ကိုယ်တိုင်က ကြက်တောင်ရိုက် အားကစားသမားတစ်ဦးဖြစ်ပေမယ့် အရံခုံမှာပဲ ထိုင်နေရသူ ၊
အရံခုံမှာ ထိုင်နေရတဲ့ဘဝကို တစ်ဖြည်းဖြည်းနဲ့နေသားကျလာခဲ့သူ ကောင်လေး – စုန့်စန်းချွမ်း (ဝူလေ)
သူမဘဝရဲ့လမ်းကြောင်းမှာ ပြဿနာအမျိုးမျိုးကြောင့် ကြန့်ကြာမှုတွေ ကြုံတွေ့နေရပြီး
ရှေ့ဆက်ဖိုအတွက်လမ်းပျောက်နေခဲ့သူ ပရော်ဖက်ရှင်နယ် လက်ရွေးစင် ကစားသမား – လျန်ယိုအန်း (ကျိုးယွီထုံ)
ဘဝအခြေအနေ ထူးမခြားနား ဖြစ်နေတဲ့ သူတိုနှစ်ဦးဟာ ကံကြမ္မာရဲ့ စေလိုမှုကြောင့် တွေ့ဆုံကြုံကြိုက်ခဲ့ပါတော့တယ် ။
ဒီလိုနဲ့ပဲ လျန်ယိုအန်းရဲ့ ဖိတ်ကြားမှုကြောင့် စုန့်စန်းချွမ်းဟာ တင်းနစ်ကလပ်ကို ဝင်ရောက်လာခဲ့ပါတယ် ။
ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ကြက်တောင်ကစားသမားကနေ တင်းနစ်ကစားသမားတစ်ဦးအဖြစ်သို
ပြောင်းလဲလာသူ စန့်စန်းချွမ်း ၊ ကလပ်မန်နေဂျာဖြစ်သူ လျန်ယိုအန်း အပြင် တစ်ခြားသော အသင်းသားတွေဟာ
အခက်အခဲတွေကို အတူတူကျော်ဖြတ်ကြရင်း လုံးဝကို အလားအလာရှိတဲ့ အသင်းတစ်သင်း တည်ထောင်ဖို
အပြင်းအထန်ကြိုးစားခဲ့ကြပါတယ် ။ ဒီလိုလုပ်ကိုင်ရခြင်းဟာလဲ သူတိုနှစ်ဦးရဲ့ ဒုတိယမြောက် ဘဝသစ်တစ်ခု
တည်ဆောက်ခြင်းဆိုရင်လဲ မမှားပါဘူး ။ အသင်းတစ်ခုကို တည်ဆောက်နေစဥ်အတွင်းမှာပဲ ကစားသမား နဲ့
မန်နေဂျာ မမတိုရဲ့ အချစ်ဇာတ်လမ်းဟာလဲ ပေါက်ဖွားခဲ့ကြတယ် ဆိုပါတော့ ။ ချစ်ခြင်းရဲ့ တစ်ခြားတစ်ဖက်မှာ –
❏ ဖြစ်ပေါ်လာမယ့် ပဋိပက္ခတွေကို သူတိုတွေအတူတူဘယ်လိုဖြေရှင်းကြမလဲ ?
❏ ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကိုရော သူတိုတွေ ဘယ်လိုများရင်ဆိုင်ကြမလဲ ?
❏ အပြင်အလှန် ဖေးမကူညီကြရင်း ဖြစ်ပေါ်လာတဲ့ ချစ်ခရီးလမ်းကြောင်းလေးဟာလဲ လှပနိုင်ပါ့မလား ဆိုတာ ?
အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီ “မ နဲ့ မောင် ” ဇာတ်လမ်းတွဲလေးကို စောင့်ကြည့်လိုက်ရအောင်ပါနော် ။
[Reviewed By Chit Mya Mya Hmwe]
Quality : WEB-DL 720p,1080p
Total Episodes : 38
Format : mp4
Genres : Romance, Drama, Sports
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။