Channel Myanmar

Selma (2014)

BiographyDramaHistory

7.5
IMDB: 7.5/10 votes

60764

Report error

၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။

Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ငြိမ်း​ချမ်း​ရေး​နိုဘယ်ဆုကိုလက်ခံရယူနေတဲ့အခန်းနဲ့စဖွင့်ထားပါတယ်။ မကြာ​ခင်မှာပဲ ဒေါက်တာ​ကင်းက လူမည်း​ခွဲခြားရေးစနစ်အရှိန်မကုန်သေးတဲ့ အလာဘားမားပြည်နယ် ဆယ်လ်မာမြို့ကို သူ့အဖွဲ့ SCLC နဲ့အတူရောက်ရှိလာပြီး လူမည်းမဲပေးခွင့်အတွက် လှုံ့ဆော်​ရင်း လူမည်း​မုန်း​တီးသူ ဆယ်လ်​မာ​မြို့​အာဏာပိုင်​တွေ လူဖြူ​ဒေသခံတွေနဲ့ ထိပ်​တိုက်​ရင်ဆိုင်​ရပါတော့တယ်။ အာဏာ​ပိုင်​တွေက နည်း​အမျိုး​မျိုး​နဲ့ အင်​အားသုံးပြီးဖြိုခွဲဖို့ကြိုးစားတာကို ကင်းနဲ့ဒေသခံလူမည်းတွေက အကြမ်းမဖက်​ဘဲကြံ့ကြံခံရင်း မဲပေးခွင့်​ရရှိဖို့ကြိုးစားပုံကို စိတ်ဝင်စား​ဖွယ်ကြည့်ရှုရမှာပါ။

ဇာတ်လမ်း​အမျိုးအစားက​ Drama/Documentary အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ်​ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ အကောင်း​ဆုံး​ရုပ်ရှင်​အော်စကာဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပြီး Best Original Song နဲ့ အော်စကာရခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်​ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး Documentary​ ထက်​ Drama​ ကိုအလေးကဲထားပြီး ဒေါက်တာ​မာတင်လူသာကင်းရဲ့ အထ္တုပ္ပတိအပိုင်းအစတစ်ခုအဖြစ်ကို ပိုဇောင်းပေးထားပါတယ်။ ဒေါက်​တာကင်းနဲ့ သူ့ဇနီးတို့အကြား ဆက်​ဆံရေး၊ သူ့ရဲ့​လုပ်​ဖော်​ကိုင်​ဖက်တွေအကြား ပဋိပက္ခ​တွေ ဆက်ဆံ​ရေးအနိမ့်အမြင့်အတက်အကျတွေကိုလည်း​ထည့်သွင်း​ပုံဖော်ထားပါတယ်။ဒီရုပ်ရှင်​မှာ ဒေါက်​တာ​ကင်းနဲ့ ခေတ်​ပြိုင်​ပုဂ္ဂိုလ်​တွေဖြစ်တဲ့ နာမည်​ကျော် အမေရိကန်နီဂရိုးခေါင်းဆောင် Malcom ​X နဲ့ အမေရိကန်​သမ္မတ​ Lyndon Johnson အက်ဖ်​ဘီအိုင်တည်ထောင်သူ J Edgar Hoover အလာဘားမားပြည်နယ်​အုပ်ချုပ်​ရေးမှူး Jim Wallace စတဲ့​သမိုင်း​ဝင်ပုဂ္ဂိုလ်များကိုလည်းတွေ့ရမှာပါ။

နိုင်ငံ​ရေး Drama​ ကားမျိုးနဲ့ အထ္တုပ္ပတိ​ရုပ်ရှင်​မျိုးနှစ်သက်သူတွေ အကြိုက်တွေ့မဲ့ဇာတ်ကားဖြစ်ပြီး သမိုင်း​ကိုစိတ်ဝင်စားသူတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။ ဖြစ်​ရပ်​မှန်​ကိုအခြေခံထားပေမဲ့ စကား​ချည်း​ထိုင်ပြောနေတာမဟုတ်လို့ ပျင်း​ရိစရာမကောင်းဘဲ သာမန်​ရုပ်ရှင်​ပရိသတ်​တွေ​လည်း ကြည့်ရှုလို့အဆင်ပြေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

File size…(1.7 GB)/(1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:04:00
Genre…Drama, Biography, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Selma (2014)
Selma (2014)
Selma (2014)
Selma (2014)
Selma (2014)
Selma (2014)
Selma (2014)
Selma (2014)


No downloads available

Genres



Related movies