Channel Myanmar
Asian
13 Beloved (or) 13: Game of Death (2006) 6.8
13 Beloved (or) 13: Game of Death (2006) 13-Beloved (2006)IMDb Rating (6.8)၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ထိုင်း Horror ဇာတ်လမ်းတစ်ပုဒ်ပါ။ ထိုင်း Horror ကားတွေရဲ့ထုံးစံအတိုင်း ဟာသလေးနည်းနည်းနှောပြီး ရိုက်ထားပါတယ်။ တခြား ထိုင်း Horror တွေထက် ပိုထူးတာက သရဲကားမဟုတ်သလို လူသတ်ကားစစ်စစ်ကြီးလည်း မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ လက်တွေ့ဂိမ်းကစားပွဲကြီးတစ်ခုကို အခြေခံထားပါတယ်။ ရက်စက်မှုတွေရော လျှို့ဝှက်နက်နဲမှုတွေပါ ပြည့်နေတဲ့ စိတ်ဝင်စားစရာ Reality Game Show တစ်ခုပါ။ဇာတ်လမ်းမှာ အချစ်ရေးကံမကောင်းခဲ့သလို အကြွေးတွေလည်း ဝိုင်းနေတဲ့ ကုမ္ပဏီအရောင်းဝန်ထမ်း ပူးချစ်ဟာ အလုပ်ကထုတ်ခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျစရာ အဆိုးဆုံး အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်က အမည်မသိဖုန်းတစ်ခုကို လက်ခံခဲ့ရရှိခဲ့ပြီး သူ့အတွက် ပိုက်ဆံရ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါကတော့ စိန်ခေါ်မှု ၁၃ ခု ရင်ဆိုင်ကျော်ဖြတ်ရမယ့် လျှို့ဝှက်တဲ့ လက်တွေ့ဘဝဂိမ်းကစားပွဲပါပဲ။စိန်ခေါ်မှုတစ်ခုအောင်မြင်တိုင်း သူရဲ့ဘဏ်စာရင်းထဲ ငွေအမြောက်အများ ဝင်ဝင်လာတာကြောင့် ...
movie
2006
[18+] Three Sexy Meals (2016) Dark Side Production မှ တင်ဆက်သည်။Three Sexy Meals (2016)===================ကိုရီးယား Erotic Drama ဇာတ်ကားပါ။ ဇာတ်လမ်းကတော့....လူဆိုး​တွေဆီက​ ပိုက်​ဆံ​တွေ ဘုန်​းပြီး ​ထွက်ပြေးလာတဲ့ စုံတွဲနှစ်​တွဲအ​ကြောင်​း အဓိက ရိုက်​ကူးထားတာပါအိမ်​တစ်​အိမ်​မှာ ပုန်​းခိုရင်​း ညီဖြစ်​သူလုပ်​ရပ်​​ကြောင်​့ ပိုက်​ဆံထုပ်​​ပျောက်​သွားပြီး တိုင်ပတ်ကုန်ပါတယ်...ဒါနဲ့ ပိုက်ဆံရပေါက်ရလမ်းရှာကြည့်တော့ Streaming Website ကနေ စံချိန်ဝင်ဖို့ လုပ်ရမယ့်အလုပ်တွေ့ရော...စံချိန်ကဘာလဲဆိုတော့ လိင်အကြာဆုံးဆက်ဆံတဲ့စံချိန်...သူတို့စုံတွဲတွေ အဲ့ဒီစံချိန်ကိုချိုးသွားနိုင်မလား...လူဆိုးတွေကရော ဘယ်လို အနှောင့်အယှက်တွေ ပေးကြမလဲဆိုတာ.........။  File size…(800 MB) Quality…HD-Rip 720p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by Dark Side Tartee
movie
[18+] Three Sexy Meals (2016)
Luck at First Sight (2017) 8.4
Luck at First Sight (2017)
2017
[18+] Aroused by Gymnopedies (2016) 5.8
[18+] Aroused by Gymnopedies (2016)  (Dark Side Production မှ တင်ဆက်သည်။)အချစ်​အ​ကြောင်း ဒသန​တွေအပြည့်​နဲ့ ပိုက်​ဆံမရှိတဲ့ဒါရိုက်​တာကြီး..."ဖူရူကာ" .........................................................ဒါရိုက်​တာကြီးဟာ အချစ်​ရဲ့အဓိပ္ပာယ်​... အချစ်ရဲ့အနှစ်​သာရ.... အချစ်​ရဲ့ သဘာဝအစစ်​အမှန်​ .....​တွေကို ထူးခြားတဲ့အ​တွေးအမြင်​​တွေနဲ့ အဓိပ္ပာယ်​ဖွင့်​ဆိုတတ်​သူပါ...... အဲ့ဒါ​ကြောင့်​ပဲလား​တော့မသိ..... အချစ်​ငတ်​သူ​တွေ သူ့နားမှာ ဝိုင်းဝိုင်းလည်​​နေတယ်​ .....ဒါရိုက်​တာကြီးရဲ့ အချစ်​ကို ငတ်​မွတ်​​နေတဲ့မိန်းက​လေး​တွေက​တော့ .....၁)အိမ်​​ဘေးက​ကောင်​မ​လေး......၊ ၂)တက်​သစ်​စ ရုပ်​ရှင်​မင်းသမီး​လေး အန်​ရီ ၊..... ၃)ချမ်းသာတဲ့ တပည့်​​ကျောင်းသူမ​လေး.ယူကာ ၊..... ၄)လုပ်​​ဖော်​ကိုင်​ဖက်​ ငယ်​သူငယ်​ချင်း​၊... ၅)ခင်​ပွန်း​ဟောင်း ​ငွေလိုတဲ့အတွက်​ ခန္ဓာကိုယ်​ကိုပါ စ​တေးရဲတဲ့ ဒါရိုက်​တာကြီးရဲ့ ဇနီး​ဟောင်း​လေး..... ရင်​ကို ၆)​ဆေးရုံတက်​​နေရတဲ့ ဒါရိုက်​တာကြီးရဲ့ ဇနီးကို ​ပြုစု​စောင့်​​ရှောက်​​ပေး​နေတဲ့ သူနာပြုဆရာမ​လေး.....ကဲ ဒါရိုက်​တာကြီးဟာ ဆင်းရဲပါတယ်​.....ဆင်းရဲရတာကလည်း ပိုက်​ဆံမမက်​လို့ပါ "ဘတ်​ဂျက်​နည်း​ပေမယ့်​လဲ စိတ်​ဓာတ်​မြှင့်​မြတ်​ရင်​ ရုပ်​ရှင်​​ကောင်း​တွေ ထွက်​တယ်​"ဆိုတဲ့ သူ့ရဲ့​ဆောင်​ပုဒ်​​ကြောင့်​လဲ ဆင်းရဲ​နေတာ ဖြစ်​မှာပါလူဆင်းရဲ​ပေမယ့်​ အချစ်​​တော့ မဆင်းရဲပါဘူး.... အတ္တမပါပဲ ​ပေးဆပ်​တဲ့ အချစ်​ပဲဆိုပြီး​တော့လည်း သူ့ကိုယ်​သူ အဓိပ္ပာယ်​ ဖွင့်​ဆိုလိုက်​ပါ​သေးတယ်​ကဲ ဒါရိုက်​တာကြီးကို အားကျတယ်​ဆိုရင်​​တော့.......အရင်​ဆုံး ရုပ်​ရှင်​​လေးကို ကြည့်​လိုက်​ပါဦး.....ဒါရိုက်​တာကြီးရဲ့ အချစ်​အ​ပေါ် ခံယူချက်​ကို ပြည့်​ပြည့်​စုံစုံသိရ​​စေချင်​လို့ပါ စာကြွင်း သို့ အရိပ်​အမြွက်​....... ဇာတ်ညွှန်းထဲက စာရင်းမှာ မိန်းက​လေးသရုပ်​​ဆောင်​ ၆​ယောက်​ပါပါတယ်​.....ပရိသတ်​ကြီးလည်း အနည်းဆုံး ၆ခန်းကြည့်​ရမှာပါ.....။  File size…(800 MB) and (310 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated ...
movie
2016
On Your Wedding Day (2018) 6.9
On Your Wedding Day (2018) On Your Wedding Day (2018) IMDb - 6.9/10_____Rotten - 92%   "On your wedding day" ဆိုတဲ့ဇာတ်ကားလေးကိုတော့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။Main lead တွေအနေနဲ့ မင်းသား Kim Young Kwan နဲ့ Strong Woman ရဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး ဘုံဘုံ Park Bo Young တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။Rating အနေနဲ့ IMDb 6.9/10 နဲ့ MyDramaList 8.0/10 အထိရရှိထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ Romantic ဇာတ်ကားကောင်းလေးတစ်ကောင်းပါ။"First love will never die" ဆိုသလိုပဲ လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့ပြီး အကြောင်းမတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရရင်တောင် နှလုံးသားထဲမှာ အမြဲရှင်သန်နေတတ်တာ အချစ်ဦးပါ။ငယ်ရွယ်စဉ်ကျောင်းသားဘဝရင်ခုန်တတ်စအရွယ်ကအချစ်ဦးလေးကိုပြန်လည်လွမ်းဆွတ်သတိရသွားစေမယ့်ကားလေးပါ။ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်ခြင်းတရားကိုခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပြီးဘဝရဲ့အချိုးအကွေ့ ကံတရားတွေကိုပါ ပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။  ဟန်ဝူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။သူတို့ကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန်ဟီးကိုမတွေ့ခင်အထိပေါ့။သူတို့တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီးမမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ...
movie
On Your Wedding Day (2018)
2018
Female Prisoner 1316 [2004] 5.2
Female Prisoner 1316 [2004] ကဲ ဒီတစ်ခါတော့ ၁၈ အပေါင်း ပရိတ်သက်တို့ ပူဆာထားကြတဲ့ မိန်းမထောင် ဇတ်လမ်းလေးကို CM က တဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဂျပန်နိုင်ငံအတွင်း လူသတ်မှု ခိုးမှု နဲ့ ဒုစရိုက်မှုတွေ ကျူးလွန်တဲ့ အမျိုးသမီးတွေကို ပြန်လည်ပြုပြင်ရေးစခန်း ကို ပို့ကြပါတယ် ပြန်လည်ပြုပြင်ရေး စခန်းဆိုပေမဲ့ ငရဲခန်း အသေခံ စစ်ရေးလေ့ကျင့်ရေး စခန်းဖြစ်ပြီး ပြန်လည် လွတ်ရိုးထုံးစံ မရှိပါဘူး... ထွက်ပြေးရန် ကြိုးစားသူတွေကိုလဲ အမျိုးမျိုး နှိပ်စက်ပြီး သတ်ပစ်လေ့ ရှိပါတယ်... အဲ့ဒီထောင်ကိုမှ ခပ်ဆိုးဆိုး ခပ်ချေချေ ကောင်မလေး တစ်ယောက် စတင်ရောက်ရှိလာပြီး ထောင်ဖောက်ပြေးဖို့ စီစဉ်ခဲ့ကြသော် အခါ.... ဒီရုပ်ရှင်ကားဟာ ကိုယ်လုံးတီး အခန်းတွေ ပါဝင်သောကြောင့် မိသားစု နှင့် အတူမကြည့်သင့်သလို အသက်မပြည့်သေးသူများ မကြည့်သင့်ပါ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Jueno ပဲ ဖြစ်ပါတယ်
movie
2004
Buy Bust (2018) N/A
Buy Bust (2018) BuyBust (2018)ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust...သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။ အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ...
movie
Buy Bust (2018)
2018
Friendship (2008) 6.4
movie
Friendship (2008)
2008
Lost in Hong Kong (2015) 5.4
Lost in Hong Kong (2015) Lost in Hong Kong (2015)IMDb - 5.4/10_____Rotten - 60%   ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် တရုတ်ဟာသ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘဝလမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် ...
movie
Lost in Hong Kong (2015)
2015
Lost in Thailand (2012) 6.2
Lost in Thailand (2012) Lost in Thailand (2012)IMDb - 6.2/10_____Rotten - 67%    IMDb Rating (6.2) ရရှိထားတဲ့ ဟာသ စွန့်စားခန်း တရုတ်ဇာတ်ကားလေးပါ။ ဟာသ သရုပ်ဆောင်တွေနဲ့ အဓိကပုံဖော်ရိုက်ကူးထားပြီး မင်းသမီး ဖန်ပင်းပင်းလဲ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံမှာ လိုချင်တာ လာရှာကြတဲ့ တရုတ်နှစ်ကောင်ရဲ့ လွဲချက်က ကမ်းကုန်တဲ့ရွာလည်မှု ဇာတ်လမ်းဖြစ်ပါတယ်။ ဘတ်ဂျက် US$4.6 million ပဲကုန်ကျခဲ့ပေမယ့် တရုတ် Box office မှာ US$208 million ဝင်ငွေပြန်ရခဲ့တာမို့ အကျိုးအမြတ်အများဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်။    2015 ခုနှစ်မှာ Lost in Hong Kong ဆိုပြီး ထွက်ရှိခဲ့ပါသေးတယ်။ https://channelmyanmar.org/lost-in-hong-kong-2015/ မှာဒေါင်းလို့ရပါတယ်။     File size…(936 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Suzy Jirakit Thawornwong
movie
Lost in Thailand (2012)
2012
Miss You Again (2009) 7.5
Miss You Again (2009) IMDb (6.6) ရရှိထားတဲ့ 2009 ခုနှစ်ထွက် ထိုင်းဇာတ်ကားလေးဖြစ်ပါတယ်။မင်းသမီးချောလေး Baifern နဲ့ အခြားလူငယ်သရုပ်ဆောင်များစွာပါဝင်ထားတဲ့ ကျောင်းသားဇာတ်ကားလေးပါ။ဘဝမှာ ရိုးသားဖြူစင်ခဲ့တဲ့ အချိန်လို့ ဆိုလိုက်တာနဲ့ ပြေးမြင်မိမှာမျိုးကမူလတန်း အလယ်တန်း အထက်တန်းကျောင်းသား/ကျောင်းသူ ဘဝပဲဖြစ်ပါတယ်....ကျောင်းသားဘဝဆိုတာ သူငယ်ချင်းတွေနဲ့ ဘဝကို အရိုးသားဆုံး ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေပေါ့...ချစ်စရာ ကြည်နူးစရာ ဒီအခိုက်အတန့်တွေဟာ ဘဝမှာ အမြဲတမ်း သိမ်းထားသင့်တဲ့ အမှတ်တရလေးတွေဖြစ်ခဲ့တယ်...ဒီလိုအမှတ်တရတွေ အမြဲရှိနေတဲ့ အမိကျောင်းတော်ကြီးကို ဖြိုချပြီး Shopping Mall တည်ဆောက်တော့မယ်လို့ သတင်းရသွားတဲ့အခါကျောင်းတော်ကြီးရဲ့ ရင်သွေးတွေဖြစ်ကြတဲ့ ကျောင်းသား/ကျောင်းသူတသိုက် ဘယ်လိုတွေ ခံစားသွားရမလဲ...သူတို့ရဲ့ အမှတ်တရငယ်ဘဝတွေနဲ့ အမိကျောင်းတော်ကြီးကို စီးပွားဖြစ်ရောင်းစားခံလိုက်ရတာကို လက်ပိုက်ကြည့်နေကြမလား....ကျောင်းတော်ကြီးကို ချစ်တတ်သူတိုင်းအတွက် Miss You Again 2009  ဇာတ်ကားလေးကို တင်ဆက်လိုက်ရပါတယ်။  File size…(900 MB) and (420 MB) Quality…HD-Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Miss You Again (2009)
2009
Dororo (2007) 6.4
Dororo (2007) Dororo (2007) IMDb 6.4/10_____Rotten Tomatoes 54%    ဒီကားလေးဟာဆိုရင် 1960 တုန်းကထုတ်လွှင့်ခဲ့တဲ့ Manga series လေးကို 2007 မှာပြန်ပြီး အသက်သွင်းရိုက်ကူးထားတဲ့ ဆာမူရိုင်း ကားလေးပဲဖြစ်ပါတယ်... အကျဉ်းချုံးလေးပြောရမယ်ဆိုရင်တော့ ဆယ်စုနှစ်ကြာအောင်ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးမှာ စစ်ရှုံးလာတဲ့ စစ်သူကြီးတစ်ယောက်ဟာ တိုင်းပြည်ကို အုပ်စိုးချင်တဲ့အတွက် နတ်ဆိုးတွေနဲ့ ကြောက်မယ်ဖွယ်အပေးအယူကြီးတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒါကတော့ သူ့မိန်းမကိုယ်ဝန်ဆောင်ထားတဲ့ သားရဲ့ ခန္ဓာကိုယ်ကို 48 ပိုင်းပိုင်းပြီး နတ်ဆိုးတွေကို ပူဇော်လိုက်တာပဲဖြစ်ပါတယ်... မမွေးခင်ထဲက ယစ်ပူဇော်ခံရတဲ့ ကလေးဟာ အသားလုံးလေးအဖြစ်မွေးဖွားလာပြီး ရေထဲမျှောခံလိုက်ရပါရော မှော်ဆေးဆရာကြီးက ဆယ်ယူမွေးစားပြီး ကိုယ်လက်အင်္ဂါအတုတွေတပ်ပေးလိုက်ပါတယ် အရွယ်ရောက်လာတော့ အဖြစ်မှန်တွေအကုန်သိပြီး ဟိရခိမာယု ဓားနဲ့ နတ်ဆိုးတွေကိုသုတ်သင်ပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြန်လည်ရယူပါတော့တယ် သူ့လက်ထဲမှာတပ်ထားတဲ့ ဟီရခိမာယုဓားကို လိုချင်နေတာကတော့ သူ့ကိုယ်သူယောကျ်ားလေးလိုနေထိုင်တဲ့ အလစ်သုတ်သမလေးပဲဖြစ်ပါတယ် သူတို့နှစ်ယောက်ပေါင်းပြီး နတ်ဆိုးတွေသတ်ရာမှာ ခြေထောက်ယူထားတဲ့ နတ်ဆိုးကိုသတ်ပြီးတာနဲ့ ခြေထောက်အတုကပြတ်ကျပြီး အစစ်ပြန်ထွက်လာတာတွေကတော်တော်မိုက်ပါတယ် အခွေခေတ် စာတန်းထိုးတွေမပါတုန်းကတောင် တော်တော်ကြည့်လို့မိုက်တဲ့ကားလေးမို့ မင်းသားလေးကလည်း အရမ်းချောလို့ Dororo ကားလေးကို ညွှန်းလိုက်ရပါတယ်နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ထားသူကတော့ Cafeo Wine ဖြစ်ပါတယ်။)   File size…(1.16 GB) Quality…WEB-DL Rip 720p Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Cafeo ...
movie
Dororo (2007)
2007
Back to the 90s (2015) 6.7
Back to the 90s (2015) Crazy Little Thing Called Love ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေးPimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်..ဟုတ်ပါတယ်...Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာ Rating မြင့်မားပြီး ကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်...ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်...အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်..ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး.. နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား...။ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်....ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကို တစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်..ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ...
movie
Back to the 90s (2015)
2015
Us and Them (2018) 5.5
Us and Them (2018)    Us and Them 2018IMDb Rating(7.3/10) / Rotten Tomatoes (100%) @5 Criticဒီတရုတ်ဇာတ်ကားလေးကတော့ လူသိနည်းပေမယ့် Rating မြင့်တဲ့ အဖီးလ်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းအမှတ်မထင်တွေ့ဆုံခဲ့ကြရာကနေ အရင်းနှီးဆုံးသူငယ်ချင်းတွေအထိဖြစ်လာကြတဲ့ ကျန့်ချန်းနဲ့ရှောင်ရှောင်း...ကျန့်ချန်းဆိုတဲ့ကောင်လေးက ဂိမ်းကစား ဂိမ်းတီထွင်ရတာကို အရမ်းစွဲလမ်းကြီးတဲ့ကောင်လေးဖြစ်သလိုရှောင်ရှောင်းဆိုတဲ့ကောင်မလေးကတော့ ရွတ်နောက်နောက်နေတတ်သူပါ...သူမရဲ့အိမ်မက်ကတော့ ပေကျင်းမြို့ပေါ်မှာအိမ်ထောင်အတည်တကျနဲ့ပျော်ရွှင်စွာနေထိုင်သွားဖို့ဖြစ်ပါတယ်...ဒါပေမယ့် ပေကျင်းမြို့ဆိုတာက နေထိုင်စရိတ်ကြီးသလို အလုပ်အကိုင်ကလည်း ရှားပါးပါတယ်..ဘဝကိုရုန်းကန်လှုပ်ရှားနေရတဲ့ သူတို့နှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့အချစ်တစ်ခုပေါ်ပေါက်လာတဲ့အခါမှာ...အခက်အခဲကြားကဖြစ်ပေါ်လာတဲ့ သူတို့နှစ်ဦးရဲ့အချစ်ကခိုင်မြဲနိုင်မလားဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့ပြည့်စုံတတ်တဲ့အမျိုးလားသူတို့ရဲ့စိတ်ကူးအိမ်မက်တွေကရော တကယ်ဖြစ်လာနိုင်မှာလားဆိုတာကတော့......။ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို အပြည့်ဝဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ရင်ထဲကိုထိတဲ့ကားလေးမို့ တစ်ရှူးလေးတော့ဆောင်ထားကြနော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Ying Ying ဖြစ်ပါတယ်။)File size…(999 MB) Quality…WEB-DL Rip 720p Format…mp4 Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying
movie
Us and Them (2018)
2018
Keys to the Heart (2018) 7.9
Keys to the Heart (2018) ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲစေမယ့် ၂၀၁၈ ထွက် မင်းသားကြီး လီဗျောင်ဟွန်း ပါဝင်တော်မူသော ကိုရီးယားကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်…IMDb Rating 7.4 ထိ ရထားတာဆိုတော့ rating များရုံမက တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ..ဇာတ်ကားအစကနေအဆုံးထိ ပျင်းစရာလုံးဝမကောင်းဘဲ ပရိတ်သတ်ရဲ့ စိတ်အာရုံကို ဆွဲဆောင်ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်…ဂျိုဟာ ဆိုတဲ့ လက်ဝှေ့ချန်ပီယံဟောင်းတစ်ယောက်ဟာ ဆင်းရဲစွာနဲ့ ကြုံရာကျပန်းအလုပ်လုပ်စားပြီး ဘဝကို ကျောင်းနေရတဲ့လူတစ်ယောက်ပါ…လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေဝေရင်း…လက်ဝှေ့အကူလိုက်ထိုးရင်းနဲ့ ကြုံသလို ဘဝကိုဖြတ်သန်းနေတာပေါ့ …ဂျိုဟာရဲ့အမေဟာ သူ့ကိုငယ်စဉ်တည်းကစွန့်ပစ်သွားတာဖြစ်ပြီး ဂျိုဟာ က တစ်ယောက်တည်းကြီးပြင်းလာခဲ့ရပါတယ်…တစ်နေ့တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားရင်း စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူ့အမေနဲ့ မမျှော်လင့်ဘဲပြန်တွေ့ခဲ့ပါတယ်…ဇာတ်လမ်းလေးကို ပေါ့ပါးရွှင်မြူးစွာရိုက်ကူးထားပြီး ရယ်မောမှုနဲ့ ကြေကွဲမှု နှစ်မျိုးလုံးကို ရရှခံစားစေမယ့်ကားလေးတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်သင့်ဘဲ ရွှေပွဲလာပရိတ်သက်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူလိုက်ပါဦး..၊ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality ...
movie
Keys to the Heart (2018)
2018
All for the Winner (1990) 6.9
All for the Winner (1990) မင်းသားကြီးစတီဖင်ချောင်ရဲ့  IMDb Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျင်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှ မမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှာ လောင်းကစားလောကက ဂျင်တွေနဲ့ အားစင်းတို့တူဝရီး ဘယ်လိုတွေ အားပြိုင်ကြမလဲ.....အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ...။  File size…(900 MB) and (500 MB) Quality…DVD-Rip Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thu Rein Zaw  
movie
All for the Winner (1990)
1990