Channel Myanmar

Comedy

Khatta Meetha (2010) 5.8
Khatta Meetha (2010) Khatta Meetha (2010) ******************** ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော် မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက် သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ ...? ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား ...? အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း.... ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ် File size…3.13GB  / 1.59GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar
movie

Khatta Meetha (2010)

2010
BARDO, False Chronicle of a Handful of Truths (2022) 7.1
BARDO, False Chronicle of a Handful of Truths (2022) BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie

BARDO, False Chronicle of a Handful of Truths (2022)

2022
Beverly Hills Chihuahua (2008) 5
Beverly Hills Chihuahua (2008) Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie

Beverly Hills Chihuahua (2008)

The Big 4 (2022) 6.1
The Big 4 (2022) The Big 4 (2022)The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | ...
movie

The Big 4 (2022)

2022
Detective Chen ( 2022 ) 6.2
Detective Chen ( 2022 ) ဒီနေ့မှာဆိုရင်တော့ CM က ပရိသတ်ကြီးကို စုံထောက် အက်ရှင် ဇာတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေရှန်ဟိုင်းရဲတပ်ဖွဲ့ရဲ့ အသစ်ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ချန်ဟူ ဆိုသူဟာ စစခြင်းမှာပဲ လူသတ်မှုတစ်ခုကို စစ်ဆေးဖို့အတွက် တာဝန်ပေးခြင်းခံခဲ့ရပါတယ် အဲဒီအမှူရဲ့ သေဆုံးနစ်နာသူ ဟယ်မန်ကျွင်း ဟာဆိုရင် ရှန်ဟိုင်းရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးဌာန ခေါင်းကြီးပိုင်း တစ်ဦးရဲ့ သားဖြစ်သူဖြစ်တဲ့အဖြစ် စိန့်မာတင် အထက်တန်းကျောင်းရဲ့ ကျောင်းသားတစ်ဦးလဲဖြစ်ပါတယ်အခင်းဖြစ်တဲ့ နေရာမှာ စိန့်မာတင် အထက်ကျောင်းဝတ်စုံရဲ့ ကြယ်သီးပြုတ်ကျနေခဲ့တာ​တွေ့တာကြောင့် အဲဒီကြယ်သီးရဲ့ ပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲဆိုတာ စုံစမ်းဖို့အတွက် ချန်ဟူဟာ ကျောင်းသားပုံစံ ဟန်ဆောင်ပြီး သဲလွန်စ ရှာဖွေဖို့အတွက် စိန့််မာတင် ကျောင်းကိုဝင်ရောက်ခဲ့ပါတယ် စာပေဘက်မှာ အားနည်းတဲ့ ချန်ဟူအတွက်တော့ အထက်တန်းကျောင်းသားဘဝဟာ တော်တော်ခက်ခဲခဲ့သလို အရှက်ရစရာများလဲ ခဏ ခဏ ကြုံတွေ့ခဲ့ရပါတယ်အဲဒီလိုနဲ့ပဲ တစ်ဖက်မှာ အမှုကိုစစ်ဆေးရင်း တစ်ဖက်မှာတော့ ကျောင်းက အင်အားကြီးကျောင်းသားတွေနဲ့ ရင်ဆိုင်ရင်း နေလာခဲ့ရပါတယ် သံသယရှိသူ တစ်ယောက်ပေါ်လိုက် ပေါ်လာတဲ့ တစ်ယောက်က ဖြေရှင်းခံလိုက်ရနဲ့ မာဟယ်ကျွင်းအမှုဟာ မြူမှုန်ကြားထဲ လမ်းပျောက်သလို ဖြစ်လာတဲ့ အချိန်မှာတော့...❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ချန်ဟူတစ်ယောက် ပျောက်ဆုံးနေတဲ့ အဖြစ်မှန်ကိုရော ရှာတွေ့နိုင်ပါ့မလား ❏ တကယ့်လူသတ်သမားအစစ်ကရော ဘယ်သူလဲဆိုတာ ဒီဇာတ်ကားလေးကို ...
movie

Detective Chen ( 2022 )

Hawa (2022) 5.2
Hawa (2022) Hawa (2022)(1080p ရပါပြီ)ဟာဝါ လေးဟာ မိဘတွေ မရှိတော့တဲ့နောက် မကျန်းမာတဲ့အဘွားဖြစ်သူနဲ့ပဲ နေထိုင်ရပါတော့တယ်။ ဘွားဖြစ်သူရဲ့ကျန်းမာရေးကလည်း မျှော်လင့်ချက်မရှိတော့တာမို့ သူဆုံးသွားပြီးရင် ဟာဝါလေး တစ်ယောက်တည်းကျန်မနေခဲ့‌စေဖို့ ‌မွေးစားမယ့်သူ တစ်ယောက်ရှာဖို့လိုလာပါပြီ။ဟာဝါ မှာလည်းသူ့ကို မွေးစားစေချင်တဲ့ သူသီးသန့်ရှိပါတယ်။ သူကလွဲရင် ကျန်တဲ့သူကို စဉ်းကိုမစဉ်းစားပါဘူးတဲ့။ သူကတော့ အမေရိကန်ရဲ့ Former First Lady မီရှဲလ် အိုဘားမားပါပဲ။တစ်နေ့ မီရှဲလ် အိုဘားမား ပဲရစ်မြို့ကိုရောက်နေမှန်း သိတာနဲ့ သွားတွေ့ပြီး သူ့မွေးစားဖို့ပြောမယ်ဆိုကာ ကြိုးစားတဲ့အခါ ...ကလေးတယောက်ဆိုပေမယ့် ယုံကြည်ရာကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့ ဟာဝါ တစ်ယောက် ဘယ်လိုရလဒ်မျိုးရရှိလာမလဲဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။)File Size          : 1.8GB, 607MB, 314MB Quality            : ...
movie

Hawa (2022)

2022
Ghosts of Christmas Always (2022) 7.6
Ghosts of Christmas Always (2022) Ghosts of Christmas Always (2022)စာရေးဆရာကြီး Charles Dickens ရဲ့ Christmas Carole ကိုမသိသူရှိမယ် မထင်ပါဘူးစာအုပ်နဲ့တဖုံ ရုပ်ရှင်တွေနဲ့ တလှည့် version မျိုးစုံထွက် ခဲ့ပါတယ် Christmas Carole နဲ့ Christmas Day ဟာ အနောက်နိုင်ငံမှာတော့ ခွဲလို့တောင် မရပါဘူးသီချင်းတွေလဲ များစွာထွက်ခဲ့ပြီး Christmas vibe ကို အမျိုးမျိုးပုံဖော်ကြပါတယ်ဒါပေမယ့် ထွက်ခဲ့သမျှ Christmas ရုပ်ရှင်တွေမှာ မူလဇစ်မြစ်ဖြစ်တဲ့ Christmas အကြိုနေ့မှာ လူတယောက်ဆီ တစ္ဆေသုံးကောင် ရောက်လာတယ်ဆိုတာတော့ မပြောင်းလဲသေးပါဘူးအခုဒီကားမှာလဲ ပီတာဘယ်ရွန်ဆိုတဲ့ ကောင်လေးဆီ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် တစ္ဆေ ၃ကောင် အစွဲချွတ်ဖို့ ရောက်လာကြတယ်ဒါပေမယ့် ခက်တာက ပီတာတယောက်က မူရင်း ဝတ္ထုထဲက main character Scrooge လို ကပ်စီးနည်းကော်တရာ တချိန်လုံး ...
movie

Ghosts of Christmas Always (2022)

Catering Christmas (2022) 6.8
Catering Christmas (2022) Catering Christmas (2022)~ IMDb rating - 6.8/10 ~ခရစ်စမတ် Vibe ဇာတ်လမ်းလေးတွေဆိုတာက Christmas အနားနီးလေလေ ကြည့်ရတာ ပိုပြီး အရသာရှိလေလေပါပဲ။ အဲဒါကြောင့် ရုပ်ရှင်ချစ်သူတွေအတွက် အသစ်စက်စက် ခရစ်စမတ် အချစ်ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းထဲမှာ မော်လီ ဆိုတဲ့ကောင်မလေးဟာ Molly's Menu Magic ဆိုတဲ့ ဆိုင်လေးတစ်ဆိုင်ကို စဖွင့်ထားပြီး မြို့မှာရှိတဲ့ ပွဲလမ်းသဘင်တွေမှာ အကျွေးအမွေး service ပေးသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလေး နာမည်ရလာဖို့ လုံးပန်းနေရတာကြောင့် ရည်းစားထားချိန်မရှိဘဲ ခရစ်စမတ်အားလပ်ရက်မှာတောင် အနားမယူဘဲ အလုပ်လုပ်တဲ့ ရည်မှန်းချက်ကြီးသူလေးဖြစ်ပါတယ်။မော်လီတို့မြို့လေးမှာ "ဟယ်ရစ်ဆင်န်" ဆိုတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး လူထုအကျိုးပြု အဖွဲ့စည်းတစ်ခုဖြစ်တာကြောင့် တစ်နယ်လုံးက လူတွေဟာ ဖောင်ဒေးရှင်းကို ဦးဆောင်တဲ့ မိသားစုကို အလွန်ချစ်ခင်ကြပါတယ်။ ဖောင်ဒေးရှင်းကို လက်ရှိဦးဆောင်နေတာက ဂျီးန်ဟယ်ရစ်ဆင်န် ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး တူဖြစ်သူ "ကာဆင်န်" ...
movie

Catering Christmas (2022)

2022
A Cinderella Story(2004) 5.9
A Cinderella Story(2004) A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

A Cinderella Story(2004)

The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
Are We There Yet?(2005) 4.7
Are We There Yet?(2005) Are we there yet (2005)===================ကလေးတွေဆိုတာက မရှိမကောင်းရှိမကောင်းလေးတွေ။ရှိနေပြန်ရင်လည်း သူတို့အတွက်အမြဲစိုးရိမ်ပူပန်နေရတတ်သလို မရှိပြန်ရင်လည်းဘ၀ကြီးကအထီးကျန်နေပြန်ရော။နစ်ခ်ပါဆန် ဆိုတာ ဘောစိ မိန်းမတွေထည်လဲတွဲဘ၀ကြီးကိုအပူအပင်မရှိဖြတ်သန်းနေတဲ့လူ။ တခုပဲရှိတာကသူက ကလေးတွေဆိုရင်ကြည့်လို့ကိုမရဘူး။စိတ်တိုရအောင်အမြဲလုပ်တဲ့ဂြိုဟ်ကောင်လေးတွေလို့ပဲမြင်တာ။ ဒီလိုလူက ကလေးနှစ်ယောက်အမေဖြစ်သလောက်အရမ်းလန်းတဲ့ဆူဇန်ဆိုတဲ့အမျိုးသမီးကိုမှသွားကြိုက်မိတယ်။ နစ်ခ်ရဲ့စရိုက်ကိုမကြိုက်တဲ့‌ဆူဇန်ကငြင်းလိုက်ပြီး သူငယ်ချင်းအနေနဲ့ပဲလက်ခံခဲ့တယ်။တစ်နေ့မှာ ဆူဇန်ရဲ့ကလေးတွေကို နှစ်သစ်ကူးမှာကနေဒါကိုခေါ်လာပေးဖို့အကြောင်းဖန်လာခဲ့တာဟာနစ်ခ်အတွက်တော့အမှတ်ယူ တဆင့်တက်ဖို့အခွင့်အရေးပဲ။ခက်တာက ဒီကလေးနှစ်ကောင်ကယ်ဗင်နဲ့လင်ဆီက တကယ့်ပြသာနာအိုးလေးတွေ။နစ်ခ်ကို သည်ယုန်မြင်လို့သည်ချုံထွင်နေတာသိတဲ့သူတို့ကဘယ်လိုမျိုးပညာတွေ၀ိုင်းပြကြမလဲ။နစ်ခ်တယောက်ကရော ကနေဒါကိုရှောရှောရှုရှုရောက်နိုင်ပါ့မလားသူ့အတွက်ရောအဖြေကဘာဖြစ်မလဲဆိုတာကိုဒီမိသားစုခရစ်စ္စမတ်ဟာသကားလေးမှာရှုစားပေးကြပါဦး...... File size…2.21GB / 985MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 35m Genre ..... Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Are We There Yet?(2005)

The Banshees of Inisherin (2022) 8.1
The Banshees of Inisherin (2022) The Banshees of Inisherin (2022)ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ...
movie

The Banshees of Inisherin (2022)

2022
Antz (1998) 6.6
Antz (1998) ဒီAntz animationဟာဆိုရင် Home, How to train you dragon, Kung Fu Panda,Abominable အစရှိတဲ့ animationကောင်းများစွာရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Director Tim Johnsonနဲ့ ကျွန်တော်တို့ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့ကြတဲ့ Madagascar trilogyတို့ရဲ့ ပဲ့ကိုင်ရှင် Director Eric Darnellတို့ ၂ယောက် လက်တွဲရိုက်ကူးထားတဲ့ animation ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီလိုဒါရိုက်တာကောင်းတွေကိုမှ voice actor တွေအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ Sylvester Stallone နဲ့ Jennifer Lopezတို့က ပါဝင်သရုပ်ဆောင်ထားတော့ ​စကားဖောင်ဖွဲ့နေစရာတောင်မလိုဘဲ ကြည့်ကိုကြည့်သင့်တဲ့ animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇီ ဆိုတဲ့ပုရွက်ဆိတ်လေးက ကိုလိုနီထဲက တခြားပုရွက်ဆိတ်တွေနဲ့မတူဘဲ ကွာခြားတဲ့အတွေးအမြင်ရှိတဲ့ ပုရွက်ဆိတ်လေးပါ။ သူက အခုနေနေရတဲ့နေရာမှာမပျော်ဘဲ နေရာသစ်ကိုရှိမယ်လို့ယုံကြည်ရင်း သူနဲ့မကိုက်တဲ့နေရာအကြောင်းကို သူငယ်ချင်းတွေနဲ့ စကားပြောရင်း ညီးတွားနေတတ်သူပါ။ တစ်နေ့မှာ ဘယ်လာဆိုတဲ့ ပုရွက်ဆိတ်မင်းသမီးလေးနဲ့တွေ့ဆုံမိတဲ့အချိန်မှာတော့ သူ့ဘဝဟာ ...
movie

Antz (1998)

Half Baked (1998) 6.6
Half Baked (1998)  ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် ...
movie

Half Baked (1998)

Govinda Naam Mera (2022) 5.8
Govinda Naam Mera (2022) Govinda Naam Mera (2022) Comedy, Drama, Romance IMDb 6.2/10ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့ အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေ ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါသူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ် မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ်ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့ အသက်​ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ် တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့...။ ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…2.28GB / 1.1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ BpL ...
movie

Govinda Naam Mera (2022)

2022
Siping Youth: The Past ( 2022 ) 6.2
Siping Youth: The Past ( 2022 ) ၁၉၉၀ ခုနှစ်နှောင်းပိုင်းကာလအချိန်...., လီလောင်ပါးဆိုသူဟာ မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး တစ်ဦးတည်းသော ညီမလေးဖြစ်သူ လီရှောင်လိနဲ့အတူ နေထိုင်လာခဲ့ပါတယ် မောင်နှမ နှစ်ဦးသားဟာ အခက်အခဲပေါင်းများစွာကို မရပ်တန်း ရင်ဆိုင်ရင်း လောကဓံကို အံတုလာခဲ့ကြပါတယ်သူတို့မောင်နှမနှစ်ယောက်ဟာ ဆိပ်ကမ်းမှာနေတာဖြစ်တာကြောင့် ရေလုပ်ငန်းကိုပဲ မှီတင်းပြီးတော့ အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ် တစ်နေ့မှာတော့ တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို အညှိုးကိစ္စ တစ်စုံတစ်ရာကြောင့် ညီမဖြစ်သူ လိရှောင်လိရဲ့ အထက်တန်းစာမေးပွဲဝင်ခွင့်ကဒ်ပြားဟာ ဆိပ်ကမ်းခေါင်းဆောင်ဖြစ်သူ လျိုချန် လုယူသွားခြင်းကိုခံခဲ့ပါတယ် အဲဒီနောက်မှာတော့ လီလောင်ပါးဟာ ရေလုပ်ငန်းကနေပြီး နှုတ်ထွက်ဖို့အထိပါ ချိန်းခြောက်ခံခဲ့ပါတယ်ညီမငယ်လေးကို အထက်တန်းစာမေးပွဲ ဖြေကြားပြီး တက္ကသိုလ်တတ်ရောက်သွားတာကို မြင်ချင်တဲ့ အစ်ကိုဖြစ်သူ လီလောင်ပါးရဲ့ ဆန္ဒကြောင့် လျိုချန်ကို ပြန်လည်ချေပဖို့ ကြိူးစားလာခဲ့တဲ့ အချိန်မှာတော့ ....?❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရမလဲ? ❏ ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ မိဘနှစ်ပါးရဲ့ ဆန္ဒကိုရော လီလောင်ပါးတစ်ယောက် အေးချမ်းအောင်ဆောင်ရွက်နိုင်ပါ့မလား? ❏ ညီမဖြစ်သူကို တက္ကသိုလ်ကျောင်းသူကြီးအဖြစ် မြင်တွေ့ချင်တဲ့ သူ့ရဲ့ ဆန္ဒကရော ပြည့်ဝပါ့မလား? ❏ သူ့ရဲ့ပေးဆပ်မှုတွေ ကရော အရာထင်ပါ့မလား? ဆိုတာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဒီကားထဲမှာ အစ်ကိုတစ်ယောက် ညီမအပေါ်ထားတဲ့ မေတ္တာအပြင် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေ အချင်းချင်းစည်းလုံးမှုတွေ သစ္စာရှိမှုတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ တကယ်ကို နွေးထွေးလှတဲ့ ဇာတ်ကားလေးတစ်ခုဖြစ်နေမှာ အမှန်ပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed ...
movie

Siping Youth: The Past ( 2022 )

Lost in Saigon (2016) 5.1
Lost in Saigon (2016) Lost in Saigon (2016)Lost in Saigon ဆိုတဲ့ ဗီယက်နမ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေဇာတ်လမ်း အကျဉ်းလေးကတော့ မိသားစု တစ်စုမှာ မိန်းမက ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ဦးစီးလုပ်ပြီး ယောကျာ်းဖြစ်သူမှာ ကလေးထိန်း ဟင်းချက် အဝတ်လျော်ကာ အိမ်ရှင်မ ရာထူးကို ယူထားကြပါတယ်။ မိန်းမဖြစ်သူမှာလည်း သူငယ်ငယ်က အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကို စပွန်ဆာဘဲကြီး တစ်ပွေက စပွန်ဆာပေးမည်ဟု ပြောလာပါတယ်။ ဒါနဲ့ပဲ မိန်းမ ဖြစ်သူဟာ နာမည်မကြီးခင် စနေနှစ်ခိုင် အရင်ကြီးအောင်လုပ် ဆိုတဲ့ ထုံးကို နှလုံးမူပြီး ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုလာပါတယ်။ ဒါနဲ့ အိမ်ကယောကျာ်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းပြီး စနေနှစ်ခိုင်ကြီးအောင် လုပ်မယ်ဆိုပြီး လုပ်ရာကနေ ယောကျာ်းနဲ့စကားများပြီး အရောင်းဆိုင်ကို ရောက်သွားပါတော့တယ်။ ကံဆိုးချင်တော့ ရွှေဆိုင်ကို ဓားပြလာတိုက်တာနဲ့ကြုံပြီး မျက်မြင်သက်သေတွေဖြစ်ကာ သူတို့မိသားစုလေးနဲ့ဓားပြတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး တွေ့ကြမလဲ သူတို့ရဲ့ အိမ်ထောင်ရေးကကော ဘယ််လိုတွေဖြစ်ကြမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ အရွှန်းဖောက်ကာ ရယ်စရာကောင်းတဲ့ မိသားစု ကားလေးဖြစ်ပါတယ်။ ဗီယက်နမ်ကားဆိုတော့လဲ ...
movie

Lost in Saigon (2016)

Marriage Blue (2013)
Marriage Blue (2013) Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie

Marriage Blue (2013)

Something in the Dirt (2022) 6
Something in the Dirt (2022) Something in the Dirt (2022)Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ "Something in the Dirt" ပါ။ ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါ ဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲ JFK ကိုဘယ်သူသတ်တာလဲ ပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။ သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။ သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာ အပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့ သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့ အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲ သူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Sci-fi Quality…. 1080p | 720p | 480p File size… Format… mp4 Duration….1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ...
movie

Something in the Dirt (2022)

2022