Channel Myanmar

Comedy

Love SummerI(2011) 6.5
Love SummerI(2011) Love Summer (2011)=================ဒီတစ်ခါမှာတော့ ထိုင်းကားလေးတွေကြိုက်တတ်တဲ့သူတွေအတွက် ထိုင်းဟာသကားလေးလာပါပြီနော်ခရီးသွားဖို့စီစဉ်တိုင်း သူငယ်ချင်းတွေ ညှိမရတာနဲ့မသွားဖြစ်ကြတော့တာမျိုးတွေများတယ်မလား?ဒီကားထဲမှာတော့ သူငယ်ချင်းတွေစုပြီးခရီးထွက်ကြတာမဟုတ်ဘဲ ခရီးထွက်ရင်း မထင်မှတ်ဘဲ လမ်းမှာဆုံကြတဲ့သူတို့တွေ သူငယ်ချင်းဖြစ်သွားတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်...ကောင်လေးသုံးယောက် ဘန်ကောက်ကနေပြီးထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်ကိုခရီးထွက်လာကြပါတယ် လမ်းမှာနောက်ထပ်သူစိမ်းကောင်မလေးနှစ်ယောက်နဲ့အမှတ်မထင်ဆုံမိပြီးဖူးခက်ကိုအတူခရီးနှင်ကြတဲ့ လမ်းတစ်လျှောက်မှာ ....ကားပျက်လို့ကြုံတွေ့ရတဲ့နောက်ဆက်တွဲတွေ....ကြိုသိမထားတဲ့အရာတွေဖြစ်လာတဲ့အခါ ရင်ဆိုင်ရတာတွေ၊သူတို့ကြားကဆက်ဆံရေးတွေကို အခွီတစ်လိုင်းနဲ့ရယ်နေရမယ့်ကားလေးမို့ထိုင်းဟာသကားကြိုက်တတ်တဲ့CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော် File size…2.1GB / 1GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 50m Genre ..... Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hnin-Pale
movie

Love SummerI(2011)

Mad Heidi (2022) 6.1
Mad Heidi (2022) Mad Heidi (2022)(1080p ရပါပြီ)ဒီဇာတ်ကား‌လေးက ဆွစ်ဇာလန်က Alps တောင်တန်းတွေမှာ ဇာတ်အိမ်စတည်ထားပြီး အသည်းတစ်ခြမ်း မိန်းမကြမ်းကားကိုမှ ဟာသလေးနည်းနည်းနှောပြီးကြည့်ရမယ်ကားလေးပါပဲ။ဟာသနှောဆိုပေမယ့် ခပ်ပေါ့ပေါ့ကားတော့မဟုတ်ဘဲ သွေးထွက်သံယိုနဲ့ကြည့်ရမှာပါ။ဖြစ်ကြောင်းကုန်စင်ကတော့ အဲ့အချိန်အခါက ဆွစ်ဇာလန်မှာ ဆွစ်ချိစ်ကို မစားရင်၊ ချိစ်မှာပါတဲ့ နို့သကြားဓာတ်ကိုမခံနိုင်ရင် ရာဇဝတ်မှုဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခံရပါတယ်တဲ့။ အဲ့အမိန့်ချတဲ့ ဆွစ်ခေါင်းဆောင်ကြီးဟာဆိုရင်ဖြင့် သူ့ချိစ်ကို ပြည်တွင်းမှာတင်မက နိုင်ငံအနံ့တင်ပို့ပြီး ကမ္ဘာကို အပိုင်သိမ်းချင်နေတာပါ။တောင်ပေါ်သူ ဟိဒ်ဒီလေးရဲ့ ချစ်သူဆိတ်ပီတာဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အသတ်ခံလိုက်ရလို့ ကလဲ့စားချေလိုမှုကစတာပါပဲ။အသည်းတစ်ခြမ်းနဲ့ မုဆိုးမ မိန်းမကြမ်းကြီး ဟိဒ်ဒီတစ်ယောက် ဘယ်လိုကလဲ့စားချေမလဲ? ကမ္ဘာကိုရောကယ်တင်နိုင်မလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ဆွစ်ဇာလန်သူလေးရဲ့အဖြစ်ကို ဆွဇ်ဇာလန်ရိုးရာ လက်နက်တွေ၊ ဝတ်စုံတွေအပြင် ဆွစ် ချိစ် လှိုင်လှိုင်နဲ့ ကြည့်ရမယ့်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းကို ကို Themes က ရေးပေးထားပါတယ်။)File Size          : 1.9GB, 886MB, 418MB Quality  ...
movie

Mad Heidi (2022)

2022
The Estate (2022) 5.3
The Estate (2022) The Estate (2022) ==============ဇာတ်လမ်းနာမည်ကိုကြည့်လိုက်ရင်တော့ ဟာသကားလို့ မထင်ရပေမဲ့ တကယ့်တကယ် အတော်လေးခွီရတဲ့ ဇာတ် ကားလေးတစ်ပုဒ်ပါပဲ။ဇာတ်လမ်းအစမှာ Macey နဲ့ Savanna တို့ညီအစ်မနှစ်ယောက်က သူတို့အဖေအရမ်းသဘောကျခဲ့တဲ့ သူတို့ကော်ဖီဆိုင်လေးကို အကြွေးတွေပိပီးပိတ်ပစ်ခါနီးမို့ အကြပ်ရိုက်နေချိန်၊ သူတို့အဒေါ် ဖြစ်တဲ့ အပျိုကြီးဘောစိက ကင်ဆာရောဂါနဲ့ နောက်ဆုံးအချိန် ရောက်နေပီဆိုတာသိရှိရတော့ အမွေရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ သွားခဲ့ပါတယ်။ဟိုရောက်တော့ သူတို့ညီအစ်မ၂ယောက်ထဲပဲရှိမယ်လို့ထင်ထားခဲ့ ပေမဲ့ တကယ့်တကယ် တခြားအမွေလိုချင်တဲ့ သူတို့ဝမ်းကွဲမောင်နှမ တွေ ဖြစ်တဲ့ Beatrice နဲ့ Richard တို့ပါရောက်နေခဲ့ပါတယ်။ ဒီတော့ သူတို့အားလုံးက အဒေါ့်ဆီကအမွေရဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကြိုးစားရယူမလဲဆိုတာကို ဟာသလေးတွေ အလွဲလေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာမင်းသားကြီး Ron Livingston လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။Translator တွေကိုယ်တိုင်အော်ပီးခွီရတဲ့ကားမို့ စိတ်အမောတွေပြေဖို့ဆိုရင် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါကြောင်း……..(ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Laiမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.78 GB) / (655 MB) / (360 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......CM Team Encoder...........SWM
movie

The Estate (2022)

2022
Off Track (2022) 6.1
Off Track (2022) Off Track (2022)~ IMDb rating - 6.1/10 ~ကလေးတစ်ယောက်မိခင် လီဆာဟာ စံထားရလောက်တဲ့ မိခင်တစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။ ဘဝကို ရေလိုက်ငါးလိုက်ဖြတ်သန်းနေတဲ့၊ အလုပ်မရှိအကိုင်မရှိ အချိန်ပြည့် အရက်ပဲသောက်နေတဲ့ လမ်းဆုံးလုနီးပါး အမျိုးသမီးတစ်ယောက်ပေါ့။သူနဲ့ ဆန့်ကျင်ဘက်ကတော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဒန်နီယမ်ပါ။ သူကတော့ အသက်လတ်ပိုင်းအရွယ် အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ဘဝရည်မှန်းချက်ကြီးသူ... အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။ ဒါ့အပြင် သူဟာ ကီလိုမီတာ ၉၀ တာအဝေးရှိတဲ့ ဗာဆာနှင်းလျှောစီးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ကြိုးစားနေတဲ့နှင်းလျှောစီးသူ တစ်ယောက်ပါ။ဒန်နီယမ်ဟာ ညီမဖြစ်သူ လီဆာ ဒုက္ခရောက်တိုင်းလည်း ကူညီရသူပါ။ တစ်နေ့တော့ အိမ်ပေါ်ကို ၃ လလောက်‌ ခေါ်တင်ထားရမယ့်အခြေအနေထိ ရောက်လာပါတယ်။ ဒီလိုနဲ့ ဒန်နီယမ်ဟာ မှိုင်တွေနေတဲ့ သူ့ညီမကို စိတ်ပြေလက်ပျောက် နှင်းလျှောစီးခေါ်သွားခဲ့ပါတယ်။အစကတော့ လီဆာဟာ ဒီအားကစားကို တစ်စက်လေးမှ စိတ်မဝင်စားခဲ့ပါဘူး။ သို့ပေမယ့် သမီးဖြစ်သူ အယ်ဗီရာက ဒါကို ...
movie

Off Track (2022)

2022
Roald Dahl’s Matilda the Musical (2022) 7.3
Roald Dahl’s Matilda the Musical (2022) Roald Dahl's Matilda the Musical (2022) ============================= IMDb Rating - 7.3/10ဒီတစ်ခါမှာတော့ IMDb Rating 7.3 ရရှိထားတဲ့ "Matilda the Musical" ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက် ပေးပါရစေ။ စာရေးဆရာ Roald Dahl ရဲ့ Matilda ဆိုတဲ့ဝတ္တု ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ် ပါတယ်။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်က သီချင်းတွေပါ။ သံစဉ်ပိုင်းကတော့ ရှယ်ပါပဲ။"မာတေလ်ဒါ" ဆိုတဲ့ကလေးမလေးဟာ မိဘတွေရဲ့မလိုလားမှုကို ခံနေရသူ‌လေး။ ကျောင်းမထားပေးလို့ ကျောင်းမနေခဲ့ရပေမယ့် အသိအန်တီတစ်ယောက်အကူအညီနဲ့ စာဖတ်ဝါသနာအိုးလေးဖြစ် နေခဲ့တာပေါ့။ ပုံပြင်အပြောကောင်းသူဆိုလည်းဟုတ်ပါတယ် ။ တစ်နေ့ကျ သူ့မိဘတွေက စစ်ဆေးရေးကြောင့် သူ့ကိုမဖြစ်မနေ ကျောင်းထားပေးခဲ့ရပါတော့တယ်။အဲ့ကျောင်းက ကျောင်းသားတွေ ပြောပုံအရဆိုရင် ကျောင်းကထောင်ကြီးတစ်ခုလိုပဲတဲ့။ အဲ့လိုနဲ့ ဖြတ် ထိုးဉာဏ်ကောင်းတဲ့ မာတေလ်ဒါလေးနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းအုပ်ကြီးထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြပါလေရော။ ဘဝကမတရားဘူးလို့ခံစားရရင် ညစ်ကျယ်ကျယ်ထလုပ်တတ်တဲ့ မာတေလ်ဒါလေးတစ်ယောက် ကျောင်းတက်ရင်းဘာတွေကြုံရမလဲ။ ဆိုးသွမ်းတဲ့ကျောင်းအုပ်ကြီးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ...ဆို တာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားတစ်ခုလုံးစကားပြောတွေချည်းမဟုတ်ဘဲ ဇာတ်ကွက်တွေကို သီချင်းတွေနဲ့တွဲပြီး အကောင်းဆုံးပုံဖော်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ဇာတ် ကားမြူးမြူးလေးတွေ ကြည့်ချင်သူများလက်မလွှတ်သင့်ပါကြောင်း ဖြည့် စွက်ပြောကြားလိုပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May ...
movie

Roald Dahl’s Matilda the Musical (2022)

2022
24 (2016) 7.9
24 (2016) 24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie

24 (2016)

2016
The Amazing Maurice (2022) 6.4
The Amazing Maurice (2022) The Amazing Maurice (2022) ===================== IMDb Rating - 6.4/10ဇာတ်လမ်းအကျဉ်းလေးကတော့ စကားပြောတတ်တဲ့ ကြွက်ကလေး တွေရယ်၊ ကိသ်ဆိုတဲ့ မိဘမဲ့ကောင်လေးရယ် ‌စကားပြောတတ်တဲ့ မော်ရိစ် ဆိုတဲ့ကြောင်လေးရယ်၊ သူတို့တွေက လူတွေဆီကပိုက်ဆံကို လိမ်ယူကြ တယ်။ လိမ်ပုံလိမ်နည်းကတော့ ကြွက်တွေကိုမြို့တစ်မြို့ဆီကို အရင်ဝင် ခိုင်းပြီး သောင်းကျန်းခိုင်းလိုက်တယ်။ ကြွက်တွေကြောင့်လူတွေဟာ အအိပ်ပျက် အစားပျက်နဲ့ ဒုက္ခတွေရော‌က်ကြတယ်။ပုလိပ်ရောဂါရမှာကိုလည်း စိုးရိမ်ကြတယ်။အဲ့ဒီအချိန်ကျမှ ကယ်တင်ရှင်ကြီး‌အနေနဲ့ မော်ရိစ်ဟာ ကိသ်ကို The Piper ပု‌လွေသမားလေးပုံစံဟန်ဆောင်ပြီးပုလွေနဲ့သီချင်းတီးကာ ကြွက်တွေကိုမြို့နဲ့ ဝေးရာကိုခေါ်သွားစေတယ်။ ကြွက်တွေမရှိအောင်ဆောင်ရွက်ပေးတဲ့အတွက် လူတွေပိုက်ဆံတွေပေးကြတယ်။ ဒီလိုနဲ့တစ်မြို့ပြီးတစ်မြို့ပိုက်ရှာနေရင်းနဲ့ ဘက်လစ်ဇ်ဆိုတဲ့မြို့ကိုလိမ်ဖို့ရောက်လာကြတယ်။ မြို့ဟာ အချက်အခြာကြပြီး မြို့ကြီးမြို့ကောင်းဆိုပေမယ့် ထူဆန်းစွာနဲ့ တစ်မြို့လုံးဟာတိတ်ဆိတ်နေကြတယ်။ အကြောင်းကတော့ စားစရာမှန်သမျှဟာ တစ်ခုမကျန်ပျောက်ဆုံးနေပြီး တစ်မြို့ လုံးဟာ အငတ်ဘေးဆိုက်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့လိမ်မယ်ဆိုတာကို စွန့်လွှတ်ပြီးတော့ မြို့တော်ဝန်သမီးနဲ့အတူ အဖြေလိုက် ရှာတဲ့အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.71 GB) / (728 MB) / (436 MB) Quality............WEB-RIP 1080p / 720p ...
movie

The Amazing Maurice (2022)

2022
Scrooge: A Christmas Carol(2022) 6.2
Scrooge: A Christmas Carol(2022) ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် "အက်ဘီနီဇာစကရုချ်".. အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့...File size…(2.4GB)  / (`1.29B) / (698MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina  
movie

Scrooge: A Christmas Carol(2022)

Raise a Glass to Love (2021) 6.9
Raise a Glass to Love (2021) Raise a Glass to Love (2021)~ IMDb rating - 6.9/10 ~လောကကြီးထဲ လူနှစ်ယောက်ပေါင်းဖက်ဖို့ဆိုရာမှာ တစ်ဖက်လူရဲ့ ဝါသနာတွေ၊ ခံယူချက်တွေ၊ အိပ်မက်တွေကို နားလည်ပေးနိုင်ဖို့လိုပေမယ့် အရေးကြီးဆုံးကတော့ ယုံကြည်မှုပေးဖို့ အပြန်အလှန်လေးစားမှုရှိဖို့လို့ ထင်မိပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်လည်း ငယ်ငယ်ကတည်းက အဘွားလက်ထဲမှာ ကြီးပြင်းပြီး ဝိုင်ကို ချစ်မြတ်နိုးပြီး မာစတာတည်ခင်းသူဖြစ်ချင်တဲ့ ဂျန်နာဟာ ဝိုင်လောကသားဖြစ်ပြီး သူနဲ့သုံးနှစ်ကြာတွဲလာတဲ့ အေဒင်နဲ့ ဝါသနာတူ နယ်ပယ်တူချစ်သူတွေမလို့ အပေါ်ယံကြည့်ရင်တော့ အဆင်ပြေနေပေမယ့် တကယ်တမ်းလိုအပ်တဲ့ ယုံကြည်မှုကိုမရခဲ့ပါဘူး။ဒီလိုနဲ့ သူ့အိပ်မက်ကို အကောင်ထည်ဖော်ဖို့ စာမေးပွဲအတွက်ကြိုးစားနေတဲ့ ဂျန်နာတစ်ယောက် တစ်နေ့မှာတော့ သူ့မိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပါတီအတွက် စပျစ်ခြံကိုပြန်ရောက်သွားပြီး သူ့အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် တမူထူးခြားတဲ့လူတစ်ယောက်နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Robin မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 700MB Quality - 1080p, 720p IMDb Rating - ...
movie

Raise a Glass to Love (2021)

2021
Magic Mike XXL(2015) 5.6
Magic Mike XXL(2015)  2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Magic Mikeရဲ့ အဆက်ဖြစ်ပြီး 2023မှာလည်း sequelအနေနဲ့ ထပ်လာဖို့ရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဖော်အချွတ်လောကကနေ အနားယူပြီး သုံးနှစ်ကြာ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာ တစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellas ဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အသုဘစောင့်အိပ်ရအောင်လို့ လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတဲ့အခါမှာတော့..။IMDb rating 5.6နဲ့ Tomatometerမှာ 65% ရရှိထားပြီး ပထမတစ်ကားထက် စာရင် Dance sceneတွေ Soundtrackတွေ သိသိသာသာ ပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဝါရင့်ဒါရိုက်တာကြီး Gregory Jacobက စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။File size…(2.02GB)  / (1.07GB) / 546MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comsdy / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

Magic Mike XXL(2015)

Magic Mike (2012)
Magic Mike (2012) Mike Laneဟာ Tempaမြို့က အဖော်အချွတ်ကလပ်တစ်ခုမှာ အဖော်အချွတ်ပြစားနေသူ တစ်ယောက်ဖြစ်ပြီး ပိုတဲ့အချိန်တွေမှာလည်း အပိုငွေ‌လေးတွေ ရှာလေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းလေး တစ်ခုကို ထူထောင်ပြီး အေးအေးလူလူ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့ အတွေးနဲ့ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုထဲမယ် Adamဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး အဲဒီကောင်လေးကိုပါ အဖော်အချွတ်လောကထဲ ခေါ်ယူဖို့ ဖြစ်လာတဲ့အခါမှာတော့...။ဒီဇာတ်ကားကို ဒါရိုက်တာ Steven Soderberghက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ဆု‌တွေနဲ့ Nominationများစွာကိုလည်း ရရှိဆွတ်ခူးခဲ့တဲ့အပြင် IMDb 6.1နဲ့ Rotten Tomatoesမှာလည်း 78% ရရှိထားပါတယ်။File size…(1.74GB)  / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo
movie

Magic Mike (2012)

Hotel for the Holidays (2022) 5.3
Hotel for the Holidays (2022)   သီချင်းအေးအေးလေးတွေ၊ ဇာတ်ကားကောင်းလေးတွေနဲ့ chill လို့ကောင်းတဲ့ ခရစ်စမတ်ကာလလည်း ရောက်လာပြီဆိုတော့ အားလုံးလည်းစိတ်အပန်းပြေရအောင် ပေါ့ပေါ့ပါးပါးနဲ့ Christmas theme ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Hotel for the Holidays လို့ခေါ်တဲ့ဇာတ်ကားလေးပဲဖြစ်ပြီး အခုနှစ်ထဲမှာမှထွက်ထားတဲ့ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အလုပ်ကြိုးစားတဲ့ဟော်တယ်မန်နေဂျာမလေးဂျော်ဂျီယာနဲ့ ခရစ်စမတ်အားလပ်ရက်ကာလမှာ ဟော်တယ်မှာလာရောက်အပန်းဖြေကြတဲ့ လူအမျိုးမျိုးနဲ့ သူတို့ရဲ့ဇာတ်လမ်းအထွေထွေကို ဟာသနှောပြီး ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ဂျော်ဂျီယာက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ဘဝမှာ ပိုင်ဆိုင်မှုရယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာတစ်ခု လိုချင်နေခဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ကံကြမ္မာမျက်နှာသာပေးလာတဲ့အခါမှာတော့ အခွင့်အရေးကိုဆုပ်ကိုင်ဖို့ကြိုးစားရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ။ သူ့ရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ခရစ်စမတ်အားလပ်ရက်လည်း ရောက်တော့မှာမို့ heavy ကြီးတွေကြည့်ဖို့ ပျင်းနေတဲ့သူတွေအတွက် ရာသီဥတုအေးအေးမှာ ဒါလေးကြည့်ရင်း chill ဖို့ အကြံပေးချင်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p ...
movie

Hotel for the Holidays (2022)

Hell’s Garden (2021) 6.4
Hell’s Garden (2021) Hell's Garden (2021)ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ ...ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ ...ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား?(ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။)File Size          : 3.7GB, 1.1GB, 542MB Quality        ...
movie

Hell’s Garden (2021)

2022
Delivery by Christmas (2022) 5.4
Delivery by Christmas (2022) Delivery by Christmas (2022) ======================ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ ရမယ့်  ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက် ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single mother တစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူ တစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာ သူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာ တလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီး အကျယ်တက်ပါတော့တယ်။လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ် အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ် ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသား စုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.2 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder...........SWM
movie

Delivery by Christmas (2022)

2022
Darby and the Dead (2022) 5.5
Darby and the Dead (2022) Darby and the Dead (2022) ======================ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်ကတည်းအမေ့ခြေရာအတိုင်း လိုက်နင်းပြီး ပန်းပွားအကမယ်ဖြစ်ချင်တဲ့ ဒါဘီဟာ ပါဟာကမ်းခြေမှာ သူ့အမေနဲ့အတူကမ်း‌ခြေမှာ ရေဆော့နေတုန်း လှိုင်းပုတ်လိုက်မှုကြောင့် နှစ်ယောက်လုံးသေဆုံးသွားပါတယ်။ ဝိုင်းဝန်းအသက်ကယ်ကျပေမယ့် ဒါဘီတစ်ယောက်တည်းကိုသာ တမလွန်ကနေပြန်ခေါ်လိုက်နိုင်ပါတယ်။ အသက်မသေတဲ့အပြင် သေပြီးအသက်ပြန်ရှင်လာတဲ့ဒါဘီမှာ သေပြီးသား ဝိဉာဉ်တွေကိုမြင်ရတဲ့ စွမ်းအားတစ်ခုပါထပ်ဆောင်းအပိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ လူသေဝိဉာဉ်တွေရဲ့ လူ့ဘဝမှာမပြီးပြတ်‌‌သေးတဲ့ကိစ္စ‌တွေကို လိုက်လံကူညီ‌ပေးရင်းနဲ့ နောင်ဘဝသစ်ကိုကူးနိုင်‌အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပေါ့။ ဒီလိုနဲ့ဒါဘီရဲ့ဘဝဟာ တစ်ဖြည်းဖြည်းနဲ့ လူ အများက ငကြောင်မလို့ပြောဆိုခံရရင်း လူမသိသူမသိအနှိမ်ခံဘဝနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူ့ကိုမုန်းပါတယ်ဆိုတဲ့ ကျောင်း မှာ နာမည်ကြီးပန်ပွားမယ်အဖွဲ့ခေါင်းဆောင်ကာပရီဟာ လျှပ်စစ်ဆံပင် ကောက်စက်ကြောင့်သေဆုံးသွားပါတယ်။ ကာပရီကို ဒါဘီတစ်ယောက် တည်းမြင်ရတာရယ်ကြောင့်ရယ် ကာပရီရဲ့မပြီးပြတ်သေးတဲ့ ၁၇နှစ်ပြည့် မွေးနေ့ပါတီကိုဆက်လုပ်ချင်တာကြောင့်နောင်ဘဝသစ်ကိုမကူးနိုင်ဘဲ ဒါဘီကို အတင်းအကြပ်အကူအညီ‌တောင်းလို့လက်ခံလိုက်ရပါတယ်။ကျောင်းမှာရှိလို့ရှိမှန်းတောင်မသိတဲ့လူမသိသူမသိ ငကြောင်မလေး ဒါဘီဟာ သေသွားပြီးဖြစ်တဲ့နာမည်ကြီး ကာပရီမွေးနေ့ပွဲပါတီကို ကျင်းပဖို့ အတွက်ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့မလဲဆိုတာဆက်လက်ကြည့်ရှု ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.13 GB) / (854 MB) / (493 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Fantasy Translator.......Tin ...
movie

Darby and the Dead (2022)

2022
A Merry Christmas Wish (2022) 6.2
A Merry Christmas Wish (2022) A Merry Christmas Wish (2022) ======================= IMDb Rating -  6.2/10၁၂လပိုင်း Christmasကာလလေးမှာ Christmasကားတွေပဲ အများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ Jill Wagnerရဲ့ ရုပ်ရှင်ကားသစ်လေး လာပါပြီ။နယူးယောခ့်မြို့ Brand​တွေကို ကြောငြာပေးရတဲ့ ဂျင်းနီဆိုတဲ့ ကောင်မလေးကChristmasကာလမှာ သူ့ဦးလေး ရန်ဒန်ဆုံး သွားလို့နယ်ဘက်ကို ခေတ္တသွားဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်ပဲသွားဖို့စီစဥ်ထားတဲ့ခရီးက ဒီထက်ပိုပြီးကြာ သွားဖို့ ဖြစ်ခဲ့ပါတယ်။ သူကြာသွားရတဲ့အကြောင်းရင်းက ဘာ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာမြင်တွေ့ရမှာဖြစ်ပြီး၊ ပေါ့ပေါ့ ပါးပါးလေးကြည့်ရှု့ရမှာဖြစ်ပါတယ်။နွေးနွေးထွေးထွေးကြင်ကြင်နာနာရုပ်ရှင်လေးမို့လို့ ရည်းစားလေး နဲ့ဖြစ်ဖြစ်၊ မိသားစုလေးနဲ့ဖြစ်ဖြစ် အတူတူကြည့်ဖို့တိုက်တွန်းလိုက် ပါတယ်။ Marry Christmas and Happy New Yearပါ။ God Bless you all. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်)File Size..........(1.57 GB) / (639 MB) / (378 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Romance Translator.......Minn ...
movie

A Merry Christmas Wish (2022)

2022
Destined at Christmas (2022) 6.8
Destined at Christmas (2022) Destined at Christmas (2022) ======================= IMDb Rating - 6.8/10Black Fridayဆိုတာ အမေရိကန်အခေါ်မှာတော့ ခရစ္စမတ်ကာလ ကျေးဇူးတော်နေ့အလွန် တစ်ရက်(သောကြာနေ့)ကို‌ဆိုလိုပါတယ်။ အဲဒီနေ့ကို ခရစ္စမတ်အတွက် ရောင်းဝယ်ဖောက်ကားတဲ့ရာသီအစလို့ သတ်မှတ်ကြပြီး အရောင်းဈေးတွေလည်း ချပေးကြတဲ့ကာလဖြစ် ပါတယ်။အဲဒီနေ့ မနက်အစောပိုင်းမှာပဲ ကလေးအဖေတစ်ခုလပ် ဖြစ်တဲ့ Theo Hallနဲ့ ရည်းစားဖြစ်သူနဲ့လမ်းခွဲထားတာ လပိုင်းလေးသာ ရှိသေးတဲ့ Kim Fenechတို့ဟာ ဆုံမိကြလေရဲ့။ တစ်မနက်လုံး စကားတွေဖောင် ဖွဲ့ရင်းသံယောဇဉ်တွေ ငြိတွယ်လာသော်ငြားလည်း စတိုးဆိုင်တစ်ဆိုင်ထဲ အဝင်မှာမီးအား ပြတ်တောက်သွားတာကနေ အစပြုပြီး လူချင်းကွဲ သွားကြပါတော့တယ်။ Kimနဲ့ Theoဆိုပြီး နာမည်လေးအစလေးတစ် လုံးသာ သိကြတဲ့ သူတို့နှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ရှာကြဖို့ကြိုးပမ်းတဲ့အခါ ဘယ်လိုဘယ်ပုံတွေဖြစ်လာမှာလဲ။ သူတို့ တတွေရဲ့ မေတ္တာလမ်းခရီးကရော ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကို တော့ဆက်လက်ကြည့်ရှုရမှာပါ။ဒီဇာတ်ကားကိုတော့ Romanceတွေသာရိုက်လေ့ရှိတဲ့ Brittney Wiscombeက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating မှာ 6.8/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hugo ဖြစ်ပါတယ်)File Size..........(789 MB) / (477 MB) Quality............WEB-DL 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar ...
movie

Destined at Christmas (2022)

The Big Hit (1998) 6.0
The Big Hit (1998) The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း ...
movie

The Big Hit (1998)

Klaus (2019) 8.4
Klaus (2019) ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေကနည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့်လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်စာတွေပေးပို့နေကြတုန်းပါပဲ…ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက်ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလားဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ …အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာအဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်းပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီးIMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်… File Size ...
movie

Klaus (2019)

2019
4K HEVC Web-DL
Empire Records (1995) 6.7
Empire Records (1995) Empire Records (1995)~ IMDb - 6.7/10, VUDU - 4.5/5 ~Empire Records ဆိုတဲ့ ဆိုင်တစ်ဆိုင်မှာ ဆယ်ကျော်သက်အလုပ်သမား‌လေးတွေနဲ့ သက်လတ်ပိုင်းမန်နေဂျာတစ်ယောက်ဟာ ပျော်ရွှင်လွတ်လပ်စွာ အလုပ်လုပ်ကြပါတယ်။ တစ်ညမှာ မန်နေဂျာ Joe Reeves ဟာ ဆိုင်က Lucas ဆိုတဲ့ကောင်လေးကို ညဆိုင်ပိတ်ဖို့မှာပြီး ထားခဲ့ပါတယ်။ Lucas ဟာ သူတို့ဆိုင်ဟာ Music Town ဆိုတဲ့ Industry တစ်ခုအောက်ကိုရောက်တော့မယ့်စာချုပ်တစ်ခုကို တွေ့တဲ့အခါမှာ ဒါကိုကယ်တင်နိုင်ဖို့ ရှိတဲ့ပိုက်ဆံ 9000 ကို Casino ရုံမှာ သွားပွားပါတော့တယ်။ ဒါပေမယ့်အကုန်ရှုံးပြီး ပိုခက်ခဲတဲ့အခြေအနေတစ်ခုကိုရောက်သွား‌ပါတယ်။လွတ်လပ်တဲ့ သူတို့ရဲ့ဆိုင်လေးကို အုပ်ချုပ်သူအသစ်ရဲ့အောက်မှာ တင်းကျပ်တဲ့စည်းကမ်းတွေဖြစ်လာမယ့်အရေးကို မလိုလားတာ‌ကြောင့် သူတို့ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ၊ 24 နာရီတစ်ရက်တာ‌ကို ရိုက်ပြထားတဲ့ဒီဇာတ်ကားထဲမှာ လူငယ်တွေဟာကိုယ်ရေးကိုယ်တာ ပြဿနာမျိုးစုံတွေနဲ့အတူ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို 1990 ဝန်းကျင် ...
movie

Empire Records (1995)

1995