Channel Myanmar

Primo (2023) Complete

Primo

1 Seasons 8 Episodes
Returning Series

Primo (2023) Complete

10
TMDb: 10/10 3 votes

General information

Original namePrimo
Created by

Backdrops

Primo (2023) Complete
Primo (2023) Complete
Primo (2023) Complete
Primo (2023) Complete

Synopsis of Primo (2023) Complete

Primo (2023) Complete

 

~ IMDb – 8.1/10, RT – 100%, Meta – 82% ~

 

ပေါ့ပေါ့ပါးပါး ရယ်ရပြီး ချစ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားလေးကြည့်ချင်တယ်ဆိုရင်တော့ Primo ကို ကြည့်သင့်ပါတယ်။ ဆန်အန်တိုနီယိုဆိုတဲ့ တက္ကဆက်မြို့လေးတစ်မြို့က အရမ်းချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခုအကြောင်း Sitcom အမျိုးအစား Series ပါ။ သူတို့လို အောက်ခြေလူတန်းစားတွေမှာတွေ့ရတဲ့ စိတ်ပျက်စရာကိစ္စတွေကိုလည်း ရယ်စရာလိုပဲ ပေါ့ပေါ့ပါးပါး ပြပေးထားတာလည်း တော်တော်လေးလှပါတယ်။ စိတ်ညစ်စရာလို့တောင် သတိထားမိမယ်မထင်ပါဘူး။

 

ဇာတ်ကားနာမည်က အဓိကဇာတ်ဆောင်နာမည်ဖြစ်ပြီး ပရီမို ဆိုတာကတော့ ရတနာလေးလို့ အဓိပ္ပါယ်ယူရမယ်ထင်ပါတယ်။ တစ်ကိုယ်တော်အမေက ပြုစုပျိုးထောင်လာခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးကို သူ့ရဲ့ဦးလေး ငါးယောက်က ချစ်စနိုးနဲ့ ပရီမို လို့ အမြတ်တနိုးခေါ်ကြတာပါ။

 

မောင် ၅ ယောက်က ယောက်ျားပစ်သွားတဲ့ တစ်ကိုယ်တော်အမေနဲ့ သူရဲ့ သားလေးကို ဝိုင်းချစ်ပြီး ဂရုစိုက်ပေးကြတာ ကြည်နူးစရာလို့ ထင်ကြမှာပေါ့။ ဒါပေမဲ့ အဲဒီလောက်တော့ မရိုးရှင်းပါဘူး။ သူတို့ ငါးယောက်က တစ်ယောက်တစ်မျိုး ဒုက္ခပေးတဲ့နေရာမှာ ထူးချွန်ကြတယ်။

 

တစ်ယောက်က ကြောင်တောင်တောင် ဘိုးတော်ယောင် အူတိအူကြောင်တွေလုပ်ပြီး အမျိုးသား လိင်အင်္ဂါပုံ ပန်းပုတွေရောင်းတယ်။ တစ်ယောက်က အလုပ်ခေါင်း၊ ယောက်ျားပီသတယ်ဆိုတာ ဖုန်တွေကြားမှာ ချွေးတွေ၊ သွေးတွေနဲ့ရင်းပြီး လုပ်ရတာဆိုပြီး ယုံတယ်။ မိန်းမချစ်တတ်တာကလည်း ပြောမနေနဲ့။ တစ်ယောက်က လူမိုက် တွေ့တာအကုန်ချမယ်ဆိုတာချည်းပဲ။ အချုပ်ခန်းရဲ့ ဖောက်သည် အကြီးစားကြီး။ တစ်ယောက်က ဘဏ်စာရေး။ သူ့ကိုယ်သူ ညီအစ်ကိုတွေထဲမှာ ဉာဏ်အကောင်းဆုံးလို့ ထင်တဲ့သူ။ တကယ်လည်း သူတို့အုပ်စုထဲမှာ ဉာဏ်အကောင်းဆုံးဆိုပေမဲ့ အနူတောကလူချောဆိုတော့ ပေါတောတောပါပဲ။ နောက်ဆုံးက တပ်ထွက်။ တပ်သားသစ်စုဆောင်းရေးမှာ လုပ်နေတယ်။ သူ့လိုအူကြောင်ကြောင်ကောင်က ဘယ်လိုတောင် တပ်ထဲဝင်ဖို့စည်းရုံးမလဲတော့မစဉ်းစားတတ်ဘူးဗျာ။

 

သူတို့ ငါးယောက်က တွေ့လိုက်တိုင်း အချင်းချင်းပြဿနာတက်ကြပြီး ပျားအုံထဲ ခေါင်းစိုက်နေသလို နားငြီးအောင် လုပ်တတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အမြဲတမ်းလိုလို တစ်ခုမဟုတ် တစ်ခု ပြဿနာတက်ကြတယ်။

 

သူတို့တွေ တစ်ယောက်တစ်မျိုး ကြောင်ကွက်တွေရှိနေပေမဲ့ တူတာတစ်ခုကတော့ သူတို့အစ်မကို ကြောက်ကြတယ်။ ချစ်ကြတယ်။ တူကိုလည်း အရမ်းချစ်ကြတယ်။ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၊ တစ်ကိုယ်တော်အမေနဲ့ ဦးလေးငါးယောက်တို့ရဲ့ ချစ်စရာ၊ ကြည်နူးစရာ တလွဲဖြစ်ကြတဲ့ မိသားစုလေးအကြောင်းကို ဝင်ခံစားလိုက်ကြပါဦး။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)

Size ~ 450MB+
Total – 8 Episodes
Quality – 1080p
Duration ~ 30min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy
Source : AMZN.Web-dl.1080p
Translator – 666
Encoder – Y

 


 

Season Complete Zip (Yoteshin)

 

Episode 1 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 2 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 3 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 4 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 5 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 6 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 7 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 8 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Year
Firt air date
Last air date2023-05-18
TypeScripted
Popularity22.102
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments