Channel Myanmar

Action

Prisoners of the Ghostland (2021) 5.7
Prisoners of the Ghostland (2021) Prisoners of the Ghostland (2021)=========================IMDb Rating - 5.7/10မင်းသားကြီး Nicolas Cageရဲ့ 2021ထွက် အသစ်စက်စက် actionဇာတ်ကားကြီးရပါပြီ၊ ဒီကားက​တော့ လူကြမ်းကြီးနဲ့မင်းသမီး​​လေး နှစ်ပါးသွားကြမယ့်ဇာတ်ကား​ပါ။ဇာတ်လမ်းအညွန်းက​တော့ ဂျပန်ဆာမူရိုင်း​တွေချည်းပဲ နေထိုင်တဲ့မြို့​လေးတစ်မြို့ကို ဇတ်ဇတ်ကြဲဘဏ်ဓါးပြကြီး Heroတစ်​ယောက် ဓါးပြသွားတိုက်ရာ အတိုက်မ​တော် ​တစ်ကျွန်းဆိုသလို ​ထောင်နန်းစံမြန်းလိုက်ရပါတယ်၊ဖြစ်ချင်​တော့ အဲ့ဒီမြို့အကြီးအကဲရဲ့ ​မြေးမ​လေးဖြစ်သူ​ ဘားနစ်က Nightoutထွက်ရင်း Ghostlandလို့​ခေါ်တဲ့ ဖုန်းဆိုး​မြေတစ်ခုမှာ​ပျောက်​ချင်းမလှ ​ပျောက်ဆုံးသွားပါတယ်၊ မြေးမ​လေးကို ပြန်ရှာဖို့အတွက် အကြီးအကဲက ဓါးပြကြီး Heroကို သူ့ရဲ့​ထောင်ဒဏ်နဲ့အ​ပေးအယူလုပ်ခဲ့ပါတယ်၊ Heroတစ်​ယောက် ဘားနစ်ကို Ghostlandကြီးထဲမှာ ကောက်ရိုးပုံထဲအပ်​ပျောက်ရှာသလို လိုက်ရှာဖို့မြို့အကြီးအကဲ​ပေးလိုက်တဲ့အချိန်က "​၅ရက်"ထဲပါ။ဘားနစ်ကို ဓါးပြကြီးHeroတစ်​ယောက် ​ဘေးမသီရန်မခပဲ ပြန်​​ခေါ်လာနိုင်မှာလား၊ ၅ရက်အတွင်း ပြန်မ​ခေါ်လာနိုင်ရင် ဘာပြစ်ဒဏ်ခံရမလဲ၊ဘားနစ်​ပျောက်ဆုံးသွားတဲ့ Ghostlandဆိုတာ ဘယ်လို​နေရာမျိုးလဲ၊ ဘယ်သူ​တွေကျက်စား​နေကြတဲ့​နေရာမျိုးလဲ၊ ဘာလျှို့ဝှက်ချက်​တွေရှိ​နေလဲဆိုတာကို Nicolas Cage ဇာတ်ကား​တွေရဲ့ထုံးစံအတိုင်း အရွန်း​ဖောက်ထားတဲ့ ဟာသ​တွေ၊ အ​ပြောအဆိုခပ်ကြမ်းကြမ်း၊အလန်းစားအက်ရှင်​တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ ...
movie

Prisoners of the Ghostland (2021)

2021
Knights of Valour (2021)Green Dragon Crescent Blade
Knights of Valour (2021)Green Dragon Crescent Blade တရုတ်ဂန္တဝင်စာပေအကြောင်းပြောရင်မပါမဖြစ်တဲ့ Romance of the Three Kingdoms ဝတ္ထုကို မှီငြမ်းပြီးပုံစံသစ်တစ်မျိုးနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ဟန်မင်းဆက် ကုန်ဆုံးခါနီးအချိန် တိုင်းပြည်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်နေတဲ့ အချိန်ကိုပြန်လည်ရောက်ရှိသွားသလို ယူငင်ခေါ်ဆောင်သွားနိုင်မှာပါ။တောင်လိုပုံနေတဲ့ အလောင်းတွေ၊ သွေးချောင်းစီးမှုူတွေ၊ မီးတောက်တွေနဲ့ ပျက်စီးမှုတွေ ကြားထဲမှာအဖေဖြစ်သူ ကွမ်းယွီသေဆုံးမှုကို လက်စားချေနိုင်ဖို့နဲ့သူ့ရဲ့နာမည်ကျော် ​ကျောက်စိမ်းနဂါးဓားကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ ကွမ်းရှင်းကိုတွေ့ရမှာပါ။  File size…(1 GB) Quality….WEB-DL  1080p Format…mp4 Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Myint Oo
movie

Knights of Valour (2021)Green Dragon Crescent Blade

Pandora(2016) 7.0
Pandora(2016) Pandora(2016) အညွှန်း********************IMDb...7.0Pandoraရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးပြသထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဝင်ငွေများစွာ ရရှိထားခဲ့ပါတယ် ဂျယ်ဟော့ (Kim Nam-Gil)ဟာ မိခင်(Kim Young-Ae)နှင့် မရီး (Moon Jeong-Hee),တူဖြစ်သူ မင်ဂျယ် (Bae Gang-Yoo)တို့နှင့်အတူ မြို့သေးသေးမှာ အတူတူ နေထိုင်ကြပါတယ်...သူတို့မြို့မှာ ရှိတဲ့ နျူးကလီးယားဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်ပြီး ယောင်းဂျူ (Kim Joo-Hyun)နဲ့ တွဲနေကြပါတယ်.. နျူးကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဌာနမှူး (Jung Jin-Young) ဟာ လက်ရှိ စက်ရုံအခြေအနေကို စိတ်ပူပြီး အထက်ကို တင်ပြပေမယ့် ဘယ်သူကမှအရေးတယူ မလုပ်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ ပြင်းအား အတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်...ငလျင်ဒဏ်ကြောင့် စက်ရုံမှာ ‌‌ပေါက်ကွဲမှုအနည်းငယ်ဖြစ်ခဲ့ပြီး မြိုအနီးတစ်ဝိုက်မှာရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေ ပျံ့လွင့်သွားခဲ့ပါတယ် နျူးကလီးယားစက်ရုံပေါက်ကွဲတယ်ဆိုတဲ့သတင်းက တစ်နိုင်ငံလုံးကို ပျံ့သွားပြီး အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်...စက်ရုံအတွင်းပိုင်းမှာလည်း ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပြီး နောက်ထပ်ပေါက်ကွဲမှုဖြစ်ခဲ့ရင်အခြေအနေတွေ ဆိုးဝါးသွားနိုင်တာကြောင့် စက်ရုံက ဌာနမှူးနဲ့ ဂျယ်ဟော့တို့အဖွဲ့နျူးကလီးယားဓာတ်အားပေးစက်ရုံထဲ ...
movie

Pandora(2016)

The Legend of The Condor Heroes: The Dragon Tamer (2021) 5.1
The Legend of The Condor Heroes: The Dragon Tamer (2021) Legend of the Condor Heroes : The Dragon Tamer (2021)ဒီကားကတော့ "မက်မွန်မြေက ချစ်တေးတစ်ပုဒ်" ကို အကျဉ်းချုံးရိုက်ကူးထားတဲ့ ၂၀၂၁ ထွက် ဇာတ်လမ်းအသစ်စက်စက်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ကျန်းနန် ၇ဖော် ဆီက ထွက်လာတဲ့ ကောကျင့် နဲ့ မက်မွန်ကျွန်းကထွက်ပြေးလာတဲ့ ယုံးအာတို့ စတွေ့တဲ့အချိန်က အစပြုထားပါတယ်။နဂါးနိုင်သိုင်း ၁၈ ကွက် ကို ယုံးအာရဲ့ဉာဏ်ရည်ဉာဏ်စွမ်း နဲ့သင်နိုင်ခဲ့တာ ..... ကျိုးယင်နတ်သိုင်းကို လူပျော်ကြီးဆီက အမှတ်မထင်ရခဲ့တာ ..... အဆိပ်အိုကြီး အိုးရန်ဖုန်း နဲ့ တိုက်ခိုက်တဲ့ဇာတ်ကွက်တွေကို Effects သိပ်မသုံးဘဲ ရိုက်ထားတာမို့ သဘောကျစရာကောင်းသလို အရမ်းနုမနေတဲ့ သရုပ်ဆောင်တွေကြောင့် ငယ်ဘ၀ကို ခဏပြန်ရောက်သလိုခံစားရမှာပါ။ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p and 480p File size… 1.86GB and 1GB and 500 ...
movie

The Legend of The Condor Heroes: The Dragon Tamer (2021)

2021
White Snake II: The Tribulation of the Green Snake ( 2021 ) 6.8
White Snake II: The Tribulation of the Green Snake ( 2021 ) တရုတ်ပြည်ရဲ့ မြွေဖြူနဲမြွေစိမ်း ညီအစ်မ white snake animation ဇာတ်လမ်းရဲ့အဆက်white snake2 ဟာ ၂၀၂၁ထွက် animation movieကောင်းလေးပါစတင်ပြသတဲ့၃ရက်အတွင်း box office ဝင်ငွေး$77millionsအထိ စံချိန်တင်ရရှိထားပါတယ်.. ဒီဇာတ်ကားမှာမြွေစိမ်းမလေး ရှောင်ချင်းကို အဓိကထားရိုက်ကူးထားတာပါ....မြွေဖြူမလေးရှောင်ပိုင်ဟာ အချစ်အတွက်ကြောင့် ဘုန်းတော်ကြီးရှောဖာဟိုင်ရဲ့လွေဖုန်း မျှော်စင်အောက်မှာ ဖမ်းချုပ်ထားခြင်းခံရပါတယ်...ဒါကိုလက်မခံနိုင်တဲ့ရှောင်ချင်း(မြွေစိမ်းမလေး)ဟာ ဘုန်းတော်ကြီးဖာဟိုင်ကိုပြန်တိုက်ခိုက်ရင်း ရှုံးလော်မြိုဆိုတဲ့ နေရာကိုအမှန်မထင်ရောက်သွားပါတယ်..ရှုံးလော်မြို့ကလူတွေဟာ စိတ်ထဲလွှတ်မချနိုင်တဲ့အရာတွေရှိနေလို့လူပြန်မဝင်စားနိုင်ပဲ ရောက်လာတဲ့သူတွေ ပါ... အန္တရာယ်ပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့ရှုံးလော်မြို့မှာ ရှောင်းချင်းတစ်ယောက် ရှင်သန်နိုင်ပါ့မလာ....ရှုံးလော်မြို့ကနေထွက်ခွာနိုင်ပါ့မလား.... ရှုံးလော်မြို့မှာသူ့အစ်မရှောင်ပိုင်နဲ့ရုပ်ချင်းဆင်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံရတဲ့အခါဘာတွေဆက်ဖြစ်လာမှာလဲ... အစ်မဖြစ်သူနဲ့ရောပြန်ဆုံနိုင်ပါ့မလား..အချစ်..အမုန်း...ရင်ထဲက အာဃာတတွေ...ခံစားချက်မျိုးစုံ ကို ကြည့်ရှုခံစားရမှာပါ...... Quality : HDRip 1080pFormat : mp4Genres : Animation , Action  ,Adventure , FantastyDuring : 2h 11minSubtitle : Myanmar Sub ( Hardsub sub ...
movie

White Snake II: The Tribulation of the Green Snake ( 2021 )

White Snake (2019) 7.1
White Snake (2019) White Snake 2019============="မြွေဖြူမိစ္ဆာနှင့်မှော်ဆံထိုး"IMDb Rating 7.1/10 ထိ ရရှိထားတဲ့ ဇာတ်ကားလေးပါ။ဒီအန်နီမေးရှင်း ဇာတ်လမ်းလေးကတော့ တရုတ်ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့မြွေဖြူမိစ္ဆာအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းကို အခြေခံပြီး ရှေ့မှာလည်း Live action ရော animation တွေရော ပုံစံအမျိုးမျိုး ထွက်ခဲ့ဖူးပေမယ့် အခုကတော့ ပိုကောင်းတဲ့ animation ရုပ်ထွက်တွေနဲ့ ပိုပြီးကြည့်ကောင်းလာပါပြီရိုက်ချက်အလန်းတွေ နောက်ခံတီးလုံးအလန်းတွေ လှပတဲ့ရှုခင်းတွေနဲ့ကြည့်ရှူ့သူကို ဆွဲဆောင်သွားမှာပါ...ဒီတော့ အားပေးကြည့်ရှူ့ကြပါဦးလို့။ Quality – 1080P, 720p  Blu-Ray.6CHDuration – 1 hrs 39 minsSubtitle – Myanmar HardsubFormat – Mp4Genre :  Animation, Action, AdventureSource : 1080p.Blu-Ray.6CHTranslator – Ye Kyaw HtetEncoder – San Win Maung
movie

White Snake (2019)

2019
Kate (2021) 6.6
Kate (2021) KATE [2021]ကဲ....စနေ တနင်္ဂနွေ အားလပ်ရက်မှာ IDMb rating 7.4/10 ရထားတဲ့ အက်ရှင်ကားအလန်းစားလေးနဲ့ အနားယူလိုက်ကြစို့လား!!ဇာတ်လမ်းအကျဥ်းလေးကို စပြီး မိတ်ဆက်ပေးပါရစေကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါ ငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ့ ကိတ်အတွက် ပစ်မှတ်မှန်သမျှကို ပစ်မလွဲဖြစ်တဲ့အထိ ကျွမ်းကျင်လှပါတယ်ဒါပေမဲ့လည်း ကိတ်က လူသတ်ရတဲ့ဘဝကို ပင်ပန်းလာပြီးတော့ သာမန်ဘဝလေးနဲ့ပဲ ရှင်သန်ချင်လာခဲ့ပါတယ်ကိတ်တစ်ယောက် သူ့ရဲ့နောက်ဆုံးမစ်ရှင်ကို ဆောင်ရွက်ရင်း အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။ အသက်ဆက်နိုင်ဖို့ ကိတ်အတွက် အချိန်တစ်ရက်ပဲ ကျန်ပြီးတော့ ​ အဲ့ဒီအချိန်တစ်ရက်အတွင်းမှာ ကိတ်ဟာ သူ့ကို အဆိပ်ခတ်တဲ့သူကို လိုက်ရှာပြီး လက်စားချေနိုင်ဦးမလား...???အဆိပ်ခတ်လုပ်ကြံမှုရဲ့​နောက်ကွယ်မှာ ဘာအ​ကြောင်းအရာတွေများ ရှိနေဦးမလဲ......?? ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ​ဖြစ်ပါတယ်Now You See Me,Hunger Game အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Woody Harrelson လည်း အားဖြည့်သရုပ်​ဆောင်ထားတာမလို့ အက်ရှင်ပရိသတ်အားလုံး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shwe Pyae နဲ့ Thet Hnin Hsu ပဲ ဖြစ်ပါတယ်။Quality….WEB-DL ...
movie

Kate (2021)

2021
Tuck Jagadish(2021) 6.7
Tuck Jagadish(2021)   Tuck Jagadish (2021) ----------------------------------မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းအကျဥ်းဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီးအာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီးဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ ...
movie

Tuck Jagadish(2021)

2021
Escape Room: Tournament of Champions(2021) 6.5
Escape Room: Tournament of Champions(2021) Escape Room: Tournament of Champions(2021)အညွှန်း**************************************************ဒီကားက Escape Room2019  ရဲ့အဆက်ပေါ့...ပထမကားမှာအောင်မြင်မှုများစွာရခဲ့သလို အခုကားမှာလည်း ပထမကားထက်ပိုသာတဲ့ ဇာတ်ကောင်တွေ ပိုမိုက်လာတဲ့ escape rooms တွေနဲ့ ဇာတ်ကွက်လည်းပိုခိုင်မာ ပိုကောင်းလာပါတယ်။Setting တွေပိုလန်းလာတယ်....Game ရဲ့ လျှို့ဝက်ချက်တွေပိုမြင့်လာသလိုလွှတ်မြောက်ဖို့ ပေးတဲ့ စကားဝှက်တွေက ပိုခက်လာတယ်...ဇာတ်ကောင်အသစ်တွေထည့်ပေးထားပြီး ပိုထိတ်လန့်စရာကောင်းတဲ့ Plotတွေနဲ့ပေါ့.ဆိုတော့ ဇိုဝီနဲ့ ဘင်န်မီလာတို့ ဟာ ပထမ လူသတ်ပွဲကြီးက ကံဉာဏ်ဖေးမမှုတွေကြောင့်လွတ်မြောက်လာတဲ့(၂)ယောက်ပေါ့..ဒီဇတ်ကားမှာတော့ သူတို့(၂)ယောက်ဟာ ကိစ္စတစ်ခုဖြေရှင်းရင်း မကြုံချင်ဆုံး ပိုအဆင့်မြင့်ပိုရှုပ်ထွေးပြီးပိုမိုရက်စက်ကြမ်းတမ်းလာတဲ့ လှည့်ကွက်တွေကြားမမျှော်လင့်ဘဲ ထပ်ရောက်သွားပါတယ်....သူတို့နဲ့အတူရောက်လာတဲ့သူတွေလည်းရှိပါတယ်..ဒီလူတွေကလည်း ဒီဂိမ်းတွေကိုအတွေ့အကြုံရှိဖူးတဲ့သူတွေ..မိမိအသက်ရှင်သန်ရေးကို သူတို့ဘယ်လိုရုန်းကန်ကြမလဲ...ဂိမ်းအားလုံးဟာ  သူတို့ထင်ထားတာထက်ပိုခက်ပြီးပိုကြမ်းလာတဲ့အခါမှာတော့....ဘန်န်နဲ့ ဇိုဝီတို့တစ်သိုက် ပဟေဠိတွေကိုဖြေရှင်းရင်းလွတ်မြောက်နိုင်မလား ဒါတွေကို လုပ်နေတဲ့သူက ဘယ်သူလဲSurvival အရသာကို အပြည့်အဝခံစားနိုင်မယ့်...အသက်ရှူမှားစရာဇာတ်ကွက်တွေနဲ့အတူ ကြည့်ရှုရမှာပါ...File Size :(1.8GB) (960 MB) And (365MB) Quality : WEB-DL1080P5.1CH,720p Format…mp4 Duration…01:28:00 Genre : Adventure, Action ,Horror Subtitle : Myanmar Subtitle (Hard ...
movie

Escape Room: Tournament of Champions(2021)

Escape Room (2019) 6.4
Escape Room (2019) Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင်တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။Review (Minor Spoiler alert) … Minor Spoiler alert လု့ိသာ တပ်ထားတာပါ။ဒီလိုကားမျိုးက (trailer အရရော) spoil လည်း ဖြစ်စရာသိပ်မရှိသလောက်ပါပဲ။Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီးအချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။Plot ...
movie

Escape Room (2019)

2019
Outlander (2008) 6.2
Outlander (2008) IMDb Rating (6.2)ဒီဇာတ်ကားလေးကတော့ Action , Adventure ,Sci-Fi အမျိုးအစား ဇာတ်ကြမ်းလေးပါ...ဇာတ်လမ်းလေးကလဲ ဗိုက်ကင်းခေတ်ကို ထူးခြားတဲ့ ပုံစံ တစ်မျိုးနဲ့ တင်ဆက်ထားတာပါမင်းသားတို့နေတဲ့ဂြိုလ်သားကမ္ဘာက ခေတ်လွန်နေပြီး တခြားဂြိုလ်တွေကို ကျူးကျော်ရေးလုပ်နေကြတာပါ...တစ်နေ့ မင်းသားတို့ အာကာသယာဥ်နဲ့ ခရီးသွားနေတုန်း မော်ဝီဆိုတဲ့ အကောင်ကြောင့်ကမ္ဘာပေါ်ကို အဲ့ဒီ့ယာဉ်ပျံကြီး ပျက်ကြလာခဲ့ပါတယ်....ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက အဲ့ဒီချိန်မှာ ဗိုက်ကင်းခေတ်ပဲရှိပါသေးတယ်တဲ့...ဒီတော့ အာကာသကနေပါလာတဲ့ အကောင်ကြီးနဲ့ ဗိုက်ကင်းတွေ ဘယ်လိုဖိုက်ကြမယ်မင်းသားကရော ဗိုက်ကင်းတွေကြား ဘယ်လို Survive လုပ်မလဲဆိုတာ...သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ...Graphic ပိုင်းတွေ Setting ပိုင်းတွေလဲ ကောင်းမွန်သပ်ရပ်စွာဖန်တီးထားတာမို့ကြည့်လို့မိုက်နေမယ့် ဇာတ်ကြမ်းကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားတာပါ။)  File size…(2 GB)/ (1.1 GB)/ (500 MB) Quality…BluRay 1080p /720p / 480p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Outlander (2008)

Hero(2021)
Hero(2021) ဒီဇာတ်ကားကတော့ အိန္ဒိယတောင်ပိုင်း ဇာတ်ကားတစ်ကားပါ။ ဒီကားမှာ အသဲကွဲနေတဲ့ မင်းသားကို အရင်ဆုံးမြင်ရမှာပါ။ ခေတ်အခေါ် စော်ပစ်ကောင်ပေါ့။သူ့ကောင်မလေးက ဘောစိတစ်ယောက်ရဲ့ လက်ထဲပါသွားတယ်။ အသက်တမျှ ချစ်လို့ တစ်ဘဝစာ ရည်ရွယ်ထားပြီးမှ ကွဲကွာရတဲ့အခါ ခံစားရတဲ့ ဝေဒနာက အားလုံးထက် ဆိုးပါတယ်ဗျာ။။ သူ့အဖို့တော့ နေ့စဉ် စိတ်ဓာတ်ကျမှုတွေကို ခံစားရပြီး လွတ်လမ်းရှာနေသူပေါ့။ သူ တနေ့မှာတော့ လွတ်လမ်းကို ရှာဖွေတွေ့ခဲ့ပါတယ်။ ဒါက ရူးမိုက်ခြင်းလို့လည်း ခေါ်နိုင်တယ်။ ကောင်မလေးကို သတ်ဖို့ပါ။ ဒီလိုနဲ့ ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ သူ သွားခဲ့ရာမှာတော့....  File size…(2.13 GB) / (1.07 GB) / (502 MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….2:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw Translated by NK & MT
movie

Hero(2021)

2021
Unstoppable (2010) 6.8
Unstoppable (2010) IMDb Rating(6.8) / Rotten Tomatoes (87%)မင်းသားကြီးဒန်ဇယ်ဝါရှင်တန်ရဲ့ဇာတ်ကားဆိုတော့ ရုပ်တည်ကြီးနဲ့အလေးအနက်ခံစားရမယ့်ဇာတ်ကားဆိုတာ မှန်းမိနေမှာပါ။Chris Pine တို့...Rosario Dawson တို့လဲ ပါသေးတယ်..ဇာတ်လမ်းကတော့...လူမပါဘဲလွတ်ထွက်သွားတဲ့ အန္တရာယ်ရှိတဲ့ အရှိန်ပြင်းပြင်းရထားကြီးကို ရပ်တန့်အောင် လိုက်လုပ်ရမှာပါ...ပြောတော့တာ လွယ်ပေမယ့် တကယ်ကြည့်လိုက်ရင်ကိုယ်တိုင်ပါ အသက်ရှူရပ်မတန့် ဖြစ်သွားရမယ့် အခိုက်အတန့်တွေအများကြီးပါပဲ...Rating တွေလဲ မြင့်သလို တကယ်လဲမိုက်တဲ့ဇာတ်ကားမို့ လက်လွတ်ခံလို့မဖြစ်ပါဘူး။  File size…(1.7 GB) / (999 MB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:38:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Min Aung(MMA)
movie

Unstoppable (2010)

R-Point (2004) 6.3
R-Point (2004) ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်းရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်...ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ...ဘယ်လိုအကြောင်းတွေရှိနေတာလဲ....ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ....။IMDb Rating (6.3) ရရှိထားပါတယ်။  File size…(1.8 GB) / (1 GB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myat Thet
movie

R-Point (2004)

Monkey King : The One & Only ( 2021 ) 6
Monkey King : The One & Only ( 2021 ) CMကနေ စွန်းဝူခုန်း နောက်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီတစ်ခါဇာတ်ကားလေးကတော့ ဟာသပုံစံမျိုးရိုက်ကူးထားတာပါနော်မူရင်းဝူခုန်းကိုတော့ မမှီပေမဲ့ ဒီကားလေးလည်း တဖန်အသစ်ဆန်းထားတဲ့ပုံလေးနဲ့ ရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်လို့ကောင်းပါတယ်ဒီဇာတ်ကားလေးဟာ အရာရာကို အကြမ်းဖက်ဖြေရှင်းတတ်တဲ့ ဝူခုန်းနဲ့အမြဲမေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းချင်တဲ့ ဆရာတော် နှစ်ဦးသားကြားကပြဿနာကနေ အစချီပြီးတော့ရိုက်ကူးထားတာပါ တစ်နေ့ ဝူခုန်းနဲ့ဆရာတော်သဘောထားကွဲလွဲမှုကြောင့် ဆရာတော်က အရမ်းဒေါသထွက်ပြီး ဝူခုန်းကိုအပြင်းအထန်ပြောဆိုကာ မောင်းထုတ်လိုက်ပါတယ် ဝူခုန်းကလည်းဆရာတော်စကားတွေကို စိတ်နာက ဆရာတော်အပါးကနေ အပြီးတိုင်ထွက်သွားပါတော့တယ်ဝူခုန်းထွက်သွားပြီးမကြာခင်မှာပဲ ဆရာတော်နဲ့ ဝူကျင်း ရှန့်ကျန်းမိစ္ဆာဆီမှာအဖမ်းခံလိုက်ရပါတယ် အဲ့ဒီအချိန်မှာ ဝူခုန်းတစ်ယောက်မနေသာတော့ဘဲပါးကျဲနဲ့အတူ စွမ်းအားကြီး မိစ္ဆာရှန့်ကျန်းကို ဘယ်လို နည်းလမ်းမျိုးတွေသုံးကာဘယ်လိုကယ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ ဒီကားလေးဟာဆိုရင်ခေတ်သစ်ဟာသတွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်တစ်ကားလုံးပျင်းမနေရဘဲ ရီနေရတဲ့ အချိန်ကုန်မြန်စေမဲ့ကားလေးမို့လို႕ခုပဲ ဒေါင်းကြည့်လိုက်ပါတော့နော် Quality : WEB-DL 720pFormat : mp4Genres : Action , History , FantastySubtitle : Myanmar Subtitle ( hardsub )Translated ...
movie

Monkey King : The One & Only ( 2021 )

Take Off (2017)
Take Off (2017) Take Off (2017) ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ...
movie

Take Off (2017)

2017
HEVC 1080p 5.1
Don’t Breathe 2 (2021) 6.3
Don’t Breathe 2 (2021) IMDb Rating (6.3)Don't breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။ ဒီကားမှာတော့ပိုကြမ်းတယ်လို့ပြောလို့ရတယ်။အရင်က အိမ်ကိုဖောက်တဲ့သူခိုးလေးတွေကိုတွယ်တာ... အခုကမူးယစ်ဆေးနဲ့ ကိုယ်အင်္ဂါကုန်ကူးတဲ့လူတွေကိုတွယ်မှာပါ။ Don't breath ဆိုတဲ့အတိုင်း အသက်ရှူဖို့တောင် မနားနိုင်အောင် ကြမ်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Don't breath(2016)ရဲ့အဖြစ်အပျက်ဖြစ်ပြီး ၈ နှစ်အကြာကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ မျက်မမြင်အဘိုးကြီးက ကလေးမလေးတစ်ယောက်နဲ့နှစ်ယောက်တည်း သီးသန့်နေပြီး ကလေးမလေးကို မိမိကိုယ်ကိုခုခံကာကွယ် အသက်ရှင်နိုင်ဖို့ သင်ခန်းစာတွေပို့ချထားပါတယ်။တစ်နေ့ ကလေးမလေးကို မြို့ထဲအလည်အပတ်လွှတ်လိုက်တဲ့အချိန် ဂေါက်တောက်တောက်လူနဲ့တွေ့ပြီး အဲဒီလူနဲ့အပေါင်းအပါတွေက ကလေးမလေးနောက်ကလိုက်လာရာက မျက်မမြင်ဘိုးတော်နဲ့ တွေ့ကြတဲ့အခါ...မျက်မမြင်ထင်ပြီး လျှော့တွက်ကြမယ့်ကောင်တွေနဲ့ မျက်စိသာမမြင်ပေမယ့် အသတ်အပုတ်ရှယ်ကြမ်းတဲ့ ဘိုးတော်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။Horror, Thriller ဇာတ်ကားလို့ သတ်မှတ်ထားပေမဲ့ Action ဖက်ကိုပိုပြီးသွားပါတယ်။ဇာတ်လမ်းကလည်းသွက်တယ်။သတိပြန်ပေးရဦးမယ် အသက်ရှူဖို့မမေ့ပါနဲ့ဦး။  File size…(1.7 GB) / (980 MB) / (500MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by d3m0n Lynn
movie

Don’t Breathe 2 (2021)

Don’t Breathe (2016) 7.1
Don’t Breathe (2016)  IMDb Rating (7.1) / Rotten Tomatoes (88%)လက်ရှိ နာမည်ကြီး လူကြိုက်များနေတဲ့ Horror/Thriller တစ်ကားကို တင်ပေးလိုက်ပါတယ်။ Evil Dead ကို ဖန်တီးခဲ့သူ Fede Alvarez ရဲ့ အကောင်းဆုံးလက်ရာတစ်ခုပါပဲ။ ဘက်ဂျက် ၉ သန်းပဲ အသုံးပြုခဲ့ပြီး လက်ရှိ သန်း ၁၄၀ အထိ Box office မှာတက်နေပါပြီ။ အိမ်လေးတစ်လုံးထဲမှာ သရုပ်ဆောင်လေး ၄-၅ ယောက်ကိုပဲ အားပြုပြီး တင်ဆက်သွားတာပါ။ဒါပေမယ့် ဇာတ်လမ်း၊ မထင်မှတ်တဲ့လှည့်ကွက်တွေ၊ သရုပ်ဆောင်၊ အသံပိုင်းတွေမှာ ပြောစရာမရှိအောင် ကောင်းမွန်လွန်းတဲ့အတွက် ဒီလို အောင်မြင်သွားတာပဲ ဖြစ်မယ်ထင်ပါတယ်။ လက်ရှိတော့ IMDb 7.1 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့တစ်ယောက်တည်းနေတဲ့ စစ်ပြန် မျက်မမြင်အဘိုးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်တဲ့ ဆယ်ကျော်သက်လေး ၃ ယောက်ရဲ့အကြောင်းပါ။ အလွယ်ဆုံးဖောက်ထွင်းမှုလို့ ထင်ပြီး ဝင်ရောက်သွားခဲ့ပေမယ့် ...
movie

Don’t Breathe (2016)

Into the Blue (2005) 5.9
Into the Blue (2005) IMDb Rating (5.9)ဆုံးသွားပြီဖြစ်တဲ့ Paul Walker နဲ့ Jessica Alba တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးမှာ ကားဆရာနဲ့ ကိုယ်ပျောက်မယ်တို့ကို ပင်လယ်ကမ်းခြေက ကမ်းခြေပျော် မောင်နှံလေးတွေ အဖြစ်တွေ့ရမှာပါ..ကားဆရာက ကားမမောင်းပဲ ရေငုပ်ပြီး ရတနာလိုက်ရှာရတာ ဝါသနာပါသလို အမြဲတမ်းလည်း ရှာတွေ့ပါတယ်.. ဖြစ်ချင်တော့ သူတို့စုံတွဲရယ် မြို့ပေါ်က ဘော်ဒါစုံတွဲရယ် ပင်လယ်ထဲမှာ double date ရင်း ရေအပျော်ငုပ်ကြတုန်း ကိုကင်းတွေ အပြည့်နဲ့ လေယာဉ်ပျက်ကြီးကို တွေ့ရှိသွားတဲ့အခါမှာတော့ ...လုပ်နေကျ ရတနာအတိုအစလေးတွေပဲရှာဖွေယူပြီး ပြန်ကြမလား ... ကိုကင်းလေယာဉ်ပျက်ကြီးနဲ့ ဘယ်လိုစခန်းသွားကြမလဲ... ဘယ်လိုစွန့်စားဖြေရှင်းကြမလဲဆိုတာ....ပေါ်ဝေါ်ကာအလွမ်းပြေကြည့်ရှုနိုင်သလို ဂျက်ဆီကာအယ်ဘာလေးရဲ့ ဘီကီနီနဲ့ ရေကူးနေတာလေးတွေလဲ အဝငမ်းနိုင်မယ့် ဇာတ်ကားပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားတာဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality…BluRay 1080p/720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Sai Thurein Lynn
movie

Into the Blue (2005)

The House Next Door: Meet the Blacks 2 (2021) 3.9
The House Next Door: Meet the Blacks 2 (2021) The House Next Door: Meet the Blacks 2 (2021)==================================ဒါလေးမကြည့်ခင် Meet the Blacks 1 လေး အရင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အတွဲ၁ မကြည့်ရသေးသူတွေအတွက်spoiler လေးတွေပါနိုင်ပါတယ်။ကားလ်ဘလက်ခ်တို့မိသားစု ဘီဗာလီဟေးလ်မှာ The Purge ဆိုတဲ့ သုတ်သင်ခြင်းညကြီးကို ကျော်ဖြတ်ခဲ့ရပြီးနောက်ပိုင်းကားလ်ရဲ့ ငယ်ဘဝအိမ်လေးရှိရာ အက်တလန်တာကို တစ်စခန်းရွှေ့ကြပြန်ပါတယ်။၁၀၉ ၁၁၀ ဖြစ်နေတဲ့ ကားလ်တစ်‌ယောက် သုတ်သင်ခြင်းညအကြောင်းရေးထားတဲ့ သူ့ရဲ့ Terror Night စာအုပ် အတွဲ၂ ကိုဆက်ထုတ်ဖို့လုပ်ပေမယ့် ကုန်ကြမ်းရှာမရဖြစ်နေရှာတာပါ။ဒီလိုနဲ့ စာအုပ်အတွက် ကုန်ကြမ်းရလာတယ်ဆိုမလား သူတို့မိသားစုကိုက အေးအေးလူလူနေရဖို့ကံမပါဘူးဆိုမလားတစ်ည ညလယ်ကောင်ကြီးမှာ သူတို့ဘေးအိမ်ကို စုန်းလိုလိုဆံရှည်လူကြီးတစ်‌ယောက်ရယ်၊ မျက်လှည့်ဆရာလို ဦးထုပ်ကြီးနဲ့လူတစ်ယောက်ရယ်၊ ညလယ်ကောင်ကြီး ရေကန်ဘေးမှာနေပူဆာလှုံနေကြတဲ့ ဘစ်ကနီနဲ့ကောင်မလေးတွေရယ် ပြောင်းလာတာကိုကားလ်တို့တစ်တွေ စုံထောက်လုပ်ကြရင်း....ဘာတွေတွေ့ရှိလာရမလဲ ဘယ်လိုတွေလွဲကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ဖြစ်ပါတယ်။) Quality – 1080p, ...
movie

The House Next Door: Meet the Blacks 2 (2021)

2021