Channel Myanmar

Law Kar-Ying

Flying Scrap Car ( 2024 ) 5.7
Flying Scrap Car ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy  Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Flying Scrap Car ( 2024 )

14 Blades (2010) 6.3
14 Blades (2010) CM ပရိသတ်ကြီးတို့ကို wuxia ကားကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 14 blades လို့ခေါ်ပြီးတော့၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တာပါ။တရုတ်ကားကောင်းကောင်း ကြည့်ချင်ရင် ကားအဟောင်းတွေပြန်ကြည့်ရတယ်ဆိုသလိုမျိုးပဲ ဒီဇာတ်ကားကလည်းကားကောင်းတွေထဲက တစ်ကားပါ။ အဓိက ဇာတ်ဆောင်အနေနဲ့ကတော့ မြန်မာပြည်က တရုတ်ကားပရိသတ်တိုင်းသိကြတဲ့ မင်းသားကြီး Donnie Yen က ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မင်မင်းဆက်ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရရင်တော့ မင်မင်းဆက်နှောင်းပိုင်းမှာ နန်းတွင်းခုံရုံးက အကျင့်ပြက်ခြစားသူတွေစာရိတ္တပျက်ပြားတဲ့ အမတ်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ဒါ့အပြင် အဲဒီခေတ်ကာလမှာ လမ်းဘေးလေလွင့်နေတဲ့မိဘမဲ့ကလေးတွေကို ဖမ်းဆီးပြီး ကျင်းယိဝေ့လို့ခေါ်တဲ့အထူးစစ်သည်တော်တွေအဖြစ် လေ့ကျင့်ပေးတာမျိုးလည်း ရှိခဲ့တယ်။ကျင်းယိဝေ့တွေက လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ကြရတာပါ။ကျင်းယိဝေ့တွေရဲ့ခေါင်းဆောင် ချင်းလုံ (မင်းသား Donnie Yen) ကတာဝန်ထမ်းဆောင်ဖို့ ဓား ၁၄ လက် အပ်နှံခံထားရသူပါ။တစ်နေ့မှာတော့ သူဟာ ဧကရာဇ်ရဲ့ အနီးကပ်လူယုံဖြစ်တဲ့ကျားကုန်းကုန်းက ဦးရီးတော်ဖြစ်တဲ့ ချင်းမင်းသားနဲ့ ပူပေါင်းပြီးပုန်ကန်ဖို့ လုပ်နေတာကို သိသွားခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ ချင်းလုံက ကျင်းယိဝေ့ထဲမှာ မနေတော့ဘဲထွက်ပြေးတိမ်းရှောင်ရင်း ပုန်ကန်မှုကို လိုက်လံတားဆီးဖို့ ...
movie

14 Blades (2010)

2010
Gorgeous (1999) 6.0
Gorgeous (1999)  ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Gorgeous (1999)

Ready or Not 2 ( 2023 )
Ready or Not 2 ( 2023 ) မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie

Ready or Not 2 ( 2023 )

The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
Dr. Wai in the Scripture with No Words (1996) 5.7
Dr. Wai in the Scripture with No Words (1996) \ \Dr. Wai in the Scripture with No Words ( 1996 )ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ...
movie

Dr. Wai in the Scripture with No Words (1996)

New Fight Back To School (2021) 6.0
New Fight Back To School (2021) ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogyဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။- ခေါင်းဆောင်မင်းသားက မူရင်းFight Back to Schoolမှာ Turtleအဖြစ်ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်Gabriel Wong - မင်းသမီးကတော့ From Vegas to Macauထဲက မင်းသမီး Kimmy Tongပဲဖြစ်ပြီး - Wong Yet Feiနဲ့ Law Kar Yingတို့လို Stephen Chowရဲ့ ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့ နာမည်ကြီးဇာတ်ပို့တွေကို ပြန်သုံးထားတဲ့အတွက် ရယ်မောရမှာတော့ သေချာပါတယ်။SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။ သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။ ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား ...
movie

New Fight Back To School (2021)

[18+] Viva Erotica (1996) 6.6
[18+] Viva Erotica (1996) IMDb Rating (6.6) / Rotten Tomatoes (67%)Kwok-Wing ဆိုတာတက်သစ်စ ဒါရိုက်တာငယ်လေး၊ ပြီးခဲ့တဲ့ရုပ်ရှင်ကားနှစ်ကားလုံးလုံး အရှုံးပေါ်ထားလို့ စိတ်လေနေတဲ့သူ၊ သူ့ဇာတ်ညွှန်းအသစ်ကို ငွေရှင်က စိတ်ဝင်စားတယ်လို့ သွားပြတဲ့အချိန်မှာ ဟိုက Cat-III film (ဟောင်ကောင်သတ်မှတ်ချက် ၁၈နှစ်အောက်မကြည့်ရ) ရိုက်ချင်နေတာဆိုတော့ စိတ်မပါပေမယ့်အခြေအနေအရလက်ခံလိုက်ရ။ အစပိုင်းမှာ သူ့ရည်းစားက အားပေးပေမယ့် နောက်ပိုင်းမှာ မင်းသမီးနဲ့သဝန်တွေတို ဒီလိုကားရိုက်ဖို့ကလဲ သူ့အနုပညာမာနကိုမလျှော့ချင်တာကြောင့်အရှက်ရ၊ မာနနဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေအပြင်မှာမှ လူငယ်သဘာဝဖြစ်ပေါ်တတ်တဲ့ ရမ္မက်တွေကြား လွန်ဆွဲရုန်းကန်ရတော့တာပါပဲ။ Cat-III films (အလွယ်ပြောရရင် ဟောင်ကောင်ညစ်ညမ်းရုပ်ရှင်လောက) ကို ထင်ဟပ်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ဒီလိုရုပ်ရှင်တွေရဲ့ ရွှေခေတ်မှာထွက်ပေါ်လာခဲ့ပြီး သူကိုယ်တိုင်ပါ Cat-III rating ကို ရရှိခဲ့ပါတယ်။ နုငယ်ဖူးသစ်နေတဲ့ ရှုကြည်လေးရဲ့ မိမွေးတိုင်းဖမွေးတိုင်းအလှတွေ မကြာခဏဆိုသလိုပါဝင်ပါတယ်။ ညစ်ညမ်းကားလို့ နာမည်တပ်ခံရပေမယ့် တကယ်တမ်းထွက်ပေါ်လာချိန်မှာကော နောက်ပိုင်းမှာပါ ဟောင်ကောင်ရုပ်ရှင်လောကရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုလို့သတ်မှတ်ခံခဲ့ရတဲ့ကားပါ။ အဲ့ဒီမတိုင်ခင်တုန်းက အပြာမင်းသမီးသာသာ VCD Album အဖော်အချွတ်တွေရိုက် မထင်မရှားဇာတ်ကွက်တွေမှာပဲ ပါခဲ့ရတဲ့ Shu ...
movie

[18+] Viva Erotica (1996)

Oversize Love ( 2020 ) 6.3
Oversize Love ( 2020 ) ဒီတစ်ခါ တစ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့၁၈ ရက်နေ့ကမှ ထွက်ရှိထားတဲ့ a girl like me ဆိုတဲ့ ဇာတ်ကားလေးထဲကGuang Xiao Tong မင်းသမီး(Lu Han ရဲ့ Girlfriendလေး) ရဲ့ movieလေးပါမင်းသားကလည်း အားလုံးနဲ့ မစိမ်းတဲ့ Love desinger ကားလေးထဲက မင်းသားပါနော်ဇာတ်လမ်း အကြောင်းအရာလေးကတော့....ရှောင်ရှီးဆိုတဲ့ ကောင်မလေးကသဘောကောင်းပြီး လူတကာကို ကူညီပေးတတ်တဲ့ အတွင်းစိတ်လှသူလေးဆိုပေမဲ့သူဟာ အဝလွန်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အပြင်ပန်းကိုပဲမြင်ကြတဲ့ယောကျာ်းလေးတွေရဲ့ အထင်သေးမှုကိုခံရတဲ့လူတစ်ယောက်ဖြစ်ပါတယ်သို့ပေမဲ့လို့ သူ့ကို ဘယ်တုန်းကမှ အထင်မသေးဖူးဘဲနဲ့အရာရာဖြည့်ဆည်းပေးတတ်တဲ့လူကတော့ ရှောင်ရှီးရဲ့အချစ်ဆုံးယောကျာ်းလေးသူငယ်ချင်းဖြစ်တဲ့ နာမည်ကျော်ဂီတထုတ်လုပ်သူဟန်ပင်းပါပဲ ရှောင်ရှီးရဲ့ ဆန္ဒတစ်ခုကတော့ အရမ်းချောတဲ့ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့နိုင်ဖို့ပါ အဲဒါကြောင့် ရှောင်ရှီးက လှပသွယ်လျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လာခဲ့ပါတယ် ဒါပေမဲ့ သူဟာ အစားအရမ်းကြီးပြီးအားကစားမလိုက်စားတဲ့အတွက် သူ့ရဲ့ဆန္ဒဟာ ပြည့်ဝ မလာခဲ့ပါဘူးသို့ပေမဲ့လည်း ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် နတ်မင်းတစ်ပါးဆီကနေအိမ်မက် ပိန်ဆေး ရလာပြီးတော့ သူ့ရဲ့အိမ်မက်လေး အမှန်တကယ်ဖြစ်လာတဲ့အချိန်ကို ...
movie

Oversize Love ( 2020 )

A Chinese Odyssey Part Two: Cinderella (1995) 8.0
A Chinese Odyssey Part Two: Cinderella (1995) ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယပ်ခက်အောင် ဗျာများနေရတဲ့ ရသစုံအချစ်ဇာတ်လမ်းလေးတွေ ပေါက်ဖွားလာပုံကို တွေ့ရမှာပါ..ဒါ့အပြင် ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များ ပစိပစပ်နိုင်လွန်းတဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။ Stephen Chow ကိုကျွန်တော် ယုံကြည်သလို ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အထူးအထွေညွှန်းမနေတော့ပါဘူး။(ဒီဇာတ်ကားတွေကို Moe Oo Mann မှ ဘာသာပြန်တင်ဆက်ထားတာဖြစ်ပြီးသူ့ကောင်မလေး တရုတ်မလေးရဲ့ မွေးနေ့အတွက် အမှတ်တရ ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။)+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p ...
movie

A Chinese Odyssey Part Two: Cinderella (1995)

HEVC 1080p 6.1
A Chinese Odyssey Part One: Pandora’s Box (1995) 7.7
A Chinese Odyssey Part One: Pandora’s Box (1995)  ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယပ်ခက်အောင် ဗျာများနေရတဲ့ ရသစုံအချစ်ဇာတ်လမ်းလေးတွေ ပေါက်ဖွားလာပုံကို တွေ့ရမှာပါ..ဒါ့အပြင် ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များ ပစိပစပ်နိုင်လွန်းတဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။ Stephen Chow ကိုကျွန်တော် ယုံကြည်သလို ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အထူးအထွေညွှန်းမနေတော့ပါဘူး။(ဒီဇာတ်ကားတွေကို Moe Oo Mann မှ ဘာသာပြန်တင်ဆက်ထားတာဖြစ်ပြီးသူ့ကောင်မလေး တရုတ်မလေးရဲ့ မွေးနေ့အတွက် အမှတ်တရ ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။)+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p ...
movie

A Chinese Odyssey Part One: Pandora’s Box (1995)

HEVC 1080p 6.1
[18+] The 33D Invader (2011)
[18+] The 33D Invader (2011) [ Dark Side Production မှ တင်ဆက်သည်။]Science Fiction ,Sex Comedy အမျိုးအစား ဟောင်ကောင်ဇာတ်ကားပါ...ဇာတ်ကောင်မင်းသမီးများရဲ့ညှိုယူဖမ်းစားမှူတွေကြောင့် ရင်ခုန်လှိုက်ဖို အသည်းတယားယားခံစားရမှာပါ..အဖော်အချွတ်ခန်းတွေလဲ ဖောဖောသီသီပါတာကြောင့် အသက် ၁၈ နှစ်ပြည့်သူများသာ ကြည့်သင့်ပါတယ်...ဇာတ်လမ်းကတော့...သက္ကရာဇ် ၂၀၄၆ မှာ ယောကျာ်းတွေက ကျန်းမာတဲ့ သုတ်လွှတ်နိုင်စွမ်းနည်းပါးလွန်းတာကြောင့် ၂၀၁၁ ခုနှစ်ဆီကို future ဆိုတဲ့မိန်းမလှလေးတစ်ယောက်ကိုစေလွှတ်လိုက်ပါတယ်... သူမဟာ ကျန်းမာတဲ့ ယောကျာ်းလေးတစ်ယောက်ကိုရှာဖွေပြီး လိင်ဆက်ဆံဖို့တောင်းဆိုကာ ကိုယ်ဝန်ဆောင်ပြီး ၂၀၄၆ကိုပြန်ကာ မျိုးဆက်ပြန့်ပွားပေးနိုင်မှ မစ်ရှင်ကိုအောင်မြင်မှာပါ... ဒါကိုသိသွားတဲ့ Sucker Planet ဆိုတဲ့ဂြိုလ်ပေါ်က ဂြိုလ်သားတွေက Sucker-1နဲ့ Sucker-2ကိုစေလွှတ်ကာ futureဆိုတဲ့ကောင်မလေးကိုဖျက်ဆီးစေပြီး အစီအစဥ်ပျက်အောင်လုပ်တဲ့အခါ... Future က ကျန်းမာတဲ့ယောကျာ်းလေးကိုရှာတွေ့နိုင်ပါ့မလား... မစ်ရှင်ကိုအောင်မြင်နိုင်ပါ့မလား....။ File Size : (1.7 GB) and (880 MB) Quality : BluRay 1080p & 720p Running Time : 01:22:00 Format : mkv Subtitle : Myanmar Subtitle ...
movie

[18+] The 33D Invader (2011)

A Home with a View (2019) 5.9
A Home with a View (2019) [Unicode]ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ် ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့် အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ...
movie

A Home with a View (2019)

2019
Lawyer Lawyer (1997) 6.2
Lawyer Lawyer (1997) Lawyer Lawyer (1997)စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။ ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။ တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။ စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။ သူ့မှာ "ဖုန်း" ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ 'ဖုန်း'တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။ အဲ့ဒီမှာ ပြဿနာက စတာပါပဲ။ 'ဖုန်း' ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။ ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။ ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် 'ချန်မိုဂတ်' တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။ ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ...
movie

Lawyer Lawyer (1997)

1997
Crime Story (1993) 6.8
Crime Story (1993)   ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..ဂျက်လီဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ (၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်...ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီးအောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..အကောင်းဆုံး ...
movie

Crime Story (1993)

1993
Forbidden City Cop (1996) 7.1
Forbidden City Cop (1996) IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင် ဟာသဇာတ်ကားပါ။ဇာတ်ကြောင်းကတော့..လင်လင်ဖတ်ဟာ ဘုရင့်ကိုယ်ရံတော်ဂိုဏ်းက တီထွင်ပါရဂူဖြစ်ပေမယ့်ထိပ်တန်းသိုင်းပညာရှင်တွေကြားထဲမှာ သူ့ကို ဂေါက်သီးတစ်ယောက်လို့ပဲထင်ခံရသူပါ။ဂေါက်သီးတို့ထုံးစံအတိုင်း ဘုရင့်ရှေ့မယ် တလွဲတွေလုပ်ပြမိတာကြောင့်ဘုရင်ရဲ့ အမျက်တော်ရှပြီး နေပြည်တော်ကနေ မောင်းထုတ်ခံရပါတယ်။လင်လင်ဖတ်ဟာ ပေါ့သေးသေးဂေါက်သီးမဟုတ်တဲ့ တီထွင်ပါရဂူတစ်ယောက်ဖြစ်နေပေမယ့်ဘုရင်တို့ထုံးစံအတိုင်း ပညာရှိကို အထင်မကြီးတာကြောင့် မင်းနေပြည်တော်ကနေ လစ်သွားပြီး OG ဆရာဝန်သွားလုပ်နေပါတယ်။အခါတစ်ပါးမှာတော့ ဂန်နိုင်ငံက မျက်နှာမရှိ/မျက်နှာများ သိုင်းပညာအုပ်စုက ရှင်ဘုရင်ကို လုပ်ကြံဖို့ ကြံစည်ပါတယ်။ဒါကို ဘုရင့်ကပ်ပါးလျက်ဖားတွေက လူမိုက်တို့ထုံးစံအတိုင်း မဆင်မခြင် မြှောက်ထိုးပင့်ကော်လုပ်တာကိုရှင်ဘုရင်ဟာလဲ ဘုရင်တို့ထုံးစံအတိုင်း လူမိုက်စကားနားယောင်ပြီး ဂန်နိုင်ငံကလှည့်ကွက်ထဲ တန်းတန်းကြီးဝင်သွားပါတော့တယ်။ဒါကို လင်လင်ဖတ်တစ်ယောက် သူ့ရဲ့ တီထွင်ဥာဏ်စွမ်းတွေနဲ့ ဂေါက်သီးတို့ထုံးစံအတိုင်း သွားကယ်မလားဆိုတာကတော့....။  File Size…(900MB) and (290MB)Quality…BluRay 720p Format…mp4 Duration…01:31:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Pyae Xeinn Sett
movie


1996
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) 7.9
A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995) A Chinese Odyssey: Part 1 - Pandora's Box (1995)_____IMDb - 7.9/10 A Chinese Odyssey: Part 2 - Cinderella (1995)_____IMDb - 8.0/10   ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။  စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ...
movie

A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)

1995
From Vegas To Macau III (2016) 2.3
From Vegas To Macau III (2016) From Vegas To Macau III (2016)_____IMDb - 2.3/10   အက်ရှင်ကြမ်းကြမ်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ The Man From Macau 3ကို မင်းသားကြီး Chow Yun-fat အပြင် မင်းသား Andy lau ပါ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကန်(Chow Yun-fat)ရဲ့သမီးနဲ့ သူ့တပည့်ရဲ့ မင်္ဂလာပွဲကို အကြမ်းဖက်တိုက်ခိုက်ခံရပါတယ်...အဲ့ဒီအချိန်မှာပဲ ကန်ဆေးရုံရောက်နေတဲ့အချိန်မှာ ဒီအိုအေရဲ့ ငွေကို ခိုးယူထားပါတယ်ဆိုပြီး ကန်တယောက်အဖမ်းခံရပါတော့တယ် ကန်တယောက် အဖမ်းခံရတာကို ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာပဲ ကျင်စက်နဲ့ပစ်ဖမ်းခံရတာကြောင့် ထောင်ထဲရောက်တဲ့အချိန် အတိတ်မေ့သွားပြီ ရူးသလိုနှမ်းသလိုဖြစ်သွားရှာတယ်.....ရူးသလိုဖြစ်နေတဲ့ကန်တယောက် အရင်ဇာတ်ကားတွေထက် ပိုစွမ်းတဲ့လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုကြပါအုံးစို့ထွက်သမျှ Movieတွေထဲမှာ အကြည်ဆုံးက တရုတ်စာတန်းထိုးအသေနဲ့ ဖြစ်နေဖို့ Subtitle ကို အရောင်ထည့်ပြီး ကြည့်ရ အဆင်ပြေအောင် လုပ်ထားပါတယ်။ Subtitle Qualityနဲ့ ပတ်သတ်ပြီး စိတ်တိုင်း ...
movie

From Vegas To Macau III (2016)

2016