Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tim Roth
Virgin Territory (2007)
Virgin Territory (2007) Genre – Adventure, Comedy, Romanceနာမည်ကျော် Star Wars ရုပ်ရှင်တွေမှာ Darth Vader မဖြစ်ခင်ဘဝAnakin Skywalker နေရာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားHayden Christensen ငယ်ရွယ်နုပျိုစဉ်တုန်းကကောင်မလေးတသိုက်နဲ့ ပျော်ပိုက်ကြတဲ့အချစ်ဟာသ စွန့်စားခန်းကားလေး ဖြစ်ပါတယ်။အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ်လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။ MCU မှာ Abomination လုပ်တဲ့ မင်းသားကြီး Tim Roth လည်းဗီလိန်နေရာပါ ပါဝင်ထားပါသေးတယ်။ကျန်တာတော့ နာမည်မသိပေမဲ့ အတော်ကိုချောမောလှပကြတဲ့မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။ လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်းလူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီးလိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေအပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကိုပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်းလူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ဒီမှာတင် သူဌေးမလေးကလည်း ...
movie
Virgin Territory (2007)
6.1
Möbius (2013)
Mobius (2013)===========မောဘီးယပ်စ်ဆိုလို့ မာဗယ်ထဲက မောဘီးယပ်စ်နဲ့ လွဲမသွားကြပါနဲ့ဦး။ ဒီမောဘီးဘပ်စ်က သတ်သတ်ပါ။ဒီကားက Mobius Strip ဆိုတဲ့ ကျွန်တော်တို့ငယ်ငယ်က ကစားဖူးလောက်မဲ့ မျက်နှာပြင်နှစ်ဖက်ရောနေတဲ့ စက္ကူအဝိုင်းစလေးကနေ reference ယူထားတာပါ။ 2013ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 6.1/10 ရရှိထားပါတယ်။ ရုရှား-ပြင်သစ်-အင်္ဂလိပ်စကားပြောရုပ်ရှင်ပါ။ Drama/Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်ညွှန်းကတော့ ရော့စ်တော့ဗ်စကီဆိုတဲ့လူကို ဖမ်းတဲ့နေရာမှာ အချက်အလက်တွေနှိုက်ဖို့သူလျှိုရွေးတော့ Financial Expert တစ်ယောက်ဖြစ်တဲ့ မင်းသမီးကို ရွေးလိုက်ကြတယ်။ အပေးအယူကတော့ U.Sကနေ အလုပ်လုပ်ခွင့်အပိတ်ခံထားရတဲ့သူ့ကို ပြန်ရအောင်လုပ်ပေးမယ်ပေါ့လေ။ အချက်အလက်နှိုက်ရမဲ့သူလျှိုဆိုတော့ စီးပွားရေးလုပ်ငန်းကနေတဆင့် ဝင်လုံးပေမဲ့ အီစီကလီကိစ္စလေးတွေပါပါတာပေါ့။ အဲလိုသူလျှိုအလုပ်လုပ်နေတုန်းမှာပဲ မင်းသမီးကသူ့အချစ်စစ်ကိုရှာတွေ့ပါလေရော။ ဖြစ်ချင်တော့ သူ့ချစ်သူကလည်း တကယ့်လူမှသွားဖြစ်နေပြန်တယ်။ သူလျှိုအလုပ်နဲ့ အချစ်ရေးရောထွေးလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(2GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Thriller Subtitle_Myanmar ...
movie
Möbius (2013)
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
7.5
[18+] The Cook, the Thief, His Wife & Her Lover (1989)
The Cook, the Thief, His Wife & Her Lover (1989)~ IMDb - 7.5/10, Rotten Tomatoes - 86% ~" 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ "ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆုတွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကားပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆုတွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ဇာတ်လမ်းကျောရိုးကိုတော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်ကောင် ၄ ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လန်ဒန်မြို့က စားသောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး နေ့တိုင်း ထင်တိုင်းကြဲသောင်းကျန်းနေတဲ့ အဲဘက် (The ...
movie
[18+] The Cook, the Thief, His Wife & Her Lover (1989)
1989
6.6
Arbitrage (2012)
Pretty woman ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသား Richard Gere ရဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အောင်မြင်ပြီး ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပေါ်ယံကြည့်ရင်တော့ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အိမ်ကမိန်းမကို ချစ်ချင်ယောင်ဆောင်ပြပြီး စကီလေးတွေ ထည်လဲတွဲနေတဲ့ Robert မှာ သူ့အိမ်သားတွေကို ဖုံးကွယ်ထားတဲ့ နောက်လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲလျှို့ဝှက်ချက်မပေါက်ကြားခင် သူ့ကုမ္ပဏီကို ရောင်းပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့စမောလေးနဲ့ ကားပတ်စီးရင်း အက်စီးဒင့်ဖြစ်ပြီး ကောင်မလေးသေသွားပါတယ်။ အဲလိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာခြင်းခံနေရတဲ့ Robert တစ်ယောက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ကြည့်ရှုခံစားမှာဖြစ်ပါတယ် File size…(1.7 GB)/(800 MB)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat ...
movie
Arbitrage (2012)
6.4
Punch (2022)
IMDb 6.4/10 ထိရရှိထားပြီး 2023 Nominee Audience Award အတွက်ဇကာတင်ထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့အတုအယောင်တွေ၊ပေါ်ယံတွေပေါများတဲ့လောကအကြောင်းကိုလူငယ်လေးနှစ်ယောက်ရဲ့ဘဝဇာတ်လမ်းလေးတွေနဲ့ရိုက်ကူးပြထားတာကိုတွေ့ရမှာပါ Whetu နဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးနှစ်ယောက်ဟာ သူတို့နေတဲ့အမြင်ကျဉ်းမြောင်းပြီးအကျင့်ယုတ်တဲ့သူတွေရှိတဲ့မြို့လေးကနေထွက်သွားနိုင်ဖို့အတွက်ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ပြီးကြိုးစားကြရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.4 GB)/(780 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Punch (2022)
The Legend of 1900 (1998)
နာမည်က နံပါတ်ဖြစ်နေတဲ့ထူးချွန်ပေမယ့် ထူးဆန်းတဲ့လူတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါ။ ဗာဂျင်နီးယန်းသင်္ဘောပေါ်မှာပဲ မွေးပြီးစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးကို စိတ်သဘောကောင်းတဲ့လူမည်းအလုပ်သမားတစ်ယောက်က မွေးစားပြီး သင်္ဘောပေါ်မှာပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ၁၉၀၀လို့ နာမည်ပေးခဲ့ပါတယ်။ မိဘမဲ့ကလေး၁၉၀၀ဟာ တစ်သက်လုံးဗာဂျင်နီးယန်းသင်္ဘောကြီးပေါ်ကမဆင်းဖူးဘဲ စန္ဒရားတီးပညာကို တစ်ဖက်ကမ်းကျွမ်းကျင်လာပါတယ်။ ၁၉၀၀ရဲ့ ထူးဆန်းလှတဲ့ဘ၀ဇာတ်ကြောင်းကို သူ့ရဲ့သူငယ်ချင်းဖြစ်သူက ပြန်ပြောပြရင်း ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ။ ဂုဏ်သတင်းကျော်စောမှုနဲ့ ချမ်းသာမှုကို မမက်မောဘဲ သင်္ဘောပေါ်ကမဆင်းရဲတဲ့ ၁၉၀၀ ရဲ့ဘ၀ကို ဒါရိုက်တာ Giuseppe Tornatoreက ရိုက်ကူးပြီး Tim Roth, Pruitt Taylor Vince တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ File size…(3.2 GB)/(1.6 GB)/(898 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:50:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Legend of 1900 (1998)
6.7
Bergman Island (2021)
Bergman Island (2021) ================= IMDb Rating - 6.7/10Romantic Drama ကိုမှ ငြိမ့်ငြိမ့်လေးစီးမျောခံစားချင်သူတွေအတွက် IMDb rating 6.7/10 ရထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။အမေရိကန်ရုပ်ရှင်ဒါရိုက်တာစုံတွဲဖြစ်တဲ့ ခရစ်နဲ့တိုနီဟာ နွေရာသီမှာ သူတို့ အလုပ်အတွက် စိတ်ကူးစိတ်သန်းတွေရှာဖွေဖို့ ဆွီဒင်နိုင်ငံက ဖော်ရိုကျွန်းကို ရောက်ရှိလာပါတယ်။ အဲဒီကျွန်းဟာ သူတို့အရမ်းကြိုက်တဲ့၊ ခေတ်အဆက် ဆက်နာမည်ကြီးဆုံး ဆွီဒင်ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူ Ingmar Bergman နေထိုင်ခဲ့ရာနေရာဖြစ်ပြီး သူနဲ့ပတ်သက်တဲ့အမှတ်တရများစွာ ရှိတဲ့ကျွန်းတစ်ကျွန်းပါ။စိတ်ဓာတ်တွေကျဆင်းပြီး ဇာတ်လမ်းတစ်ပုဒ်ဖန်တီးဖို့တောင် တွန့်ဆုတ်နေခဲ့တဲ့ ခရစ်တစ်ယောက် ကျွန်းအနှံ့သွားလာရင်း၊ ဘာဂမန်ရဲ့အနုပညာဈာန်၀င်စားမှုတွေကို လိုက်လံရှာဖွေရင်း ဇာတ်လမ်းတစ်ပုဒ်ရလာပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဟာ စိတ်ကူးနဲ့ လက်တွေ့ရောထွေးနေခဲ့ပါတယ်။အချစ်နဲ့သစ္စာတရားကြား လွန်ဆွဲမှုတွေ၊ အချစ်လား ခဏတာတပ်မက်မှုလား မဝေခွဲ နိုင်ခြင်းတွေက ဇာတ်ကောင်တွေနဲ့အတူ ကြည့်ရှုသူတွေကိုပါ တစ်သားတည်းစီးမျော ခံစားရစေမှာပါ။ အဲဒါကြောင့် ခပ်ငြိမ့်ငြိမ့်လေးနဲ့ အတွေးစတွေပွားရင်း ကြည့်ရမယ့် drama ရုပ်ရှင်မျိုးမျှော်နေတဲ့ ပရိသတ်တွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.0 GB) / (836 MB) / (450 ...
movie
Bergman Island (2021)
2021
6.1
Resurrection (2022)
Resurrection ( 2022) ------------- IMDb - 6.2/10 Rotten Tomatoes - 80% , Metacritic - 70%Thriller တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်သလို နိုလန်တိုနာမည်ကျော် ဒါရိုက်တာကြီးတွေနဲ့ ကားကောင်းတွေရိုက်ဖူးပြီး မနှစ်က Passingဆိုတဲ့ အနုပညာအရ အတန်အသင့်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပါ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ Rebecca Hall ဦးဆောင်ပါဝင်ထားတဲ့ Thrillerရုပ်ရှင်အသစ်ပါ။ Tim Rothလို ဝါရင့်မင်းသားကြီးကလည်း အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ A24 Thrillerတွေကြိုက်တဲ့သူတွေ ကြိုက်ကြမယ့်ပုံစံပါပဲ။ မသိမသာနဲ့ကို အရင်လတွေကထွက်ခဲ့တဲ့ Menရဲ့ အငွေ့အသက်မျိုးလည်း ရနေပါတယ်။ thriller horrorအနေဲ့ဆို သူရထားတဲ့ Rotten Tomatoesနဲ့ Metacriticတိုလို ဝေဖန်ရေးဆရာတွေပေးတဲ့ ရိတ်တင်တွေဟာ မိုးပေါ်ပျံနေတာကြောင့် Thrillerအနေနဲ့ဆို ရှားပါးကားကောင်းတွေထဲက တစ်ကားပြောရပါမယ်။ လန့်စရာတော့ မပါလှပါဘူး။ ဘာတွေဖြစ်နေမှန်းမသိတာကို ရင်တစ်သိမ့်သိမ့်တုန် ကြည့်ရင်း ရင်ဖိုရမယ့် ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ...
movie
Resurrection (2022)
6.6
Sundown (2021)
Sundown (2021)==============IMDb Rating - 6.6/10ချမ်းသာတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ နေလ်ဟာ သူရယ် သူ့ညီမမိသားစုနဲ့အတူ မက်စီကိုမြို့ကို အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်...... ခရီးထွက်နေတဲ့အချိန် သူတို့အမေ ဆုံးပါးသွားတာကြောင့် သူတို့နေတဲ့ လန်ဒန်ကို ချက်ချင်းပြန်ခဲ့ရပါတယ်...... ဒါပေမဲ့ နေလ်ဟာ Passport ပျောက်သွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မက်ဆီကို မှာပဲ နေရစ်ခဲ့ပါတယ် နောက်တော့ အိမ်ကို လုံးဝမပြန်တော့ဘဲ မက်စီကိုမှာပဲ သောင်တင် နေခဲ့ပါတော့တယ်.......ဒါပေမယ့် တကယ်တန်းတော့ နေလ်မှာ အိမ်ကိုမပြန်ရတဲ့ အကြောင်းရင်းကရှိနေပါ တော့တယ်။ နေလ်တစ်ယောက် အမေဆုံးပါးသွားတာတောင် ဘာလို့အိမ်မပြန်တာလဲ မက်စီကိုမှာ ဘာလို့နေရစ်ခဲ့တယ်ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး...... ဒရမ်မာ ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (965 MB) /(494 MB) / (343 MB) Quality – WebRip 1080p / 720p/480p Duration - 1h 22mins Subtitle ...
movie
Sundown (2021)
2021
6.9
Rob Roy (1995)
Rob Roy (1995)အင်္ဂလိပ် နန်းတွင်း ကိစ္စရေးရာကိုမှ အခုလို ဆောင်းတွင်းအေးအေးလေးမှာ အချိန်ယူပြီး အေးဆေးကြည့်လို့ရမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။မင်းသားကလည်း နာမည်ကြီး Liam Neeson ဖြစ်ပါတယ်။ ဘုရင်မျိုးနွယ်ဖြစ်ခဲ့ဖူးတဲ့ ရော့ဘ်တစ်ယောက်အခုတော့ နွားကျောင်းသားဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဂုဏ်သိက္ခာ၊ သူ့မာနနဲ့ ခက်ထန်တဲ့ သူတစ်ယောက်ပေါ့။အင်္ဂလန် မင်းမျိုးကြီးတွေရဲ့ ကောက်ကျစ်မှုတွေ၊ ရှုပ်ထွေးမှုတွေကြားထဲ သူ့မာနနဲ့သူနေနေတဲ့ ရော့ဘ်တစ်ယောက်မှာ ပြဿနာတွေတက်လာတဲ့အခါ... ဇာတ်လမ်းက အေးပေမယ့် စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။အတိုက်အခိုက်အရှုပ်အထွေးတွေကြားထဲ ရော့ဘ်တစ်ယောက်ဘယ်လိုရုန်းထွက်မလဲ၊ ရော့ဘ်ရဲ့ မာနတွေ၊ မိသားစုချစ်စိတ်တွေ၊ တာဝန်သိတတ်မှုတွေက အင်္ဂလိပ်မင်းကြီးတွေကို ဘယ်လိုတုန်လှုပ်စေမလဲဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ဆက်ကြည့်ပြီး ရှူစားကြစေချင်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)Size - 2.1GB, 1.3GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 19Min Type ...
movie
Rob Roy (1995)
1995
7.9
Shang-Chi and the Legend of the Ten Rings (2021)
Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie
Shang-Chi and the Legend of the Ten Rings (2021)
2021
IMAX 4K HEVC
4.3
The Misfits (2021)
The Misfits (2021)သူခိုးလူလိမ်ကားကြီးတစ်ကား လာပါပြီဗျာ။ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့စ်ဘရိုနန် ဦးဆောင်ပါဝင်ထားပြီး Jamie Chung တို့ Hermione Corfield တို့လို အချောလေးတွေနဲ့ ဝန်းရံထားတာပါ။နည်းနည်းဟာသဆန်တော့ အရမ်းကြီးတော့ သဘာဝမကျဘူးပေါ့။ ဒါပေမယ့် ကြည့်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။ ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။ ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။ အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကို ဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုက သူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ....File size…1.8GB and 1.1GB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie
The Misfits (2021)
2021
6.3
The Song of Names (2019)
movie
The Song of Names (2019)
2019
6.8
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
The Incredible Hulk (2008) MCU
2008
7.0
Vincent & Theo (1990)
Vincent And Theo (1990)၁၉ရာစုဝန်းကျင်မှာ ပေါ်ပောက်ခဲ့တဲ့ သမိုင်းရဲ့ လူသိအများဆုံး ပန်းချီဆရာ ပန်းခ်ျီကို ရူးသွပ်ကြသူတိုင်း ချစ်မြတ်ကြတဲ့ ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးအကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဆိုတာလည်း မနည်းတော့ပါဘူး။ CMမှာတင် လေးငါးကား တင်ဆက်ပြီးပါပြီ...ဗင်းဆင့်ကား အများစုဟာ ဗင်းဆင့်ရဲ့ ဒုက္ခတွေကိုပဲ ပြသွားတာများပေမယ့် ဒီ ကားမှာတော့ (မသေခင်မအောင်မြင်ခဲ့ တစ်ပြားမှမရခဲ့တဲ့ ပန်းချီကားတွေဟာ သေလွန်ဆုံးပါးပြီးတဲ့နောက် တစ်ကား ၆၆သန်းအထိရခဲ့တဲ့ အောင်မြင်မှုရဲ့နောက်ကွယ်က ဗင်းဆင့်အပေါ် ဗင်းဆင့်ရဲ့ညီ သီအိုဗန်ဂိုးရဲ့အနစ်နာခံခဲ့မှုတွေကို ဒီရုပ်ရှင်မှာတော့ သေချာပြသသွားပါတယ်။)"ဘယ်နေရာမဆို တစ်ဖက်စွန်းရောက်ရင် တစ်ယောက်တော့ နစ်နာရစမြဲ"ဆိုတဲ့ စိုင်းခမ်းလိတ်ရဲ့ စာသားကလေးလိုပါပဲ။အနုပညာကို တစ်ဖက်စွန်းရောက်ရူးသွပ်လွန်းတဲ့ ဗင်းဆင့်အတွက် နစ်နာရတဲ့လူတစ်ယောက်ရှိခဲ့တယ်ဆိုရင် အဲ့ဒီလူက သီအိုပါပဲ။ဒီကားမှာ ဗင်းဆင့်အကြောင်းပြောရင် မပါမဖြစ်တဲ့လူတွေဖြစ်တဲ့ ပန်းချီဆရာ ပေါဂေါ်ဂင်တို့ ဒေါက်တာဂါးချက်တို့နဲ့ ဗင်းဆင့်ဆက်ဆံရေးကို လက်တွေ့ဆန်ဆန်ပြထားသလို...ဗင်းဆင့်ရဲ့ နာမည်ကျော်အကြောင်းအရာတွေဖြစ်တဲ့ ပြည့်တန်ဆာမကိုကြိုက်တာတွေ နားရွက်ဖြတ်တာတွေ စိတ်ကျန်းမာရေးဆေးရုံသွားရတာတွေကို လက်တွေ့နဲ့ အနီးစပ်ဆုံးပြထားပါသေးတယ်။သီအိုရဲ့ အလုပ်ဖြစ်တဲ့ ထိုခေတ်ထိုအခါက ပန်းချီကား ရောင်းဝယ်မှုအကြောင်းကိုလည်း ...
movie
Vincent & Theo (1990)
1990
7.8
The Hateful Eight ( 2015 )
Zawgyi******IMDb 7.8 ရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards,Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေရိုက်တတ်လဲ သိမှာပါ။ မကြာခင်လည်း once upon a time in Hollywood ကားထွက်လာဦးမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကိုအခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ်( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ်အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာနှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကိုစိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ...
movie
The Hateful Eight ( 2015 )
2015
6.9
Luce (2019)
လုစ် ဆိုတဲ့လူမဲကောင်လေးက အထက်တန်းကျောင်းမှာဘက်စုံတော်ပြီး စံပြ ကျောင်းသားအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့လူငယ်လေးတစ်ယောက်ပေါ့။သူငယ်စဥ်က စစ်ဘေးသင့်ဒေသကနေ ကယ်ဆယ်ခံရပြီးတော့ လူဖြူလင်မယား ၂ ယောက်ကသူ့ကို မွေးစားထားတာ။မွေးစားမိဘတွေရော၊ ဆရာ၊ ဆရာမတွေရောက ဂုဏ်ယူရတဲ့လုစ်ရဲ့ဘဝမှာ သူ့ကျောင်းက ဆရာမတစ်ယောက်ကအနှောက်အယှက်ဖြစ်လာတဲ့အခါ...အများအမြင်မှာ အားကျရတဲ့ လုစ်ရဲ့ဘဝက တကယ်ရောအဲလောက်သာယာပျော်ရွှင်ဖို့ကောင်းပြီး စင်းလုံးချောဖြစ်ရဲ့လား...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 1 GB , 389 MB)Quality : WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Luce (2019)
2019
8.3
Reservoir Dogs (1992)
movie
Reservoir Dogs (1992)
1992
N/A
The Con is On(2018)
1999 လောက် ကထွက်ရှိခဲ့ဘူးတဲ့ Steven Martian တို့ ရိုက်ကူးထားတဲ့ကားကိုတဖန်ပြန်လည်ဆန်းသစ်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပြီးတော့ လောင်းကစာသမားတွေရဲ့သဘောသဘာဝတွေ နဲ့ လောင်းကစားသမားတွေမှာ ရှိတတ်တဲ့ အမူအကျင့်တွေကိုပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ် လောင်းကစားသမားဆိုတဲ့ အမျိုးက ပေါက်ကရ လျှောက်ပြောပေါက်ကရစကားတွေနဲ့ ပေးထားတဲ့ ကတိကိုတည်တတ်တဲ့လူမျိုးမဟုတ်ပါဘူး ဒါ့ကြောင့်လောင်းကစားသမားတွေနဲ့ ဆက်ဆံရင် သတိထားကြဖို့ ဒီကားလေးက သတိပေးထားသလိုပါပဲဇာတ်လမ်း အကျဉ်းလေးကတော့ဟယ်ရီဆိုတဲ့လောင်းကစားမက်တဲ့အမျိုးသမီးကကိုယ်စားဘိန်းအရောင်းအဝယ်လုပ်လို့ရလာတဲ့ငွေတွေကိုလောင်းကစားဝိုင်းမှာအကုန်သုံးစွဲပစ်လိုက်တယ်။ ယောက်ျားဖြစ်သူရောမိန်းမဖြစ်သူရောကလည်း ဘိန်းစားတွေဖြစ်ပါတယ်။သူတို့လင်မယားအကုန်သုံးလိုက်တဲ့ပိုက်ဆံတွေကအရီနာဆိုတဲ့အမျိုးသမီးဂိုဏ်းစတားတစ်ဦးရဲ့ငွေပါ။ အရီနာကသူတို့လင်မယားကိုလိုက်သတ်ဖို့လုပ်တဲ့အချိန်မှာတော့သူတို့အကုန်သုံးလိုက်တဲ့ငွေတွေကိုပြန်ရှာပေးဖို့ လော့စ်အိန်ဂျလစ်မြို့ကိုထွက်လာပါတော့တယ်ပိုက်ဆံတွေကို ဘယ်လိုလိမ်ကောက်ပြီးရှာကြမလဲဆိုတော့Qty - 720p Web DLGern - ComedyDuration - 1hr 44minTranslator - Ye Man AungEncoder - Kyaw Ye Aung
movie
The Con is On(2018)
2017
1
2
Next