Channel Myanmar

Comedy

Almost Famous(2000) 7.9
Almost Famous(2000) Almost Famous(2000)===================IMDb 7.9 / Rotten Tomatoes 89%"ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါအဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်""အောင်မြင်ကျော်ကြားမှုက အရာရာပဲ""အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ်တင့်တယ်တယ်"ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေးဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲနေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအ​ရေးအသားပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ်ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်းရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကိုနှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်.... File size…2.62GB / 1.5GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 2m Genre ..... Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Almost Famous(2000)

Body Jumper (2001)
Body Jumper (2001) Body Jumper (2001) " အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရပြေအောင် ချဲ့ကုတ်ပေးထားပါတယ်ခင်ဗျာ " တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သရဲမ ဘော့ဘ်ဟာ သူကျင်လည်ကျက်စားရာရွာလေးမှာ ယောက်ျားတွေကို မြူစွယ်ရင်း အသည်းဖောက်စားလေ့ရှိတယ်။ အဲဒီတော့ ရွာသားတွေလည်း တစ််နေ့တခြားဆိုးသွမ်းလာတဲ့ ဘော့ဘ်ကို သရဲနှင်ဆရာတွေခေါ်ပြီး ရေတွင်းပျက်တစ်ခုထဲ ပိတ်လှောင်ခဲ့ကြတယ်။နှစ်ပေါင်း ၇၀အကြာမှာတော့ မြို့ကကျောင်းသားတစ်အုပ် အဲဒီဆမ်ခေါ်ရွာလေး တိုးတက်ဖို့ဆိုပြီး ကျောင်းပရောဂျက်အတွက် ရောက်လာကြတယ။ သူတို့ထဲက သိပ်လှတဲ့ ကောင်မလေး ဂဲ ရေချိုးတာကို ချောင်းကြရင်း သရဲမဘော့ဘ်ကို မတော်တဆ လွတ်မြောက်သွားစေခဲ့တယ်။ ဘော့ဘ်ဟာ ဂဲဆီ ဝင်ပူးပြီး ကျောင်းသားအုပ်စုနဲ့အတူ ဘန်ကောက်မြို့ကို ပြန်လိုက်သွားချိန်မှာတော့...ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ထိုင်းသရဲဟာသကားလေးဖြစ်တာမို့ အားပေးလိုက်ကြပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.4GB, 760MB Quality - 1080p, 720p Format - mp4 Duration ...
movie

Body Jumper (2001)

2001
Mukundan Unni Associates™ (2022) 8.0
Mukundan Unni Associates™ (2022) Mukandan Unni Associate ====================‌ imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie

Mukundan Unni Associates™ (2022)

2022
She’s The One (2013) 6.3
She’s The One (2013) She is the one (2013)IMdb Rating (6.3)ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။ဇာတ်လမ်းကတော့...."ကတ်"လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း "ဝါကီ"ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ "ကတ်"က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။ "ဝါကီ"က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ "ကတ်"အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။တစ်နေ့မှာတော့ "ကတ်"က ...
movie

She’s The One (2013)

Frankie and Johnny (1991) 6.7
Frankie and Johnny (1991) Frankie and Johnny (1991)~ IMDb - 6.7/10, RT - 69%, Meta - 66% ~Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်...ထောင်ကလွတ်လာကစ ...
movie

Frankie and Johnny (1991)

1991
Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

Razzennest (2022)
Razzennest (2022) သာမန် Horror ကားတွေနဲ့မတူဘဲ ဒီကားထဲမှာတော့ သရုပ်ဆောင်တွေမြင်ရမှာမဟုတ်ဘဲ စကားပြောနေတဲ့အသံပဲကြားနေရမှာပါ။ရုပ်ရှင်ဝေဖန်ရေးသမား ဘာဘတ်နဲ့ တောင်အာဖရိကကရုပ်ရှင်ရိုက်ကူးသူ အူစတောရီဇန်တို့ "ရက်ဇန်းနက်စ်"ဆိုတဲ့ အူစတောရီဇန်ဖန်တီးထားတဲ့ရုပ်ရှင်ကို ကြည့်ရင်း အသံတိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် စတူဒီယိုထဲအသံသွင်းနေကြတာကို ဇာတ်အိမ်တည်ထားပါတယ်။ဒါပေမဲ့ အသံသွင်းနေရင်း စတူဒီယိုထဲ ထူးဆန်းတာတွေဖြစ်လာတဲ့အခါ..ဖြစ်နေတာတွေကိုမမြင်ရဘဲ အသံပဲကြားရပေမယ့် ရင်ထဲတစ်ထိတ်ထိတ်နဲ့ Horror ရသပေးနိုင်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…(2.09GB)  / (`1.15GB) / (421MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:21:00 Genre...  Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by shin Rina
movie

Razzennest (2022)

Anons (2017) 6.7
Anons (2017) Anons (2017) =========== IMDb Rating - 6.7/10တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာတွေ တော်တော် ရှိခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်က စစ်တပ်ကနေပြီးတော့ တူရကီနိုင်ငံအစိုးရဆီကနေ နိုင်ငံအာဏာ သိမ်းဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့စတာပေါ့။ ဒါပေမယ့် တခြား နိုင်ငံရေး၊ စစ်ရေးတွေထက် ဒီထဲမှာ တူရကီစစ်တပ်က စစ်ဗိုလ် လေးယောက် အဲ့အာဏာသိမ်းဖို့လုပ်မယ့်အကြောင်းကို တူရကီရဲ့ ရေဒီယိုအစ္စတန်ဘူလ်ဆိုတဲ့အသံလွှင့်ဌာနကနေလွှင့်ကြေညာဖို့ အတွက် ညလုံးပေါက်ခရီးသွားကြတာကိုပဲ Black Comedy ဆန် ဆန်၊ Satire သဘောဆန်ဆန်ရိုက်ထားတာပါ။ရုပ်ရှင်အစကနေအဆုံးထိ အဲ့အကြောင်းပဲဆိုတော့ စစချင်းပျင်းဖို့ ကောင်းမယ်ထင်ရပေမယ့်လို့ သူတို့လေးယောက်သွားရတာက အဆင်ချောမနေဘဲ ကိစ္စအဖုံဖုံပေါ်ပေါပြီး ပြဿနာတွေတက်နေရ တာကိုကြည့်နေရင်းနဲ့စိတ်ဝင်စားဖို့ကောင်းပြီးဆက်ကြည့်ချင်စိတ် ဖြစ်မိမှာပါ။ နောက်ဆုံးဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီ Anons (Announcement) ကားကိုပဲဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.0 GB) / (275 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Fiona Gillen Encoder..........SWM
movie

Anons (2017)

2017
Ballabhpurer Roopkotha (2023) 8.6
Ballabhpurer Roopkotha (2023) Ballavpurer Roopkatha 2022 8.7/ 10 IMDb ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ ရယ်လဲရယ်ရ ကြောက်လဲကြောက်ရမယ့် သရဲဟာသကားလေးပါ... ကျိန်စာဆိုတာ ကြောက်ဖို့ကောင်းသလို အဲ့ဒီအစွဲကိုချွတ်ဖို့အကြောင်းအရင်းကိုသိမှ မကျွတ်မလွတ်သေးတဲ့သူတွေဟာ လွယ်လွယ်ကျွတ်လွတ်နိုင်မှာမဟုတ်လား.... ဒီဇာတ်ကားလေးမှာတော့ မင်းသားSatyam ( ဘူပတီ)၊ မင်းသမီးလေးSurangana ( ချန်ဒါ)နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာပါဝင်အားဖြည့်ထားပါတယ်.....ဒီရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဥ်းလေးကတော့.... ဘူပတီက ကိုလ်ကတ္တားကိုပြောင်းပြီး သွားဆေးခန်းဖွင့်ချင်နေတဲ့သူတစ်ယောက်ပါ... သူ့က ရှင်ဘုရင်မျိုးဆက်ဖြစ်ပြီး သူပိုင်ဆိုင်တာဆိုလို့ ဘိုးဘွားဘိုင် သက်တမ်း ၄၀၀ရှိတဲ့ ဘော်လာပူရ်နန်းတော်/ အိမ်ကြီးပဲရှိပါတယ်..ဒါပေမယ့် သူဟာအကြွေးတွေနစ်ပြီး ပြန်ပေးစရာမရှိတဲ့အခါမှာတော့ ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းရဖို့ဖြစ်လာပါတော့တယ်..ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဆပ်ပြာပိုင်ရှင် မစ္စတာဟလ်ဒါက တစ်နေ့မှာသူ့အိမ်ကိုလာကြည့်ဖို့အကြောင်းကြားလာပါတယ်..ဒီလိုနဲ့ ဘူတီလဲ နယ်ကိုပြန်ပြီး အိမ်တော်ထိန်းမိုနိုဟာနဲ့ နှစ်ယောက်ပေါင်းကြံကာ အိမ်ကြီးကိုရောင်းဖို့စီစဥ်ပါတော့တယ်..အိမ်ကိုအကြွေးတောင်းဖို့ရောက်လာတဲ့ အကြွေးရှင်သုံးယောက်နဲ့ ဘူမသိကိုးမသိ မဖိတ်ခေါ်ပဲရောက်လာတဲ့သူငယ်ချင်းဖြစ်သူ ဆန်ဂျိဘ်ကရော အိမ်ကိုရောင်းထုတ်ဖို့စီစဥ်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရပြန်ပါတော့တယ်... ဘာဖြစ်လို့များ ညသန်းခေါင်ရောက်မှာကို သူတို့ကြောက်နေကြတာလဲ... ဒီအိမ်ကြီးကိုရောင်းရပြီးရော အမြန်ရောင်းချင်နေတဲ့အကြောင်းကရော ဘာကြောင့်လဲ.. ဘူပတီပြောတဲ့ ရာဂူဆိုတဲ့သူကရော ဘယ်လိုမျိုးလဲဆိုတာ ပရိသတ်ကြီးပဲ မျှောင့်လင့်စောင့်စားကြည့်ရှုလိုက်ကြပါဦး.... File size…1.64GB  / 663MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ Cherry ...
movie

Ballabhpurer Roopkotha (2023)

2023
Snoop Dogg Presents: The Bad Girls of Comedy (2012) 6.9
Snoop Dogg Presents: The Bad Girls of Comedy (2012) Snoop Dogg Presents: The Bad Girls of Comedy (2012) ====================================== IMDb Rating - 6.9/10အမေရိကန်ရက်ပါအဆိုတော် စနုဒေါ့ဂ်ကို အများစုကတော့ သိကြ မှာပါ။ စနုဒေါ့ဂ်ကအမျိုးသမီးဟာသပြောသူ၅ယောက်ကို စုပြီး ရှိုးတစ်ခု လုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အမျိုးသမီးဟာသပြောသူ(၅)ယောက် စင်ပေါ်မှာတစ်ယောက်ချင်း ဟာသတင်ဆက်သွားတာကို ကြည့်ရှုရမှာပါ။ "အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်အိမ်လို့ သဘောထားရမယ်၊ ညနက် တဲ့ထိ အပြင်မှာမနေရဘူး၊ ကိုယ့်အိမ်ထဲကို တစ်ယောက်ယောက် နောက် ပေါက်ကနေ ခိုးဝင်လာလိမ့်မယ်" ဒီဇာတ်ကားထဲကဟာသတစ်ခုပါ။ဒီဇာတ်ကားက ယောက်ျား၊မိန်းမအကြောင်းကို ဘွင်းဘွင်းရှင်းရှင်း ဟာသ လုပ်ထားတယ်ပဲဆိုပါတော့။ တစ်ကားလုံး ပါးစပ်မစေ့ဘဲ ဆက်တိုက်ရယ် ရချင်မှရယ်ရပါလိမ့်မယ်။ ဒါပေမယ့် တစ်နာရီဆိုတဲ့အချိန်တွင်းမှာတော့ Snoop Dogg ရဲ့ထုံးစံအတိုင်း ပေါက်ကရစကားတွေကတော့ နားထဲပြည့် သွားမှာတော့အမှန်ပါပဲ။ ဒီဇာတ်ကားထဲမှာ 18+ဇာတ်ဝင်ခန်းတွေမပါပေမယ့် လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းထားတာမို့လို့  မိသားစု နဲ့ကြည့်ရှုဖို့မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီ၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်)File Size..........(1.2 GB) ...
movie

Snoop Dogg Presents: The Bad Girls of Comedy (2012)

2012
High Heat (2022)
High Heat (2022) High Heat (2022)အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။ တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့ သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင် သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့ အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.4GB | 557MB | 276MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie

High Heat (2022)

2022
Scare Package (2019) 5.5
Scare Package (2019) Scare Package (2019)~ Rotten Tomatoes - 88%, Shudder - 3.7/5 ~တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad's Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတ‌စ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် ...
movie

Scare Package (2019)

2019
Ayo Putus (2022) 7.8
Ayo Putus (2022) Ayo Putus (2022)အညွှန်းဒီရုပ်ရှင်လေးကတော့Romance Comedyလေးပဲဖြစ်ပါတယ် ။ စဲလ်တန်ဆိုတဲ့ကျောင်းမှာနာမည်ကြီးတဲ့ကောင်လေးဟာ မိန်းကလေးတ်ယောက်နဲ့ သုံးရက်ပဲတွဲလေ့ရှိပါတယ်။သုံးရက်ပြည့်တဲ့နေ့မှာတော့ အကြောင်းပြချက်မရှိ လမ်းခွဲတဲ့ နိယာမရှိပါတယ်။ ဒါပေမဲ့ အယ်လ်မာကိုဆိုတဲ့‌ကောင်မလေးနဲ့သုံးရက်တာတွဲဖို့ဖြစ်လာခဲ့ပြီး စဲလ်တန်ရဲ့ နှလုံးသားတံခါးကလည်းပွင့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ စဲလ်တန်က သူ့ရဲ့နိယာမအတိုင်း အဲလ်မာနဲ့ လမ်းခွဲသွားမလား ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာပဲပြီးအောင်ကြည့်ပေးကြပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 801MB | 384MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyal Sin Yati Ko Encoder ..... August
movie

Ayo Putus (2022)

2022
(21+) Cinderella (1977) 5.6
(21+) Cinderella (1977) ဒီဇာတ်ကားလေးက စင်ဒရဲလားလေးရဲ့ လူကြီးကြိုက် နောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ဒီထဲမှာ စင်ဒရဲလားလေး ကြင်ယာဖြစ်သွားပုံက ထူးဆန်းတယ် အစောင့်ရှောက်ကလဲ ထူးဆန်းတယ် စင်ဒရဲလားလေးကလှတယ်ငယ်ရွယ်တယ် နုပျိုတယ် ဖြူစင်တယ်စင်ဒရဲလားလေးက မယားပါသမီးနဲ့ မိထွေးတို့ရဲ့ အနှိမ်ခံ ဘဝနဲ့အစပျိုးထားပါတယ် ဘုရင့်သားတော်ရဲ့ မွေးနေ့ ကြင်ယာရွေးပွဲ ဖိတ်စာရပေမဲ့ တက်လို့မရအောင် မိထွေးနဲ့ မယားပါသမီးတွေကဖျက်ဆီးပါတယ်အဲဒီကြင်ယာရွေးပွဲကထူးဆန်းပါတယ် မိန်းမတွေအကြောင်းပေါင်းကြည့်မှသိဆိုသလိုပဲ ကံစမ်းမဲနှိုက်ပြီး ခဏတာ ပေါင်းကြည့်တာပါပဲ စင်ဒရဲလားလေးကတော့ သူ့ဖြူစင်တဲ့စေတနာအတိုင်း အချိန်တန်တော့ သူမရဲ့ ကိုယ်စောင့်နတ်နဲ့တွေ့ပြီးအကူညီရပါတော့တယ်အကူညီကလဲ အတော်ထိရောက်ပါတယ် မိန်းမတစ်ယောက်ရဲ့ အဓိကကိုပါ ပြောင်းပေးလိုက်ပါတယ် မိန်းမ တစ်‌ထောင်မှာ တစ်ယောက်မရှိတဲ့ အရာမျိုးပါ အဲဒါကို မင်းသားလေးက စွဲလန်းသွားတဲ့အခါမှာတော့မင်းသားလေးရဲ့ရှာပုံတော် ကြင်ရာရွေးပွဲ စတာတွေက DS Fans တွေအကြိုက်ဖြစ်နေတာကြောင့် စင်ဒရဲလားရဲ့ ရသတမျိုးကို တင်ဆက်လိုက်ပါတယ် File size…1.86GB / 918MB Quality…1080p Blu Ray  / 720p Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(21+) Cinderella (1977)

1977
Renaissance Man (1994)
Renaissance Man (1994)   1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB)  / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre...  Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina 
movie

Renaissance Man (1994)

[18+]So Cute(2004) 6.7
[18+]So Cute(2004) So Cute(2004)**************(၁၈+ အခန်းများပါသဖြင့်မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ..)ဂျန်ဆူရိုဟာ ဆိုးလ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်..သူဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆောင်လက်ဖွဲ့ပေးရာမှာ နာမည်ကြီးလို့ အမျိုးသမီးတွေက သူ့ကို သဘောကျကြတယ်..အဲလိုနဲ့ဂျန်ဆူရိုဟာ အမျိုးသမီးတချို့နဲ့ပတ်သက်ခဲ့ပြီး ဖအေတူမအေကွဲ သား၃ယောက်ရလာပါတော့တယ်.. သားကြီးဖြစ်သူအမူးသမား ၉၆၃က ဆိုင်ကယ်နဲ့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ပြီးသားလတ်ဖြစ်သူဂယ်ခို(ခွေးနှာခေါင်း)က ကရိန်းကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. သားအငယ်ဆုံးဖြစ်တဲ့မောရှီဂီကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး မကြာခင်ကမှ ထောင်ကထွက်လာသူဖြစ်ပါတယ်..မောရှီဂီရဲ့ဆရာ လူမိုက်ဂိုဏ်းခေါင်းဆောင်က မောရှီဂီရဲ့ဖခင်နေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကတိုက်တန်းဟောင်းကို စီမံကိန်းတစ်ခုနဲ့ဖျက်ခိုင်းဖို့ မောရှီဂီနဲ့အဖွဲ့ကို စေခိုင်းတဲ့အခါမှာတော့ဖခင်နဲ့လူမိုက်ဆရာကြား မောရှီဂီအခက်တွေ့ပါတော့တယ် ဒါ့ပြင် သားလတ်ဂယ်ခိုနဲ့သိတဲ့ ဆွန်းရီဆိုတဲ့ဆန်မုန့်ရောင်းတဲ့မိန်းကလေးတစ်ဦးကပါ..သူတို့အိမ်ပေါ်ရောက်လာတဲ့အခါမှာ သားအဖ၄ယောက်နဲ့ဆွန်းရီရဲ့ပတ်သက်မှုကလည်း ရယ်မောစရာကောင်းပြီး ပိုရှုပ်ထွေးလာပါတော့တယ်..    File Size : (3.1GB)(1.0 GB) and (397 MB) Quality : NF.WEB-DL 1080P, 720p Format…mp4 Duration…01:56:00 Genre : Adult, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PPM Encoded by DS
movie

[18+]So Cute(2004)

Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022
The Three Wise Kings vs. Santa (2022) 5.2
The Three Wise Kings vs. Santa (2022) The Three Wise Kings vs. Santa (2022) ============================ခရစ္စမတ်လို့အသံကြားလိုက်တာနဲ့ ဆန်တာကလော့စ်ကိုပဲ ပြေးမြင်မိကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဆန်တာကလော့စ်မဟုတ်ဘဲ The Three Kings ဆိုတဲ့ ဘုရင်သုံးပါးအကြောင်းကို အဓိကထားထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဆန်တာကလော့စ်နဲ့ ဘုရင်သုံးပါးက မတည့်ကြပါဘူးတဲ့။ ဘုရင်သုံးပါးက ဆန် တာကလော့စ်ကို မနာလိုဖြစ်နေကြတာပါ။ဘာလို့ဆို ခရစ္စမတ်ဆိုရင် ဆန်တာကလော့စ်ကိုပဲ အရင်ပြေးမြင်ကြတာကိုး။ ဆန်တာကလော့စ်ကလည်း ကိုယ့်ဘာသာမနေဘဲ သူတို့ကိုသွားသွားစပါတယ်။ ခပ်ပျော်ပျော်ပဲနေတဲ့ ဆန်တာကရော ဘုရင်သုံးပါးကို ဘာများမနာလိုရတာလဲ။ နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကားအတိုင်း သူတို့တွေရဲ့ရန်ပွဲကြောင့် နိုးထလာတဲ့ မကောင်းဆိုးဝါးကို သူတို့တွေဘယ်လိုအနိုင်ယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.8 GB) / (720 MB) / (495 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......EL Encoder..........Zin Phyo Aung
movie

The Three Wise Kings vs. Santa (2022)

2022
Cheppalani Undhi (2023) 8.5
Cheppalani Undhi (2023) Cheppalani Undi 2022IMDb-8.6/10လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ်အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ်တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~  Sai ThuRein
movie

Cheppalani Undhi (2023)

2023
Runaway Bride(1999) 6.7
Runaway Bride(1999) Runaway Bride(1999)********************မင်းသားကြီး Richard Gere နဲ့  Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက်အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက်ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီးIkeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက်အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရောဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်‌ထွက်ပြေးနေရတာလဲသူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Runaway Bride(1999)