Channel Myanmar

Adventure

Transformers: Age of Extinction (2014) 5.7
Transformers: Age of Extinction (2014) ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ.......။ (Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  ...
movie

Transformers: Age of Extinction (2014)

2014
4K HEVCHDR
Transformers: Dark of the Moon (2011) 6.3
Transformers: Dark of the Moon (2011) ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။~ Review Credit(Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.org/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 ...
movie

Transformers: Dark of the Moon (2011)

2011
4K HEVCHDR
Transformers (2007) 7.1
Transformers (2007) ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် ...
movie

Transformers (2007)

2007
4K HEVCHDR
Tinker Bell and the Legend of the NeverBeast (2014) 7.1
Tinker Bell and the Legend of the NeverBeast (2014) Tinker Bell and the Legend of the NeverBeast (2014) ===================================== IMDb Rating - 7.1/10အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲ့တစ်ခု ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။ အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ ကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လို့သတ်မှတ် ထားတဲ့အကောင် ကြီးတွေမှာလည်း သူတို့လိုနှလုံးသားရှိလေတော့ သိမ် မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်။အဲ့ဒါကြောင့် ရှေးအစဉ် အလာသတ်မှတ်ချက်တွေကို ဆန့်ကျင်ပြီး ရက်စက် ပါတယ်ဆိုတဲ့အကောင်တွေကိုလက်ပွန်းတနီးနေကြည့်တယ်။ အဲ့ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေရဲ့အမြင်စောင်းမှုခံရသလို ဘုရင်မ သတိထားမိစရာ လည်းဖြစ်လာတယ်။ ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူး တစ်နေ့တော့ အလွန် တရာကြီးမားတဲ့ ခြေ၄ချောင်းနဲ့အကောင်ကြီးကို ဂူတစ်ဂူမှာတွေ့ခဲ့တယ်။ အဲ့ဒီအကောင်ကြီးရဲ့အခက်အခဲ ကိုဖြေရှင်းပေးတော့ သံယောဇဉ်တွေတွယ် မိကြတယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီအကောင်ကြီးဟာ ရှေးကရေးခဲ့တဲ့စာတွေအရ အန္တရယ်အရှိဆုံး အကောင်ကြီးဖြစ်နေတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သူတို့နတ်ဘုံလေးကိုဖျက်ဆီးမဲ့သူဖြစ်နေတယ်ဆိုပါတယ်။ ကာကွယ်ရေးအဖွဲ့ တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာ အကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင် စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုး စွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင် တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ...
movie

Tinker Bell and the Legend of the NeverBeast (2014)

2014
Tinker bell and The Pirate Fairy (2014) 6.5
Tinker bell and The Pirate Fairy (2014) Tinkerbell : Pirate Fairy (2014) ======================ဒီတစ်ခါဇာတ်လမ်းလေးကလည်း Legend of the Neverbeast လို Tinkerbell အပေါ်ကို Focus ထားတဲ့ ဇာတ်အိမ်မဟုတ်ဘဲ Pixie Hollow ရဲ့ မျက်နှာသစ် Character တစ်ခုအကြောင်း ရိုက်ကူးပြသ ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့ လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူ ငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင် တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့ လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့ ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီး ကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လို စိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများ ကြားမှာ ကြောင်တောင်ကျားပါပဲ။ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့ ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့ .... လက် တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် တစ်ရွာ လုံးကုန်လုနီးနီးပြုန်းသွားတဲ့အခါ စေတနာကနေဝေဒနာဖြစ်သွားပြီး Zarina တစ်ယောက် Pixie Hollow ကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ တစ်နှစ် ကြာသွားပြီးတဲ့နောက် .... ...
movie

Tinker bell and The Pirate Fairy (2014)

2014
Tinkerbell : Secret of the Wings (2012) 7.0
Tinkerbell : Secret of the Wings (2012) Tinkerbell : Secret of the Wings (2012) ============================ IMDb Rating - 7.0/10Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ ... နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ...
movie

Tinkerbell : Secret of the Wings (2012)

2012
Tinker Bell and the Great Fairy Rescue (2010) 6.8
Tinker Bell and the Great Fairy Rescue (2010) Tinker Bell and the Great Fairy Rescue (2010) ================================= IMDb Rating - 6.8/10"လက်တွေ့လောကမှာ မြင်နိုင်၊ ကြားနိုင်၊ လက်ဆုပ်လက်ကိုင် သက်သေပြနိုင်မှ ဖြစ်တည်မှုအစစ် " လို့ လူကြီးသူမတွေက တထစ်ချယုံကြည်နေကြချိန် ..." နတ်သမီးလေးတွေတကယ် ရှိတာပါ " ဆိုသူ ကလေးငယ်လေးတွေလည်း ရှိကြတာပေါ့။ နွေရာသီအစကိုရောက်ခဲ့ပြီ။ ပင်မနယ်မြေကို ဆောင်းကုန်ပြီး နွေကူးစေဖို့ တာဝန်ကျရာ နတ်သူငယ်တို့လည်း အသီးသီးရောက် လာကြချိန်ပေါ့။Tinkerbell တို့စခန်းချထားတဲ့နေရာနားမှာတော့ Lizzy တို့သား အဖရဲ့ နယ်ခွဲအိမ်လေးပါပဲ။ စပ်စုတတ်တဲ့ Tinkerbell ကတော့ သားအဖနှစ်ယောက်ရောက်ရောက်ချင်းမှာပဲ Lizzy အဖေရဲ့ ကား ကိုမျက်စိကျပြီး အနီးကပ်သွားကလိပါတော့တယ်။ စခန်းကိုအပြန် လမ်းမှာ မြက်ခင်းထဲက နတ်သူငယ်အရွယ်နဲ့ ကွက်တိဖြစ်နေတဲ့ အိမ်သေးသေးလေးတစ်လုံးထဲကို Tinkerbell ဝင်သွားပြီးနောက် မှာတော့ ... ပန်းလေးတွေခူးပြီးပြန်ရောက်လာတဲ့ Lizzy လည်း သူ့နတ်သမီးအိမ်တံခါးလေးလှုပ်နေတာကို တွေ့လိုက်ရတဲ့အခါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie

Tinker Bell and the Great Fairy Rescue (2010)

2010
Tinker Bell and the Lost Treasure (2009) 6.6
Tinker Bell and the Lost Treasure (2009) Tinker Bell and the Lost Treasure (2009) ============================ IMDb Rating - 6.6/10အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.72 GB) / (860 MB) / (512 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 21Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin ...
movie

Tinker Bell and the Lost Treasure (2009)

2009
Tinker Bell (2008) 6.7
Tinker Bell (2008) Tinker Bell (2008) ==============ပျောက်သွားတဲ့အရုပ်လေးတွေ မထင်မှတ်ဘဲ ပြန်ရောက်လာတတ် တာမျိုး ကြုံဖူးကြပါသလား၊ ပျက်သွားတဲ့ပစ္စည်းလေးတွေကို ပြန် ထုတ်ကြည့်တဲ့အခါ ရုတ်တရက်ပြန်ကောင်းနေတာမျိုးရော ဖြစ်ဖူး ပါသလား၊ သဘာဝတရားကြီးက လူသားတွေသိထားတဲ့နိယာမတွေနဲ့ ဆန့်ကျင်ပြီး လည်ပတ်နေတယ်ဆိုတဲ့ ရှုထောင့်လေးတစ်ခုကနေ နတ် သူငယ်တွေရဲ့ဖြစ်တည်မှုကို ချပြထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ် ပါတယ်။ရာသီအကူးအပြောင်း၊ အအေးအပူ၊ အလင်းအမှောင်၊ အရောင်အဆင်း ဒါတွေအားလုံးအတွက် အမျိုးမျိုးသောအစွမ်းတွေရှိကြတဲ့ နတ်သူငယ် တွေဟာ တစ်နှစ်တာလုံး မနားမနေပြင်ဆင်လုပ်ကိုင်ပေးကြရပါတယ်။ဇာတ်လမ်းလေးကတော့ ကိုယ်ရထားတဲ့အစွမ်းကို သဘောမကျဖြစ်ပြီး သူများတွေလိုဖြစ်အောင်ပဲ ကြိုးစားနေတဲ့ Tinker Bell ကြောင့် Pixie Hollow တစ်ခုလုံး ရိုးရာသစ်၊ စနစ်သစ်တွေ ပေါ်ထွန်းသွားရတဲ့အကြောင်း လေးပဲဖြစ်ပါတယ်။ Tinker Bell ရဲ့ မိမိပုံစံအစစ်အမှန်ကို လက်မခံနိုင် ခြင်းက Pixie Hollow တစ်ပြည်လုံးအတွက် ပျက်စီးခြင်းဖြစ်လုနီးနီး ကနေ ..... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်)File Size..........(1.63 GB) / (790 MB) / (475 MB) Quality............BLU-RAY 1080p / ...
movie

Tinker Bell (2008)

2008
Abulele (2015) 5.8
Abulele (2015) Abulele (2015) ==========="တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ"။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲ ပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆို ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့ Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်း​တွေဖြစ်လာကြတဲ့ အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.2 GB) / (436 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Family Translator.......Hnin Wut Yi Encoder..........SWM
movie

Abulele (2015)

2015
Mi Maestra se comió a mi amigo (2023) 5.6
Mi Maestra se comió a mi amigo (2023) Mi Maestra se comió a mi amigo (2023) ============================သောမတ်စ်ဆိုတဲ့ကောင်လေးဟာ မကောင်းဆိုးဝါးမွန်းစတား တွေအကြောင်းကို အရမ်းပဲစိတ်ဝင်စားပြီး အချိန်ရတိုင်း အဲဒီ ဟာနဲ့ပတ်သတ်တဲ့စာအုပ်တွေပဲဖတ်နေလေ့ရှိတဲ့ကောင်လေး ပေါ့။ တစ်မိသားစုလုံးမှာလည်း သူနဲ့ဝါသနာတူတာဆိုလို့ သေ ဆုံးသွားပြီဖြစ်တဲ့သူ့အဖေပဲရှိတာပါ။ တစ်နေ့မှာတော့ သော မတ်စ်တို့အတန်းကိုသင်နေကျ အင်္ဂလိပ်စာဆရာမကရုတ်တ ရက်နှုတ်ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဆရာမအသစ်တစ် ယောက် အစားဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာတင်ပဲ ကံဆိုးပြီး သောမတ်စ်တစ်ယောက် သူဖတ်နေကျ မကောင်းဆိုးဝါးကာ တွန်းစာအုပ်ကို ဆရာမအသစ်ဆီမှာအသိမ်းခံလိုက်ရပါတယ်။ မကျေနပ်တာနဲ့ပဲ နောက်ရက်မှာပြန်ခိုးယူဖို့သွားတော့ အဲဒီဆ ရာမရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ အဲဒါကတော့ သူ့ဆရာမဟာ ကလေးတွေကိုစားတတ်တဲ့မကောင်းဆိုးဝါးတစ် ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။သူ့ကို လူတိုင်းက စိတ်ကူးယဉ်ကမ္ဘာမှာပဲနေနေတဲ့‌သူဆိုပြီး အမေ နဲ့အစ်ကိုကပါသတ်မှတ်ထားကြတော့ ဒီအကြောင်း‌ကို သောမတ်စ် ပြန်ပြောပြလိုက်မယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ သူ့သူငယ်ချင်း တွေကရောယုံကြည်ပေးနိုင်မှာလား။ ဆရာမအသစ်ရဲ့အန္တရာယ်က နေရော ဘယ်လိုရင်ဆိုင်ကာကွယ်ကျော်လွှားသွားမှာလဲ။ ဒါတွေ အားလုံးကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းနဲ့ပဲအဖြေရှာကြည့် ကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.25 GB) / (415 MB) / (267 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, ...
movie

Mi Maestra se comió a mi amigo (2023)

2023
My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

Remi, Nobody’s Boy (2019) 7.0
Remi, Nobody’s Boy (2019)  ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲကတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသားဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody's Boy ဖြစ်ပြီးဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲမွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကိုမကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာမာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီးတိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီကနေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာတွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီးနောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။  File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ..... Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Remi, Nobody’s Boy (2019)

Sheroes (2023)
Sheroes (2023) Sheroes 2023အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲ ဟီးရိုးမဟုတ်ပါဘူး "ရှီးရိူး" ပါ အဲ့တော့ ကောင်မလေးတွေအစွမ်းပြမဲ့ကားတစ်ကားပေါ့ ဘယ်လို အစွမ်းပြမလဲဆိုတော့ ဇာတ်ကားက ဒီလိုပါ။သာမန်မိန်းကလေး လေးယောက်ပေါင်းပြီးတော့ ထိုင်းနိုင်ငံဖူးခက်မှာ လောင်းကျော်ကြဖို့ ပရိုက်ဗိတ်လေယာဉ်ကြီးနဲ့ချီတက်လာတဲ့အခါမှာ သူတို့အိတ်နဲ့ဆေးအိတ်နဲ့မှားပြီးတော့ ထိုင်းက မူးယစ်ဂိုဏ်းစတားကြီးတွေနဲ့ သွားရှုပ်မိတော့တာပါပဲ။ အပိုဆောင်းအနေနဲ့ကတော့ သူတို့သူငယ်ချင်းလေးတစ်ယောက်ပါ အဖမ်းခံရပါတော့တယ်ဒါပေမဲ့ ဇာတ်လမ်းထဲက ဒါရိုက်တာကြီးရဲ့သမီးတော်လေးက တွမ်ခရုဘာညာရှုံးတဲ့ အေးဂျင့်စကေးလ်တွေကို သူ့ဖားသားကြီးရိုက်လာတာ ကြည့်ရင်း တစ်သက်လုံးကြီးပြင်းခဲ့ရသူလေးမို့ ခုလည်း ထင်ရာမြင်ရာမူးယစ်ဂိုဏ်းနဲ့အပြိုင် သူတို့သူငယ်ချင်းကို ဘယ်လိုဉာဏ်တွေ သုံးပြီ ပြန်ကယ်တင်ကြမလဲဆိုတာကတော့ ...မင်းသမီးလေး လေးယောက်လုံးက ချစ်စဖွယ်ကညုတုတုရုပ်လေးတွေဖြစ်တဲ့အပြင် အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးပြီး လူကြီးခန်းလေးတစ်ချို့တစ်လေလည်းပါတာမလို့ မိသားစုနဲ့ မကြည့်ရှုကြရန် ကြိုတင်သတိပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thu Rein Lynn ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure Quality…. 1080p | 720p | 480p File size… 1.3GB | 756MB | 363MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle ...
movie

Sheroes (2023)

2023
PULAU (2023)
PULAU (2023) PULAU (2023)**************သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကိုအလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်းလူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးကလိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး...။ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာတစ်ညသွားအိပ်ရပါတော့တယ်...။မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင်သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။File Size : 2.36GB,1009MB Quality : WEB-DL 1080P,720p Format : mp4 Duration : 01:51:00 Genre : Horror, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff
movie

PULAU (2023)

Guardians of the Galaxy Volume 3 (2023) 8.4
Guardians of the Galaxy Volume 3 (2023) Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie

Guardians of the Galaxy Volume 3 (2023)

4K HEVC
Summit Fever (2022) 5.1
Summit Fever (2022) Summit Fever (2022) ================‌ဒီဇာတ်ကားလေးက 2022 ခုနှစ်ကထွက်ရှိခဲ့ပြီး ဒါရိုက်တာ Julian Gilbey ရိုက်ကူးထားပါတယ်။ မိုက်ကယ်ဟာ ဆုံးပါး သွားတဲ့သူ့အမ လူစီကြောင့်မလို့တောင်တက်ရတာကိုဝါသနာ ပါသူတစ်ယောက်ပါ။ သူ့အဖေကတော့ ဝင်ငွေကောင်းတဲ့ စီးပွား ရေးလုပ်ငန်းကိုပဲလုပ်စေချင်ပါတယ်။ ဒါပေမယ့်တစ်နေ့တော့ အလုပ်ကနေခွင့်ယူလာပြီး သူငယ်ချင်းတွေဖြစ်တဲ့ ဂျင်ပီရယ်တို့နဲ့ အတူတောင်တက်ဖို့ ချန်မိုနိ့ ကိုထွက်လာပါတော့တယ်။အဲဒီမှာသူတို့သူငယ်ချင်းတစ်စုတောင်တက်နေရင်း မတော်တစ် ဆမှုဖြစ်လို့ လီယို နဲ့ နာတာရှာ တို့သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် လည်း သူတို့သူငယ်ချင်းတွေကတော့ ၀မ်းနည်းပူဆွေးနေခြင်းမရှိ ဘဲ ဂုဏ်ပြုတာဆိုပြီး အနေထိုင်မပျက် တောင်ဆက်တက်နေတုန်း ပါပဲ။ အဲဒါကို မိုက်ကယ်က မကြိုက်လို့တောင်တက်အဖွဲ့ထဲကထွက် လိုက်ပေမယ့်လည်း သူ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂျင်ပီရယ်က မိုက်ကယ့် နေရာကိုတခြားသူတွေအစားထိုးပြီး တောင်တက်ဖို့ပြင် ပါတော့တယ်။ အဲဒီအခါ မိုက်ကယ် ကသူ့အမလူစီ တုန်းကလိုမျိုး သူ့သူငယ်ချင်းကိုအသက်မဆုံးရှုံးစေချင်လို့ တောင်တက်အဖွဲ့ထဲ ပြန်၀င်ခဲ့ပါတယ်။မိုက်ကယ် နဲ့ ဂျင်ပီရယ် တို့အဖွဲ့တောင်တက်တဲ့‌အခါမှာတော့ မထင် မှတ်ဘဲ မုန်တိုင်းမိပြီး ပြဿနာတွေတက်ကြတဲ့အခါ ဘယ်လိုရင်ဆိုင် ကြလဲဆိုတာ ရင်သပ်ရှုမောစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(3.5 GB) / (1.6 GB) / (640 ...
movie

Summit Fever (2022)

2022
Mavka: The Forest Song (2023) 7.4
Mavka: The Forest Song (2023) Mavka: The Forest Song (2023) ====================== IMDb Rating - 7.4/10ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb - 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ...
movie

Mavka: The Forest Song (2023)

2023