Channel Myanmar

Yurdaer Okur

10 Days of a Good Man (2023) 6.5
10 Days of a Good Man (2023)  ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် "လူကောင်းတစ်ယောက်ရဲ့ဆယ်ရက်တာ" တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီးယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။"ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်" ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်းအဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီးပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီးအလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျသူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်‌ယောက်ရဲ့ဆယ်ရက်တာ အစပြုခဲ့တာပေါ့။တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက်ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရောဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်းဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီးCrime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်းတစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။  File size…1.58 GB/ ...
movie

10 Days of a Good Man (2023)

10 Days of a Good Man(2023) 6.7

10 Days of a Good Man(2023)

Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019) 8.3
Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019) Miracle in Cell No. 7 (Yedinci Kogustaki Mucize) - (2019) ========================================IMDb Rating - 8.3/10Remakeကားတွေ မူလရုပ်ရှင်ကို မှီတာ အတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီ လိုရှားတဲ့အထဲက တစ်ကားပါပဲ။ သိသလောက်တော့ ကိုရီးယားရုပ်ရှင်တွေကို remake ပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာ ပျက်ကြတာ အတော်များတယ်။ Old Boyတို့ My Sassy Girlတို့ IIMareတို့ဆို ပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့ ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။ အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့် မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကို ဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်း ပိုပြီးတာသွားတယ်။ မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲ ဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကို ကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာ ပိုခံစားလို့ရမှာတော့ သေချာပါတယ်။ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။ အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီး ကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။ ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲ ဂြိုလ်ဆိုး၀င်ချက်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာ သူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်း အရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကို မိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။ တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲ ဘာမှမရှိတဲ့အဖေတစ်ယောက်ရယ် အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာ တွေ့ခွင့်ရဖို့ကြိုးစားကြရင်း ဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေက ကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့ တစ်ရှုးတစ်ရွက်လောက်တော့ ဆောင်ထားသင့်တယ်။Turkey Youth Awards (2020)နဲ့ Golden Palm Awards (2020) တို့မှာ ...
movie

Miracle in Cell No. 7 (Yedinci Kogustaki Mucize) – (2019)

2019