ယုန်နဲ့လအကြောင်းကိုပုံပြင်တွေအဖြစ်ကျွန်တော်တို့အများကြီးကြားခဲ့ဖူးကြပါတယ်
ဒီတစ်ခုကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးစာအုပ်ပါ စီးရီးအဖြစ်ပြန်ရိုက်မယ်ဆိုတော့အနည်းစိုးရိမ်မိပေမယ့်
လိုတာထက်ပိုပြီးကောင်းလွန်းနေပါတယ် ပုံပြင်ကရှင်းပါတယ်
ကမ္ဘာကြီးကိုဖရစ်လို့ခေါ်တဲ့ပုဂ္ဂိုလ်ကဖန်ဆင်းခဲ့ပါတယ် အဲ့ထဲမှာအီလာရပ်လို့ခေါ်တဲ့ယုန်လည်းပါပါတယ်
သတိပြုရမှာကအဲ့တုန်းကယုန်တွေကအခုလိုနားရွက်တွေ အမြှီးတွေ ခြေထောက်တွေမဟုတ်ပါဘူး
သိပ်မကြာခင်မှာပဲသားတွေသမီးတွေရပြီး သူဟာယုန်မင်းသားဖြစ်လာပါတယ်
သားနဲ့သမီးတွေများချက်ကဖရစ်တောင်မရေတွက်နိုင်ပါဘူး
သူတို့ဟာကမ္ဘာပေါ်ကကောက်ပဲသီးနှံတွေနဲ့စားလို့ရသမျှအကုန်လိုက်စားပါတော့တယ်
ဖရစ်သိသွားတဲ့အချိန်မှာတော့ဟန်ချက်ညီမှုကိုထိန်းဖို့
တောရိုင်းတိရစ္ဆာန်တွေကိုယုန်အမဲလိုက်နိုင်မယ့်လက်သည်း အတောင်ပံ အပြေးမြန်မှုအဲ့လိုဟာတွေကိုပေးလိုက်ပါတော့တယ်
သူတို့ဟာအီလာရပ်ရဲ့သားတွေသမီးတွေကိုသတ်ပြီးသိပ်မကြာခင်မှာပဲ
ယုန်တစ်မျိုးလုံးရဲ့ရန်သူတွေဖြစ်လာပါတော့တယ်
အီလာရပ်ဟာအဲ့ကိစ္စကိုကြားကြားချင်းပဲဖရစ်ကိုသွားဖြဲပါတော့တယ်
ဖရစ်ရဲ့အားနာမှုကြောင့်အခုခေတ်ယုန်တွေလို နားရွက်အရှည်ကြီးတွေ ခြေထောက်ရှည်တွေနဲ့ မျက်စိနောက်စရာအမြှီးကိုရသွားပါတော့တယ်
အဲ့နောက်မှာတော့ယုန်တစ်မျိုးလုံးဟာအသက်ရှင်ဖို့ပြေးကြရပါတော့တယ်
Watership Downဟာအဲ့ကိစ္စအကုန်ဖြစ်ပြီးတဲ့အပြင်ယုန်တွေရဲ့civilizationတစ်ခုလုံးတိုးတက်တဲ့အချိန်မှာဖြစ်ခဲ့တာဖြစ်ပြီး
ပြန်ကြည့်ရင်တောင်မရိုးမယ့်စီးရီးမျိုးထဲပါပါတယ်
BBCနဲ့Netflixတို့အတူစီစဉ်ထားတာဖြစ်ပြီးလေးပိုင်းသာပါတာမို့အဆင်ပြေကြပါစေ
ဘာသာပြန်ပေးထားတာတော့ Amara.Sane Khet,Kaung Myat Thuတို့ဖြစ်ပြီး
ကျွန်တော်sithuကပဲအန်ကုတ်ပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။