Channel Myanmar

The Buccaneers (2023)

The Buccaneers

1 Seasons 8 Episodes
Returning Series

The Buccaneers (2023)

7.5
TMDb: 7.5/10 14 votes

General information

Original nameThe Buccaneers

Backdrops

The Buccaneers (2023)
The Buccaneers (2023)
The Buccaneers (2023)
The Buccaneers (2023)
The Buccaneers (2023)
The Buccaneers (2023)
The Buccaneers (2023)

Synopsis of The Buccaneers (2023)

The Buccaneers (2023) Complete

 

~ IMDb – 6.1/10, Rotten Tomatoes – 78% ~

 

Apple TV ကနေပဲ အသစ်ထွက်လာတဲ့ ဒီစီးရီးက ၁၉၉၅မှာ ပထမဆုံးအကြိမ် BBC မှာပြသခဲ့တဲ့ Edith Wharton ရဲ့ မပြီးပြတ်နိုင်ခဲ့တဲ့ ဝတ္ထုလေးကို ၂၀၂၃ ခုနှစ်မှာ ရသတစ်မျိုးနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Tomato Meter မှာ Audience Score 96% ရထားတာဖြစ်လို့ တကယ်မခေတဲ့ Period Drama ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။

 

ဒီဇာတ်လမ်းလေးကို အဓိကဇာတ်ကောင်ဖြစ်တဲ့ အထွေးဆုံးလေး နန်း၊ နန်းရဲ့အစ်မဖြစ်သူ ဂျန်းနီ၊ လစ်ဇီနဲ့ မေဘယ်ဆိုတဲ့ ညီအစ်မနှစ်ယောက်နဲ့ ကွန်ချီတာဆိုတဲ့ လူမည်းအမျိုးသမီး၊ စုစုပေါင်း သူငယ်ချင်းငါးယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီအမေရိကန် သူငယ်ချင်းငါးယောက်ထဲက ကွန်ချီတာကတော့ မကြာခင် အင်္ဂလန်ရဲ့သခင်တစ်ယောက်ဖြစ်တဲ့ ရစ်ချက်ဆိုတဲ့သူနဲ့ လက်ထပ်တော့မှာပေါ့။ ဒါပေမဲ့ မင်္ဂလာဆောင်မယ့်နေ့မှာ သတို့သားကအချိန်နောက်ကျတဲ့အထိမရောက်လာသေးတဲ့အတွက် ကွန်ချီတာတစ်ယောက် အုတ်အော်သောင်းနင်းဖြစ်ပြီး ပြဿနာပေါင်းစုံရှာတော့တာပေါ့။ ဒီလိုနဲ့ ကွန်ချီတာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ နန်းက ကွန်ချီတာ့အတွက် စိတ်အသောကရောက်ရဆုံးအချိန်မှာ ကွန်ချီတာရှာသမျှပြဿနာတွေကိုလိုက်ရှင်း၊ ကွန်ချီတာ့ကိုချော့မော့ရင်းနေခဲ့ပါတယ်။ ဖြစ်ချင်တော့ သတို့သားက မင်္ဂလာဆောင်ရမှာကိုကြောက်လို့ ပွဲမလာနိုင်တာဖြစ်နေခဲ့ပါတယ်။ ဒါကို အမှတ်မထင် သိလိုက်ရတဲ့ နန်းက သတို့သားကိုချော့ပြောလိုက်တဲ့အချိန်မှာပဲ ကွန်ချီတာနဲ့ ရစ်ချက်တို့နှစ်ယောက်က မင်္ဂလာဆောင်ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ ဇာတ်လမ်းလေးကတော့ ကွန်ချီတာတို့နှစ်ယောက် မင်္ဂလာဆောင်အပြီး သူ့ယောက်ျားဖြစ်တဲ့ ရစ်ချက်နေတဲ့လန်ဒန်မြို့ကြီးကို ကျန်နေတဲ့ သူငယ်ချင်းလေးယောက်တို့သွားလည်တဲ့အခါမှာမှ ဘာဖြစ်လို့ရစ်ချက်က မင်္ဂလာမဆောင်ချင်ဖြစ်ရတာလဲဆိုတဲ့ အမှန်တရားတွေထွက်ပေါ်လာပါတော့တယ်။

 

ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် အမေရိကန်နဲ့ အင်္ဂလန်တို့ရဲ့ ဒုတိယကမ္ဘာစစ်အပြီးကာလမှာ ယဉ်ကျေးမှုချင်းကွာခြားခဲ့ပုံ၊ အဲဒီကွာခြားချက်တွေကြောင့် အဲဒီခေတ်က လူငယ်တွေ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြဿနာအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရလဲဆိုတာကို အသားပေးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲဒီလိုဆိုပေမဲ့လည်း ဇာတ်လမ်းရဲ့ ရသအပိုင်းဖြစ်တဲ့ ဒရာမာဆန်ဆန် ရိုမန်တစ်အချစ်ဇာတ်လမ်းရှာဖွေပုံတွေကို မူရင်းစာရေးဆရာကြီးလက်စွမ်းပြခဲ့တဲ့အတိုင်း အနီးစပ်ဆုံးပြန်လည်ရိုက်ကူးထားနိုင်တာဖြစ်လို့ တကယ်လက်လွတ်မခံသင့်တဲ့ စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။

 

(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mark ပဲဖြစ်ပါတယ်)

Size ~ 850MB+
Total – 8 Episodes
Quality – 1080p
Duration ~ 45min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Source : ATVP.Web-dl.1080p
Translator – Mark
Encoder – Y


Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 7 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 8 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-11-22
TypeScripted
Popularity88.41
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments