Channel Myanmar

The Pact (2021) Season 01 + 02 Complete

The Pact

2 Seasons 12 Episodes
Returning Series

The Pact (2021) Season 01 + 02 Complete

7
TMDb: 7/10 32 votes

General information

Original nameThe Pact
Created by

Backdrops

The Pact (2021) Season 01 + 02 Complete
The Pact (2021) Season 01 + 02 Complete
The Pact (2021) Season 01 + 02 Complete
The Pact (2021) Season 01 + 02 Complete
The Pact (2021) Season 01 + 02 Complete
The Pact (2021) Season 01 + 02 Complete

Synopsis of The Pact (2021) Season 01 + 02 Complete

The Pact (2021) Season 01 Complete

 

~ IMDb – 6.9/10, Rotten Tomatoes – 92% ~

 

ဉာဏ်ကြီးရှင် စုံထောက်တွေနဲ့ ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်တွေ ပညာပြိုင်ပြီး ပစ်နေခတ်နေ ချနေနှက်နေ ရှုပ်ယှက်ခတ်နေတဲ့ စုံထောက်ကားတွေကို အနားပေးပြီး အေးဆေးဆေးဆေး စုံထောက်ဇာတ်လမ်းကို ကြည့်ချင်ရင်တော့ ဒီ Series လေးကို အကြိုက်တွေ့မှာသေချာပါတယ်။ Cruel Summer လို၊ American Horror Story လို Anthology Series မျိုးဖြစ်လို့ ပထမ Season နဲ့ နောက် Season ကတော့ ဇာတ်လမ်းတူမှာမဟုတ်ပါဘူး။ ဒီ Series တွေရဲ့ ပုံစံကတော့ အသိုင်းအဝိုင်းလေးတစ်ခုထဲမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုဖြစ်သွားပြီး ခက်ခဲတဲ့အခြေအနေမှာ သူတို့ကြားက သစ္စာရှိမှုကို မှတ်ကျောက်တင်မယ့် အဖြစ်အပျက်လေးတွေကို ပြထားပါတယ်။ ပထမ Season ကတော့ အန်တီကြီးတစ်စုရဲ့ ဖြစ်ပုံပါ။

 

ဘီယာစက်ရုံမှာ အလုပ်လုပ်ကြတဲ့ အန်တီကြီးလေးယောက် အုပ်စု ရှိတယ်။ သူတို့ထဲက တစ်ယောက်က (အဓိကမင်းသမီးပေါ့) အလုပ်ကြပ်ရာထူးလျှောက်တဲ့အချိန်မှာ စက်ရုံပိုင်ရှင်သူဌေးရဲ့သားက စက်ရုံကိုလက်လွှဲယူထားတော့ ငယ်ငယ်ချောချောကလေးမကို နေရာပေးဖို့လုပ်တယ်။ မကျေနပ်ပေမဲ့လည်း မတတ်နိုင်ဘူးပေါ့။ အဲဒီညမှာ သူတို့စက်ရုံ နှစ်တစ်ရာပြည့်ပွဲလုပ်တဲ့အချိန် သူဌေးသားက ဆေးကွဲပြီး လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အနေအထားဖြစ်သွားတယ်။ အဲဒီတော့ မကျေမနပ်ဖြစ်နေတဲ့ အန်တီကြီးအုပ်စုက သူဌေးအသစ်ကို အရှက်ကွဲအောင်လုပ်မယ်ဆိုပြီး နှင်းတောထဲမှာ ဝတ်လစ်စလစ်အနေအထားနဲ့ ဓာတ်ပုံရိုက်ပြီး ပစ်ထားလိုက်ကြတယ်။ သူတို့ ပြန်သွားကြည့်တဲ့အချိန်မှာတော့ သူဌေးအသစ်လေးက အသက်မရှိတော့ပါဘူး။ သူတို့ စနောက်ပြီး ထားခဲ့တဲ့သူက သေသွားတယ်ဆိုတော့ အန်တီကြီးလေးယောက် လူသေမှုနဲ့ ထောင်ထဲဝင်ရကိန်းမြင်နေတဲ့အချိန် သူတို့တွေ အပြစ်မကျအောင်လုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့အချင်းချင်းသစ္စာရှိပုံကတော့ မင်းရိုက်ခံရရင် ငါတို့ပြန်ရိုက်ပေးမယ် ငါတို့ဖက်က လူများရင်ပေါ့ ဆိုတာမျိုးမဟုတ်ဘူးနော်။ ငါအလောင်းဖျောက်ချင်လို့ဆိုရင် ချက်ချင်း ဂေါ်ပြားဆွဲပြီး ဘယ်မှာလဲလို့ မေးတဲ့ သစ္စာရှိမှုမျိုးပါ။ သူတို့ အုပ်စုကြားက သံယောဇဉ်၊ အချင်းချင်းယုံကြည်မှု၊ ခင်မင်မှုက ကြက်သီးထချင်စရာကောင်းလောက်အောင် ခိုင်မာပါတယ်။ ဒီကိစ္စကို သူတို့အပြစ်မကျအောင် ရိုးရိုးအေးအေးအန်တီကြီးတွေက ဘယ်လိုတွေ စုပေါင်းတိုင်ပင်ပြီး ဘယ်လိုတွေ အစီအစဉ်ဆွဲပြီး ဘယ်လိုတွေ လုပ်ကြမလဲဆိုတာ ကြည့်ရမှာပါ။

 

(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)

Size ~ 700MB+
Total – 6 Episodes
Quality – 1080p
Duration ~ 1h (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Mystery, Thriller
Source : AMZN.Web-dl.1080p
Translator – 666
Encoder – Y

 

Season 01 Complete Zip (Yoteshin)

 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 


The Pact (2022) Season 02 Complete

 

~ IMDb – 6.9/10, Rotten Tomatoes – 92% ~

 

ပဟေဠိဆန်ဆန်နဲ့ အဆုံးထိ ဘာတွေဖြစ်နေလဲ ကိုယ်လည်းမသိရ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလဲ ဘာတွေဖြစ်နေလဲ သို့လောသို့လော ဖြစ်နေရတဲ့ ဇာတ်လမ်းတွဲမျိုးတွေကို သဘောကျတဲ့လူတွေအတွက် ဇာတ်လမ်းတွဲအသစ်ပါပဲ။ ပထမစီဆင်အတိုင်း စိတ်၀င်စားဖို့လည်း တော်တော်လေးကောင်းတယ်။ တစ်ပိုင်းပြီးတစ်ပိုင်း ဘာတွေဖြစ်နေလဲ မသိနေရင်း သို့လောသို့လောနဲ့ ကြည့်ရမှာပါ။

 

ကံဆိုးမိုးမှောင်တွေနဲ့ ကြုံနေရတဲ့ မိသားစုတစ်ခုရှိတယ်။ အဲဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးက ကလေးတွေနဲ့ မိန်းမကိုပစ်သွားတယ်။ မိန်းမတစ်ယောက်တည်း ကလေးတွေလူလားမြောက်တဲ့အထိ ‌ပျိုးထောင်ရင်းနေနေခဲ့ရတယ်။ ဒီလိုနဲ့ ကလေးတွေ အရွယ်ရောက်သွားတဲ့အခါမှာ ကလေးတစ်ယောက်က ဆုံးသွားခဲ့တယ်။ အားလုံးသောကတွေနဲ့ နေခဲ့ရတယ်။ ဒီလိုပူဆွေးစရာတွေနဲ့ မောင်နှမတွေညီအစ်ကိုတွေကြား အသားကျတဲ့လူတွေကကျ မကျတဲ့လူတွေက မကျနဲ့ နေလာရင်း နည်းနည်းကြာတော့ ဆုံးသွားတဲ့ကောင်လေးနဲ့ ချွတ်စွတ်တူတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်။

 

သူကလည်း တစ်သက်လုံးမိဘမဲ့ဘဝနဲ့ နေလာရင်း သူ့မိဘတွေကို သူရှာနေခဲ့တာ။ သူနဲ့တစ်ထေရာတည်းတူနေတဲ့လူကို တွေ့လိုက်တော့ သူ့ညီအစ်ကိုများလား ဒီမိသားစုက သူ့မိသားစုများလားဆိုပြီး သို့လောသို့လောနဲ့ လာရှာတယ်။ ဒါပေမဲ့ ဟိုဘက်ကကြည့်တော့လည်း ယုံရခက်ကြီးဖြစ်နေသလို သူ့ဘက်ကလည်း အဲဒီမိသားစုရဲ့အမေက သူ့ဖြစ်တည်မှုကို အရမ်းကြောက်နေသလိုဖြစ်နေတော့ ပိုသေချာသလိုဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ခုခုကို ဖုံးချင်နေတဲ့ အဲဒီမိသားစုက အမေနဲ့ မိသားစုကိုရှာနေတဲ့ ကောင်လေးကြား လွန်ဆွဲပွဲဖြစ်လာခဲ့တယ်။ ဒီလွန်ဆွဲပွဲမှာ ဘယ်သူကမှန်နေပြီးဘယ်သူကမှားနေလဲတော့ ဇာတ်လမ်းဆုံးတဲ့အခါ သိချင်လည်းသိရပါလိမ့်မယ်။ သို့လောသို့လောနဲ့တော့ တစ်လျှောက်လုံး ကြည့်ကောင်းနေမှာပါပဲ။

 

(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)

Size ~ 600MB+
Total – 6 Episodes
Quality – 1080p
Duration ~ 1h (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Mystery, Thriller
Source : AMZN.Web-dl.1080p
Translator – W
Encoder – Y

 

Season 02 Complete Zip (Yoteshin)

 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2022-11-28
TypeScripted
Episode runtime52 min
Popularity15.523
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments