Channel Myanmar

Action

Om! Crush on Me_ Ayothaya MahaRareuy (2021) 6.6
Om! Crush on Me_ Ayothaya MahaRareuy (2021)  လျို အဖြစ် James Jirayu Tangsrisuk အော်ဆွယ့် အဖြစ် Bow Maylada ထောင် အဖြစ် Great Sapol ဖော့ခွမ် အဖြစ် Peem Jaiyenဇာတ်လမ်းအကျဉ်းထိုင်း-ဂျပန် ကပြားတစ်ဦးဖြစ်တဲ့ လျိုက ပျောက်ဆုံးနေတဲ့ မိခင်ဖြစ်သူကို ရှာဖွေဖို့ အယုဒ္ဓယကို ရောက်လာခဲ့တယ်တစ်ပြိုင်တည်းမှာပဲ လျိုက အော်ဆွယ့်ဆိုတဲ့ မိန်းမပျိုလေးကို ချစ်မိသွားခဲ့တယ်ဒါပေမဲ့ ချစ်ရတဲ့ အော်ဆွယ့်က ဖော့ခွမ် အဓမ္မသိမ်းပိုက်ဖို့ ဝယ်ယူထားတဲ့ သူဖြစ်နေပြီး ဖော့ခွမ်က ရာထူးကြီးရှိနေရုံသာမက မှော်ပညာပါ တက်နေခဲ့တယ်လျိုက မှော်ပညာကို အနည်းငယ်သင်ယူထားပြီး အော်ဆွယ့်ကို အစေခံအဖြစ်က လွတ်မြောက်စေဖို့ အဖွဲ့ဖွဲ့ကာ ကြိုးပမ်းခဲ့ပေမဲ့ ဖော့ခွမ်ရဲ့ မှော်ပညာက အားသာနေခဲ့တယ်လျိုအနေနဲ့ ထပ်ကြိုးစားပြီး ချစ်ရတဲ့ မိန်းကလေး အော်ဆွယ့်ကို ဖော့ခွမ်လက်က ကယ်တင်နိုင်မလားရှာဖွေချင်နေတဲ့ မိခင်ဖြစ်သူကိုရော တွေ့သွားမလားဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုကြရအောင် ။( အညွှန်းရေးသားထားသူက‌တော့ Kyi Nue Zin ...
movie

Om! Crush on Me_ Ayothaya MahaRareuy (2021)

The Queen Of KungFu 3 ( 2022 ) 6.2
The Queen Of KungFu 3 ( 2022 ) သိုင်းကားတွေကွန်ဖူးချတာတွေမှ ကြည့်ချင်တဲ့ပရိတ်သတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားလာပါပြီ တရုတ်တော်လှန်ရေးခေတ်မှာ သိုင်းလောကနံပါတ်တစ်ရဖိုအတွက် သိုင်းသမားအချင်းချင်းပြန်တိုက်ခိုက်နေကြပါတယ်ဘာလိုနံပါတ်တစ်ရဖိုလိုချင်ကြလဲဆိုရင် နိုင်ငံခြားသားကုန်သည်တွေဟာ သိုင်းလောကနံပါတ်တစ်သမားနဲ့ပဲပူးပေါင်းပြီး လောင်းကစားတွေ လူကုန်ကူးတာတွေ မူးယစ်ဆေးဝါးတွေလုပ်လိုပါပဲအဲ့အချိန်သိုင်းလောကနံပါတ်တစ်ရရှိထားသူကတော့ မင်ဂိုဏ်းကခေါင်းဆောင်အားရှီပါ ဒါပေမဲ့သူကနိုင်ငံခြားသားတွေနဲ့မပူးပေါင်းပါဘူး အဆင့်တစ်နဲ့မှပူးပေါင်းချင်တဲ့နိုင်ငံခြားသားတွေနဲ့ အဆင့်တစ်ကိုလိုချင်တဲ့လုံဂိုဏ်းဟာအားရှိကိုလုပ်ကြံကြပါတော့တယ်သူတိုပဲလုပ်ကြံနိုင်မလားအားရှီကဘာတွေပြန်လုပ်ပြီး ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုပေးပါနော် သိုင်းချခန်းတွေကတော့ ရှယ်ပါပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 28min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team
movie

The Queen Of KungFu 3 ( 2022 )

Yaanai (2022) 6.7
Yaanai (2022) Yaanai 2022 IMDb 6.7 Oh My Dog ဇာတ်ကားနဲ့ပရိတ်သတ်ကိုဆွဲဆောင်ခဲ့တဲ့ မင်းသားကြီး Arun Vijay ရဲ့ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဗီလိန်ပိုင်းမှာလဲ KGFထဲက ဗီလိန်ကြီးပါဝင်သရုပ်ဆောင်ထားလို့ အတော်ကြမ်းတဲ့ဇာတ်လမ်းတပုဒ်ပါလွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့ သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ် မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲမင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့ အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက မိသားစုကိုဘယ်လိုကယ်တင်မလဲကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့ ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ် File size…3.42GB / 1.6GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Su Mon Aung  & Yunni &  ...
movie

Yaanai (2022)

2022
The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)

Pakka Commercial (2022) 4.3
Pakka Commercial (2022) အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Oxygen (2017) ကားနဲ့ မြန်မာပရိသတ်တွေကြား နာမည်ကြီးလာခဲ့​တေလ်လဂူဘက်ကနာမည်ကြီးမင်းသား ဂိုပီချန့်ရဲ့မြူးမြူးကြွကြွဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်.. ဇာတ်လမ်းကို ဂိုပီချန့်ရဲ့အဖေ အမှုတစ်ခုမှာ နာမည်ကျခဲ့ရလို့စိတ်ဓာတ်ကျနေတဲ့အချိန် ဂိုပီချန့်က ဘယ်လိုဒီအမှုကိုပြန်အဖတ်ဆယ်မလဲဆိုတာ စောင့်ကြည့်ရင်း...ပရိသတ်တွေနဲ့ရင်းနီးပြီးသား အချစ်ဦးလို့ အမည်ရတဲ့ မင်းသမီးRashi Khanna ရက်ရှီခန်နာနဲ့ တွဲဖက်သရုပ်ဆောင်ထားလို့ ပိုက်ဆံကိုသာဂရုစိုက်တဲ့ရှေ့နေ ဂိုပီချန့်ကရဲ့သရုပ်မှန်ကဘယ်လိုဖြစ်မလဲ မင်းသမီးရဲ့သရုပ်မှန်ကရောဘယ်လိုဖြစ်နိုင်လဲဘယ်သူတွေက မျက်နှာဖုံးစွပ်ထားသူတွေလဲ နောက်ကွယ်ကလူမိုက်တွေကိုထိန်းချုပ်နေတာကရော ဘယ်သူလဲ ပျော်ရွှင်အူမြူးစရာ ဟာသတစ်ပိုင်းဇာတ်လမ်းလေးကနေ ဘယ်လို ideology တွေအများကြီးပါတဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ လက်တွေ့လောကကြီးကို ရသပေါင်းစုံနဲ့ဘယ်လိုပညာပေးရိုက်ပြသွားမလဲဆိုတာ................ File size…2.67GB / 1.36GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Honeyey & Kevin 
movie

Pakka Commercial (2022)

2022
Maari 2 (2018) 5.6
Maari 2 (2018) Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie

Maari 2 (2018)

2018
Crying Fist(2005) 7.2
Crying Fist(2005) Crying Fist(2005) အညွှန်း*********************မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလိုRating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင်ကားဖြစ်ပါတယ်...ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။  File Size :(3.6GB)(1.2GB) and ...
movie

Crying Fist(2005)

The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
The Warriorr (2022) 5.4
The Warriorr (2022) ဒီတစ်ခေါက်မှာတော့ Modern Love Hyderabad ထဲက မင်းသား အက်ဒ်ဟီနဲ့ Uppenaမင်းသမီးချော ကာရီသီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် IMDB မှာ 5.4 ရထားတဲ့ Action, Crime, Thriller အမျိုးအစားမို့ အက်ရှင်ကြိုက်တဲ့သူတွေအကြိုက်တွေ့မှာပါ။ဇာတ်လမ်းအကျဉ်း ရိုးရိုးသားသားနဲ့ကြိုးစားပြီးဖခင်ရဲ့ဆန္ဒပြည့်ဖို့ မိခင်ရဲ့လမ်းညွှန်မှုနဲ့ ဆေးပညာဘွဲ့ရအောင်ယူပြီး ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ ဟိုင်ဒရာဘတ်က ကူအာနိုးကို ပြောင်းလာတဲ့ ဆရာဝန်လေး FM တစ်ခုမှာအလုပ်လုပ်ပြီး မဟာလက်ရှ်မီးရဲ့ဝီစီသံလို့ အမည်တွင်အောင် သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ပြီးထုတ်လွှင့်နေတဲ့ မိတဆိုးသမီးလေးတစ်ယောက်တို့ တိုက်ခန်းတစ်ခုမှာ ဆုံကြတဲ့နောက်.....ဆရာဝန်ဟူသည် ရန်သူပင်ဖြစ်လင့်ကစားကုပေးရမယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကုသမှုပေးတဲ့ဆရာဝန်လေးနဲ့ ကူအာနိုးမြို့ရဲ့ အဓိကရ ဂုရုဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံကြတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေနဲ့ ဇာတ်လမ်းဆက်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါ။ အက်ရှင်ကြမ်းကြမ်း သတ်ဖြတ်ခန်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေကို မိုးအေးအေးနဲ့ စီးမျောနိင်ကြပါစေဗျာ။ File size…11GB / 3.62GB / 1.7GB Quality…1080p True WEB DL  AAC5.1Ch / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin ...
movie

The Warriorr (2022)

2022
4K HEVC Web-DL
My Mighty Princess(2008) 6.7
My Mighty Princess(2008) My Mighty Princess(2008) အညွှန်း********************************Mighty Princess - အားကြီးတဲ့မင်းသမီးလေး..... မင်းသမီး Shin Min Ah ကိုဆိုရင်တော့မသိသူမရှိသလောက်ပဲဖြစ်ကြမျာပေါ့နော်။ဒီတစ်ခါကားလေးကတော့ မင်းသမီးရှင်မင်းအာငယ်စဥ်ကရိုက်ကူးခဲ့တဲ့ Action Fantasy ကားကောင်းလေးပဲဖြစ်ပါတယ်။ဂန်ဆိုဟီးဟာ သာမန်ထက်ပိုပြီး အားမတန်တဆကြီးနေတဲ့အတွက်လူတွေရဲ့အမြင်မှာ နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို့ မထင်ချင်စရာဖြစ်နေပါတယ်။ကိုယ့်ဘက်ကကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ရှိလာချိန်မှာတော့ဆိုဟီးတစ်ယောက် သူ့ကိုသာမန်ထက်ပိုပြီး အားကြီးနေစေတဲ့ မိသားစုအမွေအနှစ်ကို စွန့်ပစ်ဖို့ဖြစ်လာပါတော့တယ်။ကိုယ်ခံပညာကိုဆက်မကျင့်တော့တဲ့ဆိုဟီးအတွက် ဘယ်လိုအခက်အခဲတွေကြုံလာမှာလဲ?.....သဘောကျရတဲ့ crush လေးနဲ့ရောအဆင်ပြေသွားမှာလား...?ဆိုဟီးကို ကိုယ်ခံပညာပြန်လေ့လာအောင်ဆွယ်ဖို့ ရုတ်တရက်ရောက်ချလာတဲ့ငယ်သူငယ်ချင်းလေးကရော ဘယ်လိုလျှို့ဝျက်ချက်တွေရှိနေမှာလဲ?ကိုယ်ခံပညာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနက်နဲတဲ့ဇာတ်ကြောင်းတွေရှိနေသေးဦးမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ recommend ပေးချင်တာလေးတွေကတော့ ဇာတ်ဝင်တေးလေးတွေနောက်ခံတီးလုံးလေးတွေအရမ်းကောင်းတဲ့အပြင် ဇာတ်အိမ်လေးက တမူထူးခြားနေတာလေးပါပဲ။တရုတ်ကိုယ်ခံပညာကို ကျောရိုးခံထားတဲ့ ဇာတ်ကြောင်းမို့လို့ Kdrama fan တွေရေတရုတ်ရာဇဝင်ကားကြိုက်တဲ့လူတွေရော မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။   File Size : (2.2GB) (1.02 GB) and (417MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Action ,Comedy , Drama Subtitle : Myanmar Subtitle (Hard ...
movie

My Mighty Princess(2008)

The Queen of Kung Fu 2 ( 2021 ) 6
The Queen of Kung Fu 2 ( 2021 ) သိုင်းလောကဂိုဏ်းတွေရဲ့ယှဉ်ပြိုင်မှုတွေကြားထဲမှာ ခြေရာပျောက်နေတဲ့ အားရှီတစ်ယောက်ဟာ ဆိုးသွမ်းတဲ့အင်အားစုတွေကို အပြစ်ပေးတဲ့ တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့တယ်။သူမဟာခံစားချက်တွေကို ရင်ထဲမှာအပြီးချုပ်တည်းထားပြီး စစ်မြင်းနဲ့ အရက်ခွက်တွေကိုပဲအဖော်အပြုရင်း တစ်ကိုယ်တော်သွားလာနေခဲ့တယ်။ဟော့မျိုးနွယ်လက်သီးသိုင်းကို တတ်မြောက်ပြီး သိုင်းလောကရဲ့ဒဏ္ဍာရီတစ်ခုလိုဖြစ်လာခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်Liu Dashuaiက ကျားနက်ဓားပြအဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူတွေကိုဖိနှိပ်စေခိုင်းဖို့ လက်ဖက်စက်ရုံတည်ထောင်လိုက်တဲ့အတွက်ကြောင့် ပြည်သူတွေမှာဒုက္ခတွင်းထဲကျရောက်ကြရတယ်။အားရှီမှာ တစ်ဖက်မှာ စိတ်ထဲကအမုန်းတွေကို နိုင်အောင်ထိန်းရင်း တစ်ဖက်မှာဆိုးသွမ်းတဲ့ အင်အားစုတွေကိုတွန်းလှန်ရင်း အခက်အခဲကြားကပြည်သူတွေကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ သိုင်းလောကရဲ့ပရိသတ်တို့ အားရှီလေး ဘယ်လိုတွေများကြမ်းမလဲဆိုတာကို ဆက်ပြီးခံစားကြည့်ရှုလိုက်ကြပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 16min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Queen of Kung Fu 2 ( 2021 )

Valley of the Dead (2020) 5.8
Valley of the Dead (2020) Malnazidos (a.k.a) Valley of The Dead (2020)(1080p ရပါပြီ)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရှေ့လကမှ Netflix မှာ ပြသသွားတဲ့ စပိန် ဇွန်ဘီဇာတ်ကားသစ်လေးပါ။ စပိန်ပြည်တွင်းစစ်ပွဲအတွင်းက အကြောင်းအရာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကပ္ပတိန်ဟန်လိုဇာနိုဟာ နိုင်ငံရေးအကြောင်းအရာတွေမှာ ၀င်စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် အထက်လူကြီးတွေရဲ့ အမုန်း ခံရပြီး အန္တရာယ်များတဲ့ တာ၀န်တစ်ခုကို ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ လမ်းခရီးမှာ ကပ္ပတိန်ဟန်လိုဇာနိုနဲ့ သူရဲ့တပည့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာလဲ? ကပ္ပတိန်တို့အဖွဲ့ ဘာတွေနဲ့ ကြုံတွေ့လာရမလဲ? ဆိုတာ ဆက်လက်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ YKH ပါ။)File Size          : 1.6GB, 668MB, 339MB Quality          ...
movie

Valley of the Dead (2020)

2020
The Dark Tower (2017) 6.0
The Dark Tower (2017) ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီးသင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ...Movie Review==========ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူးဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခုတည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကိုဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်တိုက်ခိုက်လျက် ရှိပါတယ်...တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကိုအရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်..ထို အချိန်မှာပဲ ...
movie

The Dark Tower (2017)

2017
4K HEVC
Secret Headquarters (2022) 5.0
Secret Headquarters (2022) Paramount ကထုတ်တဲ့စူပါဟီးရိုးကားအသစ်ပါ။Charlie နဲ့သူမိသားစုတို့ဟာပျော်ပွဲစားထွက်ရင်း သူတို့အနားကိုလေယာဉ်ပျက်ကျလို့ Charlie အဖေ Jack ဟာသွားကူညီပါတယ်။အဲဒီမှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့အရာနဲ့ထိတွေ့ပြီး Charlie တို့မိသားစုရဲ့ကံကြမ္မာကလည်း လုံး၀ပြောင်းလဲသွာရပါတော့တယ်။The Adam Project မှာ နာမည်ရလာတဲ့ ကလေးသရုပ်ဆောင်လေး Walker Scobell အပြင် နာမည်ကျော်မင်းသားကြီး Owen Wilson တို့ပါ၀င်ထားပါတယ်။ဒါ့အပြင် ပါရမီရှိတဲ့ တခြားကလေးသရုပ်ဆောင်တွေလည်း အားဖြည့်ထားပါတယ်။Superhero ရုပ်ရှင်ဆိုတဲ့အတိုင်း superpower တွေနဲ့ Fight scene တွေကအဆင့်မြင့်ပြီး အဖေဖြစ်သူနဲ့သားကြားက Dynamic ကိုလည်းစိတ်ဝင်စားဖွယ်ရာတင်ဆက်ထားပါတယ်။မိသားစုလိုက်ကြည့်ရင်လည်း မပျင်းရမယ့်ဇာတ်ကားမျိူးပါ။File Size__ (1.7GB) / (940 MB) Quality__ WEB-DL 1080p , 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by SP Encoded by Naing Aung Latt
movie

Secret Headquarters (2022)

Malik (2021) 8.1
Malik (2021) Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Malik (2021)

2021
The Queen of Kung Fu ( 2020 ) 5.9
The Queen of Kung Fu ( 2020 ) CM ချစ် တရုတ်ဖန်တွေအတွက် Queen of Kung Fu ကို တင်ဆက်ပေးလိုက်ပါတယ်... တရုတ်ကားနဲ့ မစိမ်းသူတွေ သိကြမှာပါ... တော်လှန်ရေးခေတ်က တရုတ်ပြည်ဟာ ဘယ်လိုတောင် ခက်ခဲ ဒုက္ခတွေပြည့်နေတဲ့ လူ့ပြည်ငရဲဖြစ်ခဲ့တယ်ဆိုတာ...ဒီလို ငရဲတကာ့ ငရဲထဲ အဆိုးဆုံးကတော့ ဘိန်းကိစ္စပါပဲ... ဘိန်းကြောင့် ရှိတဲ့ ဥစ္စာတွေရောင်းချ တဲ့အပြင် သားသမီး ဇနီးမယားပါ ရောင်းချခဲ့ကြတဲ့အထိပေါ့... ဒီလိုနဲ့ ရှန်ဟိုင်းကလပ်ကို အရောင်းခံလိုက်ရတဲ့ အမျိုးသမီးလေးတွေထဲ ယောက်ျားတစ်ယောက်ကိုတောင် လက်သီးတစ်ချက်နဲ့ ထိုးနှက် သတ်ဖြတ်နိုင်တဲ့ အားရှီဆိုတဲ့ ကွန်ဖူးပညာရှင်တစ်ယောက်ပါလာပြီး...သူသတ်ခဲ့တဲ့ အမျိုးသားက ရှန်ဟိုင်း နာမည်ကြီး ညီအစ်ကို ၄ ဦးအဖွဲ့ဝင်တစ်ဦးဖြစ်နေတာမို့ သူ့ကို လက်စားချေဖို့လိုက်ကြရာကနေ သူက ကုန်းကုန်းရဲ့ မွေးစားသမီးဖြစ်ပြီး အဖွဲ့ဝင်ဖြစ်သွားခဲ့တာပေါ့...မိဘ ၂ ပါးက ဘိန်းရဲ့ကျေးကျွန်ဖြစ်ပြီး အရောင်းစားခံခဲ့ရတဲ့ အားရှီဟာ သူကိုယ်တိုင် ရှန်ဟိုင်းမြို့ရဲ့ ဆရာတစ်ဆူဖြစ်လာချိန်မှာ ဘိန်းရောင်းဝယ်မှုမှာ ပါဝင်မှာလား... ဒါမှမဟုတ် ဘိန်းလောကကို အမြစ်နှုတ်သုတ်သင်မှာလားဆိုတာ စိတ်ဝင်စားစရာပဲမို့ အမြန်လေး‌ဒေါင်းကြည့်လိုက်ပါ... ထပ်ပြောပါမယ် ကွန်ဖူးအတိုက်အခိုက်ကြိုက်သူတွေအတွက် လုံးဝ စိတ်မပျက်စေတဲ့ကားကောင်းလေးပါ... Quality : WEB-DL 1080p , 480p Format : mp4 Genres : ...
movie

The Queen of Kung Fu ( 2020 )

Invisible Target(2007) 6.8
Invisible Target(2007) Invisible Target(2007) အညွှန်း**************************ဟောင်ကောင် action ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ပိုစတာကြည့်လိုက်တာနဲ့တင် အရမ်းကြီးညွှန်းစရာမလိုဘူးထင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jaycee Chan ၊ Nicholas Tse ၊ Wu Jing တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်အရမ်းကောင်းမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ဘူး ဇာတ်လမ်းအစပိုင်း အမျိုးသမီးတစ်ယောက် လက်ထပ်လက်စွပ်ဝယ်နေတယ်၊သူနဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ ဘဏ်ရဲ့လုံခြုံရေးထရပ်ကားတစ်စီးကလမ်းပိတ်လို့ရပ်နေတယ်.၊သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကိုဗုံးတစ်လုံးကပ်လိုက်တယ်။ရှေ့ရောနောက်ရောမှာဗုံးတွေထပ်ကပ်လိုက်တယ်။ နောက်မှာဗုံးကပေါက်ကွဲသွားတယ်၊လက်စွပ်ကြည့်နေတဲ့အမျိုးသမီးအပါအဝင်အခြားသူတွေပါ သေဆုံးသွားတယ်၊အဲ့ဒီအမျိုးသမီးက ချန်ကျွမ်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရဲ့ဇနီးလောင်းဖြစ်နေတယ်၊အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေပွဲကြမ်းမလဲဆိုတာကိုတော့... File Size : (4.2GB)  (1.2 GB) and (483 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:45:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Invisible Target(2007)