မှင်စာဦးဦးနဲ့အတူ လကမ္ဘာကိုသွားဖို့စောင့်နေကြတဲ့ CM ပရိသတ်ကြီးအတွက်
သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဆိုတဲ့
ဇာတ်ကားလေးကတော့ ထွက်ရှိလို့လာပါပြီ။ ကမ္ဘာမြေပေါ်မှ
ာ တဖြည်းဖြည်းကုန်ဆုံးသွားတော့မယ့် သဘာဝရင်းမြစ်တွေရဲ့ပြဿနာကို
အဖြေရှာဖို့အတွက် ကပ္ပတိန် Han Yoon-jae ဦးဆောင်တဲ့အဖွဲ့ဟာ
လကမ္ဘာပေါ် မှာရှိတဲ့ သုတေသနစခန်းတစ်ခုမှာ ဇီဝပစ္စည်းတစ်ခုကို သွားယူဖို့
တာဝန်ပေးအပ်ခြင်းခံလိုက်ရပါတယ်။ လကမ္ဘာပေါ် စွန့်စွန့်စားစားသွားခဲ့ပြီးနောက်
သုတေသနစခန်းအဟောင်းကြီးထဲမှာ ကြောက်စရာကောင်းတဲ့
လျှို့ဝှက်ဆန်းကြယ်မှုတွေ နဲ့ ထိတ်လန့်စရာကိစ္စတွေကို တွေ့ကြုံလိုက်ရတဲ့အခါ
ဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အဖြေရှာဖို့ကြိုးစားကြမလား ?
သူတို့မစ်ရှင်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမလား ?
အန္တရာယ်တွေကြား သူတို့အဖွဲ့ဝင်တွေရော ဘေးကင်းနိုင်ကြမလား ?
ဆိုတာကိုတော့ ဒီကားလေးထဲမှာ ရင်တဖိုဖိုနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
လကမ္ဘာကိုသွားမယ့် အာကာသယာဥ်မှူးတွေအဖြစ်
နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊
Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young တို့
ပါဝင်သရုပ်ဆောင်ထားကြတဲ့အပြင် ဇာတ်လမ်းအပြင်အဆင်အတွက်
အသေးစိတ်ဖန်တီးထားပြီး ကမ္ဘာကျော်လက်ရာဖြစ်လာဦးမလားလို့
ထင်ကြေးပေးနေကြတဲ့ Netflix စီးရီးကောင်းလေးဖြစ်တာကြောင့်
လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။
Quality : NF-WEB DL 1080p & 720p
Format : mp4
Total Episodes : 8
Duration : 50min
Genres : Sci-Fi , Fantasy , Drama
Aired On : 24 December 2021
Subtitle : Myanmar Subtitle ( Hardsub )
Translated By Shoon , Lwin , Khine Khine Wai , Khaing Khin , Yamin , Shwe Pyae Sone
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။