Channel Myanmar

2009

Yoga Class (2009) 5.0
Yoga Class (2009) Yoga Class (2009) =============Horror ကြိုက်သူတွေအတွက် Yoga ဆိုတဲ့ Korea Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရုံတင်ပြသခဲ့တုန်းကလည်း လူကြည့်အများဆုံး ဇာတ်ကား ၁၀ ကားစာရင်းမှာ ၂ပတ်ကြာ နေရာယူနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်း ဟျိုဂျောင်းဟာ ဟုမ်းရှော့ပင်း show တစ်ခုရဲ့ တင်ဆက်သူတစ်ယောက်ဖြစ် ပါတယ်။ တစ်ရက် ဟျိုဂျောင်းရဲ့နေရာကို အသက်ငယ်ငယ်ချောချောကောင် မလေးတစ်ယောက်က လုယူသွားခဲ့တာပေါ့။ ဟျိုဂျောင်းလည်း သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်သွားပြီး သူမသူငယ်ချင်းလမ်းညွှန်ပေးတဲ့ ယောဂသင်တန်း ကျောင်းကို သွားခဲ့တယ်။သင်တန်းကျောင်းမှာ ၇ ရက်တာ အပြင်းအထန်လေ့ကျင့်မှုအတွက် စာရင်းသွင်း ခဲ့ပါတယ်။ ဟျိုဂျောင်းနဲ့ အတူ နောက်ထပ် မိန်းကလေး ၄ ယောက်လည်း ဒီလေ့ ကျင့်မှုမှာပါဝင်ခဲ့ပြီး၊ ဒီ ၅ ယောက်ထဲက အဆုံးအထိ အောင်မြင်အောင်လုပ်နိုင်တဲ့ တစ်ယောက်ကသာ ကွန်ဒါလီနီလို့ခေါ်တဲ့ ထာဝရလှပမှုရဲ့ လျှို့ဝှက်ချက်ကို သိရှိရမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ကွန်ဒါလီနီရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူသိသွားမှာလဲ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ Yoga Class (2009) မှာ ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားတင်ဆက်ပေးသူကတော့ Hay Thar ဖြစ်ပါတယ်။)File ...
movie

Yoga Class (2009)

2009
Book of Blood (2009) 5.2
Book of Blood (2009) Book of Blood (2009)မိသားစုတစ်ခုရဲ့ သမီးက ဘယ်အရာက လုပ်သွားမှန်းမသိရဘဲ သူ့အိမ်အခန်းထဲမှာပဲ ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ပါတယ် ထိုသေဆုံးမှုကို သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ မယ်ရီနဲ့ ရက်ဂ်တို့က ဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်တဲ့ ဆိုင်မွန်ဆိုတဲ့ကျောင်းသားနဲ့ အတူ အဆိုပါသေဆုံးမှုကို သွားရောက်စုံစမ်းတဲ့အချိန်မှာ ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံရမလဲ ဘယ်လိုသွေးပျက်စရာတွေနဲ့ ကြုံရမလဲ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ တွေ့ရမလဲဆိုတာကတော့ .....သွေးသံရဲရဲနဲ့ horror movieကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုဖြစ်နေမှာပါအဖော်အချွတ်အခန်းအချို့ ပါဝင်တာကြောင့် မိသားစုနဲ့ဆို သတိထားကြည့်ပါဗျအညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Aung ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Fantasy Quality….1080p | 720p| 480p File size…1GB | 460MB | 218MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Soe Htun Aung Encoder ..... August
movie

Book of Blood (2009)

2009
Symbol (2009) 7.0
Symbol (2009) ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးကပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးကဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကိုဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့skill တစ်ခုမဟုတ်လား။ ဒီတော့ ...
movie

Symbol (2009)

2009
The Informant! (2009) 6.5
The Informant! (2009) The Informant! (2009) အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size          :  1.8GB, 660MB, 330MB Quality  ...
movie

The Informant! (2009)

2009
The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009
Night at the Museum: Battle of the Smithsonian (2009) 6
Night at the Museum: Battle of the Smithsonian (2009) Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie

Night at the Museum: Battle of the Smithsonian (2009)

2009
Where the Wild Things Are (2009) 6.7
Where the Wild Things Are (2009) Where The Wild Things Are (2009)ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကိုအပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင်လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ...
movie

Where the Wild Things Are (2009)

2009
Cell 211 (2009) 7.6
Cell 211 (2009) Cell 211 ဇာတ်လမ်းအညွှန်း********************၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းဖြစ်ပြီး IMDB 7.6 တောင်ရရှိထားတာမို့ အချဉ်တော့မဟုတ်ဘူးပေါ့နော်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဟူအန်းအိုလီဗာအကြောင်းကနေ စပြောရမှာပဲ။ ဟူအန်းက အသက် ၃၀၊ မိန်းမရှိတယ်။ သူ့မိန်းမက မွေးခါနီးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ မပေါ့မပါးပေါ့… ဟူအန်း အရင်က သားသတ်ရုံမှာအလုပ်လုပ်ရတာ၊ အခုတော့ ထောင်စောင့်အနေနဲ့ အလုပ်သစ်ရထားပြီ။ မနက်ဖြန်စဆင်းရမယ်ဆို ဒီနေ့လိုနေ့မှာ သူ ထောင်အခြေအနေကို လေ့လာဖို့ ထွက်လာခဲ့တယ်။ သားသမီးရလာတော့မယ်ဆိုတော့ အလုပ်ကြိုးစားချင်စိတ်ကြောင့်ပဲဆိုပါတော့လေ။ သူအလုပ်လုပ်ရမယ့်ထောင်မှာကလည်း တကယ့်ကိုဆိုးပေ့မိုက်ပေ့ လူဆိုးကြီးတွေချည်းပဲ။ ထောင်ကြီးကလည်း တကယ့်ကိုအိုဟောင်းစုတ်ပြတ်နေပြီ။ ကံဆိုးချင်တဲ့ ဟူအန်းတစ်ယောက် ထောင်ကိုရောက်ပြီး လှည့်ပတ်ကြည့်ရှုလို့ သိပ်မကြာခင်မှာပဲ ခေါင်မိုးပြိုကျလို့ ထိပ်ပေါက်ပါလေရောလား…တစ်ပူပေါ်တစ်ပူဆင့်ချင်တော့ အဲဒီချိန်မှာပဲ ထောင်ထဲက ခေါင်းဆောင်လို့ဆိုရမဲ့ မာလာမာဒရစ်က အစောင့်လက်ကနေ လွတ်လာပြီး ထောင်ဆူတော့တာပါပဲ။ ဒီလိုနဲ့ ဟူအန်းတစ်ယောက် အကျဉ်းခန်း ၂၁၁ ထဲမှာ ပိတ်မိနေရာက သူ့ကိုယ်သူ အသစ်ရောက်လာတဲ့ထောင်သားပါလို့ အားလုံးယုံအောင်ဖြီးဖြန်းခဲ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie

Cell 211 (2009)

2009
500 Days of Summer (2009) 7.7
500 Days of Summer (2009) 500 Days of Summer (2009) IMDb - 7.7/10_____Rotten- 85% ဇာတ်လမ်းကိုတော့    Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။---------------------------------------------------------(500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို ...
movie

500 Days of Summer (2009)

2009
4K HEVC Web-DL
Harry Potter and The Half-Blood Prince (2009) 7.5
Harry Potter and The Half-Blood Prince (2009) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Half-Blood Prince (2009)

2009
4K HEVC
The Imaginarium of Doctor Parnassus (2009) 6.8
The Imaginarium of Doctor Parnassus (2009) The Imaginarium of Doctor Parnassus (2009) ~ The Last Of Heath Ledger ~ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆုံးမှာ " A Film From Heath Ledger and Friends " လို့ ရေးထိုးထားပါတယ်။ အတော်၀မ်းနည်းစရာကောင်းတဲ့ စာ‌ကြောင်းပါပဲ။"Heath Ledger, Johnny Depp, Jude Law, Colin Farell, Christopher Plummer, Andrew Garfield" ဒီရုပ်ရှင်လောက် နာမည်ကြီး ထိပ်တန်း cast တွေစုနေတဲ့ ရုပ်ရှင်မရှိလောက်ဘူးလို့ ပြောရမယ်။ ဒီလိုလူတွေကို တစ်စုတစ်စည်းထဲမြင်ရတာ ၀မ်းသာစရာကောင်းလား‌ပြောရရင်လည်း ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတဲ့အချက်က အတော် ၀မ်းနည်းစရာကောင်းပါတယ်။ အကြောင်းရင်းကတော့ ဒီရုပ်ရှင်ရိုက်ကူးနေရင်း တန်းလန်းမှာပဲ Heath Ledger ဟာ အဆုံးမဲ့လွင်ပြင်တစ်ခုဆီ ပျံသန်းထွက်ခွာသွားခဲ့လို့ပါပဲ။ Heath မရှိတော့တဲ့နောက် သူ့သူငယ်ချင်းတွေက ...
movie

The Imaginarium of Doctor Parnassus (2009)

2009
Race to Witch Mountain (2009) 5.7
Race to Witch Mountain (2009) Race To Witch Mountain (2009)ကိုယ်နေထိုင်ရာဂြိုလ်ကြီးက ပျက်ဆီးသေဆုံးတော့မယ်ဆိုတော့ စကြာဝဠာကို ခြေဆန့်ခရီးထွက်ပြီး အိမ်အသစ်ရှာကြမယ့် ဂြိုလ်သားများ ကမ္ဘာမြေပေါ်ကို တည့်တည့်ကြီး ရောက်လာပါတော့တယ်တစ်ချို့က ကမ္ဘာပေါ်က ဇီဝရုပ်တွေကိုလေ့လာပြီး မိမိတို့ဂြိုလ်ကို ပြန်အသက်သွင်းဖို့ ကြံစည်ကြတဲ့ သိပ္ပံပညာရှင်ဂြိုလ်သားတွေရှိသလို လက်နက်အားကိုး ကမ္ဘာကိုသိမ်းပြီး ကျူးကျော်နေထိုင်မယ့် စစ်သားဂြိုလ်သားတွေလည်းရှိတာပေါ့။အဲဒီကြားထဲကမှာ မိမိတို့ဂြိုလ်ကိုပဲ ကယ်တင်ချင်တဲ့ ဂြိုလ်သား ကလေးအရွယ် နှစ်ယောက်ဟာ ကမ္ဘာပေါ်က သူတို့မိဘတွေ လုပ်လက်စ စမ်းသပ်မှုတွေကို လာယူမှာပါ။ အဲဒီစမ်းသပ်မှုက သူတို့ဂြိုလ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တာကို ခေါင်းဆောင်တွေကို ပြန်ပြလို့ ကမ္ဘာမြေကို ဒုက္ခမပေးမယ့်လမ်းကို ရွေးချင်သူတွေပါ။သူတို့ရဲ့ ကမ္ဘာမြေခရီးမှာ ရာဇဝတ်မှုတွေနဲ့ ကြီးပြင်းလာပြီးမှ ရိုးရိုးသားသား အငှားယာဉ်မောင်းစားနေတဲ့ ကျွန်တော့်အကြိုက်ဆုံးမင်းသား Dwayne Johnson ရယ်၊ နက္ခတ္တရူပဗေဒပညာရှင် ဒေါက်တာမမရယ်တို့နဲ့ ပေါင်းမိပြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်ကြမယ်ဆိုတာ ကြည့်ရှုရပါမယ်။Fantasy ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Walt Disney ...
movie

Race to Witch Mountain (2009)

2009
Kaiji: The Ultimate Gambler (2009) 6.4
Kaiji: The Ultimate Gambler (2009) Kaiji (2009)IMDb - 6.4/10ဈေးပေါတဲ့အခန်းလေးတစ်ခုမှာ ငှားနေပြီး ဘ၀ကို ရေလိုက်ငါးလိုက်နေနေတဲ့ ကိုင်ဂျီ ဆိုတဲ့ လူငယ်တစ်ဦး။တစ်နေ့မှာတော့ သူ အာမခံပြီးချေးပေးလိုက်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ချေးငွေတွေကို အတိုးပေါင်း မြောက်မြားစွာနဲ့ ပြန်ဆပ်ပေးဖို့ အကျပ်ကိုင်ခံလာရတဲ့အခါ ကိုင်ဂျီတစ်ယောက် အကြွေးတွေပြန်ဆပ်နိုင်ဖို့ "မျှော်လင့်ချက်" လို့ အမည်ရတဲ့ ထူးခြားဆန်းကြယ်တဲ့ သ‌ဘ်ောပေါ်က ဂိမ်းတစ်ခုကို ဆော့ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီဂိမ်းကို နိုင်ရင် အ‌‌ကြွေးတွေအားလုံးကို ဆပ်နိုင်မှာဆိုပေမယ့် ရှုံးရင်ရော ဘာတွေ ပေးဆပ်လိုက်ရမှာလဲ????? ကိုင်ဂျီ အကြွေးတွေကို ပြန်ဆပ်နိုင်မှာလား????? သူ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားဟာ နာမည်ကြီး Anime series တစ်ခုဖြစ်တဲ့ Kanji ကို Live-Action အဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာဂိမ်းတွေနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Aung Tayza ပဲ ဖြစ်ပါတယ်။Genre..... Drama Quality….WEB-DL 1080p and 720p and 480p File size… 1.8GB and 1.1GB and ...
movie

Kaiji: The Ultimate Gambler (2009)

2009
Ninja Assassin (2009) 6.4
Ninja Assassin (2009) IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie

Ninja Assassin (2009)

2009
HEVC 1080p
3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Up (2009) 8.2
Up (2009) Up (2009) IMDb - 8.2/10_______Rotten - 98% Won 2 Oscars. Another 78 wins & 82 nominations ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ ...
movie

Up (2009)

2009
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
Hear Me (2009) 7.5
Hear Me (2009) Hear Me (2009)____IMDb - 7.5/10  အချစ်မှာ မျက်စိမပါဘူးလို့ဆိုကြပါတယ်။ တကယ်တော့ အချစ်မှာ နားလဲမပါဘူးဆိုတာ ဒီဇာတ်ကားမှာတွေ့ရပါမယ်။ အကြားအာရုံမပါဝင်ဘဲ ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ပေါ်လာပုံကို တင်ဆက်ထားပါတယ်။ ချစ်ခြင်းမေတ္တာကိုဖွဲ့နွဲ့ကြတဲ့ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကတော့ ပိုမိုထူးခြားပါတယ်။ အလွန်ပေါ့ပါးစွာ တင်ဆက်ထားပေမယ့် နက်နဲတဲ့ချစ်ခြင်းရဲ့ရသတွေကို ကြည့်နေရင်းခံစားရပါတယ်။ ဇာတ်ကားရဲ့အဆုံးသတ်စာသားလေးကလဲ ကြည်နူးဖွယ်ရာပါ။ " အချစ်နဲ့အိမ်မက်ကအံ့သြဖွယ်ကောင်းပါတယ်။ သူတို့တွေဟာ ကြားဖို့ရော စကားပြောဖို့ရော ဘာသာပြန်ပေးဖို့ရော မလိုအပ်ကြဘူး။" Drama, Romance အမျိုးအစား ထိုင်ဝမ်ဇာတ်ကားဖြစ်ပြီး IMDb Rating (7.5/10) ရရှိထားလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ (ဒီဇာတ်ကားကိုတော့ Phyo Thu Hein မှခံစားတင်ဆက်ထားပါတယ်။)    File size...(804 MB) Quality...BR-Rip 720p Format...mp4 Duration....01:49:27 Subtitle....Myanmar Subtitle (Hardsub) Translator.....Phyo Thu Hein Encoder....Nyeinsaeya Aung 
movie

Hear Me (2009)

2009
HEVC 1080p 5.1
The Lovely Bones (2009) 6.7
The Lovely Bones (2009) The Lovely Bones 2009 --------------------------- စာရေးဆရာမ Alice Sebold ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထုဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ဆုရဒါရိုက်တာတစ်ဦးဖြစ်တဲ့ Andrew McKeoughက ၂၀၀၉ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်. ဒီဇာတ်လမ်းအပေါ်သူတို့ရဲ့ အားစိုက်မှုကြောင့် အော်စကာဆုမှာလဲ ဇကာတင်အနေနဲ့ ပါခဲ့ပြီး ဆုပေါင်း၁၀ဆုနဲ့စကာတင် ၄၆ဆုထိ ရခဲ့တဲ့ ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်.....ဇာတ်လမ်းအကျဉ်း ----------------- သူမ နာမည်က ဆယ်လ်မွန်ပါ(ငါးနာမည်လေးတစ်ခုပေါ့) ဆယ်လ်မွန်က ၁၄နှစ်ရွယ်ရွှေအိုရောင်ဆံပင်လေး မျက်လုံးပြာပြးလေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါပဲ. သူမရဲ့နှလုံးသားဟာလဲ မိသားစုကပေးတဲ့ချစ်ခြင်းတွေ သူမက မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတွေနဲ့ နွေးထွေးနေခဲ့တာပါ.ဒီလို ဘဝကို ကြင်နာမှုတွေ မေတ္တာတွေနဲ့ အေးချမ်းစွာ ဖြတ်သန်းနေခဲ့တဲ့ ဆယ်လ်မွန်လေးဟာ အသက်၁၄နှစ်အရွယ်မှာ လူသတ်ခံခဲ့ရပါတယ်. သတ်တဲ့လူကလဲ သိပ်ကို စိတ္တဇတဲ့လူတစ်ယောက်ပေါ့ဗျာ. ဒီလောက်ဖြူစင်တဲ့ကလေးမလေးဟာ ဆန္ဒမပါပဲ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရပြီး သေဆုံးသွားပြီး နောက်မှာတော့ သူ့ရဲ့ဝိညာဉ်က........... သရုပ်ဆောင်အနေနဲ့လဲ ဆယ်လ်မွန်လေးရဲ့ အဖေနေရာမှာ မင်းသားကြီးMark Wahlberg နဲ့ အမေနေရာမှာ Rachel Weiszဆိုတော့ ရင်ထဲကိုရောက်စေမယ့် Dramaဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်...  Translated by :: Mr.AndersonEncoded and Reviewed by : YKFile Size : 1.9Gb and1.04GBQuality : 1080op Blu-Ray 5.1Ch ...
movie

The Lovely Bones (2009)

2009