Channel Myanmar

Action

My Boss, My Hero(2001) 6.5
My Boss, My Hero(2001) ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာ အလားအလာကောင်းတဲ့ ဂန်းစတားတစ်ယောက်ပါသူ့ရဲ့စွမ်းဆောင်မှုတစ်ခုကြောင့် ဂိုဏ်းခေါင်းဆောင်ကြီးက သဘောကျပြီး ဆိုးလ်မြို့ရဲ့ အချက်အချာအကျဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ မြောင်ဒေါင်း ကို အုပ်ချုပ်စေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အထက်တန်းတောင် မအောင်တဲ့ သူ့ကိုအရေးပါတဲ့နေရာတစ်ခုကို အုပ်ချုပ်ဖို့ တာ၀န်ပေးတာ မဖြစ်သင့်ဘူးလို့ ကျန်တဲ့ လူမိုက်တွေက ဝိုင်းကန့်ကွက်ကြတဲ့အခါဂန်ဒူဆစ် တစ်ယောက် ကြီးကောင်ကြီးမား လူလတ်ပိုင်းအရွယ်ကျမှ ကျောင်းပြန်တက်ဖို့ လုပ်ရပါတော့တယ် သူ့ရဲ့တပည့်ကျော်နှစ်ယောက်ကြောင့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ၀င်ခွင့်ရခဲ့ပေမယ့် ဂန်းစတားဘ၀ကနေကျောင်းသားဖြစ်သွားတဲ့ လူမိုက်ကြီး ကျောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါဒီကားအဆက် My Boss,My Teacher (2006) ကို  https://channelmyanmar.org/?s=my+boss+my+teacher ဒီမှာကြည့်ပါ။ Translated by : Aung Tay ZaEncoded by: YKFile Size ...
movie

My Boss, My Hero(2001)

2001
District 13: Ultimatum (2009) 6.5
District 13: Ultimatum (2009) IMDb Rating(6.5) / Rotten Tomatoes(75%)၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးကိုမှတ်မိလောက်ဦးမယ်ထင်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ပထမကားဟာ IMDb 7.1 ထိရရှိခဲ့သလိုပဲ ဒုတိယကားဟာလည်း IMDb 6.5 ဆိုတော့ ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ဒုတိယမြောက်ကား‌လေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး ပထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်က‌နေပဲ ဆက်ထားပါတယ်။ လီတိုတို့ရဲ့ အမဲရောင်နယ်မြေ‌လေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး နယ်မြေကောင်းကောင်း‌‌လေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့ အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာ‌လွင့်ပျောက်သွားပြီး လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့‌နယ်မြေလေးကို ဖြိုဖျက်ပြီး အသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့ ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊ လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ လီတိုတို့နယ်မြေရဲ့ ဂိုဏ်း‌တွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်း‌လေးတစ်ကားပါ။ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။  File size…(1.9 GB) / (1 GB) / (500 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

District 13: Ultimatum (2009)

District 13 (2004) District B13/Banlieue 13 7.1
District 13 (2004) District B13/Banlieue 13 IMDb Rating(7.1)/Rotten Tomatoes (70%)ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်... အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်.. ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပြီး IMDb rating 7.1 ရရှိထားတဲ့ထိ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ဇာတ်လမ်းကတော့.... လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ...ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။ အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ.. ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး..သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ... လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျုဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ... ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ...
movie

District 13 (2004) District B13/Banlieue 13

PUBG Ground Zero (2021) 6.4
PUBG Ground Zero (2021) PUBG - Ground Zero (2021)PUBG ထဲက Playerunknown ရဲ့ Battleground's Universe ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုလေးပါ။မာဒုန်ဆော့ ရဲ့ ဖန်များ အားပေးနိုင်ရန် အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .......အကျဉ်းသား မာဂန်ဂျယ် ဟာ အင်မတန် အားသန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့လူကြီး ဖြစ်ပါတယ်။သူ့ကို အသေရရ အရှင်ရရ ဖမ်းမိတဲ့သူကို ဆုတော်ငွေ ချီးမြှင့်မယ်လို့ ကြော်ငြာလိုက်တဲ့ အချိန်မှာတော့ .....ထောင်သားအားလုံးက ဖမ်းဆီးဖို့ ပြင်ဆင်ကြပါတော့တယ်။ကျွန်တော်တို့ရဲ့ လူသန်ကြီး မာဒုန်ဆော့ ဘယ်လောက်ထိ သန်မာဦးမလဲ? ကြမ်းပြ ရမ်းပြဦးမလဲဆိုတာကို ဒီဇာတ်လမ်းတိုလေးထဲမှာ ကြည့်လိုက်ကြရအောင်ဗျာ။၉ မိနစ်ဆိုပေမယ့် သဘောတွေ့ မနောခွေ့မိမှာတော့ အသေအချာပါ။ဘာသာပြန်ပေးထားတာကတော့ August ပဲ ဖြစ်ပါတယ်။File size…140 MB Quality….1080p Format…mp4 Duration…. 9 min Subtitle….Myanmar Subtitle (Hardsub) Translator ..... August Encoder ..... August
movie

PUBG Ground Zero (2021)

2021
The Last Mercenary (2021) 7.0
The Last Mercenary (2021) The Last Mercenary (2021)===================IMDb Rating - 7.0/10 ဒီနေ့အတွက် အားလုံးပဲသိကြတဲ့ မင်းသားကြီး ဗန်ဒိန်းရဲ့ ကားသစ်ကိုတင်ဆက်ပေးပါမယ်။ဇာတ်လမ်း အကြမ်းဖျဥ်းလေးညွှန်းရရင် ဗန်ဒိန်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပြီးအစိုးရရဲ့ လျှို့ဝှက်မစ်ရှင်ကို ဦးစီးပြီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲ့ မစ်ရှင်ကိုပဲ အစိုးရက လူသိမခံစေချင်တာကြောင့်အေးဂျင့်တစ်ဖွဲ့လုံးကို ခြေရာဖျောက်နေထိုင်စေချင်ပါတယ်။ ဒါကြောင့် အလဲအလှယ်အနေနဲ့ ဗန်ဒိန်းရဲ့မိန်းမက သူ့သား(ဗန်ဒိန်းရဲ့သား) ကို ဥပဒေကနေကင်းလွတ်ခွင့်ပေးရမယ်ဆိုပြီး အစိုးရထံကနေ ပြန်လည်တောင်းဆိုလိုက်ပါတယ်။ အစိုးရနဲ့ အပေးအယူလုပ်ပြီး ဗန်ဒိန်းကလည်း ခြေရာဖျောက်နေထိုင်ကာ သူ့သားကိုပါ တစ်ခြားတစ်ယောက်ထံအပ်နှံထားခဲ့ပြီး ၂၅နှစ်ကြာ ခြေရာဖျောက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိစ္စတစ်ခုကြောင့် သူ့သားဟာ အန္တရာယ်တွေကြားမှာ ပြေးလွှားဖို့ ဖြစ်လာခဲ့ရတာမို့ . ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လျှို့ဝှက်အေးဂျင့်ကြီး ဗန်ဒိန်း၊ မစ်ရှင်တွေအမျိုးမျိုးကို ကြမ်းကြမ်းတမ်းတမ်းဆော်ချနေတဲ့ဘဲကြီးက သားဖြစ်သူကိုကာကွယ်ဖို့အတွက် ၂၅ နှစ်ကျော်ပျောက်ကွယ်နေရာကနေ ပြင်သစ်ကို ပြန်လာတာရပါတော့တယ်။ အညွှန်းကတော့ ဒီလောက်ပါပဲဗန်ဒိန်း ရဲ့ကားသစ်လည်းဖြစ် ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ပုံတွေနဲ့ လျှို့ဝှက်အေးဂျင့်မစ်ရှစ်တွေကို ဟာသနှောပြီးရိုက်ကူးထားတာမို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါလို့ပြောချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ ...
movie

The Last Mercenary (2021)

2021
Rurouni Kenshin: The Beginning (2021) 8.0
Rurouni Kenshin: The Beginning (2021) ယောက်ဖတော်နဲ့ အသေအကြေတိုက်ခဲ့တဲ့ Rurouni Kenshin: The Final အပြီးမှာထပ်ထွက်လာတဲ့ Rurouni Kenshin: The Beginning ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ လေ့လွင့်ရိုနင် ခန်းရှင်း ရယ်လို့မဖြစ်လာမီ လူသတ်သမား ဘတ်တိုဆိုင်းအဖြစ် နိုင်ငံရေးရှုတ်ထွေးတွေကြားထဲမှာခန်းရှင်းကျင်လည်ခဲ့ရတဲ့ဘဝ အစိတ်အပိုင်းကို နောက်ကြောင်းပြန်တဲ့ပုံမျိုးနဲ့ပြောပြရင်း ဇတ်အိမ်တည်ထားတာဖြစ်ပါတယ် ၁၈၆၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း အဆုံးသတ်စစ်ပွဲဆင်နွှဲနေကြချိန် မြို့ထဲလမ်းမတွေမှာ တိုက်ပွဲတွေနေရာအနှံဖြစ်ပွားနေပြီးလူသတ်သမား ဘတ်တိုဆိုင်းဆိုတဲ့ နာမည်ကြီး ဓားသမားတစ်ယောက်ဟာ အကျင့်ပျက်အစိုးရအရာရှိကြီးတွေကိုလိုက်လံသုတ်သင်လျှက်ရှိပြီးအင်အားဘယ်လောက်များများသူ့ကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြရုံမက ရှိုးဂန်းခေတ်နှောင်းရဲ့ ရဲတပ်ဖွဲ့ကြီးကတောင် လက်မြှောက်ထားရပါတယ်။ဘတ်တိုဆိုင်းအနေနဲ့နှုတ်ယူခဲ့ရတဲ့အသက်တွေကြောင့် ဂျပန်ပြည်ကြီးကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်သွားချင်တဲ့စိတ်သာရှိတဲ့လူငယ်လေးကို ခံစားချက်မဲ့လူသတ်စက်ကြီးလိုခေါ်ရလောက်အောင်ရင့်သီးသွားစေခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့လိုဘဝတူ ကျိုးပဲ့နေတဲ့ဘဝထဲက မိန်းမလှလေးတစ်ယောက်နဲ့ဆုံခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွေကြားကနေ ကြမ်းတမ်းခက်ထန်တဲ့လူသတ်သမားအဖြစ်ကနေ နောက်ထပ် လူမသတ်တော့ဖို့ရာကျိန်ဆိုတဲ့အထိအောင်ဖြစ်သွားခဲ့ရပါတော့တယ်။Rurouni Kenshin: The Beginning ကတော့ ခန်းရှင်းနဲ့ တိုမိုအဲတို့ရဲ့ အချစ်ဇတ်လမ်းလေးကနေအသွားပြောင်းပြန်ဓားသမား ခန်းရှင်းအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့ သခင်မဲ့ဓားသမား ခန်းရှင်းရဲ့ ...
movie

Rurouni Kenshin: The Beginning (2021)

2021
Crouching Tiger, Hidden Dragon (2000) 7.8
Crouching Tiger, Hidden Dragon (2000)  Crouching Tiger Hidden Dragon (2000)ဝူတန်သိုင်းလို့ပြောလိုက်တာနဲ့ Chinese Fanတွေဆိုရင်းရင်းနှီးနှီးသိကြမှာပါဒီကားမှာတော့ ဝူတန်သိုင်းသမားသူရဲကောင်းလီမူဘိုင်က သိုင်းလောကကနေအနားယူပြီး အေးအေးချမ်းချမ်းနေဖို့ သူ့ရဲ့ကျောက်စိမ်းကံကြမ္မာဓားကို ဆရာတီဆီလက်ဆောင်ပေးရာကနေစတဲ့ဇာတ်လမ်းပါသူရဲကောင်းလီမူဘိုင်ရဲ့ဆရာတောင်ပိုင်းကြိုးကြာ(နာမည်ဝှက်)ဆီက ဝူတန်သိုင်းရဲ့လျှို့ဝှက်သိုင်းကျမ်းကို ကျောက်စိမ်းမြေခွေး(နာမည်ဝှက်)ကခိုးယူကျင့်ကြံပြီး တောင်ပိုင်းကြိုးကြာကိုသတ်ပစ်ခဲ့ပါတယ်ကျောက်စိမ်းမြေခွေးက လျှောက်သွားရင်း ရှောင်လုံဆိုတဲ့ချမ်းသာတဲ့မမလေးကို တပည့်တော်ကာပညာသင်ပေးရင်း ဇာတ်မြှုပ်နေရာမှ တပည့်လေးကြောင့် သူ့ကိုရန်သူတွေသိသွားပါတော့တယ်ရှောင်လုံကလည်း ငယ်ငယ်ထဲကဆရာ့ပြောစကားတွေကြောင့် သိုင်းလောကမှာကျင်လည်ပြီးလျှောက်သွားချင်သူပါ နာမည်ကျော်သူရဲကောင်းတွေလို အစွမ်းထက်လက်နက်တွေနဲ့ ဟိတ်ဟန်ထုတ်ချင်သူပါမမျှော်လင့်ဘဲ ရှောင်လုံနဲ့ရှုလျန်တို့တွေ့ဆုံခင်မင်ရာမှ ကျောက်စိမ်းကံကြမ္မာဓားကိုရှောင်လုံတွေ့သွားသောအခါအရမ်းလိုချင်သွားပါတော့တယ် ရှောင်လုံကလည်းဓားရအောင်ဘယ်လိုလုပ်မလဲ...ရှုလျန်ကလည်း သူ့ချစ်သူအတွက်ဓားကို ဘယ်လိုကာကွယ်ပေးမလဲ...လီမူဘိုင်ကရော သိုင်းလောကကနေအနားယူရပါ့မလား...ကဲဇာတ်လမ်းထဲပဲကြည့်လိုက်ရအောင်နော်ရှုလျန်အဖြစ် Michelle Yeoh (သူ့ကိုတော့ The Ladyကားမှာထဲက သိကြမှာပါ)လီမူဘိုင်အဖြစ် Chow Yun-Fatရှောင်လုံအဖြစ် Zhang Ziyiကျောက်စိမ်းမြေခွေးအဖြစ် Cheng Pei Pei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p, 720p IMDb Rating__7.8/10 Format__mp4 Duration__02:00:00 Type__Action ,Adventure , Fantasy , Romance Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Crouching Tiger, Hidden Dragon (2000)

Crouching Tiger Hidden Dragon: Sword of Destiny (2016) 6.1
Crouching Tiger Hidden Dragon: Sword of Destiny (2016) ကျတော် ဒီအပတ်ကုန်မှပဲ Star Wars တင်ပေးနိုင်ပါတော့မယ်။ ဒီလိုပြောလို့ ရက်စက်လိုက်တာဆိုရင်တော့ မတရားစွပ်စွဲခံရတာပါလို့ ပြန်အော်မှာနော် ငိငိ။ကျတော် ငရဲမင်းတွေ ကြယ်တာရာစစ်ပွဲတွဲကြားထဲကနေ သိုင်းလောကထဲကို ပြန်ရောက်နေလို့ပါ။ကျတော်တို့ ၉၀ ဖွား ၈၀ဖွား ၂၀၀၀ဖွားတွေငယ်ငယ်က တရုတ်သိုင်းကားထဲမှာ ဇတ်လမ်းတွဲမဟုတ်ဘဲ တစ်ကားထဲနဲ့ ဇတ်လမ်းကောင်းလွမ်းလို့ အသဲစွဲခဲ့တဲ့ ဇတ်ကားတစ်ကားကို မှတ်မိကြသေးလားမသိဘူး။ဟုတ်ပါတယ် ဝပ်နေသောကျား ပုန်းနေသောနဂါးပါပဲ။ အခု ၂၀၁၆ မှာ အသစ်စက်စက် ထပ်ထွက်လာခဲ့ပါပြီ။ဒီလိုကိစ္စမျိုး ရှိလားလို့မမေးပါနဲ့ ရှိပါပြီ။ ဒီကားကို မနေ့ကထွက်ထွက်ချင်း တနေကုန်ထိုင်ရေးပေးထားတာပါ။၁ ကို လောလောဆည်ပြန်မတင်နိုင်သေးလို့ ဇတ်လမ်းအကျဉ်းပဲ ပြောပြပါ့မယ်။၁ ရဲ့ နောက်ဆုံးခန်းမှာ ရှုလျန် ရဲ့ ချစ်သူ လီမုပေ့ သေသွားခဲ့ပြီး ခင်ပွန်းလောင်းကလဲ ချောက်ထဲခုန်ချသွားတာနဲ့ အဆုံးသတ်သွားခဲ့တာပါ။ဒီကားမှာတော့ ၁၈ နှစ်ကြာပြီးနောက်မှာ ရှုလျန် ပြန်လာခဲ့ပြီး လီမုပေ့ရဲ့ ကြမ္မာစိမ်းဓားကို လုမဲ့ သိုင်းဂိုဏ်းကြီးကို ခုခံတဲ့အကြောင်းကို ...
movie

Crouching Tiger Hidden Dragon: Sword of Destiny (2016)

The Thieves (2012) 6.8
The Thieves (2012)  ဒီဇာတ်ကားကို ၂၀၁၂ ဇူလိုင်လမှာ စပြီဖြန့်ချီခဲ့ပါတယ် ။IMBd rating 6.8 ရရှိခဲ့ပြီး Rotten Tomatoes 64% နဲ့Metacritic 75% အထိရရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာကိုရီးယားရဲ့ထိပ်တန်းဖြစ်လာမယ့်သရုပ်ဆောင်တွေနဲ့ထိပ်တန်းဖြစ်ခဲ့တဲ့သရုပ်ဆောင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုရီးယားနိုင်ငံ ရဲ့movie indrustry တိုးတက်လာတာနဲ့အမျှရိုက်ကူးလာတဲ့ ဇာတ်ကားတွေရဲ့အရည်အသွေးတွေလဲ ထိပ်တန်းရောက်လာနေပါတယ်။ Budget ကို ကန်ဒေါ်လာ ၁၄.၁ မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၈၆ သန်းကျော် ပြန်လည်ရှာဖွေပေးနိုင်ခဲ့ပါတယ် ။ စတင်ဖြန့်ချီခဲ့တဲ့ ၂၀၁၂ ကနေစပြီး ၂၀၁၃ အထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၉ခု မှာ ဆုအတွက်လျာထားခြင်းခံခဲ့ရပါတယ်။ ဆုပေးပွဲ ၉ခု မှာ ဆုပေါင်း၃၁ ခုအတွက်လျာထားခြင်းခံခဲ့ရပါပြီး ၁၃ဆုကို ရယူနိုင်ခဲ့ပြီး ၁၈ ဆုကိုတော့ဇကာတင်စရင်းဝင်နိုင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာပြသခဲ့ပေမယ့် အာရှနိုင်ငံတွေမှာသာ ဆုရယူနိုင်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ဆုသိပ်မရခဲ့ဘဲ စက်ပိုင်းဆိုင်ရာတွေ ဒါရိုက်တာဆု တွေနဲ့ဖန်တီးမှုတွေအတွက်ရတဲ့ဆုကပိုများပါတယ်။ နောက်ကပံ့ပိုးပေးတဲ့သူတွေ တော်တော်များများဆုရခဲ့တာပါ...ကိုရီးယားရုပ်ရှင်သမိုင်းမှာ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တယ့် The Host ...
movie

The Thieves (2012)

2012
Players (2012) 4.1
Players (2012) IMDb Rating (4.1) / Rotten Tomatoes (43%)Hollywood ရဲ့ နာမည်ကြီးThe Italian Job ဇာတ်ကားကို ပြန်ရိုက်ကူးထားတဲ့ Bollywood ဇာတ်ကားပါ...ဒါပေမယ့် မူရင်းကားနဲ့ မတူအောင်ကြိုးစားဖန်တီးတင်ဆက်ထားတာကိုတွေ့ရမှာပါ....ဇာတ်လမ်း Duration ကလဲ မူရင်းကားထက်စာရင် နှစ်ဆလောက်ကြာအောင်ကိုရိုက်ကူးထားတာမို့ဇာတ်ညွှန်းကြိုက်ပြီးသားလူအတွက် ဝဝလင်လင် ပြန်ခံစားရသလို အသက်ဝင်စေပါတယ်။မင်းသား/မင်းသမီးအစုံအလင်နဲ့ Bollywood ရဲ့ အက အလှတွေကိုအပြည့်အဝခံစားရမှာ ဖြစ်သလိုThe Italian Job ကိုကြည့်ဖူးပြီးသား ကျွန်တော်တောင်တောက်လျှောက်ပြန်ကြည့်မိအောင် ခမ်းခမ်းနားနားရိုက်ကူးထားတာကိုတွေ့ရပါတယ်...ဇာတ်ကားရဲ့ လှည့်ကွက်တွေကလဲ Bollywood ပီသစွာ ပီပြင်တာမို့ ကြည့်ရတာ မိုက်ပါတယ်။  File size…(3.3 GB) / (2.1 GB) / (900 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….02:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Players (2012)

The Italian Job (2003) 7.0
The Italian Job (2003) IMDb Rating (7) / Rotten Tomatoes (73%)Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Professional သူခိုးတွေရဲ့ စနစ်ကျနမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီးလူ့စိတ်ရဲ့အလင်းအမှောင်နဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရှုမြင်ခံစားရမှာပါ...လှည့်ကွက်အများအပြားနဲ့ဇာတ်ကားမို့လို့ ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးချင်ပါဘူး...။မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတဲ့အကြောင်းပဲ မိတ်ဆက်ပေးချင်ပါတယ်....။Action, Crime, Thriller အမျိုးအစားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီးသတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။  File size…(2.2 GB) / (1.4 GB) / (600 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Italian Job (2003)

Batman: The Long Halloween, Part Two(2021) 7.5
Batman: The Long Halloween, Part Two(2021)   စုံ​ထောက်ကြီးဘတ်မန်းနှင့် ဟောလိုးဝင်းခရီးရှည်ကြီး အပိုင်း(၂)ထွက်လာပါပြီ.အပိုင်း(၁)မှာ ဂျိုကာနဲ့ နွယ်ပျိုမယ်တို့ ​ပေါ်လာကြပြီဖြစ်သလို ဇာတ်လိုက်​ကျော် ​ဟောလီး​ဒေးလူသတ်သမားကလည်း မြို့မျက်နှာဖုံးကြီးဖယ်ကိုနီရဲ့အ​ရေးပါတဲ့မိသားစုဝင်တစ်​ယောက်ကို ထပ်သတ်ပြီးအဆုံးသတ်ထားပါတယ်အပိုင်း(၂)မှာ​​တော့ ​ဟောလီး​ဒေးအမည်ခံလူသတ်သမားက ဘယ်သူဖြစ်​နေမလဲ.စုံ​ထောက်ကြီးဘတ်မန်းထင်​နေသလို ဟာ​ဗေးဒန့်ကပဲ​ ဟောလီး​ဒေးဖြစ်​နေမလား.ပရိတ်သတ်အချစ်​တော်ဂျိုကာကြီးနဲ့ နွယ်ပျိုမယ်တို့က​ရော ဘယ်လိုအ​ဖျက်အ​မှောင့်လုပ်ငန်း​တွေ လုပ်ကြဦးမလဲ.တခြားဘယ်နာမည်ကြီးဗီလိန်​တွေ ထပ်ပါလာဦးမလဲ.ဟာ​ဗေးဒန့်ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ DC fanတိုင်းသိကြတဲ့ ဗီလိန်တစ်​ယောက်က ဘယ်လို​မွေးဖွားလာမလဲ...စတဲ့​​ပ​ဟေဠိ​ပေါင်းများစွာ၊လှည့်ကွက်​ပေါင်းများစွာကို ဘတ်မန်းနဲ့အတူ ပရိတ်သတ်​​တွေကိုယ်တိုင် ​ဖော်ထုတ်အ​ဖြေရှာရဦးမှာပါBatman:Under The Red Hood​ နောက်ပိုင်းထွက်လာတဲ့ထဲမှာ ဒီLong Halloween part 1 and 2ဟာ ​တော်​တော်​လေးDarkဖြစ်တာမို့DC animated universe fanတိုင်း လတ်လွတ်မခံပဲကြည့်ရှုသင့်တဲ့ animationတွေပဲဖြစ်ပါတယ်. အား​ပေးကြည့်ရှုလိုက်ကြပါဦး Translated by : JimXEncoded by  YKFile Size : 1.67GB and 970MBDuration : 1h 27mins 
movie

Batman: The Long Halloween, Part Two(2021)

2021
The Man (2005) 5.6
The Man (2005) The Man 2005IMDb 5.6Motherfucker လို့ဆဲနေကျ Samuel L. Jackson ရဲ့ ဟာသအက်ရှင် Agent ဇာတ်ကားဟောင်းလေးတင်ဆက်လိုက်ပါတယ်.. သူနဲ့အပြိုင်ကြဲမယ့် ဟာသသရုပ်ဆောင်ကတော့ American Pie ထဲက မင်းသားကြီး Eugene Levy ပါ။ဇာတ်လမ်းကတော့... စုံ​ထောက်ဗန်တစ်ယောက် ကြေကွဲနာကျပြီး တင်းနေပါတယ်... အကြောင်းကတော့ သူ့ရဲ့တွဲဖက် ပါတနာအသတ်ခံလိုက်ရတဲ့အပြင် လက်နက်တိုက်ပါဖောက်ထွင်းခံလိုက်ရလို့ပါ... သူဟာ ဒီလူသတ်သမားကို ဖမ်းမိဖို့ မိုးဆုံးမြေဆုံး လိုက်လံစုံစမ်းနေပါတယ်...ဒီလိုနဲ့ လူဆိုး​​ခေါင်း​ဆောင်ကို ဖမ်းမိနိုင်ဖို့ လက်နက်အ​ရောင်းအဝယ်တစ်ခုကို ​ထောင်​ခြောက်ဆင်ဖမ်းရာမှာ ဘာမှမဆိုင်တဲ့ သွားဘက်ဆိုင်ရာအ​ရောင်းဝန်ထမ်း အန်ဒီကို လူဆိုးတွေက လက်နက်လာဝယ်တဲ့သူလို့ အထင်မှားသွားတဲ့ အခါ... အ​မေးအမြန်းထူတဲ့ အန်ဒီ နဲ့ အဆဲသန်တဲ့ဗန်တို့ နှစ်​ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ....။  File size…(1.6 GB) / (800 MB) / (300 MB) Quality…WEB-DL 1080p /720p/ 360p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya
movie

The Man (2005)

Blood Red Sky(2021) 6.5
Blood Red Sky(2021) Blood Red Sky (2021) အညွှန်း************************ဒီဇာတ်ကားကို စမြင်တော့ လေယာဉ်ပြန်ပေးဆွဲတဲ့ကားပဲပေါ့လို့တွေးလိုက်တာ။တကယ်လည်းလေယာဉ်ပြန်ပေးဆွဲတဲ့ကားဆိုပေမဲ့ နောက်ဆက်တွဲဇာတ်လမ်း ဇာတ်ကွက်တွေကတော်တော်ကြီးကိုဆန်းပြားတယ်...သားအမိနှစ်ယောက် အမေရိကကို ဆရာဝန်နဲ့သွားတွေ့ဖို့ အဲဒီလေယာဉ်နဲ့သွားတယ်။အဲဒီလေယာဉ်ပေါ်မှာ အရှေ့အလယ်တိုင်းသား ရူပဗေဒပညာရှင်တစ်ယောက်ပါပါလာတယ်။အဲဒီလိုနဲ့ လေယာဉ်ပြန်ပေးဆွဲခံရတယ်ပေါ့။ လေယာဉ်ပြန်ပေးသမားတွေက ရူပဗေဒပညာရှင်ရယ်တခြား အရှေ့အလယ်တိုင်းသားနှစ်ယောက်က ပြန်ပေးဆွဲတဲ့ပုံစံနဲ့ ထောင်ချောက်ဆင်ပြီးသူတို့က ခုန်ချနေခဲ့ကြမယ်လို့ စီစဉ်ထားတယ်။ ဒါပေမဲ့ သားအမိနှစ်ယောက်ထဲက အမေကို ပြန်ပေးသမားထဲကစိတ်ရူးပေါက်နေတဲ့ကောင်က သတ်လိုက်တဲ့ အချိန်မှာ အမေဖြစ်သူက မသေဘဲ ပြန်ရှင်လာတယ်။သတ်အောင်သတ်ထားတာကိုမှ အမေဖြစ်သူက ဘာလို့မသေဘဲပြန်ရှင်လာတာလဲ...ကောင်းကင်မှာသွေးတွေဘယ်လိုလွှမ်းကုန်မလဲဆိုတာကိုတော့...၂၀၂၁ ထွက် Horror, Action ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3Monပဲဖြစ်ပါတယ်....File Size :(1.8GB) (950 MB) and (480 MB) Quality : WEB-DL 1080p 5.1CH, 720p Format…mp4 Duration…01:30:00 Genre : Action , Horror , Thriller Subtitle : Myanmar Subtitle (Hard ...
movie

Blood Red Sky(2021)

Jolt (2021) 5.4
Jolt (2021) Jolt (2021)==========IMDb Rating - 5.4/10ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်းပြထားပါတယ်။လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသထိန်းရရှာပါတယ်။ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူအဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့်ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှအဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီးပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ...
movie

Jolt (2021)

2021
Kingdom: Ashin of the North (2021) 9.7
Kingdom: Ashin of the North (2021) Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတာကိုတွေ့ခဲ့ပါတယ်။လက်သည် တရားခံကတော့ မြောက်ပိုင်းသူ အာရှင်း ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို ပြထားတာပါ။ ဂျိုဆွန်းမှာ မျိုးဆက် ၃ ဆက်လောက် နေခဲ့ကြတဲ့သူတို့ရဲ့ ဂျာချန်လူမျိုးစုလေးက ဂျာချန်တွေထဲမှာလည်း အပယ်ခံ ဂျိုဆွန်းပြည်သားတွေကလည်း လက်မခံဖြစ်နေပါတယ်။အာ့ဒီလိုအခြေအနေထဲမှာမှ အာရှင်းရဲ့အဖေက သူတို့ရွာလေးကို တရားဝင်ဂျိုဆွန်ရွာအဖြစ်သတ်မှတ်ခံရဖို့ ကြိုးစားရင်းသေသွားတယ်။အမေကတော့ နိမ့်ကျတဲ့သူတို့ရွာလေးကို ဘယ်သမားတော်မှ မလာလို့ ရောဂါခံစားနေရရင်း ဂျိုဆွန်းပြည်နဲ့ ဂျာချန်တွေရဲ့ စစ်ပွဲထဲမှာ ကြားညပ်ပြီးသေဆုံးသွားရတယ်။အဲဒါကြောင့် မသေဆေးပင်ကို အမှတ်မထင်တွေ့ခဲ့လိုက်ရတဲ့ အာရှင်းက သူ့မိသားစုကို ဖျက်စီးခဲ့တဲ့ နိုင်ငံနှစ်ခုကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်းလေးကို ပြထားတာပါ။Kingdom ပရိသတ်ကြီးတို့ Season 3 မလာခင် ဒါလေးကို အရင်ကြည့်ထားလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon & Ma Phi ပဲဖြစ်ပါတယ်…) File ...
movie

Kingdom: Ashin of the North (2021)

Kung Fu Panda (2008) 7.5
Kung Fu Panda (2008) DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating ...
movie

Kung Fu Panda (2008)

2008
Trollhunters: Rise of the Titans (2021) 8.8
Trollhunters: Rise of the Titans (2021) Trollhunters: Rise of the Titans (2021)=========================== IMDB - 8.8/10CM ပရိသတ်ကြီးများကို လုံးဝအလန်းလွန်နေတဲ့ Animation ကားလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဒီစကြဝဠာကြီးကို စွမ်းအားကြီးမားလှတဲ့ စုန်းမကြီးသုံးယောက် ဖန်ဆင်းထားတယ်လို့ဆိုရအောင်ဗျာ အဲ့စကြဝဠာကြီးထဲမှာ လူသား တိရိစ္ဆာန် မှင်စာ ဂြိုလ်သား စတဲ့သက်ရှိတွေအားလုံး ညီညွှတ်မျှတစွာနေထိုင်နိုင်ဖို့ ကမ္ဘာမြေဆိုတဲ့လှပတဲ့နေရာလေးကိုလည်း ဖန်ဆင်းခဲ့ကြတယ်ဒါပေမယ့် လူသားတွေကတော့ ကမ္ဘာမြေရဲ့အလှကို မစောင့်ရှောက်ဘဲ ဖျက်စီးကြတယ်ဗျာ လူသားအချင်းချင်း စစ်ပွဲတွေခင်း အာဏာတွေပြကြရုံမက မှင်စာလေးတွေကိုပါ ထိခိုက်လာခဲ့တော့ မှင်စာလေးတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အောက်ခြေမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့နေထိုင်ကြရတာပေါ့ ဒါတင်မက လူသားတွေဟာ အကောင်လေးတွေကိုနှိပ်စက် အပင်တွေခုတ်နဲ့ ကြာတော့ ကမ္ဘာကြီးလည်းတဖြည်းဖြည်းပျက်စီးလာခဲ့တယ်ဒါကိုသည်းမခံနိုင်တော့တဲ့ စုန်းမကြီးတွေဟာ ကြီးမားလှတဲ့ Titan ကြီးတွေကို ဆင့်ခေါ်ပြီး ကမ္ဘာမြေကိုဖျက်စီးကာ အသစ်တဖန်ပြန်စဖို့ စီစဉ်ပါတော့တယ်ဒါကိုသိရှိသွားကြတဲ့ Trollhunter(မှင်စာမုဆိုး) ဦးဆောင်တဲ့ သူရဲကောင်းတစ်စုဟာ ဖန်ဆင်းရှင်စုန်းမကြီးတွေကို လိုက်လံတားဆီးကြတော့တာပေါ့ အပြောသာလွယ်ပေမယ့် ဖန်ဆင်းခံလူသားတွေက ဖန်ဆင်းရှင်ကိုခံချဖို့ဆိုတာ ကြားရုံနဲ့ မဖြစ်နိုင်တဲ့ကိစ္စပါ ဒီလိုမဖြစ်နိုင်တဲ့ကိစ္စကို သူငယ်ချင်းတွေ ဘယ်လိုပူးပေါင်းပြီး ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်Animation ...
movie

Trollhunters: Rise of the Titans (2021)

2021
Yamakasi (2001) 6.2
Yamakasi (2001) ၉၀ ဖွားအတော်များမျးကြိုက်ခဲ့ကြမယ့် old but gold လေး တင်ပေးလိုက်ပါတယ်။ယာမာကာစီ လို့ခေါ်တဲ့ ပြင်သစ် လူစွန့်စား အဖွဲ့အကြောင်းပါပဲ။တိုက်အမြင့်တွေပေါ် စွန့်စွန့်းစားစား ခုန်ပျံကျော်လွှားတဲ့ အားကစား ဝါသနာအိုးတွေ ဖြစ်ပြီးရဲတွေက အာရုံနောက်လို့ ဖမ်းချင်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။တစ်နေ့တော့ နှလုံးရောဂါသည် ကလေးလေးတစ်ယောက် သူတို့ကို အားကျပြီး အပင်တက်ရင်းနဲ့ ပြုတ်ကျသွားပါတယ်။ကလေးကို ကုပေးဖို့ ဆေးစရိတ်အရေးပေါ်လိုနေတဲ့အတွက် သူတို့ပညာတွေကို သုံးပြီးတစ်ရက်အတွင်း အိမ် ၇ အိမ်ကို ခိုးဖို့ ကြိုးစားလာတဲ့အခါ.....Yamakasi 2(2004) ကို ဒီမှာ https://channelmyanmar.org/yamakasi-2-or-the-great-challenge-2004/   ကြည့်ပါ။  File size…(1.5 GB) / (900 GB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

Yamakasi (2001)