Channel Myanmar

The Woman in the Wall (2023) Complete

The Woman in the Wall

1 Seasons 6 Episodes
Returning Series

The Woman in the Wall (2023) Complete

7.1
TMDb: 7.1/10 2 votes

General information

Original nameThe Woman in the Wall
Created by

Backdrops

The Woman in the Wall (2023) Complete

Synopsis of The Woman in the Wall (2023) Complete

The Woman in the Wall (2023) Completed Mini Series

 

~ IMDb rating – 7.1/10 ~

 

၁၈ ရာစုကနေ ၂၀ ရာစု (၁၇၅၈-၁၉၉၆) အထိ ရာစုနှစ်နှစ်ခုစာ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ ရှိခဲ့ဖူးတဲ့ အမျိုးသမီးသီးသန့် ဘာသာရေး အကျဥ်းထောင်အကြောင်းကို ကြားဖူးကြလား။

 

ဘာသာရေး အကျဉ်းထောင်ဆိုတဲ့ စကားလုံးက ထူးဆန်းနေမှာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာ့အရှည်ကြာဆုံးစစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ Crusade စစ်ပွဲကလည်း ရာစုနှစ်နှစ်စုစာ ကြာခဲ့တာပဲမဟုတ်လား။ ဒီအမျိုးသမီး အကျဥ်းထောင်တွေကတော့ Magdalene Asylums (မန်ဒလင်း စိတ်ရောဂါကုဆေးရုံ) သို့မဟုတ် Magdalene Laundries (မန်ဒလင်း အဝတ်လျှော်ရုံ) တွေပဲ ဖြစ်ကြပါတယ်။ မန်ဒလင်းဆိုတဲ့နာမည်က ယေရှုခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်မှာ ချိတ်ဆွဲခံရခြင်းနဲ့ ပြန်လည်ထမြောက်ခြင်းကို မျက်မြင်တွေ့ခဲ့တဲ့ အမျိုးသမီး သာဝကဖြစ်သူ မေရီမန်ဒလင်းရဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ။ ဒီ မန်ဒလင်းအဝတ်လျှော်ရုံတွေကို စတင်တည်ထောင်တုန်းက Fallen Women လို့ခေါ်တဲ့ အပြစ်သား အမျိုးသမီးများကို ပြုပြင်၊ စောင့်ရှောက်လိုတဲ့ သဘောနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

 

အစောပိုင်းမှာတော့ ပရိုတက်စတင့်ဘာသာဝင်တွေကိုပဲ လက်ခံပြီး နောက်ပိုင်းမှာ ရိုမန်ကတ်သလစ်ဘာသာဝင်တွေကိုလည်း လက်ခံလာပါတယ်။ စင်ကြယ်မှုပျက်ပြားသွားသူ အမျိုးသမီးများ ဖြစ်တဲ့ Fallen Women လို့သတ်မှတ်ထားတဲ့သူတွေကတော့ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကြောင်းနဲ့ အသက်မွေးနေသူတွေ၊ ဖခင်မရှိဘဲ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေ၊ အမျိုးသမီးလေးတွေ၊ လက်ထပ်ထိမ်းမြားမှုမရှိဘဲ ကာမစပ်ယှက်ခြင်းအမှုကို ပြုတဲ့သူတွေ အဓိကပါပါတယ်။ မိသားစုအထောက်အပံ့ကို မရနိုင်တဲ့ အမျိုးသမီးလေးတွေလည်းခေါ်ယူ ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ ပညာသင်ပေးပါတယ်။ မန်ဒလင်းအဝတ်လျှော်ရုံ ဆိုတဲ့အတိုင်း ခေါ်ယူစောင့်ရှောက်ထားတဲ့ အမျိုးသမီးလေးတွေကို အဝတ်လျှော်တဲ့အလုပ်ကို လုပ်ခိုင်းပါတယ်။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ဒီနေရာကြီးကို ပြန်လည်ပတ်ဖို့ပေါ့။ လမ်းပေါ်မှာ ပြည့်တန်ဆာတွေ ပပျောက်လုနီးနီးဖြစ်သွားတယ်။ အဖေမပေါ်ဘဲ မွေးတဲ့ ကလေးနဲ့ အမေတွေကို စောင့်ရှောက်နိုင်သွားတယ်။ မိဘမဲ့ဆင်းရဲသူမလေးတွေကို ထောက်ပံ့ပေးထားနိုင်တယ်ဆိုတော့ အစိုးရဖက်ကလည်း သူတို့အလုပ်တစ်စိတ်တစ်ပိုင်းကို လုပ်ပေးနေပြီး ပြဿနာလည်း ဘာမှမတက်တော့ ပျော်တဆုံးဆုံးပေါ့။ ဒီအထိကတော့ အဆင်ပြေနေပါသေးတယ်။

 

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီနေရာတွေမှာ ပြင်ပက အထောက်အပံ့တွေကို မလိုသလောက် အခြေအနေဖြစ်လာတော့ အဝတ်လျှော်လုပ်ငန်းက ရတဲ့ ငွေတွေက ပိုလာပြီး အရင်းအနှီးမရှိသလောက်နီးနီး စီးပွားရေးလုပ်ငန်းလိုဖြစ်လာပါတယ်။ အဝတ်လျှော်ရုံကို ဦးစီးသူတဲ့သူတွေက ထိန်းသိမ်းစောင့်ရှောက်ပေးရမယ့် ချို့တဲ့သူတွေ၊ ကလေးတွေလို့ မမြင်တော့ဘဲ အလကားခိုင်းလို့ရတဲ့ အလုပ်သမားတွေ​ ကျွန်တွေလိုသဘောထားလာတယ်။ နေရာကို ရောက်တာနဲ့ မိဘတွေအပါအဝင် အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပါတယ်။ ဆံပင်တွေဖြတ်ပစ်ပြီး၊ တူညီဝတ်စုံထုတ်ပေးတယ်။ အချင်းချင်း မိတ်ဆွေဖွဲ့ခွင့်ကိုပါ ပိတ်ပင်ထားပါသေးတယ်။ အသက် ၁၃ နှစ်၊ ၁၄ နှစ် ကလေးမလေးတွေအပါအဝင် ခိုလှုံသူတွေကို တစ်နေ့ကို ၁၂ နာရီ အလုပ်ကြမ်း လုပ်ခိုင်းပါတယ်။ ဒီအလုပ်တွေအတွက် လုပ်တဲ့သူတွေက ငွေတစ်ပြားတစ်ချပ်မှမရပါဘူး။

 

အလုပ်လုပ်ဖို့ ငြင်းတဲ့သူတွေကိုလည်း စားစရာမပေးတာ၊ အခန်းထဲမှာ သီးခြားပိတ်ထားတာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုတာ၊ အချိန်အကြာကြီး ဒူးထောက်ခိုင်းတာ၊ လူအများရှေ့မှာ အရှက်ရစရာတွေလုပ်တာ၊ ခေါင်းတုံးတုံးတာ စတဲ့ အပြစ်ပေးတာတွေလုပ်ပါတယ်။ ဒီလိုနှိပ်စက်မှုတွေကြောင့်လားဆိုတော့ ရေရေရာရာမသိရပေမဲ့ အဝတ်လျှော်ရုံတိုင်းမှာ သီးသန့်သင်္ချိုင်းတွေရှိပြီး နာမည်ကမ္မည်းတိုင်မရှိဘဲ မြှုပ်နှံခံထားရသူတွေ အမြောက်အများရှိပါတယ်။ ဘယ်အချိန်မှာ ပြန်လွှတ်ပေးမယ်ဆိုတာလည်း ရေရေရာရာမသိကြရပါဘူး။ ဒီနေရာက လွှတ်ပေးလိုက်တဲ့သူတွေကိုလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြန်လွှတ်ပေးပြီး သူတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိတဲ့နေရာတွေမှာ အလုပ်ပြန်ဝင်ခိုင်းပါတယ်။ ဘာသံမှထွက်လို့မရပါဘူး။

 

အစပိုင်းက ပညာသင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကြက်ပျောက်ငှက်ပျောက်ပျောက်သွားပါတယ်။ အစိုးရကလည်း အဲဒီထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ရိပ်စားမိပေမဲ့ နားလည်မှုတွေရနေလို့လား၊ ဘာပြဿနာမှ အကြီးအကျယ်မဖြစ်လို့လားတော့မသိ မသိမသာ မျက်နှာလွှဲထားတယ်။ တချို့တလေလွတ်လာတဲ့သူတွေရှိရင်လည်း ရဲတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြန်ဖမ်းခေါ်ထားတာတွေလည်း ရှိပါတယ်။

(နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံအစိုးရတွေနဲ့ ဒီနေရာတွေကို အုပ်ချုပ်နေတဲ့သူတွေနဲ့ ဆက်စပ်နေတဲ့ ဘာသာရေးအကြီးအကဲတွေက ဘာမှမဆိုင်ပါဘူးလို့ ငြင်းချက်ထုတ်သွားပါတယ်။ ပြစ်ဒဏ်ချခံရတာ၊ အရေးယူခံရတာ ဘယ်သူမှမရှိပါဘူး။)

 

အခုအချိန်မှာတော့ Magdalene Laundries လို့ခေါ်တဲ့ အမျိုးသမီး ဘာသာရေးအကျဉ်းထောင်တွေ မရှိတော့ပါဘူး။ အောက်တိုဘာ ၂၆ ရက် ၁၉၉၆ ခုနှစ်မှာ အိုင်ယာလန်နိုင်ငံက နောက်ဆုံး အဝတ်လျှော်ရုံကို ပိတ်ချနိုင်လိုက်ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကိုလည်း အစိုးရတွေက နစ်နာကြေးပေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းတွေနဲ့ တည်ထောင်ခဲ့တဲ့ Magdalene Laundries တွေက ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေကြားမှာ အမည်းစက်တစ်ခုအနေနဲ့ ကျန်ခဲ့ပါတယ်။

 

ဒါတွေကို ပြောနေရတာ ဇာတ်ဆောင်အမျိုးသမီးက အဲဒီနေရာကို ရောက်သွားခဲ့ပြီး စိတ်ဒဏ်ရာတွေရခဲ့အကြောင်း ပိုပြီးလေးနက်စေချင်လို့ပါ။ အဝတ်လျှော်ရုံနဲ့ အပေါ်မှာ ပြောထားတဲ့ အဖြစ်အပျက်တွေက တကယ်ရှိပေမဲ့ ဒီထဲက ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကတော့ စိတ်ကူးယဉ်သက်သက်ပါ။

 

မင်းသမီးက ဆယ်ကျော်သက်ဘဝမှာ လင်ကောင်မပေါ်ဘဲ ကိုယ်ဝန်ရလာတယ်။ အဲဒီတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ သူ့အမေနဲ့အဖေက ကောင်းစေချင်တဲ့ ဆန္ဒကြီးနဲ့ Magdalene Laundries ဆိုတဲ့ထောင်ထဲ ပို့လိုက်ကြတာပေါ့။ ကလေးမွေးမွေးပြီးချင်း သီလရှင်တွေက ခေါ်သွားတယ်။ ဘယ်ရောက်တယ်ဆိုတာကို မသိရဘူး။ နောက်တော့ အဲဒီကနေ လွတ်လာပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရထားတော့ အိပ်နေရင်း လမ်းလျှောက်တာဖြစ်တယ်။ သူ့ရဲ့ အိပ်နေရင်းလမ်းလျှောက်တဲ့ပုံစံက တစ်မျိုး။ စိတ်နှစ်ခွဖြစ်နေတာနဲ့ ပိုတူတယ်။ ပုံမှန်စိတ်က အိပ်သွားပြီဆိုရင် ကြမ်းတမ်းတဲ့ စိတ်နဲ့သူက နိုးလာပြီး ခံစားချက်တွေကို ဖွင့်ထုတ်တာပေါ့။ တစ်နေ့ကျတော့ သူ့ကို အဝတ်လျှော်ရုံကို ပို့ပေးတဲ့ ဖာသာက အသတ်ခံလိုက်ရပါတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် နောက်နေ့မှာ အဝတ်လျှော်ရုံမှာ ဖြစ်ခဲ့တဲ့ သူ့အကြောင်းတွေကို သိတဲ့သူက ဆက်သွယ်လာပါတယ်။ သူတို့မတွေ့ခင်အချိန်လေးမှာ ပုံမှန်စိတ်က အိပ်ပျော်သွားပြီး နိုးလာတော့ သူသွားတွေ့တဲ့သူရဲ့ အလောင်းကို သူ့အခန်းထဲမှာ တွေ့လိုက်ရတဲ့အချိန်မှာတော့…

 

The Woman in the Wall က Psychological Thriller အမျိုးအစားဖြစ်ပေမဲ့ ဇာတ်လမ်းက သွက်သလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ BBC ကလို ထုတ်သမျှတိုင်းကောင်းတဲ့ဆီကနေ ထုတ်ထားလို့ ကြည့်သင့်တဲ့ Series တစ်ခုပါပဲ။

 

(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)

Size ~ 600MB+
Total – 6 Episodes
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Thriller
Source : AMZN.Web-dl.1080p
Translator – 666
Encoder – Y


 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Production
Release Year
Firt air date
Last air date2023-08-28
TypeScripted
Popularity65.024
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments