Channel Myanmar

Tinker bell and The Pirate Fairy (2014)

AdventureAnimationFamily

6.5
IMDB: 6.5/10 14000 votes

346467

Report error

Tinkerbell : Pirate Fairy (2014)
======================

ဒီတစ်ခါဇာတ်လမ်းလေးကလည်း Legend of the Neverbeast လို
Tinkerbell အပေါ်ကို Focus ထားတဲ့ ဇာတ်အိမ်မဟုတ်ဘဲ Pixie
Hollow ရဲ့ မျက်နှာသစ် Character တစ်ခုအကြောင်း ရိုက်ကူးပြသ
ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့
လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူ
ငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင်
တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့
လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့
ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီး
ကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လို
စိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများ
ကြားမှာ ကြောင်တောင်ကျားပါပဲ။

ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့
ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့ …. လက်
တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် တစ်ရွာ
လုံးကုန်လုနီးနီးပြုန်းသွားတဲ့အခါ စေတနာကနေဝေဒနာဖြစ်သွားပြီး Zarina
တစ်ယောက် Pixie Hollow ကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ တစ်နှစ်
ကြာသွားပြီးတဲ့နောက် …. Pixie Hollow တစ်ခုလုံး ပွဲတော်ကျင်းပနေချိန်
ပွဲခင်းနောက်က ဘိန်းပန်းပင်တွေရှည်ထွက်လာတာကို Tinkerbell တို့အုပ်
စုလှမ်းအကြည့် …. အငြှိုးနဲ့ပြန်လာတဲ့ Zarina ကို ကွက်ကွက်ကွင်းကွင်း
မြင်လိုက်ရပြီးတဲ့အခါမှာတော့ . ကဲဇာတ်လမ်းလေးထဲဆက်လက်ကြည့်
ရှုပါဦး …..

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Hnin Wut Yi Myaing ဖြစ်ပါတယ်)

File Size……….(1.62 GB) / (789 MB)
Quality…………BLU-RAY 1080p / 720p
Duration………1Hr 18Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Animation, Adventure, Family
Translator…….Hnin Wut Yi Myaing
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director



No downloads available

Genres



Related movies