Winning Time: The Rise of The Lakers Dynasty (2022) Season 01 Complete
~ IMDb – 8.3/10, Rotten Tomatoes – 85% ~
ဘတ်စကတ်ဘောဆိုတဲ့ ကစားနည်းအကြောင်း အကျွမ်းတဝင် မရှိရင်တောင် မိုက်ကယ်ဂျော်ဒန်၊ ကိုဘီဘရိုင်ယန့်၊ လီဘရွန်ဂျိမ်း ဆိုတဲ့ နာမည်တွေကို လူတိုင်းကြားဖူးကြမှာပါ။ တကယ်လို့များ သင်ဟာ အားကစားနည်းတွေကို စိတ်ဝင်စားတဲ့သူ ဆိုရင်တော့ NBA ခေါ် အမေရိကန်ဘတ်စကတ်ဘောလိဂ်ကို သေချာပေါက် သိနေမှာပါ။ NBA ပရိသတ်အစစ်ဆိုရင်တော့ လော့စ်အန်ဂျလိစ်အခြေစိုက် LA Lakers အသင်းကို သိကိုသိနေမှာပါ။
ဒီဇာတ်လမ်းတွဲကို HBO Max ကနေ ပြသထားတာဖြစ်ပြီး LA အခြေစိုက် နာမည်ကျော် LA Lakersအသင်း အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ဖို့ အစပျိုးခဲ့တဲ့ ၁၉၇၈-၁၉၇၉ခုနှစ်ကာလကို ပြန်လည်ပြီး ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ LA Lakers ဟာ လက်ရှိမှာ NBA ချန်ပီယံရှစ်ဆုကို ၁၇ကြိမ်တိတိ ပိုင်ဆိုင်ပြီး Boston Celtics အသင်းနဲ့အတူ အအောင်မြင်ဆုံးအသင်းတွေအဖြစ် ရပ်တည်နေတာပါ။
အမေရိကန်တွေရဲ့ သည်းခြေကြိုက်အားကစားတွေထဲက တစ်ခုဖြစ်သလို ကွင်းတွင်းကွင်းပြင် Icon ကြီးမားလွန်းတဲ့ LA Lakers အသင်းဖြစ်နေလို့ Setting designs နဲ့ Soundtracks ပိုင်းတွေ Scripts တွေကို သေချာပြင်ဆင်ထားသလို ရိုက်ထားတဲ့ပုံစံက အတော်လေး ဆန်းသစ်ပါတယ်။ ဇာတ်ကောင်တိုင်းက Fourth Wall ကို break ရင်း ဇာတ်ကောင်နဲ့ ဇာတ်လမ်းသွားကို ပီပြင်စွာ တင်ဆက်ထားပါတယ်။ IMDb မှာ 8.3/10 နဲ့ RT က 85% ရထားလို့ rating အကြမ်းစားကို ရထားတယ်လို့ပြောရမှာပါ။ စဆုံး 10 ပိုင်းရှိပြီး ဖြည်းဖြည်းချင်းတင်ဆက်ပေးသွားပါ့မယ်။
၁၉၆၀ – ၇၈ ကာလတွေမှာ LA Lakers အသင်းဟာ ဆုဖလား အောင်မြင်မှုတွေနဲ့ လက်တစ်ကမ်းအလိုကို ရောက်မှ အမြဲတမ်း ခါးသီးပြိုင်ဖက် Boston Celtics ရဲ့ နောက်ကောက်ချခြင်းကို တောက်လျှောက်ခံနေရသလို ဗိုလ်လုပွဲ၆ကြိမ်ဆက် တက်ပြီးမှ ၆ကြိမ်လုံးရှုံးခဲ့ရတာကလည်း Lakers တွေအတွက် အတော်ကို အထိနာစေခဲ့တာပါ။ ဒီလိုနဲ့ ၁၉၇၈-၇၉အရောက်မှာ LA Lakers တို့အတွက် ရွှေထီးဆောင်းစေမယ့် Winning Time အခိုက်အတန့်ကြီး၂ခု ဖြစ်ခဲ့ပါတယ်။ တစ်ခုကတော့ Dr.Jerry Buss က LA Lakers အသင်းကို ဝယ်ယူခဲ့တာဖြစ်ပြီး နောက်တစ်ခုကတော့ NBA ရဲ့ ၁၉၇၉ နွေရာသီလူသစ်ရွေးပွဲမှာ Magic Johnson လို့ ခေါ်တဲ့ ၁၉နှစ်သား လူငယ်ကစားသမားလေးကို ခေါ်ယူခဲ့တာပါ။
ထိုအချိန်ကစလို့ ပိုင်ရှင် Dr.Buss, နည်းပြဖြစ်သူ Jerry West နဲ့ Johnson တို့ ကစားသမားအဖွဲ့ဟာ NBA သမိုင်းတလျောက်မှာ အအောင်မြင်ဆုံး ဖြစ်လာမယ့် LA Lakers အသင်းရဲ့ Golden Era ကို စတင်အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ ဒီ Sports History series မှာတော့ LA Lakers အသင်းရဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ အနိမ့်အမြင့် အတက်အကျတွေကို Entertainment တဖြစ်လဲ Knowledge လည်းရမယ့် ပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။
(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ JimX ပဲဖြစ်ပါတယ်။)
Size ~ 700MB+
Total – 10 Episodes
Quality – 1080p
Duration ~ 59min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Biography, Drama, Sport
Source : HMAX.Web-dl.1080p
Translator – JimX
Encoder – Y
Season Complete Zip (Yoteshin)
Episode 1 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 2 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 3 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 4 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 5 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 6 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 7 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 8 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 9 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Episode 10 – Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။