Channel Myanmar

Action

Mortal Kombat Legends: Battle of the Realms (2021) 7.2
Mortal Kombat Legends: Battle of the Realms (2021) Mortal Kombat Legends: Battle of the Realms (2021)======================================IMDb Rating - 7.2/10Mortal Kombat Fan​တွေ ​စောင့်​မျှော်​နေတဲ့ Animation​ကားလေးထွက်ရှိလာပါပြီ၊ ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion's Revengeရဲ့ အဆက်ဇာတ်လမ်းဖြစ်ပါတယ်။မရင်းနှီး​သေးတဲ့သူ​တွေအတွက် Mortal Kombatပြိုင်ပွဲအ​ကြောင်း အကျဥ်းချုပ်​ပြောရရင် Realms​ခြောက်ခုထဲက ကြီးနိုင်ငယ် ညှင်းသိမ်းပိုက်မှု​တွေကို ကာကွယ်ဖို့ Universeရဲ့ Elder Gods​တွေက​နေ စီစဥ်​ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ၊ Scorpion' Revengeမှာ​တော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စု​ကြောင့် Earth Realmဘက်က ပြန်အနိုင်ရပြီး ကံ​ကောင်းခဲ့တာပါ၊Scorpion's Revengeအပြီးမှာ Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ​ရေဒင်၊ ဂျွန်နီ​​​ကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က ​နောက်တစ်နှစ် ပြည့်သွားပြီဖြစ်တာ​​ကြောင့် Outworldစစ်တပ်​တွေ Earth​ပေါ် ...
movie

Mortal Kombat Legends: Battle of the Realms (2021)

2021
F9 (2021) Fast and Furious 9 5.5
F9 (2021) Fast and Furious 9  (function(f,b,n,j,x,e){})();  F9: The Fast Saga(2021) အညွှန်း****************************ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ.....အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်းထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့....F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်းပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေအက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ.. File Size :(2.7GB) / (2.6GB)/(1.4GB)/586MB Quality :WEB-DL HEVC / 1080p / 720p / 480p Format…mp4 Duration…02:23:00 Genre : Action, Crime , Adventure Subtitle ...
movie

F9 (2021) Fast and Furious 9

HEVC 1080p 5.1
Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie

Fast and Furious Presents: Hobbs & Shaw

2019
The Fate of the Furious (2017) Fast and Furious 8 6.8
The Fate of the Furious (2017) Fast and Furious 8       Fast & Furious ပရိသတ်တွေအတွက် USD 250 million အကုန်အကျခံပြီး အကောင်းဆုံးတင်ဆက်ထားတဲ့အတွက် Box officie မှာ USD 1 Billion ကျော် ဝင်ငွေရပြန်ရခဲ့ပြီး IMDb 7.2 ထိ Rating ရထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး “ဒွန်မနစ်တိုရက်စ်တို” တစ်ယောက် သူရဲ့ ချစ်ဦးသူ “လတ်တီ” တို့ ကျူးဘားကျွန်းလေးမှာ ဟန်နီးမွန်းထွက်နေကြပါတယ်။ဒီအချိန်မှာ အမေရိကန်အစိုးရရဲ့  Electromegnatic Pulse –EMP လို့ခေါ်တဲ့စွမ်းအားမြင့်ဗုံးကို အခိုးခံလိုက်ရပြီးဘာလင်က လက်နက်ကုန်သည်တွေ လက်ထဲမှာရောက်နေပါတယ်လို့ သတင်းရထားပါတယ်။ဒီဗုံးနဲ့သာတိုက်ခိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်မြို့ကြီးမဆို စွမ်းအင်တွေပြတ်ပြီးကျောက်ခတ်ကလို ပြန်ဖြစ်သွားနိုင်တဲ့အတွက် အမေရိကန်အစိုးရ ကိုယ်လုပ်ထားတဲ့ဗုံးအတွက်ကိုယ်ပြန်ပူပန်နေရပါပြီ။တစ်ခြားနိုင်ငံတစ်ခု ပိုင်နက်မှာဆိုတာ့ အစိုးရအနေနဲ့ တရားဝင်အဖွဲ့အစည်းတွေလွတ်လို့မရတဲ့အတွက် “လုခ်ဟော့ခ်” ကိုပဲ ဦးဆောင်ခိုင်းပြီး ပြန်ခိုးခိုင်းလိုက်ပါတယ်။ဒီ EMP ဗုံးကို Furious အဖွဲ့သားတွေ အောင်မြင်အောင်ခိုးလာနိုင်ပေမယ့် ဇာတ်လိုက်ကျော်ကြီးဒွန်က သစ္စာဖောက်ပြီး ...
movie

The Fate of the Furious (2017) Fast and Furious 8

2017
Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie

Furious 7 (2015) Fast and Furious 7

2015
Fast Five (2011) Fast and Furious 5 7.3
Fast Five (2011) Fast and Furious 5      ရုပ်ရှင်မိတ်ဆက်ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ...
movie

Fast Five (2011) Fast and Furious 5

2011
The Fast and the Furious: Tokyo Drift (2006)Fast and Furious 3 6.0
The Fast and the Furious: Tokyo Drift (2006)Fast and Furious 3       ရှောင်ဆိုတဲ့လူငယ်လေးဟာ တကယ်ပြဿနာအိုးကောင်..ကျောင်းတက်ရင်လည်း ပြဿနာမျိုးစုံတက်သလိုရန်ပွဲတွေလည်းခဏ ခဏဆင်နွှဲလေ့ရှိတယ်...ဒီလို ဂျစ်ကန်ကန်ကောင်လေးကြောင့်အမေဖြစ်သူဟာ ခဏ ခဏနေရပ်ပြောင်းရလေ့ရှိတယ်....နောက်ဆုံးအဆင်မပြေတဲ့အဆုံးအမေဖြစ်သူဟာ ရှောင်ကို အဖေဖြစ်သူနေထိုင်တဲ့ ဂျပန်နိုင်ငံတိုကျိုမြို့ကိုလွှတ်လိုက်တယ်...အဖေနဲ့အတူနေပြီး နိုင်ငံခြားကျောင်းမှာ ခြေငြိမ်မယ်အထင်နဲ့ပေါ့...သို့ပေမဲ့ ဂျပန်ရောက်မှာ ပိုဆိုးပါတော့တယ်....File Size :(1.95GB) (0.99 GB) Quality : Blu-Ray1080P5.1CH, 720p Running Time : 1hr 44min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-SPARKS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw  
movie

The Fast and the Furious: Tokyo Drift (2006)Fast and Furious 3

2006
2Fast 2 Furious (2003)Fast and Furious 2 5.9
2Fast 2 Furious (2003)Fast and Furious 2   F1 ကပြဿနာမျိုးစုံပြီးတဲ့နေက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီးအရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ်...အမှုငယ်ပေါင်းများစွာနဲ့ပေါ့...ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီးသတင်းအရမ်းထွက်နေတယ်...သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်းငွေဖြူအချီကြီးလုပ်ဖို့စီစဉ်နေတယ်လို့သတင်းရနေတယ်..ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့အသုံးချပါတော့တယ်.... File Size :(2.05GB), (0.99 GB)Quality : Blu-Ray1080P5.1CH 720pRunning Time : 1hr 46minFormat : Mp4Genre :Action, Crime, ThrillerSubtitle : Myanmar Subtitle (Hard Sub)Source : 1080p BluRay x264-SPARKSTranslated by Thura Zarni AungEncoded by Thanhtike Zaw
movie

2Fast 2 Furious (2003)Fast and Furious 2

2003
The Fast and the Furious (2001) Fast and Furious 1 6.7

The Fast and the Furious (2001) Fast and Furious 1

2001
Tower Heist(2011) 7.0
Tower Heist(2011) Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင်  အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie

Tower Heist(2011)

Zombieland (2009) Zombie Land 7.6
Zombieland (2009) Zombie Land IMDb Rating (7.6) / Rotten Tomatoes (89%)အီမာစတုန်းတို့လို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ခေတ်ကိုသရော်ထားတဲ့ Zombie ဟာသဇာတ်ကားပါ...Rating တွေမြင့်သလို အကောင်းဆုံး Zombie ဇာတ်ကားတွေထဲမှာပါဝင်ပါတယ်...ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာသူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ်အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ်ယောက် သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးအိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ ခရီးဆက်ရင်း သူတို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြပြီးလိုရာခရီးကို ဆက်သွားခဲ့ကြတယ်နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူတို့၄ယောက်ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူးလို့သူတို့ထင်နေခဲ့ကြတဲ့ပစိဖိတ် ပေးလန်း(ဒ်) ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာတွေကို ရိုက်ကူးပုံဖော်ထားတဲ့Zombie ...
movie

Zombieland (2009) Zombie Land

Nemesis (2019) 6.9
Nemesis (2019) Nemesis (2019) คืนยุติ-ธรรมထောင်ဆိုတာ ဆင်းရဲသားတွေအတွက် သီးသန့်ဖြစ်နေခဲ့ပြီး ငွေရှိရုံနဲ့ အမှားမှန်သမျှကို အမှန်ဖြစ်အောင် လုပ်ပစ်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရရင် ခင်ဗျားဘယ်လိုဖြေရှင်းမလဲ?အော့နှလုံးနာစရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးရဲ့ တစ်စိတ်တစ်ပိုင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင်အဓိကဇာတ်ကောင်ဖြစ်တဲ့ မာနွတ်ဟာ ကိုယ်ဝန်နဲ့ ဇနီးဖြစ်သူကို သတ်ခဲ့တဲ့သူရယ်လို့ သတင်းတွေမှာ ဝေဝေဆာဆာဖော်ပြခံရတဲ့ လူသတ်သမားတစ်ဦးပါ။ဒါ့အပြင် မာနွတ်က မူးယစ်ဆေးသုံးစွဲထားမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် စိတ်ကျန်းမာရေးမကောင်းတဲ့သူအဖြစ်လည်း သတ်မှတ်ခံထားရပါသေးတယ်။တရားစီရင်မှုအပြီးမှာပဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတဲ့ လူသတ်မှုဟာ မာနွတ်ထောင်ကလွတ်လာပြီးနောက်မှာတော့ တစ်ဖန်ပြန်ပြီး လှုပ်နှိုးခံလိုက်ရပါတော့တယ်။ဆေးသမားတစ်ယောက်က သူ့မိန်းမကို သတ်လိုက်တာလို့ ရိုးရိုးတန်းတန်းထင်ခဲ့ကြတဲ့ လူသတ်မှုနောက်ကွယ်မှာ မရိုးဖြောင့်နိုင်တဲ့ ရင်နာစရာ အဖြစ်အပျက်တွေ အများကြီးရှိနေတဲ့အခါ...သူ့အတွက် တရားမျှတမှုမပေးနိုင်တဲ့ တရားဥပဒေကို ကျော်လွန်ပြီး မာနွတ်တစ်ယောက် ဘယ်လိုတရားစီရင်မှာလဲ?လောကကြီးကိို ထင်ဟပ်စေတဲ့ ထိုင်းအက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပြီး ပြီးလို့ ပြီးမှန်းမသိအောင် ဇာတ်ရှိန်အတက်အကျမှန်မှန်နဲ့ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ File size…1.7GB and 1.1GB and 499MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator .....Hazel Encoder ...
movie

Nemesis (2019)

2019
The Protégé (2021) The Protege 6.6
The Protégé (2021) The Protege IMDb Rating (6.6) / Rotten Tomatoes (60%)နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q.. မားသားဖက်ခါကြီး Samuel L. Jackson နဲ့ မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​ ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ်။ကြေးစားလူသတ်သမား မူဒီဟာ ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို ​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ... အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်... တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်... ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ... နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ...။မင်းသမီးလည်းမိုက် မင်းသားတွေကလည်း ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့ ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့ အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Pyi T Nyein နဲ့ Chit Tee တို့မှ တင်ဆက်ထားပါတယ်။)File size…(1.8 GB) / (1 GB) / (500 MB)Quality…WEB-DL 1080p / 720p ...
movie

The Protégé (2021) The Protege

Kabir Singh (2019) 7.5
Kabir Singh (2019) IMDb Rating (7.1)၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ်အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ်ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ"သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့"ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့....။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်)Arjun Reddy (2017) Original ဇာတ်ကားကို https://channelmyanmar.org/arjun-reddy-2017/ မှာကြည့်လို့ရပါတယ်။  File size…(2.8 GB) / ...
movie

Kabir Singh (2019)

2019
Arjun Reddy (2017) 8.1
Arjun Reddy (2017) Arjun Reddy (2017) ••••••••••••••••••••••••• "တစ်နည်းနည်းအားဖြင့် တစ်ယောက်က ပြိုလဲခဲ့ရင် ကျန်တဲ့ တစ်ယောက်က ပို ပူဆွေးရတယ်။ ဒါ့ကြောင့် ငါ ချစ်တဲ့သူကို မထိခိုက်စေပါနဲ့ " - [Arjun Reddy ]ဇာတ်လမ်းအကျဉ်း ______________ နောက်ဆုံးနှစ် ဆေးကျောင်းသား Arjun ဟာ ဒေါသသိပ်ကြီးတတ်တဲ့ လူငယ်ဗီဇ နဲ့ မွေးဖွားလာသူပါ။ စာပေမှာလည်း တော်သလို အားကစားမှာလည်း ထူးချွန်ပါသေးတယ်။ ဒါပေမယ့် ဖြစ်သမျှ ဘောလုံးရန်ပွဲတွေကတော့ သူနဲ့ မကင်းခဲ့ရပါဘူး။ ဌာနမှူးက တော့ သြဝါဒတွေ အလီလီခြွေလို့။ " ဆေးပညာရပ်မှာ ဒေါသမထိန်းနိုင်တဲ့သူက ခွဲစိတ်ဓားကိုင်တဲ့ လူသတ်သမားနဲ့ တူတယ် Arjun " ဒီလို ဆုံးမလည်း Arjun ကတော့ မထူးလှ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျောင်းတစ်လ နားခံရလည်း ဂရုမစိုက်တတ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ပထမနှစ်ကျောင်းသူလေး Preethi ကို တွေ့ခဲ့မိပါပြီ။ဒီတော့ Arjun ဟာ Preethi ကို သိပ်ချစ်တတ်ခဲ့တယ်။ ကမ္ဘာတစ်ခုလုံးကို အရှုံးပေးရလောက်အောင် အရူးအမူးပါပဲ။ သူ ...
movie

Arjun Reddy (2017)

Dien Toi (2021)
Dien Toi (2021) Dien Toi (2021)ရှားရှားပါးပါး ဗီယက်နမ် သရဲကားလေးတစ်ကား အသစ်ထွက်လာတာမို့ သရဲကားကြိုက်သူများအတွက် ကားကောင်း လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ .....နာမည်ကြီးအောင်မြင်နေတဲ့ ဆယ်ကျော်သက်စာရေးဆရာမလေး "မန်ကျောက်" ဆီကို ညစဥ်ညတိုင်း သရဲမလေးတစ်ယောက်က ကူညီပေးဖို့ အိပ်မက်ပေးတာကြောင့် သူမမှာ စာရေးဖို့အတွက် အခက်အခဲတွေရှိနေပါတယ်။တစ်ရက်မှာတော့ ဒါရိုက်တာပေါက်စ "ထိုက်" ဆိုတဲ့ကောင်လေးနဲ့ အကြောင်းကိစ္စ တစ်စုံတစ်ရာကြောင့် တွေ့ဆုံခဲ့ကြပါတယ်။မန်ကျောက် ရဲ့ အိပ်မက်တွေထဲကို အကူအညီလာလာတောင်းနေတဲ့ သရဲမလေးက သူ့အိမ်အနား​က စန္ဒယားသင်တန်းရဲ့အပေါ်ထပ်မှာရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့...သဘာဝလွန်စွမ်းအားရှိပြီး အတိတ်ဆီကိုမြင်နိုင်တဲ့ မန်ကျောက်နဲ့ ပ​ရလောကကို မြင်နိုင်တဲ့ ထိုက် တို့နှစ်ယောက်သား သရဲမလေးကို ကယ်တင်ပြီး ဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုကို ဘယ်လိုတွေကြိုးစားကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဗီယက်နမ် Horror, Thriller ကားကောင်းလေးဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ HAW ပဲ ဖြစ်ပါတယ်။File size… 1.7GB and 1GB and 400MB Quality….WEB-DL 1080p and 720p and 480p Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ...
movie

Dien Toi (2021)

2021
Monster (2014) 6.5
Monster (2014) Monster(2014) =========== IMDb. = 6.5/10ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။ သို့ပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလို့ရပါတယ်။ Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို့ ဆိုရမှာပဲ။ Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်း‌ဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာပဲ။ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။ ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။ သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။ ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။ နောက်... ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ ...
movie

Monster (2014)

2014