Channel Myanmar

Jo Hee-bong

My Wife Is a Gangster 3 (2006) 6.4
My Wife Is a Gangster 3 (2006) My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး...အက်ရှင်ဟာသဖက်ပိုသွားပါတယ်။Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး  ...
movie

My Wife Is a Gangster 3 (2006)

2006
Take Off 2 (2016) 7.0
Take Off 2 (2016) Take Off 2 (2016)**************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard ...
movie

Take Off 2 (2016)

Autumn Sonata (2017) 5.2
Autumn Sonata (2017) Autumn Sonata ( 가을 우페국) (2017) ===========================၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး အဓိပ္ပာယ်အပြည့်နဲ့ လှပတဲ့ ကိုရီးယားဇာတ်ကား‌ဟောင်းလေး ဖြစ်ပါတယ်။ အဆို တော်သရုပ်ဆောင်မင်းသမီး BoA နဲ့အတူ မင်းသား Lee Hak Joo တို့အဓိက ပါဝင်ထားပါတယ်။ကိုယ့်‌ မွေးရပ်မြေ မြို့လေးနဲ့ သဘာဝတရားကို ချစ်မြတ် နိုးပြီး သင်္ခါရတရားကို သေချာနားလည်ထားတဲ့ ရင့်ကျက် တဲ့ ၂၉ နှစ်အရွယ် မမ "ဆူရွန်း"နဲ့  သူ့နောက်အမြဲ တကောက် ကောက်လိုက်နေတဲ့ ၂၆ နှစ်အရွယ် မောင်လေး "ဂျွန်းလေး" တို့ရဲ့ ကြည်နူးဖွယ်ဇာတ်လမ်းလေး...• အင်ဆူရွန်း အဖြစ် BoA • ဂျွန်းလေး အဖြစ် Lee Hak Jooဇာတ်အလှည့်အပြောင်းတွေနဲ့ ပရိတ်သတ်ကြီးကို ရင်ထဲထိ စေမယ့် ရသတစ်ခုခု ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ ဇာတ်ရှိန်ပျက်မှာစိုးလို့ ဒီကားလေးကိုတော့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူးနော်...ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်)File Size..........(1.22 GB) / ...
movie

Autumn Sonata (2017)

2017
Antique(2008) 7.0
Antique(2008) Antique(2008)**************အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့LGBT movie လေးကိုကြည့်ကြည့်ကြပါ။၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။ဇာတ်လမ်းကတော့ လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားကrelationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။File Size :(1.9GB) and (897MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Antique(2008)

Midnight Ballad for Ghost Theater (2006) 6.5
Midnight Ballad for Ghost Theater (2006) Midnight Ballad for Ghost Theater (2006) ============================= IMDb Rating - 6.5/10၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင် ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင် ပါတယ်။ဇာတ်လမ်းအကျဉ်း ---------------------- ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွား ဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားက ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင် တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြော သွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကို ကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ် လျှောက်ခဲ့ပါတယ် ။အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံ ထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကို ကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီး အဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ် ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွား ပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန် တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Thar ဖြစ်ပါတယ်)File Size..........(2.13 GB) / (708 ...
movie

Midnight Ballad for Ghost Theater (2006)

2006
The Pirates (2014) 6.6
The Pirates (2014) IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie

The Pirates (2014)

A Man Who Was Superman(2008) 7.3
A Man Who Was Superman(2008) A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်‌နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie

A Man Who Was Superman(2008)

Singles (2003) 6.5
Singles (2003) Singles (2003)IMDb - 6.5/10"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ" ဆိုသလိုပဲ ..... လမ်းခွဲတယ်ဆိုတာ လမ်းသစ်ဖောက်ဖို့ပါပဲ။ နိဂုံးဆိုတာ တခြားနိဒါန်းတစ်ခုရဲ့အစလည်း ဖြစ်နေနိုင်တာပါပဲ။ဘ၀မှာ အငြင်းခံရတယ်တို့ အဖြတ်ခံရတယ်တို့ဆိုတာ ရင်နာစရာပေမယ့် ကိုယ့်ကိုဖြတ်တဲ့သူက ကိုယ်နဲ့မထိုက်တန်လို့လည်းဖြစ်နိုင်ပါတယ် .....ဒီဇာတ်ကားလေးကတော့ ခေါင်းစဉ်အတိုင်း အချစ်ရေးကံခေကြတဲ့ စင်ဂယ် BFF သုံးယောက်အကြောင်းရိုက်ထားတာပါ။ (အချစ်ကံခေတယ်ပဲပြောတာပါ .... FA လို့မပြောဘူးနော် FA တွေက ငါ့အတွက်ဟ လို့ ထင်မှာစိုးလို့ 😣)ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာနန်းတစ်ယောက် စားသောက်ဆိုင်ဘက်တာ၀န်ပေးခံတဲ့အခါ .... အရင်ရည်းစားထက် သူ့အပေါ်အရာရာကောင်းပေးတဲ့လူနဲ့တွေ့တဲ့အခါ ...နာနန်းတစ်ယောက် အလုပ်ကိုရွေးမလား ချစ်သူကိုရွေးမလား...ကျန်တဲ့ တစ်အိမ်တည်းနေ Bff နှစ်ယောက်ကရော မူးပြီး အတူတူအိပ်မိသွားတဲ့အခါ .. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...ဒီကားလေးက 2009 ခုနှစ်မှာ အစာအိမ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့ နာနန်းနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Jang Jin Young ကို Blue Dragon Films Award မှာ Best Actress ဆုရစေခဲ့တဲ့ကားလေးဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eainy ပဲ ...
movie

Singles (2003)

2003
A Millionaire On The Run (2012) 5.8
A Millionaire On The Run (2012) A Millionaire On The Run (2012) ======================အဆိုတော် ၊ သရုပ်ဆောင် ၊ ပရိုဂျူဆာတင်မက ရုပ်သံအစီအစဉ်တွေမှာပါ ဒိုင်လုပ်ပြီး JYP Entertainment ရဲ့Founder ဖြစ်တဲ့ J.Y.Park ( Park Jin-Young ) ရဲ့ ဇာတ်ကားလေးကို CM Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းကတော့...ယောင်အင်းနဲ့ဆွန်းဒယ်ဟာ နိုင်ငံရေးအကူအညီလိုအပ်ချက်တွေနဲ့ ဘဏ္ဍာရေးကိစ္စတွေအတွက် အလုပ်လုပ်ပေးရတဲ့လုပ်‌ဖော်ကိုင်ဖက်‌တွေဖြစ်ပါတယ်သူတို့ရဲ့အထက်လူကြီးဒါရိုက်တာဟန်ခိုင်းတဲ့ တရားမဝင်အလုပ်တွေလုပ်ရင်း အပြစ်မကင်းခံစားလာရတဲ့ဆွန်းဒယ်ဟာ ယောင်အင်းကိုဖွင့်ပြောပြီး ရဲတိုင်ဖို့စီစဉ်ခဲ့ပါတယ်အဲ့မတိုင်ခင်မှာပဲ ဆွန်းဒယ်ဟာ သေတမ်းစာရေးပြီး တံတားပေါ်ကခုန်ချသတ်သေသွားပြီးနောက်...ဒါရိုက်တာဟန်က ဒေါ်လာ၅သန်းပို့ခိုင်းလိုက်တဲ့ယောင်အင်းကလည်း မထင်မှတ်ဘဲ ဒါရိုက်တာဟန်ရဲ့ယုတ်မာမှုကိုသိသွားပြီး ဒေါ်လာ၅သန်းကိုယူပြီးပြေးပါတော့တယ်ဒါရိုက်တာဟန်လည်း သူ့ပိုက်ဆံတွေဆုံးမှာကြောက်ပြီး လူမိုက်တွေနဲ့လိုက်ရှာရင်း အလွဲလွဲအချော်ချော်ဖြစ်ကြပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Htet Nandar Aung ပါ ) File Size_1.9 GB , 1 GB Quality__1080p, 720p, 360p IMDb ...
movie

A Millionaire On The Run (2012)

Blind (2011) 6.8
Blind (2011) [Unicode]၂၀၁၁ တုန်းက ထွက်ရှိထားတာဖြစ်ပြီး best screenplay ဆုလည်း ရရှိထားတဲ့ ကားဖြစ်ပါတယ် ။ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Ha Neul လည်း Best Actress ဆုကို ဒီကားနဲ့ ရရှိခဲ့ပါတယ် ။ဒီဇာတ်ကားလေးမှာ I'm not a robot/Memorist စတဲ့ ဇာတ်ကားတွေက မင်းသား Yoo Seung Ho လည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါသေးတယ် ။ဇာတ်လမ်းအကျဉ်းမင်ဆူအာဟာ ရဲသင်တန်းတက်ရောက်နေတဲ့ ရဲမေတစ်ယောက်ဖြစ်ပါတယ် သူမကတော့ မိဘမဲ့ ကလေးတစ်ယောက်ဖြစ်ပြီး ဂေဟာမှာ အတူနေတဲ့ မွေးစားမောင်လေး ဒုံယွန်းလည်းရှိပါတယ်...တစ်ရက်မှာ မောင်နှမ ၂ ယောက် ကား accident ဖြစ်ပြီး ဒုံယွန်း သေဆုံးသွားခဲ့ပါတယ် ဆူအာလည်း မျက်မမြင်တစ်ယောက် ဖြစ်သွားခဲ့ပြီး သူမရဲ့ ရဲမေဘဝကို စွန့်လွှတ်ခဲ့ရပါတယ်ဒါပေမယ့် တစ်ရက်မှာ သူမနေခဲ့တဲ့ ...
movie

Blind (2011)

Montage ( 2013 ) 7.5
Montage ( 2013 ) IMDb 7.4 ရထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့တောင်ကိုရီးယားနိုင်ငံမှ ၂၀၁၃ ခုနှစ်မှာ ဖန်တီးရိုက်ကူးထားတဲ့မှုခင်းရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။Uhm Jung-hua , Kim Sang-kyun နဲ့ Song Young-chang တို့ကိုအဆိုပါ Thriller Movie ရဲ့ အဓိကဇာတ်ဆောင် အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။၂၀၁၆ မှာ Montage ရုပ်ရှင်ကားကိုပဲ Hindi မှာ Offciallyပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်းလေးကတော့ပြန်ပေးဆွဲသမားတစ်ဦးဟာ လွန်ခဲ့သော၁၅နှစ်တည်းက သဲလွန်စတစ်စုံတစ်ရာမကျန်ခဲ့ပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အမှုရဲ့နောက်ကြောင်းမပြန်ရ ကာလပြည့်ဖို့ ၅ရက်အလိုမှာ တစ်စုံတစ်ယောက်ဟာအခင်းဖြစ်ပွားရာနေရာမှာ တိတ်တဆိတ် ပန်းပွင့်လေးတစ်ပွင့်ကိုထားသွားခဲ့ပါတယ်။ ရက်ပေါင်းအနည်းငယ်အကြာမှာ တူညီတဲ့ပစ်မျတ်မှာပဲ တူညီတဲ့ ပြန်ပေးဆွဲမှုဟာ တူညီသော နည်းလမ်းကိုအသုံးပြုပြီးတော့ ဖြစ်ပွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာ ၄င်းရဲ့ရှေ့မှာဖြစ်ပွားခဲ့တဲ့ အမှုကို နောက်ကြောင်းမပြန်ရကာလအတွင်းမရောက်ရှိသေးမီ အလျင်အမြန်ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ကြပါတော့တယ်။စုံထောက် Kim Sang-kyun ဟာ အကြံဉာဏ်ရယူခဲ့ပြီးတော့အဆိုပါအမှုကို တူညီတဲ့ အမှုအဖြစ် အတည်ပြုလိုက်ပါတယ် ။နောင်အခါမှာ အဆိုပါကိစ္စဟာ ကလေးရဲ့ အဘိုးဖြစ်သူSong ...
movie

Montage ( 2013 )

2013
The Long Way Home (2015) 6.5
The Long Way Home (2015) The Long Way Home (2015)_____Rotten -6.5/10   ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie

The Long Way Home (2015)

2015
Love Fiction (2012) 6.1

Love Fiction (2012)

2012