Channel Myanmar

Frank Langella

Angry Neighbors (2023)
Angry Neighbors (2023) Angry Neighbors (2022)ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာ​​တော့ 2022 မှာထွက်ရှိထားတဲ့ Angry Neighbors ဆိုတဲ့ ​ဟာသကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဘဝကို တစ်​ယောက်တည်းဖြတ်သန်းချင်လို့ ကျွန်း​လေးတစ်ကျွန်း​ပေါ်မှာ အိမ်​လေး​ဆောက်ပြီး ​စကား​ပြောတတ်တဲ့​ခွေး​လေးနဲ့ အတူ​နေ​နေတဲ့ တစ်ချိန်တုန်းက နာမည်​ကျော်စာ​ရေးဆရာ ဟယ်ရီတစ်​ယောက် သူ့အိမ်​ဘေးမှာ သူ​ဌေးမိသားစု လမ်ပမ်တို့ ဇိမ်ခံအိမ်အကြီးစားကြီး လာ​ဆောက်တဲ့အချိန်ကစပြီး ဘယ်လို​တွေ သူ့အတွက် မျက်စိစပါး​မွှေးစူးလဲ... လမ်ပမ်ရဲ့ အိမ်တက် ညစာစားပွဲကြီးကို ပျက်​အောင်ဘာ​တွေကြံစည်​နေလဲ... အဲဒီလိုကြံစည်ရာမှာ ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာ​တွေကို ရယ်ရယ်​မော​မောကြည့်ရမယ့် ဟာသကား​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by ...
movie

Angry Neighbors (2023)

2022
Noah (2014) 5.8
Noah (2014) Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie

Noah (2014)

4K HEVC
Good Night, and Good Luck (2005) 7.4
Good Night, and Good Luck (2005)  ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Good Night, and Good Luck (2005)

The Box (2009)
The Box (2009)  sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘ‌ကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Box (2009)

Frost/Nixon (2008) 7.7
Frost/Nixon (2008) ၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ...
movie

Frost/Nixon (2008)

The Tale of Despereaux (2008) 6.1
The Tale of Despereaux (2008) The Tale of Despereaux (2008)ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.3GB, 564MB, ...
movie

The Tale of Despereaux (2008)

2008
Draft Day (2014) 6.8
Draft Day (2014) ဒီနေ့ တင်ဆက်ပေးမှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်လေးပါ။ NFL Draft ဆိုတာ အသင်း ၃၂ သင်းက လိုချင်တဲ့ ကစားသမားကို ရနိုင်ဖို့ ကစားသမား ၂၂၄ ယောက်ထဲက အကြိတ်အနယ်ရွေးချယ်ရမယ့် အခွင့်အရေးပါ။ Sonny Weaver Jr. ကတော့ Cleveland Browns ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အဖေ နည်းပြ Sonny Weaver ဆုံးသွားပြီး လူတွေက အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာတွေ၊ အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးတာတွေကြောင့် ဖိအားများနေပါတယ်။ ဇာတ်လမ်းစပုံကတော့ Sonny ဆီကို Seattle Seahawks အသင်းက Tom က ကမ်းလှမ်းမှုတစ်ခု လုပ်ရာကစပါတယ်။ကမ်းလှမ်းချက်ကတော့ Seattle Seahawks က ထိပ်တန်း တိုက်စစ်မှူး ဘိုကယ်လာဟန်ကို လိုချင်ရင် Browns အတွက် ...
movie

Draft Day (2014)

Captain Fantastic (2016)
Captain Fantastic (2016)  ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie

Captain Fantastic (2016)

Superman Returns(2006) 6.1
Superman Returns(2006) Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure ,  Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie

Superman Returns(2006)

Wall Street: Money Never Sleeps(2010) 7.0
Wall Street: Money Never Sleeps(2010) Wall Street: Money Never Sleeps(2010)***********************************Shia LaBeouf နဲ့ Michael Douglas  တို့လို ဆရာကြီးတွေအဓိကပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်... ဒီကားကတော့ 2008 ခုနှစ်တုန်းက ငွေကြေးပြဿနာတွေနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါ Gordon Gekko ဆိုတဲ့လူဟာ အမှုတစ်ခုကြောင့် ချောက်ချခံခဲ့ရပြီး ထောင်ကျခံလိုက်ရပါတယ် ...အဲ့ဒီအတွက်သူဟာ သူ့မိသားစုအပေါ် တာဝန်တွေ လစ်ဟင်းသလိုဖြစ်ခဲ့ပြီး သားကိုလည်းဆုံးရှုံးခဲ့ရပါသေးတယ်... အဲ့ဒီအတွက်သူ့ရဲ့သမီးဖြစ်သူ Winnie Gekko ဟာ သူ့ကို စိတ်နာနေခဲ့တာပါ... တစ်နေ့ သူထောင်ကထွက်လာတဲ့နေ့မှာပဲ သူထောင်ထဲမှာရေးခဲ့တဲ့ စာအုပ်အတွက် ဟောပြောပွဲတစ်ခုကို လုပ်ခဲ့ပါတယ် ...ထိုပွဲကို သူ့သမီးရဲ့ချစ်သူ Jacob moore လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်... အဲ့ဒီကနေတစ်ဆင့် သူ့ရဲ့သမက်လာဖြစ်မယ့် Jacob moore ရဲ့ အကူအညီကို ယူပြီးသူ့သမီးနဲ့ဘယ်လို ပြန်အဆင်ပြေအောင် လုပ်မလဲ... သူ့ကို ချောက်ချခဲ့တဲ့လူကိုရော ဘယ်လိုပြန်လက်စားချေရမလဲဆိုတာကိုပါ ကြည့်ရှုရမှာပါ....File Size :(3.06GB)(1.01GB) and (378MB) Quality :BLU-RAY1080P5.1Ch,720p Format…mp4 Duration…02:13:00 Genre :  Drama Subtitle : ...
movie

Wall Street: Money Never Sleeps(2010)

[18+] Body of Evidence (1993) 4.5
[18+] Body of Evidence (1993) မက်ဒေါနားရဲ့ အဖော်အချွတ်တွေကြောင့် ဒီဇာတ်ကားဟာ Best Erotic Thriller ထဲမှာ နာမည်ကြီးပါတယ်...၉၀ ခုနှစ်များဆီက ရှာရွန်စတုန်းရဲ့နာမည်ကျော် Basic Instinct လိုပဲ မက်ဒေါနားကိုလဲ ဒီဇာတ်ကားနဲ့တွဲမြင်ကြပါတယ်...အဖော်အချွတ်သီးသန့်မဟုတ်ဘဲ လူသတ်တဲ့လှည့်ကွက်ဇာတ်အိမ်လေးနဲ့ဆိုတော့ တက်ကြွစွာလိုက်ပါစီးမျောရမယ့်ဇာတ်ကားမျိုးပါ...အဆိုတော်မင်းသမီး Madonna နဲ့အတူ မင်းသားကြီး Willem Dafoe နဲ့ မင်းသမီးကြီး Julianne Moore တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့.... ရှေ့နေကြီး ဖရန့်ဒူလေးနီ (Willem) ဟာ အင်မတန်တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဖရန့်ဆီကို အမှုတစ်မှုရောက်လာပါတယ်။ အမှုကတော့ ချမ်းသာကြွယ်ဝတဲ့ အသက်ကြီးကြီးဘိုးတော်တစ်ယောက်ဟာ အိပ်ယာပေါ်မှာ သေဆုံးနေတဲ့အမှုပါ။ ဆေးစစ်ချက်များအရ နှလုံးဖောက်သေဆုံးတာဖြစ်ပေမဲ့ ကိုကိန်းသုံးစွဲထားတဲ့လက္ခဏာလည်းတွေ့ရတဲ့အပြင် လက်ကောက်ဝတ်မှာလည်း လက်ထိပ်ရာများတွေ့ရတာဖြစ်လို့ လူသတ်မှုလို့ ထင်စရာရှိတဲ့အနေအထားဖြစ်နေပါတယ်။ ဘိုးတော်ရဲ့အိမ်ထဲမှာ BDSM လုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေလည်းတွေ့ထားတဲ့အပြင် ဗွီဒီယိုစက်မှာလည်း ဟုမ်းမိတ်ဗွီဒီယိုတစ်ခုက ပွင့်လျက်အနေအထားနဲ့ ရှိနေပါတယ်။ အဓိကသံသယအဝင်ခံရသူကတော့ ထိုဘိုးတော်နဲ့ တွဲနေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးလေး ရေဘတ်ကာကာလ်ဆင်(Madonna)ပဲဖြစ်ပါတယ်။ သံသယပိုအဝင်ခံစရာကောင်းတာက ဘိုးတော်ရဲ့သေတမ်းစာထဲမှာ ရေဘတ်ကာရဲ့နာမည်နဲ့ ဒေါ်လာ ၈ သန်းအမွေထားခဲ့ပေးတဲ့ကိစ္စပါပဲ။ ရှေ့နေကြီးဖရန့်ဟာ ဒီအမှုကို ရေဘတ်ကာဘက်ကနေ ...
movie

[18+] Body of Evidence (1993)

Sweet November (2001) 6.7
Sweet November (2001) Sweet November (2001)===================IMDb Rating - 6.7/10#Unicodeဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုဝင်ဘာလရဲ့ အချစ်ဇာတ်လမ်း Drama လေးပဲဖြစ်ပါတယ်။ ခွေးလေးတွေကို ချစ်တဲ့သူ၊ မိသားစုတွေနဲ့ အဆင်မပြေပြီး တစ်ယောက်ထဲဘဝကို ရူးရူးမိုက်မိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကင်ဆာရောဂါသည်မလေး ဆာရာ....ဘဝကို ပြေးလမ်းတစ်ခုလို သဘောထားပြီး ဘဝကို အလုပ်ထဲမှာပဲ အချိန်ပြည့်နစ်မြှုပ်ထားတဲ့ နယ်လ်ဆင်......သူ့ဘဝထဲ ဆာရာဆိုတဲ့ ရူးမိုက်မိုက်ကောင်မလေးဝင်ရောက်လာချိန်မှာတော့ ဘဝရဲ့အဓိပ္ပါယ်၊ ပျော်ရွှင်မှုတွေကိုဆာရာကြောင့် သိရှိခဲ့ရတယ်။ နယ်လ်ဆင်တစ်ယောက် အချစ်ကိုခံစားမိချိန် ဆာရာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ နယ်လ်ဆင့်အချစ်ကို ဆာရာတစ်ယောက် လက်ခံပါ့မလား။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရမှာဖြစ်ပါတယ်။Sweet November ဝတ္ထုကို 1968 ခုနှစ်က ဇာတ်ကားပြန်လည်ရိုက်ကူးထားပြီး Sweet November နာမည်နဲ့မင်းသားက Anthony Newley နဲ့ မင်းသမီးက Sandy Dennis တို့ သရုပ်ဆောင်ခဲ့ပါတယ်။2001 ခုနှစ်မှာတော့ ထိုဇာတ်ကားကို Sweet November ...
movie

Sweet November (2001)

2001
The Trial of the Chicago 7 (2020) 8.0
The Trial of the Chicago 7 (2020) တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie

The Trial of the Chicago 7 (2020)

2020
Small Soldiers (1998) 6.1
Small Soldiers (1998) ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie

Small Soldiers (1998)

1998
The Ninth Gate (1999) 6.7
The Ninth Gate (1999) အတတ်ပညာတစ်ခုကို တစ်ဘက်ကမ်းခတ် တတ်မြောက်သွားသူကို ဝိဇ္ဇာလို့ ခေါ်တယ် ။ဘာသာရေးအရ သာမန်လူတွေ မလုပ်နိုင်တဲ့ ဂမ္ဘီရအတတ်ပညာတစ်ချို့ကို တစ်ဘက်ကမ်းခတ် တတ်မြောက်ပြီး အရှင်ထွက် အသေထွက်နဲ့ နောင်ပွင့်မယ့်ဘုရားဖူးဖို့ လွတ်မြောက်ရာလမ်းလို့ ခေါ်တဲ့ ထွက်ရပ်လမ်းကို ရောက်သွားတာတွေရှိတယ် ။သူတို့ကို ထွက်ရပ်ပါက် ပုဂ္ဂိုလ်လို့ ခေါ်တယ် ။ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေကို ဝိဇ္ဇာလို့လည်း ခေါ်ကြသေးတယ် ။ဝိဇ္ဇာပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့အထဲ ကျွန်တော်တို့သိတာ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ ဆေးဝိဇ္ဇာ စသဖြင့် နည်းနည်းပါးပါးပဲ သိကြတာပဲ ရှိသေးတယ် ။ထားတော့ .... ဝိဇ္ဇာအကြောင်းဆက်ရှင်းနေရင် ကိုယ်တိုင်တောင် အဂ္ဂိရတ် ထထိုးနေရမယ် ။ဒီရုပ်ရှင်ကတော့ နဝမမြောက် တံခါးကနေ ထွက်ရပ်လိုင်းကို လျှောက်လမ်းမယ့် စာအုပ်ဝိဇ္ဇာပဲ ဖြစ်ပါတယ် ။ဂမ္ဘီရအတတ်ပညာတစ်ချို့ကို စိတ်ဝင်စားရင် ကြည့်ကြပေါ့ဗျာ .......ps. ...
movie

The Ninth Gate (1999)

1999
Unknown (2011) 6.8
Unknown (2011) Unknown (2011) IMDb - 6.8/10_____Rotten - 55%  မင်းသားကြီး Liam Neeson ရဲ့အက်ရှင်ကားကောင်းလေးတစ်ကား ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဒီကားမှာ Liam Neeson ဟာ ဒေါက်တာ မာတင် ဟဲရစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့ ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူ တွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ  ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့ ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။ လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ် လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကို မမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ် ဒါပေမဲ့ ...
movie

Unknown (2011)

2011