Channel Myanmar

Action

Inside Men (2015) 7.0
Inside Men (2015) Inside Men (2015) အညွှန်း *************************** ဒီကားဟာ ဆုပေါင်း ၂၁ ဆုရရှိခဲ့ပြီး Box Office ဝင်ခဲ့သလို မင်းသားကြီး Lee Byung-hun လည်း Best Actor ဆုရရှိခဲ့တယ်... ဇာတ်ကားထဲမှာ ဒိတ်ဒိတ်ကျဲ အရောင်စုံမြေခွေးကြီးတွေနဲ့ဖွဲ့စည်းထားတာပြီး ဒီဇာတ်ရုပ်တွေပီပြင်ဖို့ နာမည်ကြီး Casts တွေချည်းသုံးထားတယ်... ခရိုနီတွေနဲ့ နိုင်ငံရေးလောကထဲဝင်တဲ့ အမတ်တွေရဲ့ဆက်ဆံရေး... အမှုစစ်တွေ မီဒီယာတွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတွေ.. နောက်ကွယ်က အမှိုက်တွေအရှုတ်တွေလိုက်ရှင်းပေးနေတဲ့ လူမိုက်တွေနဲ့ ဒီဇာတ်လမ်းဟာ အတော်မိုက်တယ်.. Runtime (၃)နာရီအတွင်း ဇာတ်ကောင်တွေများသလို အကြောင်းအရာတွေကလည်း တစ်ခုမှ လက်လွှတ်လို့မရလို့ အတော်လေးတော့ လိုက်မှတ်ရပါတယ်... ပထမတင်စဉ်ဆက်စဉ်တုန်းက မူရင်းစာဖိုင်လိုအပ်ချက်လေးတွေရှိလို့ ယခု update ပေးထားပါတယ်.. နိုင်ငံရေးလောကဟာ ဘာမှမတော်တဆ မရှိဘူးဆိုတာ အရွယ်ရောက်သူတိုင်းသိပြီးဖြစ်လို့ ဒီဇာတ်လမ်းဟာ ကြည့်ရပိုလန်းနေမှာပါ.,,, File Size : (3.40GB) (1.18GB) and (222MB)Quality : Blu-Ray 1080p5.1CH, 720pFormat…mp4Duration…03:00:00Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

Inside Men (2015)

My True Friends: The Begining (2022)
My True Friends: The Begining (2022) My True Friends: The Begining (2022)ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ? သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်း ...မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း ... ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း ... ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် ...
movie

My True Friends: The Begining (2022)

2022
Om – The Battle Within (2022)
Om – The Battle Within (2022) Rashtra Kavach Om (2022)ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော အာဒစ်သယားရွိုင်းကပူး (Malang မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ တီထွင်နေကြတယ် ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့် လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်..အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့...နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို သစ္စာဖောက်သွားခဲ့ပါတယ်...အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့ နိုင်ငံတော်က တာဝန်ပေးလိုက်တယ်..ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် File size…5.8GB / 1.9GB / 964MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A,Y.L.O.R
movie

Om – The Battle Within (2022)

2022
4K HEVC Web-DL
Sniper: Rogue Mission (2022) 4.7
Sniper: Rogue Mission (2022) Sniper: Rogue Mission (2022)Sniper ကား ပရိသတ်တွေအတွက် ဒီလထွက် စနိုက်ပါကား အသစ်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အက်ရှင်ကားအနေနဲ့ဆို အတော်ကြည့်ကောင်းတယ်လို့ ပြောလို့ရတဲ့ ရုပ်ရှင်ပါ။ ဒီကားရဲ့ ဒါရိုက်တာ Oliver Thompson ဟာလည်း Stranger Things ရဲ့ Editor လုပ်ခဲ့ပြီး ဒီကားမတိုင်ခင်ကားဟာ ရိတ်တင်လည်းမဆိုးသလို ဆုပေးပွဲတွေက ဆုတွေလည်းရရှိခဲ့ပါတယ်။ ဒီကားကလည်း အက်ရှင်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းတဲ့ကားပါပဲ။ဇာတ်လမ်းကတော့ အထက်လူကြီးတစ်ယောက်က လူကုန်ကူးတဲ့လူနဲ့ပေါင်း နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး အကျင့်ပျက်ခြစားနေတာကို ဖော်ထုတ်ဖို့ကြိုးစားရာက ဆိုင်းငံ့ခံလိုက်ရတဲ့ အထူးအေးဂျင့်တွေအကြောင်းပါ။ အထက်လူကြီးတွေက သူတို့ဘက်မနေပေမဲ့ မှန်ရာကို မရမကလုပ်ချင်တဲ့ သူတို့တွေ သူတို့ဘော်ဒါခပ်ကြမ်းကြမ်းကောင်တွေနဲ့စုပြီး ဖော်ထုတ်ဖို့ကြိုးစားကြတဲ့ စနိုက်ပါကားအလန်းစားပါ။ မင်းသားဟာဆို ရုပ်ရှင်ထဲက စကားအရတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးစနိုက်ပါသမားပါ။ သူတို့အပြင် ဂျပန်မင်းသမီးချောချောလေးကလည်း ခပ်မိုက်မိုက် လုပ်ကြံရေးသမားအဖြစ်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းလေးလည်း ကြည့်ပျော်သလို G.I Joe ...
movie

Sniper: Rogue Mission (2022)

2022
Detective Dee and Fire Unicorn ( 2022 ) 6.5
Detective Dee and Fire Unicorn ( 2022 ) Detective Deeရဲ့ စုံထောက်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ် အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။ အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကို ပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာ တလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကို ခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။ အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ ဘယ်ကရောက်လာတာများလဲ။ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကို ဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Detective Dee and Fire Unicorn ( 2022 )

Lucy ( 2014 ) 6.4
Lucy ( 2014 ) Lucy ( 2014 ) အညွှန်း********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့......................နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က ...
movie

Lucy ( 2014 )

2014
4K HEVC
Warcraft: The Beginning (2016) 6.8
Warcraft: The Beginning (2016) Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie

Warcraft: The Beginning (2016)

2016
4K HEVC
Kaduva (2022) 6.3
Kaduva (2022) ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြပြီး မင်းသားPrithviraj Sukumaranပါဝင်သရုပ်ဆောင်ထားပြီး မင်းသားVivek Oberoiပါဝင်အာားဖြည့်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။“ကျား” လို့အဓိပ္ပါယ်ရတဲ့အမည်နဲ့ ကတ်ဒူဗာ ကူရီရာချန်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက်.. အမှန်တရားဘက်ကအမြဲရပ်တည်ပေးတတ်သူ...ပါလာမြို့တစ်မြို့လုံး ကလေးအစ လူကြီးအဆုံး မသိသူမရှိတဲ့ သူရဲကောင်းတစ်ဦးပါ။တစ်နေ့မှာတော့ အကျင့်ပျက်တဲ့ ဖာသာတစ်ဦးကို ပညာပေးဖို့အကြောင်းဖန်လာခဲ့ရင်း မြို့မှာတာ၀န်ကျနေတဲ့ ရဲအရာရှိ ဂျိုးဆက်ချန်ဒီနဲ့တွေ့ဆုံအချင်းများကြတဲ့အခါ သူတို့နှစ်ဦးကြားမှာ အငြိုးအတေး အဖုအထစ်တွေရှိလာပါတော့တယ်...။အငြှိုးထားတတ်တဲ့အရာရှိဂျိုးဆက်တစ်ယောက် ကူရီရာချန်အပေါ် ဘယ်လိုလက်စားချေမှာလဲ...။ ရန်ပွဲတစ်ခုကနေအစပြုခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများ အနိုင်ရသွားမလဲ... မတရားမှု‌ တွေအတွက်ကော အမှုမှန်ပေါ်ပေါက်လာမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ရင်ခုန်ရမှာပါ။ File size…2.8GB / 1.4GB Quality…1080p TRUE WEB DL AAC5.1CH  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Thet Ko ~ Oeliuj~ Honeyey ~ Yunni ~ Kevin Ag
movie

Kaduva (2022)

2022
Tenet (2020) 7.8
Tenet (2020) Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ...
movie

Tenet (2020)

4K HEVC
End of Days (1999) 5.8
End of Days (1999) End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie

End of Days (1999)

1999
Rise of the Teenage Mutant Ninja Turtles: The Movie(2022) 5.2
Rise of the Teenage Mutant Ninja Turtles: The Movie(2022) Rise of the Teenage Mutant Ninja Turtles:The MovieRotten tomatoes 78%Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH ...
movie

Rise of the Teenage Mutant Ninja Turtles: The Movie(2022)

2022
S.W.A.T.(2003) 7.0
S.W.A.T.(2003) S.W.A.T.(2003) အညွှန်း********************မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေးတင်ဆက်ပေးလိုက်ပါတယ်..SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေ‌အနေတွေကို ထိန်းကျောင်းဖို့၊ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီးရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကိုလော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်းနှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ဘယ်သူမဆို ‌အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီးအတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကိုအပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။  File Size :(2.7GB)(1.08GB) and (380 MB) Quality : BLU-RAY1080P5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Crime , Adventure, Action Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

S.W.A.T.(2003)

Thirteen Lives (2022) 7.9
Thirteen Lives (2022) Thirteen Lives (2022)~ IMDb - 7.9/10, Rotten Tomatoes - 88% ~"Directed by Ron Howard"ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ ...
movie

Thirteen Lives (2022)

2022
Carter(2022) 7.0
Carter(2022) Carter(2022) အညွှန်း*****************(အဖော်အချွတ်ခန်းအချို့နဲ့  ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..)ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ်အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ်ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ်နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ်စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကိုCarterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ….ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး....File Size : (3.28GB)  (1.2GB)and (456MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:12:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai,Hnin Pale & Thynn Nu Swe Encoded by Phyo ...
movie

Carter(2022)

The Gray Man (2022) 7
The Gray Man (2022) နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ ...
movie

The Gray Man (2022)

4K HEVC Web-DL
A Man Called Hero 2 ( 2022 ) 6.1
A Man Called Hero 2 ( 2022 ) ဒီနေ့တော့ CM ချစ်ပရိသတ်တွေအတွက် ဟွားယင်းရှုံရဲ့သား ဟွားကျန့်ရှုံအကြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်တယ်...ကျုံးဟွားအိမ်တော်နဲ့ နိုင်ငံခြားရောက်အခက်တွေ့နေတဲ့ တရုတ်အနွယ်ဝင်တွေကို ကာကွယ်ပေးတဲ့ ဟွားယင်းရှုံအကြောင်းကို အရင်တစ်ခေါက်ကဘာသာပြန်တင်ဆက်ခဲ့ပါတယ်... အခုတစ်ခေါက်မှာတော့ဟွားကျန့်ရှုံအကြောင်းပေါ့... ဟွားကျန့်ရှုံဟာ အဖေတူသားပီပီ တရုတ်သွေးအပြည့်နဲ့ တရုတ်အနွယ်ဝင်တွေ ဒုက္ခခံစားရတာကို ကာကွယ်ဖို့ အချိန်ပြည့် ကြိုးစားအားထုတ်နေကြသူပေါ့...ဟွားယင်းရှုံနဲ့ ဝူတီတို့ တိုက်ပွဲအပြီးမှာ ဟွားယင်းရှုံ ပျောက်ချင်းမလှပျောက်ခဲ့တဲ့အတွက် ကျုံးဟွားအိမ်တော်နဲ့တရုတ်အနွယ်ဝင်တွေဟာ အင်္ဂလိပ်အရာရှိနဲ့ လော့ရှုံဂိုဏ်းခေါ် ဂျပန်တွေရဲ့ ပူးပေါင်းဒုက္ခပေးမှုကို ခံစားနေရတာပေါ့... ဘယ်လောက်တောင်လဲဆို...လော့ရှုံဂိုဏ်းဟာ ဝူတီပြီးနောက် ကျင်းပေါင်တိုင် ဆက်ခံခဲ့ပြီးချိန်မှာတော့ ကျင့်စဉ်တွေကျင့်နိုင်ဖို့ ကလေးတွေရဲ့စိတ်ဝိညာဉ်ကို ဖမ်းစားရမယ်ဆိုတဲ့ အယူသီးမှုကြောင့် လော့ရှုံဂိုဏ်းဟာ တရုတ်အနွယ်ဖွားကလေးတွေကို အဓမ္မနည်းနဲ့ လိုက်ဖမ်းခဲ့ပါတယ်...ဒါကို သည်းမခံနိုင်တဲ့ ကျန့်ရှုံတစ်ယောက် ကလေးတွေရဲ့ အနာဂတ်ကို ကယ်တင်နိုင်မလား... ဟွားယင်းရှုံကရော ဘယ်ရောက်နေတာလဲ... သူရဲကောင်းဖြစ်ဖို့ ဘာတွေပေးဆပ်ရဦးမှာလဲ... ဒီလိုပေးဆပ်ရတာ တန်ရဲ့လားဆိုတာ ဆက်လက်စောင့်ကြည့်ပါဦး Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK  A Man Called Hero 1 ...
movie

A Man Called Hero 2 ( 2022 )

Code Name Banshee (2022)
Code Name Banshee (2022) Codename: Banshee(2022) =================== The Skin I live in , Zorro တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Antonio Banderas ရဲ့ အက်ရှင်ဇာတ်ကြမ်း ကားလေးပါ။ ဇာတ်လမ်းအညွှန်းက စီအိုင်အေရဲ့ လက်သုံးတော် ကေလပ်တို့ဂိုဏ်းဟာ အင်အားကြီးလာတာနဲ့အမျှ စီအိုင်အေကိုယ်တိုင်က သူတို့ရဲ့အတွင်းသတင်းတွေပေါက်ကြားမှာ စိုးတာကြောင့် ရုရှားကို သတင်းရောင်းပါတယ်ဆိုပြီး အန်တိုနီဦးဆောင်တဲ့အဖွဲ့နဲ့ ကေလပ်တို့ကို လုပ်ကြံခိုင်းပါတယ်။ ဒါပေမယ့် ကေလပ်ဟာ မသေဘဲ လွတ်သွားခဲ့ပြီး စီအိုင်အေလက်ကနေ ၅ နှစ်လောက်ခြေရာဖျောက်နေခဲ့ပါတယ်။ ဒါကို စီအိုင်အေအဖွဲ့ကလည်း အပူတပြင်းလိုက်ရှာနေခဲ့ပြီး ဘန်ရှီးခေါ် ကေလပ်ရဲ့ တပည့်ကလည်း ကေလပ်ဆီရောက်လာခဲ့ပါတယ် ။ သူတို့ နှစ်ယောက်ပေါင်းကာ အန်တိုနီနဲ့ CIA ကို ဘယ်လိုပြန်လည်တိုက်ခိုက် လက်စားချေသွားမလဲဆိုတာ ကြည့်ရမှာပါ။ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်တွေ ကြိုက်တတ်သူ‌တွေ သဘောကျစေမယ့် ဇာတ်‌ကားလေးဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်)Genre..... Action, Thriller Quality…. 1080p | 720p ...
movie

Code Name Banshee (2022)

2022
Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

D Block (2022) 6.4
D Block (2022) D Block (2022)တက္ကသိုလ်ကျောင်း စတက်ခါက ပထမနှစ်ကျောင်းသားဘဝဟာ ကျွန်တော်တို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆယ်ကျောက်သက်အရွယ်ဖြစ်တာမို့ အရာရာကို စူးစမ်းချင်စိတ်ကလည်း တဖွားဖွား...။ တက္ကသိုလ်ရဲ့ အနှစ်သာရကို စတင်ခံစားရတဲ့အချိန်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရသပေါင်းစုံ ခံစားရတဲ့အပြင် ဘဝဇာတ်ခုံအဖုံဖုံကိုလည်း ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံကြရတာပေါ့။ဇာတ်လမ်းအကျဉ်းနည်းပညာတက္ကသိုလ်ကျောင်းကို ပထမဆုံးခြေဆန့်ရတဲ့ ကျောင်းသားတွေက တက္ကသိုလ်ရဲ့ အရသာကို ပျော်ရွှင်ခံစားနေကြပါတယ်။ နှစ်ချို့ စီနီယာ ကျောင်းပျော်ကြီးနဲ့အတူ တစ်ခန်းတည်းကျတဲ့ ဘော်ဒါသုံးယောက်ကို မြင်လိုက်ရတော့ Amir Kham ရဲ့ 3 Idiots ကို သတိရစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားမှာ 3 Idiots နဲ့ လုံးဝကို ခြားနားပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့အတူ ဇာတ်ကွက် မြှုပ်ကွက်တွေကြား ပရိသတ်တွေကို ရိုလာကိုစတာ စီးသလို ခံစားရစေမှာပါ။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင်း လျှို့ဝှက်ချက်တွေ ရှိတတ်တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ကောလိပ်ဂိတ်စောင့်ရဲ့ သမီး ကျားသစ်ကိုက်ခံရာကနေ မသေဘဲ အသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားဟာ စူးစမ်းတတ်သူပီပီ ကျားသစ်ကိုက်တာ ...
movie

D Block (2022)

2022
Deadly Cuts (2021) 5.9
Deadly Cuts (2021)   ရာဇတ်ဝတ်မှုနဲ့ လူမိုက်ဂိုဏ်းတွေများပြားတဲ့ အိုင်ယာလန်နိုင်ငံ ပစ်ဂင်စတန်မြို့လေးမှာ Deadly Cuts ဆိုတဲ့ အလှပြင် ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်စုရှိပါတယ်။ မြို့ကောင်စီကလည်း ဒီနယ်မြေကို လုံးဝမထိန်းနိုင်ဖြစ်ပြီး လူမိုက်ဂိုဏ်းတွေလည်း ဆတ်ကြေးကောက်နေတာလည်း ပျောက်သွားအောင် ဖွင့်ထားတဲ့ ဆိုင်တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ဖို့ စီစဉ်လိုက်ပါတယ်...ဒီအခက်အခဲတွေကြားကနေ မီချဲ၊ စတေစီ၊ ဂျန်မာ နဲ့ ချန်တေဆိုတဲ့ အမျိုးသမီး ၄ ယောက်ဟာ အိုင်ယာလန်ရဲ့ ထိပ်တန်းအလှပြင်ဆိုင် ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ပစ်ဂင်စတန်မြို့ရဲ့ Community ကို အဖက်ဆယ်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.59GB)/(963MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing
movie

Deadly Cuts (2021)