The Veil(2021)ဇာတ်လမ်းတွဲအညွှန်း
*******************************
အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံး….နှင့် ဆိုးယွန်းအကြောင်း သီးခြား Special ep (၂)ပိုင်း
ဟန်ဂျီဟော့ ဆိုတာ NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက် တစ်ယောက်….
သူဟာ တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာ
လုပ်ဖော်ကိုင်ဘက်တွေ မရှုတ်မလှ အသတ်ခံလိုက်ရသလို
ကိုယ်တိုင်လည်း အသက်ဘေးကလွတ်အောင်
မနည်းပြေးလိုက်ရပုံပေါ်တယ်….
အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်…
NIS ဟာ အေးဂျင့်အဖမ်းခံရတာကို
သတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်…
တကယ်အရေးကြီးအဖွဲ့အစည်းတွေရဲ့ထုံးစံအတိုင်း
ပြန်လည်ကယ်ဆယ်ခံရပေမဲ့
ကာကွယ်ရေးစီမံချက်ထုံးစံအတိုင်း
ကယ်ဆယ်ခဲ့တဲ့ အေးဂျင့်ကို နည်းအမျိုးမျိုးနဲ့စစ်ဆေးပါတယ်…
အဲ့ဒီမှာထူးဆန်းစွာပဲ Mission ထမ်းဆောင်ခဲ့တဲ့ အချိန်ကစလို့ ထွက်ပြေးတဲ့အချို့အချိန်ကာလအထိ
မှတ်ချက်တွေဖျက်ဆီးခံထားရတယ်…
သူဟာ အတိတ်မေ့နေတာမျိုးမဟုတ်ဘဲ သီးခြား မှတ်ဉာဏ်ကို
ဖျက်ဆီးခံထားရတာပါ….
အဲ့ဒီနောက်မှာတော့…
လျှို့ဝှက်ချက်များစွာနဲ့ အပိုင်း(၁)ကိုတော့ အစပျိုးထားတယ်…
ဒီစီးရီးအတွက် မင်းသား Namkoong Min ဟာ ဘော်ဒီတွေဘယ်လောက်တောင်
လေ့ကျင့်ထားတယ်မသိ…
လုံးဝအမိုက်စားပဲ..အက်ရှင်ခန်းတွေ တော်တော်ကြမ်းသလို
သတ်တဲ့အခန်းတွေလည်း ရက်စက်ပါတယ်…
ဘက်ဂျက်လည်းတော်တော်သုံးထားပုံရတယ်….
ရိုက်ထားတာတွေရော Cast အမိုက်စားတွေရော…မင်းသမီးချော Park Ha-sun
လည်းပါလို့ ဒီတစ်ခါတော့ Love Line လေးနည်းနည်းလောက်ပါပါလို့
မျှော်လင့်နေမိတယ်….ကိုင်းစိတ်ဝင်စားစရာ အက်ရှင်ဇာတ်လမ်းတွဲမို့ အားပေးလိုက်ကြရအောင်…
Episodes: 12
Duration: 1 hr. 20 min.
Aired: Sep 17, 2021 – Oct 23, 2021
Aired On: Friday, Saturday
Genres: Action, Mystery, Crime, Drama
Translated by Mi Moe Set , Song Song ,ChitThe Nu Swe & WinTz
Encoded by Phyo Pyae
THE END
Special Episode….
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။