Channel Myanmar

Comedy

Mister Mummy (2022)
Mister Mummy (2022) Mister Mummy (2022)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ မင်းသား ရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီး ဂျနယ်လီယားဒီဆူဇာတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ဟာသကားလေးပဲဖြစ်ပါတယ်။ဒီလင်မယားဟာ မင်္ဂလာသက်တမ်းကြာညောင်းခဲ့ပေမယ့် ခင်ပွန်းဖြစ်သူဟာ လုံးဝ ကလေးမလိုချင်ခဲ့ပါဘူး။ သူ့မှာ ကလေးမလိုချင်ရတဲ့ အကြောင်းရင်းလည်း ရှိနေခဲ့ပါတယ်။သို့ပေမယ့် ဇနီးဖြစ်သူနဲ့ မိဘအသိုင်းအဝိုင်းကတော့ အရမ်းကို မြေးချီချင်နေခဲ့ပြီဖြစ်ပါတယ်။အဘက်ဘက်ကနေ နည်းလမ်းမျိုးစုံနဲ့ သူတို့လင်မယားကလေးရအောင် ကြိုးစားပေးခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ဒီလိုနဲ့ တစ်ညမှာတော့ မိဘတွေရဲ့ဆန္ဒဟာ အရာထင်ဖို့ ဖြစ်လာခဲ့ပါပြီ။ဖြစ်မှဖြစ်တော့လည်း ဇနီးသည်တင်မက ခင်ပွန်းဖြစ်သူကပါ သန္ဓေတည်လာခဲ့ပါပြီ။ဆိုတော့ ဆက်လက်ပြီး ဘယ်လိုတွေလွဲလာမလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ ဆက်ခွီလိုက်ကြပါဦးနော်...။ File size…1.5GB / 688MB Quality…1080p HQ HD RIP /720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Mister Mummy (2022)

2022
Paul Blart: Mall Cop 2 (2015)
Paul Blart: Mall Cop 2 (2015) Paul Blart Mall Cop 1 ထုတ်လွှင့်အပြီး ၆နှစ်အကြာမှာ အပိုင်း(2) ထပ်မံထွက်ရှိခဲ့ပါတယ်...။ အပိုင်း (2)မှာလည်း... အပိုင်း (1)တုန်းကလိုပဲ ကုန်တိုက်လုံခြုံရေးပေါလ်ဘလတ်ရဲ့ စွန့်စားခန်းဟာသတွေကို တွေ့ရှိရမှာပါ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ကို "လုံခြုံရေးအရာရှိများအသင်းအဖွဲ့ကြီး"က ဗေးဂတ်စ်မြို့က "ဝင်န်ဟိုတယ်"မှာ ကုန်စည်ပြပွဲနဲ့ ဆုပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဝင်န်ဟိုတယ်ကို ပေါလ်နဲ့ ပေါလ်သမီး မာရာတို့ လာရောက်တည်းခိုရင်းနဲ့ ပန်းချီကားသူခိုးလူဆိုးအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ပထမအပိုင်းကလိုပဲ ပေါလ်အနေနဲ့ လူဆိုးအဖွဲ့ကို တစ်ယောက်ချင်းဖြုတ်ဖို့ ဖြစ်လာခဲ့တယ်။ ပေါလ်တစ်ယောက်ရဲ့ အလွဲတွေနဲ့စွန့်စားခန်းကို ဟာသနဲ့ actionရောနှောထားတဲ့ဇာတ်ကားတစ်ကားအနေနဲ့ ကြည့်ရှုရမှာပါ။ Paul Blart Mall Cop (1)ကို ကြည့်ရတာ သဘောကျရင် (2)ကို ဆက်ကြည့်လို့ရပါတယ်နော်...။ နှစ်ကားထွက်ပေမဲ့ ဇာတ်လမ်းချင်းအရမ်းမချိတ်ဆက်ထားတာကြောင့် တစ်ကားချင်းကြည့်လို့လည်းရပါတယ်။File size…(1.97GB)  / (`1.1GB) / (671.02MB) Quality…. Web 1080P ...
movie

Paul Blart: Mall Cop 2 (2015)

Paul Blart: Mall Cop(2009)
Paul Blart: Mall Cop(2009) ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီFile size…(1.7GB)  / ...
movie

Paul Blart: Mall Cop(2009)

Chez Nous (2013) 6.5
Chez Nous (2013) Chez Nous (2013) ============= IMDb Rating - 6.5/10ဘားလေးတစ်ခုရှိတယ် Chez Nous တဲ့။ အဲဒီဘားမှာပဲ အသက် အရွယ်မတူ အလုပ်အကိုင်မတူ genderမတူ sexualityမတူတဲ့ လူခြောက်ယောက်စုမိကြတယ်။ Chez Nous ဆိုတဲ့နာမည်အတိုင်းပဲ အဲဒီဘားက သူတို့အတွက်အိမ်လိုကိုဖြစ်လို့ပေါ့။တစ်နေ့မှာ ခြောက်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ဘားပိုင်ရှင် အက်ဂျယ်က ကျန်းမာရေးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အပြင် သူတို့ရဲ့ဆိုင်က ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက်က သိသွားကြလေရော။ ဆိုင်ကိုပြန်ဝယ်ဖို့ ပိုက်ဆံမရှိကြတဲ့ ငါးယောက် သားဟာ ကြံကြံစည်စည် ပြတိုက်က စိန်လည်ဆွဲကို ခိုးဖို့လုပ်ကြပါ တော့တယ်။စွန့်စွန့်စားစား ခိုးတဲ့ကားဆိုပေမဲ့ comedyဖြစ်နေတော့ သည်းထိတ် ရင်ဖိုဖြစ်မနေဘဲ ရယ်ရမှာပါ။ ဇာတ်ကွက်တချို့ကို အမ်စတာဒမ်ရဲ့ နာမည်ကြီး Gay Pride ပွဲတော် 2012 Canal Parade အတွင်းမှာ ရိုက်ထားတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပနေပုံတွေကိုလည်း ပျော် ပျော်ကြီး ကြည့်ရမှာပါ။ ဒါပေမဲ့အက်ဂျယ်ကလွဲလို့ ကျန်တဲ့ငါးယောက်မှာ အဖြောင့်နေနေ အကွေးနေနေ အတွဲကိုယ်စီတွေနဲ့ ဖြစ်တဲ့အတွက် FAသမားတွေကြည့်မိရင် ရည်းစားလိုချင်သွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.93 GB) / (828 MB) ...
movie

Chez Nous (2013)

2013
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021
Dhamaka (2022) 8.3
Dhamaka (2022) Dhamaka (2022)IMDb-8.1/10ရုံတင်ငွေသန်း ၆၀ တောင်အမြတ်ရထားတဲ့ ဟာသအက်ရှင်အရောလေးနဲ့ ညိုကီတို့လည်း Are we dating the same girl? ဂရုဖွဲ့ဖို့လိုနေကြောင်းပြထားတဲ့ကားလေးပါ2022 ခုနှစ်ထွက် အောင်မြင်ပြီးလူကြိုက်များခဲ့တဲ့ တေလဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Ravi Teja ကနှစ်ကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်အာနန့်ဒ်နဲ့ မကြာခင်ကမှ အလုပ်ပြုတ်ထားတဲ့ ဂျစ်ကန်ကန်ကောင်ဆိုးလေး ဆွာမီ၊ ရုပ်ချင်းဆင်ပြီး ကံကြမ္မာချင်းမတူကြတဲ့ ဆွာမီ နဲ့ အာနန့်ဒ်တို့ဟာ မတူညီကြတဲ့ပြဿနာတွေကိုဖြေရှင်းရင်ဆိုင်ရင်း တစ်နေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း ပရာနာဗီဆိုတဲ့ မိန်းမလှလေးက ရုပ်ချင်းဆင်နေတဲ့ လူနှစ်ယောက်ကိုမှ မထင်မှတ်ဘဲချစ်မိနေပြီး နှစ်ယောက်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူလေးပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ အာနန့်ဒ်တစ်ယောက်ကုမ္ဗဏီရဲ့ စီးအီအို ဖြစ်လာမယ့်အချိန်မှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေက သူတို့တွေရဲ့ဘ၀ကို‌ တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ သီချင်းတွေကလည်းမြူးကြွတယ် အားတက်စေတယ်၊ စကားပြောခန်းတွေက ပညာသားပါတယ် ဆိုတော့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ File size…3.1GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ ...
movie

Dhamaka (2022)

2022
Mars Attacks! (1996) 6.4
Mars Attacks! (1996)  နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB)  / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / ...
movie

Mars Attacks! (1996)

En Corps(Rise) (2022) 7.2
En Corps(Rise) (2022) En Corps(Rise) (2022) ================ IMDb Rating - 7.2/10ဇတ်လမ်းလေးကတော့ ဘဲလေးကချေသည်လေးအဲလစ်မှာ စင်ပေါ်မှာဖျော်ဖြေနေတုန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရသွားတယ်၊ အရင်ကတည်းကဒဏ်ရာဟောင်းကိုပဲသုံးခါလောက်ထပ်ဖြစ်တော့ ဆရာဝန်က ဘဲလေးအကကို နှစ်အနည်းငယ်လောက်နားဖို့ပြော လိုက်တာပေါ့၊ ငယ်ငယ်ကတည်းက ဘဲလေးအကကို ကလာတာ ရယ် ရူးသွပ်တဲ့စွဲလန်းမှုတွေကြောင့် ရပ်နားရမယ်လို့ကြားလိုက်ရတဲ့ စကားကသူ့အတွက်အတော်လေးစိတ်ဓာတ်ကျစေတယ်။အက မကရတဲ့အတွက်အခြားအလုပ်ကိုပြောင်းပြီးလုပ်မယ်လို့ စိတ်ကူးရင်းနဲ့ သူငယ်ချင်းဆဘရီနာနဲ့ဆက်သွယ်ဖြစ်တယ်၊ ဆဘရီ နာရဲ့ ချစ်သူက အနုပညာသင်တန်းတစ်ခုမှာစာဖိုမှူးလုပ်နေတာဆိုတော့ အဲလစ်လည်းလက်ခံလိုက်တယ်၊ဆေးကုနေရင်း အနုပညာသင်တန်းမှာ ခေတ်ပေါ်အကကိုတဖြည်းဖြည်းနဲ့လိုက်က ကြည့်တယ်၊ ဒဏ်ရာက တဖြည်းဖြည်းသက်သာတဲ့အတွက် ခေတ်ပေါ်အကအဖွဲ့ကိုဝင်ကရင်းနဲ့ စင်ပေါ်မှာပြန်လည်တင်ဆက်နိုင်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက်ကြည့်ရှုပေးပါဦးလို့ပြောလိုက် ပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.2 GB) / (870 MB) / (514 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 57Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Tin Myo Lwin Encoder..........SWM
movie

En Corps(Rise) (2022)

2022
Adaptation. (2002) 7.7
Adaptation. (2002) Adaptation. (2002) ============== IMDb Rating - 7.7/10ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Nicholas Cageနဲ့ မင်းသမီးကြီး Meryl Streepတို့ရဲ ကြက်သီးထချင်စရာကောင်း လှတဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ အဲ့လိုပဲ John Larocheနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Chris Cooperရဲ့ သရုပ်ဆောင်ချက်တွေကလဲ သဘာဝကျချက်က တော့ သူနဲ့ဇာတ်ကောင်နဲ့ကို ခွဲမရတော့အောင်ကို ဖြစ်ရပါတယ်။ဒီဇာတ်ကားမှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေး အမြင်တွေသာ မက ခံယူချက်တွေရဲ့ သက်ရောက်မှုအားပြင်းပုံ တွေကိုပါ တစ်ပါတည်းမြင်နေရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအေးသလိုနဲ့ ပူလောင်စေရတဲ့ ခံစားချက်မျိုး၊ အားမလို အားမရဖြစ်စေမှုတွေ၊ လူတစ်ယောက်က တခြားတစ်ယောက်ကို ချစ်မိသွားဖို့ ဖြစ်စေတဲ့အရာတွေကို တသီတတန်းကြီးတွေ့ရပါ တယ်။ ဇာတ်ကားနာမည် Adaptation ဆိုတာနဲ့ လိုက်ဖက်လွန်း လှတဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်းချင်း မသိမသာနဲ့ ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေ အတွေးတွေ အယူအဆတွေ ထင်မြင်ချက်တွေနဲ့လုံးဝကို ပြီးပြည့်စုံတဲ့ ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(2.38 GB) / (900 MB) / (500 ...
movie

Adaptation. (2002)

2002
Reindeer Games Homecoming (2022) 6.9
Reindeer Games Homecoming (2022) Reindeer Games Homecoming (2022)ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်ဖို့အတွက် သူ့အဖေချစ်တဲ့ ကစားပွဲတွေကို အားကြိုးမာန်တက် ဆက်ဆော့ပြီး မြို့အတွက် ရန်ပုံငွေရှာပေးနေတဲ့ ကောင်မလေးမက်ခ်ဟာ တစ်နေ့မှာတော့ ကိုယ်ဝန်သည်အစ်မကို ကူညီပေးဖို့မြို့ကိုပြန်ရောက်လာတဲ့ သူ့အထက်တန်းကျောင်းတုန်းက ခရက်ရှ်လည်းဖြစ်၊ ငယ်သူငယ်ချင်းဟောင်းလည်းဖြစ်တဲ့ စူပါစတားနဲ့ပြန်ဆုံတွေ့ပြီး ခရစ္စမတ်မှာ ရန်ပုံငွေရှာတဲ့ပွဲအတွက် အတူတူဆော့ရင်းနဲ့ အတိတ်ကအနာဟောင်းကို ပြန်ဆွမိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ။မက်ခ်ဟာ ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်နဲ့ ငယ်ငယ်ကတည်းက အရမ်းကြိုးစားခဲ့ပြီး ဉာဏ်လည်းအရမ်းကောင်းပေမယ့် ဘာလို့ ဆရာဝန်အလုပ်မလုပ်ဘဲ အထက်တန်းကျောင်းမှာ ဆရာမဝင်လုပ်နေရတဲ့အကြောင်းအရင်းကရော ဘာကြောင့်ဖြစ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးခရစ္စမတ်ကားလေးကြည့်ပြီး ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 747MB | 359MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August
movie

Reindeer Games Homecoming (2022)

2022
Greenfingers (2000) 6.8
Greenfingers (2000) Greenfingers (2000)===============IMDb Rating - 6.8/10၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ‌ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့‌တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။မြင်‌နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ...
movie

Greenfingers (2000)

2000
Our Huff and Puff Journey (2016) 5.9
Our Huff and Puff Journey (2016) Our Huff and Puff Journey (2016) ======================== IMDb Rating - 5.9/10ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.7 GB) / (650 ...
movie

Our Huff and Puff Journey (2016)

2016
Chhatriwali (2023) 5.5
Chhatriwali (2023) Chhatriwali (2023) Comedy, Drama IMDb 5.3/10အခုတစ်ခါမှာတော့ မင်းသမီးချောလေး ရာကူးပရိဆင်းရဲ့ ပညာပေးဇာတ်ကားလေးကို တင်ဆက်ပေးပါတော့မယ်။ကျားမတန်းတူညီမျှရေးဆိုတာဘာကိုပြောတာလဲ အလုပ်ခွင်မှာတန်းတူနေရာပေးတာလား အမျိုးသမီးများကို sexual harassment မလုပ်တာလား အမျိုးသမီးအခွင့်အရေးကို လေးစားလိုက်နာရမှာလား ယနေ့ခေတ်မှာ ပညာပေးပေါင်းစုံ အခွင့်အရေးလှုပ်ရှားသူတွေက နည်းလမ်းပေါင်းစုံနဲ့ဖော်ပြနေတဲ့ အရာတစ်ခုပါတကယ်တော့ ဒီနိုင်ငံမှာမှမဟုတ်ပါဘူး ကမ္ဘာတစ်ဝှမ်းမှာအမျိုးသမီးတွေကို အတိတ်မှာနှိမ်ချဆက်ဆံခဲ့ကြပါတယ် ဘာသာတရားရော ယဉ်ကျေးမှုအရရောပါပဲ အိန္ဒိယကတော့ အားလုံးသိကြတဲ့အတိုင်း တော်တော်ဆိုးဆိုးပါပဲ အခုခေတ်မှာတော့ ခေတ်မှီလာတာနဲ့အမျှ သူတို့လဲ ရှေးရိုးစွဲအမြင်တွေကို တွန်းလှန်နေကြပါပြီ အဖြစ်မှန်ကိုရိုက်ကူးထားတဲ့ padman လိုဇာတ်ကားမျိုးထွက်ခဲ့သလို အခုကားလေးကတော့ သားဆက်ခြားကျန်းမာရေးကိစ္စကို မီးမောင်းထိုးပြထားတဲ့ကားလေးပါ တားဆေးတွေရဲ့ဆိုးကျိုးနဲ့ အဖော်ဆောင်သင့်ပုံလေးတွေကို ဟာသနဲ့နှော တင်ဆက်ထားပုံအရ ပရိသတ်ကြီးတို့ကို ကိုယ်တိုင်လဲကြည့် အကုန်လုံးကိုလဲ ညွှန်းဆိုပေးသင့်တဲ့ ပညာပေး ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…1.54GB / 703MB Quality…1080p True WEB DL / 720p Format…mp4 Duration…1h 56mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Sai Thu Rein ~ Nyein Aye
movie

Chhatriwali (2023)

Garden State(2004) 7.4
Garden State(2004) Garden State(2004)================ ဒီဇာတ်ကားလေးကတော့ 2004 ခုနှစ်မှာထွက်ရှိထားပြီးActor ကတော့ Director Zach Braff ကိုယ်တိုင်ပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးနဲ့ပက်သက်ပြီး Director Zach Braff ကIndependent spirit award for best features ဆုရရှိခဲ့ပါတယ်Braff က ဒီဇာတ်ကားလေးက သူ့ရဲ့ တကယ့်ဘဝအတွေ့အကြုံကိုအခြေခံပြီးတော့ ရိုက်ကူးထားတယ်လို့သိရပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် 26 နှစ်အရွယ်မင်းသားရော waiter ရောလုပ်ပြီး ဘဝကိုရုန်းကန်နေရတဲ့Andrew Largeman ဆိုတဲ့ကောင်လေးက သူ့အမေသေသွားလို့သူ့ရဲ့ ဇာတိမြို့ New Jersey ကိုပြန်လာခဲ့တယ် ဇာတိမြို့ကိုပြန်လာအပြီးမှာ Andrew ရဲ့ဘဝထဲကို Samantha ဆိုတဲ့ကောင်မလေးရောက်လာပြီးတော့ Andrew ရဲ့ အဓိပ္ပာယ်မရှိတဲ့ဘဝအတွက် ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုဆက်ပြီး ကြည့်ရှူပေးပါဦးနော်..(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Duckkie ဖြစ်ပါတယ်) File size…988MB / 375MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ...
movie

Garden State(2004)

Ages of Love (2011) Manuale d’am3re 5.9
Ages of Love (2011) Manuale d’am3re Ages of Love (2011) The Manual of Love 3(or) Manuale d'am3reအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ နောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။Manual of Love 2 တုန်းက ပါဝင်ပွဲကြမ်းသွားတဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးကြီး Monica Bellucci လဲထပ်မံပါဝင်ထားခဲ့ပြီးတော့ တခြားဇာတ်ဆောင်တွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို ပေါင်းစပ်တင်ဆက်ထားပါတယ်။ဇာတ်လမ်းကတော့ မြှားနတ်မောင်ဇာတ်လမ်းပါ...မြင်နေကျ မြှားနတ်မောင်ဇာတ်လမ်းတွေနဲ့မတူတာကဒီထဲမှာပါတဲ့ မြှားနတ်မောင်ကတော့ သောက်တလွဲပဲ ပစ်တတ်တဲ့ကောင်ပါ။ဒီကောင်ပစ်လိုက်တာနဲ့ သောက်ပြသနာတသီကြီးတက်ပြီလို့ပြောရလောက်အောင် ချောက်ချတတ်တဲ့မြှားနတ်မောင်ပါ။ရင့်ကျက်တည်ငြိမ်သူတွေတောင်မှ လဗြောင်းသတ်သွားတတ်တဲ့ မြှားနတ်မောင်ရဲ့မြှားသုံးချောင်းအကြောင်းကို ခံစားကြည့်ကြပါဦး။Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.org/?s=manual+of+love  မှာကြည့်ပါ။File size…(900 MB) Quality…BluRay 720p Format…mp4 Duration….02:07:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by BaBa Yaga
movie

Ages of Love (2011) Manuale d’am3re

2011
Manual of Love 2 (2007) Manuale d’amore 2 5.5
Manual of Love 2 (2007) Manuale d’amore 2 Manual of Love 2 (2007) Manuale d'amore 2 (or) Capitoli successiviအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ...
movie

Manual of Love 2 (2007) Manuale d’amore 2

The Manual of Love (2005) Manuale d’amore 6.3
The Manual of Love (2005) Manuale d’amore The Manual of Love (2005) Manuale d'amoreအချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။သူက ဇာတ်လမ်းတိုလေးတွေ စုစည်းထားတာတစ်ခုပါ။ ဇာတ်ကောင်တွေက ပတ်သက်နှီးနွယ်နေတဲ့ လှပတဲ့ အချိတ်အဆက်လေးတွေလည်း ပါဝင်ပါတယ်။ ယခုဇာတ်ကားမှာတော့ ဇာတ်လမ်းတို လေးပုဒ်ပါဝင်ပြီး အချစ်ရဲ့ မာယာနဲ့ လှည့်ဖျားတတ်ပုံ၊ အင်အားကြီးပုံတွေကို တင်ဆက်ထားသလို ကမောက်ကမအဖြစ်တွေ၊ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းတွေ ပါဝင်တာပေါ့ဗျာ။ပထမဇာတ်လမ်းမှာ အလုပ်အကိုင်မရှိတဲ့ လူငယ်လေးတစ်ယောက်က တိုးဂိုက်မ ချောချောလေးကို ချစ်မိသွားလို့ အတင်းဝင်ကပ်ရာကနေ လှပတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်တည်လာပုံပေါ့။ဒုတိယဇာတ်လမ်းကတော့ မိန်းမအပေါ်မှာ စိတ်ပျက် စိတ်ကုန်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာဖြစ်ပြီး တတိယဇာတ်လမ်းမှာတော့ ယောက်ျားဖြစ်သူရဲ့ ဖောက်ပြန်ခြင်းခံလိုက်ရတဲ့ ယာဉ်ထိန်းရဲမေတစ်ဦးရဲ့ လက်စားချေခြင်းတစ်ခုကို ကြည့်ရှုရပါမယ်။ သူ့လက်စားချေပုံကတော့ ယောက်ျားထုကြီးအတွက် ရင်တုန်စရာပါပဲ။ ရှင်ဖောက်ပြန်ရင် ...
movie

The Manual of Love (2005) Manuale d’amore

Breakfast on Pluto (2005) 7.2
Breakfast on Pluto (2005) Breakfast on Pluto (2005)ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့ အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ 'ကစ်တန်' ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိ သရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ဇာတ်လမ်းအကျဥ်းပြောရရင်တော့ သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာ မွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာ ငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီး သူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့် ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့် တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကို ရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် ...
movie

Breakfast on Pluto (2005)

2005
Almost Famous(2000) 7.9
Almost Famous(2000) Almost Famous(2000)===================IMDb 7.9 / Rotten Tomatoes 89%"ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါအဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်""အောင်မြင်ကျော်ကြားမှုက အရာရာပဲ""အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ်တင့်တယ်တယ်"ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေးဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲနေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအ​ရေးအသားပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ်ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်းရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကိုနှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်.... File size…2.62GB / 1.5GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 2m Genre ..... Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Almost Famous(2000)