပြီး ထွက်ပြေးလာခဲ့တဲ့ ရာဇဝတ်သားအဖွဲ့ဟာ ကမ်းခြေနားက အိမ်လေး တစ်အိမ်မှာ ပုန်းခိုဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ ထိုအိမ်မှာကအမျိုးသမီးနှစ်ယောက်သာ ရှိတဲ့အတွက် ရေကန်အသင့်ကြာအသင့်ဆိုသလို သူတို့ ခဏ ရှောင်နေဖို့ အဆင်ပြေသွားပါတယ်။ပြဿနာဆိုလို့ ဒီအိမ်မှာ မကြာခင် ရက်အတွင်း ညစာစားပွဲလေးတစ်ခုရှိမှာ ဖြစ်တဲ့အတွက် အခြေအနေတွေ ထိန်းချုပ်မရမဖြစ်ရလေအောင် ဓားပြအဖွဲ့ဟာ အနုကြမ်းစီးကြမှာ ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ ကမ်းခြေက အပန်းဖြေ အိမ်လေးဟာ လျှို့ဝှက်ချက်တွေသစ္စာဖောက်မှုတွေ ပြီးတော့ တပ်မက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အိမ်ကြီးတစ်အိမ်အဖြစ် ပြောင်းလဲသွားပါတော့တယ်။Cast တွေ အနေနဲ့ Haunting Of Bly Manor မှာ သရုပ်ဆောင်ခဲ့တဲ့Carla Gugino နဲ့ Amelia Eve အပြင် Gentry ...

Leopard Skin (2022) Season 1

2022
Vampire Academy (2022) 7.6
Vampire Academy (2022) အခုတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့ Vampire Academy လို့ ခေါပြီး နာမည်တူရောင်းအားအကောင်းဆုံးစာအုပ်ကို အခြေခံထားတဲ့ဇာတ်လမ်းတွဲဖြစ်ကာ ၂၀၁၄မှာတုန်းက ရုပ်ရှင်အဖြစ် အသက်သွင်းခံခဲ့ရဖူးပါတယ်။သွေးစုပ်ဖုတ်ကောင်လို့ဆိုလိုက်ရင် Vampire ကို ပြေးမြင်တဲ့ ကိုယ်တွေအတွက် Vampsတွေရဲ့လောကက ဒီထက်ပိုပြီး နက်နဲကျယ်ပြန်ပါသတဲ့။ ဒီဇာတ်လမ်းထဲမှာဆိုရင် မိုရိုအိ၊ ဒမ်ပီယာ၊ စထရစ်ဂိုအစ် ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။ မိုရိုအိ တွေက မျိုးသန့်ရိုးသန့်သွေးသောက်သုံးသူတွေပါ။ သိပ်စူးရှတဲ့နေရောင်ကိုတော့ မခံနိုင်ကြပေမဲ့ လူတွေလိုနေထိုင်ပြီး လူသက်တမ်းလောက်နေပြီးရင် လူလို သေကြပါတယ်။ ထူးခြားချက်က ကိုယ်ပိုင်အစွမ်းတွေ ပိုင်ဆိုင်ကြတာပါ။သူတို့က တစ်ထီးတစ်နန်းနဲ့ တစ်ပြည်ထောင် နေထိုင်ကြပါတယ်။ ဒမ်ပီယာတွေကတော့ လူတစ်ပိုင်း သွေးစုပ်သူတစ်ပိုင်း သွေးနှောအမျိုးအစားဖြစ်ပြီး သူတို့က မိုရိုအိတွေကို ကာကွယ်ကြတဲ့ စောင့်ရှောက်သူ တွေပါ။ စထရစ်ဂိုအစ်တွေကတော့ သွေးစုပ်သူက သွေးစုပ်တာခံလိုက်ရပြီးနောက် အသက်ဆက်ရှင်သန်ဖို့ ‌ လူသွေးသောက်ရတဲ့ အနိမ့်ဆုံးအဆင့်အတန်း သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကာ ကျန် ဗင်ပိုင်းယားနှစ်မျိုးနဲ့လည်း ရန်သူတွေဖြစ်ပါတယ်။လစ်ဆာ ဟာ တော်ဝင်မျိုးနွယ် မိုရိုအိ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ရို့စ်ဟာ သွေးနှောဒမ်ပီယာတစ်ယောက်ပါ။ ရို့စ်ဟာ လစ်ဆာနဲ့လည်း စိတ်ချင်းဆက်သွယ်မှုရှိနေပြီး သူက လစ်ဆာရဲ့ စောင့်ရှောက်သူတစ်ဦးဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ။ ကနဦးမှာ လစ်ဆာဟာ မိသားစုရဲ့ သမီးဦးမဟုတ်တဲ့အတွက် ...
7.6
TMDb: 7.6/10 10 votes
tv

Vampire Academy (2022)

2022
Last Light (2022) Complete 9
Last Light (2022) Complete Last Light (2022) Completed Limited Series ~ IMDb - 7.9/10, Rotten Tomatoes - 67% ~ အက်ရှင်ပရိသတ်တွေ ကမ္ဘာပျက်ကိန်းဆန်ဆန် ရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက် အက်ရှင် ဒရာမာစီးရီး အသစ်ပါ။ သူကဆန်းတော့ဆန်းပါတယ်။ သူ့ကမ္ဘာပျက်ကိန်းအထိ‌ ဆိုက်သွားတဲ့အကြောင်းရင်းက ရေနံပါ။ လောင်စာဆီပေါ့။ အရှေ့အလယ်ပိုင်းက ရေနံထုတ်တဲ့စက်ရုံတွေမှာ ရေနံတွေ ဘာဖြစ်ကုန်မှန်းမသိလို့ ရေနံလုပ်ငန်းလုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်က သွားစစ်ဆေးပါတယ်။ အဲဒီရေနံတွေက ဘာပြဿနာဖြစ်နေလဲ အဖြေရှာဖို့ဓာတ်ခွဲခန်းပို့တဲ့လမ်းမှာပဲ တိုက်ခိုက်ခံလိုက်ရသလို ကမ္ဘာ့နိုင်ငံကြီးတွေကို ရေနံပို့နေတဲ့သင်္ဘောတွေကလည်း တားဆီးခံထားရပါတယ်။ လောင်စာဆီမရှိလို့ လျှပ်စစ်မထုတ်နိုင်ဘဲ တစ်ကမ္ဘာလုံးနီးပါး လျှပ်စစ်အားတွေပြတ်တောက်ကုန်သလို လမ်းပန်းဆက်သွယ်ရေးတွေလည်း တစ်ခုမှမရတော့ပါဘူး။ ဒါကို အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကလုပ်တာဖြစ်ပြီး ဒီရေနံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲအပြင် ဒီမှာအဓိကအနေနဲ့ အင်္ဂလန် ပြင်သစ် အရှေ့အလယ်ပိုင်း သုံးနေရာကိုပြထားတာမို့ အကြမ်းဖက်အဖွဲ့က ဘယ်နိုင်ငံကလဲ ဘယ်လိုခြေရာကောက်မလဲဆိုတာကိုပါ မြင်ရပါလိမ့်မယ်။ သိပ္ပံပညာရှင်ရယ် MI6 က ...
9
TMDb: 9/10 3 votes
tv

Last Light (2022) Complete

2022
The Resort (2022) 7.4
The Resort (2022) The Resort (2022) ============= IMDb Rating  - 7.4/10Peacockကနေ အပတ်စဥ်ပြသနေပြီး  IMDb Rating 7.4/10 ရရှိထားတဲ့ The Resort ဆိုတဲ့ စီးရီးလေးကိုတင်ဆက်ပေးချင် ပါတယ်။နိုအာနဲ့ အမ်မာတို့ ဇနီးမောင်နှံ‌နှစ်ယောက်က မက္ကဆီကိုက ယူကာတန်ပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတစ်ခုဆီကို အပန်းဖြေဖို့ရောက်လာခဲ့တာကနေစထားပါတယ်။ ဒါပေမဲ့ သူတို့မထင်မှတ်ထားတာက လွန်ခဲ့တဲ့ ၁၅ နှစ်ကဖြစ်ပျက်ခဲ့တဲ့ မဖြေရှင်းနိုင်သေးတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုက အဖော်ထုတ်ခံရဖို့ သူတို့ကိုစောင့်ကြိုနေတယ်ဆိုတာပါပဲ။အဲဒီလျို့ဝှက်ချက်ကတော့ ကောလိပ်ကျောင်းသား တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အစအနမရှိ ပျောက်သွားခဲ့တဲ့ကိစ္စပါ။ ဒါကို သူတို့ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှု ရမှာပါ။ ဒီစီးရီးက စုစုပေါင်း(၈)ပိုင်းထွက်ရှိမှာဖြစ်ပြီး CM မှဆက် တိုက်တင်ဆက်ပေးသွားပါမယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Khant Sett Naing မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Khant Sett Naing, May Thet Khine Soeတို့ ဖြစ်ပါတယ်။)File Size.............(350 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............35Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Comedy, Mystery, Thriller Translator..........Khant Sett ...
7.4
TMDb: 7.4/10 2600 votes
tv

The Resort (2022)

2022