Zawgyi
******
IMDb 7.8 ရရွိထားတဲ႔ဇာတ္ကားပဲၿဖစ္ပါတယ္
ဒီရုပ္ရွင္ကေတာ့ ဒါရိုက္တာၾကီး ကြင္တင္ တာရန္တီႏိုရဲ႕ နာမည္ေက်ာ္ ရုပ္ရွင္တစ္ခုပဲ ျဖစ္ပါတယ္။
သူရိုက္ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards,
Django unchained တို႕ကို ၾကည့္ဖူးရင္ သူဘယ္လိုကားမ်ိဳးေတြ
ရိုက္တတ္လဲ သိမွာပါ။ မၾကာခင္လည္း once upon a time in Hollywood ကား
ထြက္လာဦးမွာပါ။ ဒီဇာတ္လမ္းမွာလဲ ကာရိုက္တာ မ်ိဳးစံုကို အခန္းတစ္ခုထဲမွာ
ထည့္ၿပီး ပေဟဠိေတြနဲ႕ လွလွပပ ျပသထားတာ ေတြ႕ပါလိမ့္မယ္။
ဇာတ္လမ္းကေတာ့ အေမရိကန္ ျပည္တြင္းစစ္အၿပီး ႏွစ္အနည္းငယ္အၾကာကို
အေျချပဳထားတာပါ။ ေျမာက္ပိုင္းတပ္က ထြက္လာတဲ့ ဗိုလ္မွဴးမားကြစ္
( ဆမ္ျမဴရယ္ ဂ်က္ဆန္) ဟာ ေၾကးစားလူဆိုးဖမ္းသမားအျဖစ္
အသက္ေမြးေနပါတယ္။ တစ္ေန႕မွာ ဝိုင္အိုးမင္းနယ္ ေတာင္ေပၚတစ္ေနရာမွာ
ႏွင္းမုန္တိုင္းေၾကာင့္ ပိတ္မိေနရင္း လွည္းတစ္စီးနဲ႕ လမ္းၾကံဳလိုက္ခဲ့ရတယ္။
အဲဒီလွည္းေပၚမွာ ပါလာတဲ့ လူေတြနဲ႕ ဆိုင္ေလးတစ္ခုမွာ ဝင္ခိုနားၾကတယ္။
အဲဒီဆိုင္ထဲမွာလည္း ေရာက္ႏွင့္ၿပီးတဲ့သူေတြ ရွိေနပါၿပီ။
အဓိကကေတာ့သူတို႕ေတြၾကားထဲက ပတ္သတ္မႈနဲ႕ လိ်ဳ႕ဝွက္ခ်က္ေတြကို
စိတ္ဝင္စားစရာထိုင္ၾကည့္ေနရမွာပါပဲ။ ရုပ္ရွင္အရသာခံၾကည့္တတ္သူေတြ အၾကိဳက္ေတြ႕ၾကမွာပါ။
Unicode
*******
IMDb 7.8 ရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ နာမည်ကျော် ရုပ်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။
သူရိုက်ခဲ့တဲ့ Pulp fiction, Kill Bill, Inglourious bastards,
Django unchained တို့ကို ကြည့်ဖူးရင် သူဘယ်လိုကားမျိုးတွေ
ရိုက်တတ်လဲ သိမှာပါ။ မကြာခင်လည်း once upon a time in Hollywood ကား
ထွက်လာဦးမှာပါ။ ဒီဇာတ်လမ်းမှာလဲ ကာရိုက်တာ မျိုးစုံကို အခန်းတစ်ခုထဲမှာ
ထည့်ပြီး ပဟေဠိတွေနဲ့ လှလှပပ ပြသထားတာ တွေ့ပါလိမ့်မယ်။
ဇာတ်လမ်းကတော့ အမေရိကန် ပြည်တွင်းစစ်အပြီး နှစ်အနည်းငယ်အကြာကို
အခြေပြုထားတာပါ။ မြောက်ပိုင်းတပ်က ထွက်လာတဲ့ ဗိုလ်မှူးမားကွစ်
( ဆမ်မြူရယ် ဂျက်ဆန်) ဟာ ကြေးစားလူဆိုးဖမ်းသမားအဖြစ်
အသက်မွေးနေပါတယ်။ တစ်နေ့မှာ ဝိုင်အိုးမင်းနယ် တောင်ပေါ်တစ်နေရာမှာ
နှင်းမုန်တိုင်းကြောင့် ပိတ်မိနေရင်း လှည်းတစ်စီးနဲ့ လမ်းကြုံလိုက်ခဲ့ရတယ်။
အဲဒီလှည်းပေါ်မှာ ပါလာတဲ့ လူတွေနဲ့ ဆိုင်လေးတစ်ခုမှာ ဝင်ခိုနားကြတယ်။
အဲဒီဆိုင်ထဲမှာလည်း ရောက်နှင့်ပြီးတဲ့သူတွေ ရှိနေပါပြီ။
အဓိကကတော့သူတို့တွေကြားထဲက ပတ်သတ်မှုနဲ့ လျို့ဝှက်ချက်တွေကို
စိတ်ဝင်စားစရာထိုင်ကြည့်နေရမှာပါပဲ။ ရုပ်ရှင်အရသာခံကြည့်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။
Translated & Review By Little Neo
Encoded By LK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။