ဇာတ်ကားနာမည်ကတော့ မြန်မာလိုဘာသာပြန်ရရင် “လူကောင်းတစ်ယောက်ရဲ့
ဆယ်ရက်တာ” တဲ့။ လူကောင်းဆိုတာ ဘယ်လိုလူမျိုးတွေသတ်မှတ်ကြတာလဲ။
အကြမ်းဖျင်းသတ်မှတ်ရရင် သူများကို ဒုက္ခမပေး၊အန္တရာယ်မပေး၊ သစ္စာရှိပြီး
ယုံကြည်ရတဲ့လူမျိုးတွေပေါ့။ဒီဇာတ်ကားထဲက ဆာဒစ် ဟာလည်း အဲ့လိုလူစားမျိုးပဲ။
“ကောင်းလွန်းရင် လူပါးဝခံရတတ်တယ်” ဆိုတဲ့စကားအတိုင်းပဲ ဆာဒစ်လည်း
အဲ့ဒဏ်ကိုကောင်းကောင်းခံခဲ့ရတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ဘဝကြီး
ပြောင်းပြန်လှန်သွားတဲ့အထိပဲ။ ဒီလိုနဲ့ ရှေ့နေအလုပ်ကနေပါ နားလိုက်ရပြီး
အလွတ်တမ်းစုံထောက်သဘောမျိုးပဲ လုပ်ကိုင်နေတော့တယ်။ တစ်ရက်ကျ
သူ့ရဲ့ ရှေ့နေမိတ်ဆွေတစ်ယောက်က သူ့ကလေးထိန်းရဲ့ သားပျောက်သွားလို့
စုံစမ်းပေးပါဆိုပြီး အလုပ်အပ်လာခဲ့တယ်။ ဒီလိုနဲ့ လူကောင်းတစ်ယောက်ရဲ့
ဆယ်ရက်တာ အစပြုခဲ့တာပေါ့။
တစ်ဖက်မှာလည်း ထူးဆန်းတဲ့လူနှစ်ယောက်က လူတွေသတ်ပြီး လက်စဖျောက်
ပစ်နေတဲ့ကိစ္စကလည်းဖြစ်နေသေးတယ်။ ဒါတွေနဲ့ ပျောက်ဆုံးနေတဲ့ ကောင်လေးကရော
ဘယ်လိုအဆက်အစပ်ရှိတာလဲ။ ဒီကောင်လေးကဘာလို့ပျောက်ဆုံးသွားတာလဲ။
အဲ့ကောင်လေးကရော ဘယ်လိုလူမျိုးလဲ။ ဒီလိုမေးခွန်းတွေအပြင်ကိုမှ လူတွေရဲ့
အရှုံးပေးသူကိုမှ အနိုင်လိုချင်တတ်တဲ့ စိတ်ထားတွေ၊ ကိုယ်ချစ်ရတဲ့သူက သစ္စာ
ဖောက်တဲ့အခါ နှစ်ခါပြန်သေခဲ့ရတာမျိုးတွေ၊ ကိုယ်ကျိုးပဲကြည့်ပြီး ဘယ်သူဘာ
ဖြစ်ဖြစ်ဆိုတဲ့ စိတ်ထားမျိုးတွေ၊ ဒီလိုတွေ့နေမြင်နေကျ လူ့သဘောလူ့သဘာဝတွေကိုလည်း
ဒီဇာတ်ကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက တူရကီ film တစ်ခုဖြစ်ပြီး
Crime/ mystery အမျိုးအစားမျိုးဖြစ်တာကြောင့် လူပျောက်ရှာပုံတော်က
တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆယ်ရက်တာအတွင်း လူကောင်း
တစ်ယောက် ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကြည့်ရှုခံစားလိုက်ကြပါဦး။
File size…1.58 GB/ 752MB
Quality…NF WEB-DL 1080p 5.1 CH/ 720p
Format…mp4
Duration….2h 4m
Genre ….. Crime , Drama , Mystery
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Muse
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။