Channel Myanmar

Crime

18+ Resemblance (2023)
18+ Resemblance (2023) (18+) Resemblance (2023)ထိုင်းနိုင်ငံထဲမှာ လူငယ်တွေ တောအုပ်တစ်ခုထဲ ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာပါ။ ဒီကိစ္စမှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ အဆက်အစပ်ရှိတဲ့ တစ်ဦးတည်းသောသူကတော့ ဘော်ဘီ ပါပဲ။ ဒါကြောင့် ရဲတွေလည်း ဘော်ဘီနောက်ကို လိုက်စုံစမ်းကြပါတော့တယ်။ဇာတ်လမ်းကတော့ ပနားနား ဆိုတဲ့ မော်ဒယ်လ်မလေး ပျောက်ဆုံးရာက စပါတယ်။ သူ နောက်ဆုံးတွေ့ခဲ့တဲ့လူကတော့ ဘော်ဘီပါပဲ။ သူက တစ်ဆင့် ရောဂါဆန်းလိုမျိုး ဖြန့်ဝေသွားတာပါ။ ဘယ်လိုဖြန့်ဝေတာလဲဆိုတော့ လိင်ကိစ္စကနေ တစ်ဆင့်ပါပဲ။ ဒါကတော့ ဇာတ်ရဲ့အနှစ်သာရပေါ့လေ။ ဆရာသမားတို့ ကြိုက်ကြမဲ့အပိုင်းတွေ အများကြီး ပါပါတယ်။ ရောဂါပုံစံမျိုး ဘယ်လိုကူးကြလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက် ရှုစားလိုက်ကြပါဦး။မင်းသားမင်းသမီးတွေက နာမည်ကြီးတွေ ပါတာမို့ အမှောင်လောကသားတွေ စိတ်ကျေနပ်ရမယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Top ပဲ ဖြစ်ပါတယ်။Genre..... Horror, Crime, Sci-fi Quality…. 1080p | 720p File size…  1.3GB | 677MB Format… mp4 Duration…. ...
movie

18+ Resemblance (2023)

2023
Ain’t Them Bodies Saints (2013) 6.4
Ain’t Them Bodies Saints (2013) ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာတက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့.သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေကသူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့.တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်ကပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲအဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ်စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကိုနေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီးရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ?ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက်အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလားရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေကတကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ.ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲတခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီးအထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ.ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size…  1.7 GB /  430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama, Crime Subtitle…. ...
movie

Ain’t Them Bodies Saints (2013)

2013
Devil’s Peak (2023) 5.5
Devil’s Peak (2023)  မြောက်ကာရိုလိုင်းနားက ဂျက်ဆင်ကောင်တီမှာ မက်ဂ်နီးလီ ဆိုတဲ့ မိသားစုကမူးယစ်ဆေးတွေ မှောင်ခိုရောင်းဝယ်တာမလို့ မျိုးနဲ့ရိုးနဲ့ကို နာမည်ကြီးပါတယ်။ခေတ်အဆက်ဆက် လူမိုက်လုပ်လာကြတဲ့အလျောက် ချာလီ မက်ဂ်နီးလီ လက်ထက်မှာလည်းရာဇဝင်မရိုင်းရလေအောင် မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်ပြီးထိန်းသိမ်းထားပါတယ်။သူထိန်းသိမ်းထားသလို ဆက်ပြီးလုပ်သွားနိုင်ဖို့ သားဖြစ်သူ ဂျေကော့ဘ် မက်ဂ်နီးလီကလည်းချာလီ့လက်အောက်မှာ အလုပ်ဝင်လုပ်ရင်း ပညာတွေသင်ယူနေရတာပေါ့။ ဖြစ်ချင်တော့ ဂျေကော့ဘ်က သူချစ်ရတဲ့ ကောင်မလေး မက်ဂီ ဂျန်းနင်းစ်နဲ့နီးစပ်ပြီး သူ(မ)ရဲ့အိပ်မက်တွေကို အတူအကောင်အထည်ဖော်ပေးချင်ပေမဲ့ကောင်မလေးအဖေက သူ့အဖေလုံးဝကြည့်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်နေလေတော့လူငယ်တွေရဲ့ အချစ်ရေးက ကံအကြောင်းမလှဘူးပေါ့လုပ်ငန်းကျယ်ပြန့်ရင် ကျယ်ပြန့်သလို ဒုစရိုက်မှုတွေပဲများလာလို့ စိတ်မအေးချမ်းဖြစ်နေရတဲ့ဂျေကော့ဘ်က ချာလီရဲ့ မျိုးရိုးစဉ်ဆက်နဲ့ချီပြီး ပြောပြောနေတဲ့ lecture တွေနဲ့brainwash လုပ်မှုတွေအပြင် ကောင်မလေးဘက်က ပြဿနာတွေနဲ့ပါရင်ဆိုင်ရတော့ ဘယ်ဘက်ကိုရွေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကိုကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်...   File size…1.31GB / 535MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Crime, Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Devil’s Peak (2023)

The Shadow (1994) 6.0
The Shadow (1994) The Shadow (1994) =============== IMDb Rating - 6.0Beetlejuice, The Cat in the Hat , Pearl Harbor တို့ထဲက မင်းသား Alec Baldwinနဲ့ The Last Emperor , M. Butterfly တို့ရဲ့ မင်းသား John Lone နဲ့ ဂန္တဝင်ကြီး Ian McKellenတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ Action/Adventureကားဖြစ်ပြီး စူပါဟီးရိုးဆန်ဆန်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းကတော့ အရိပ်လို့ခေါ်တဲ့ သဘာဝလွန်သူရဲကောင်းတစ် ယောက်က ကမ္ဘာကိုဖျက်ဆီးချင်နေတဲ့ ဂျင်ဂစ်ခန်ရဲ့မျိုးဆက်သစ်နဲ့ ထိပ်ဆိုက်ရင်ဆိုင်ရတဲ့ ဇာတ်ပါ။ မှော်အစွမ်းတွေ အက်ရှင်တွေမနည်း ပါတာမို့ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ ဂျွန်လုံး ကလည်း ဗီလိန်အဖြစ်ပြောင်မြောက်အောင် သရုပ်ဆောင်ပေးထား သလို ဇာတ်က ထူးထူးခြားခြားဟီးရိုးဇာတ်မို့ စူပါဟီးရိုးကားကိုမှ အရမ်း ကြီးပါဝါတွေမပြဘဲ စုံထောက်ဆန်ဆန်ကြည့်ကောင်းနေတဲ့ကားကို ကြည့် ချင်ရင်တော့ ဒီကားကိုရွေးသင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size..........(3.4 GB) / ...
movie

The Shadow (1994)

1994
The Vanished (2020) 5.7
The Vanished (2020) ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာအားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေးလပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက်အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီကလိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်းဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါသူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာအထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက်လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့်သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့်psychological thrillerကားကောင်းတစ်ကားဖြစ်လို့လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ File size…  1.6 GB /  730 MB Quality… WEB-Dl 1080p / 720p Format… mp4 Duration…. 1h 55 m Genre .....  ...
movie

The Vanished (2020)

2020
Bhaag Saale (2023) 7.0
Bhaag Saale (2023) Bhaag Saale 2023 (IMDb 7/10)CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါအဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့....ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB ...
movie

Bhaag Saale (2023)

2023
The Murderer ( 2023 ) 5.8
The Murderer ( 2023 ) သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့အရာတွေထဲမှာ လူတွေရဲ့ အိပ်မက်လည်း ပါပါတယ်။ အိပ်မက်ထဲက မက်တဲ့အရာတွေက တစ်ခါတလေ နားမလည်နိုင်စရာတွေ အများအပြားရှိပါတယ်။ ယခု CM က ဘာသာပြန်တင်ဆက်ပေးမယ့် ဖြစ်ရပ်မှန်ရုပ်ရှင်လေးဟာဆိုရင်လည်း အိပ်မက်တစ်ခုက စတင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပေကျင်းဆေးတက္ကသိုလ်မှာ ပါမောက္ခဘွဲ့ရဖို့ ကြိုးစားနေတဲ့ တုံချိုးဝမ်ဟာ မောင်လေးဖြစ်သူ တုံချိုးဟွာအသတ်ခံရပြီး ရွာပျက်အနားက တံတိုင်းတွေပြိုနေတဲ့ ခြံတစ်ခုထဲမှာ အမြှုပ်ခံထားရတယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ သူမအမေက သူမမောင်လေးကို အဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီလို့ ဖုန်းဆက်လာတော့ သူမ စိုးရိမ်မိပြီး ရွာပြန်ဖို့ လုပ်ပါတော့တယ်။သူမ ရထားနဲ့ ခရိုင်မြို့ကို ရောက်တာနဲ့ ဘကြီး မောက်ရှန်းကလာကြိုပြီး ခရိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ အစ်မချွင်းမေ့ရဲ့ ပြောကြားချက်အရ သူမမောင်လေးကို မပျောက်ခင်ရှေ့တစ်ရက်က ဘကြီးမောက်ရှန်းရဲ့ ချွေးမနဲ့ ဆေးရုံမှာ တွေ့ခဲ့တာ သိခဲ့ရပါတယ်။ချိုးဝမ်တစ်ယောက် ဒီကိစ္စကို ရဲတွေကို ပြောပြလိုက်တဲ့အတွက် ရဲတွေက ဘကြီးမောက်ရှန်းအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဘကြီးမောက်ရှန်းဟာ တစ်ရွာလုံးအပေါ်ကျေးဇူးရှိခဲ့သူဖြစ်တဲ့အတွက် ရွာသူရွာသားတွေက ချိုးဝမ်ကို မကျေနပ်ကြတော့ပါဘူး။သို့သော် ချိုးဟွာကိုပဲ စိတ်ပူနေတဲ့ ချိုးဝမ်ဟာ ရွာသားတွေရဲ့ မျက်နှာတွေကို ကြည့်မနေနိုင်တော့ပါဘူး။ သူမအမေက သူမကို စိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောနေသော်လည်း သူမ ...
movie

The Murderer ( 2023 )

Killers (2014) 6.4
Killers (2014) Killers (2014) " Sound Error FIXED!!! " ~ IMDb - 6.4/10, Rotten Tomatoes - 73% ~အင်ဒိုနဲ့ ဂျပန် ဖက်စပ်ကားလေးဖြစ်ပြီး IMDb - 6.4/10 အထိ ရရှိထားတဲ့ Action, Crime ကားကောင်းတစ်ကားပေါ့။Nomura ကတော့ လူတိုင်းကို သူ့ရဲ့သားကောင်လို့မြင်တတ်တဲ့ စိတ္တဇ ကွင်းဆက်လူသတ်သမားတစ်‌ယောက်ဖြစ်ပြီး သူ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်တာတွေကို ကင်မရာနဲ့ရိုက်ကူးပြီး အင်တာနက်ပေါ် တင်လေ့ရှိတယ်။ အင်ဒိုနီးရှား ဂျကာတာမြို့က ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Bayu ကတော့ သူဆောင်းပါးရေးတဲ့ အကျင့်ပျက်ခြစားသူကြောင့် အလုပ်အကိုင်လည်းပျက်၊ မိသားစုဘဝပါ ပျက်စီးခဲ့ရသူ။ တစ်နေ့မှာ Nomura တင်တဲ့ Video ကိုကြည့်မိပြီး သူ့ရဲ့စိတ်ခံစားချက်တွေ မသိမသာပြောင်းလဲသွားတယ်။ မတော်တဆမှုတစ်ခုဖြစ်ရာကနေ သူကိုယ်တိုင် လူသေမှုကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တင်ပြီး ခံစားပါတော့တယ်။ဒီလိုနဲ့ Nomura နဲ့ ...
movie

Killers (2014)

2014
SWAT Criminals ( 2023 ) 5.9
SWAT Criminals ( 2023 ) မူးယစ်တိုက်ဖျက်ရေး မှုခင်းရဲကားလေးပါ….. ကျားသစ်အထူးရဲတပ်ဖွဲ့ ကျန့်ထိုကျွင်းဆိုတဲ့မူးယစ်ရာဇာကို ဖမ်းဆီးဖို့ကြိုးစားကြတဲ့အချိန်မှာ ကျန့်ထိုကျွင်းရဲ့ လှည့်ကွက်တွေကြောင့် ရဲဘော်တစ်ယောက်ဆုံးရှုံးခဲ့ရပါတယ်။ရဲဘော်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့သူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် အားဟောင်ဟာ သူ့ကိုယ်သူအပြစ်တင်ပြီး ရဲတပ်ဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။နောက်(၂)နှစ်ကြာတဲ့အချိန်မှာ မူးယစ်ရာဇာဟာသူတို့မြို့ကို တစ်ဖန်ပြန်ရောက်လာပါတယ်။ အရပ်သားတစ်ယောက် အဖြစ်နဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြတ်သန်းလာတဲ့ အားဟောင်ဟာ ကျန့်ထိုကျွင်းကိုဖမ်းနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်…… Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

SWAT Criminals ( 2023 )

The Jewel Thief (2023) 6.5
The Jewel Thief (2023) The Jewel Thief (2023) ================ IMDb Rating – 6.5/10 Genre – Documentary, Crime, Mysteryဒါလေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ ဖန်တီးမှုကောင်းမွန်ပြီး ဉာဏ် ထက်တဲ့ ပါရမီရှင် ရာဇဝတ်သား (ဂျရယ်ဒန်နီ ဘလန်းချက်) တစ်ယောက် ရဲ့ အကြောင်းရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ မိဘအရင်း တွေက မွေးပြီးတာနဲ့ ၆ ရက်သားမှာ မွေးစားဖို့ ပေးလိုက်လို့ မွေးစားမိခင် ကြီးနဲ့ ကြီးပြင်းခဲ့ရတဲ့ ကနေဒါနိုင်ငံ ဝင်နီပဒ်က မျက်မှန်ကြီးနဲ့ လူငယ်လေး တစ်ယောက်ကနေ ဘယ်လိုဖြစ်လာမလဲပေါ့။ သူဟာ သာမန်စတိုးဆိုင်က မြေပုံလောက် အလစ်သုတ်ရာကနေ တခြားနိုင်ငံက တော်ဝင်စိန်တုံး ခိုးတဲ့ ထိပါ နာမည်ကြီးလာတဲ့ ရာဇဝတ်သားတစ်ယောက်။ဒီလိုနဲ့ ငယ်ဘဝမှာ ပစ္စည်းတွေအလစ်သုတ်နည်း၊ ဖြတ်ပိုင်း အတုလုပ်နည်း၊ အဲဒီကနေမှ ATM တွေ ဝင်ဖောက်တဲ့နည်း နောက်ကျ နိုင်ငံခြားက စိန်ပါခိုး တဲ့ထိ အဆင့်ဆင့် ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာကို သူကိုယ် တိုင်အပါအဝင် သူ့ အမေ၊ ...
movie

The Jewel Thief (2023)

2023
Big Nunu’s Little Heist (2023)
Big Nunu’s Little Heist (2023)  ဇာတ်လမ်းအကျဉ်းလေးကတော့တောင်အာဖရိက ကစဂေါ့ဒဖိုလာဆိုတဲ့မြို့လေးဟာ တစ်ချိန်က စက်ရုံတစ်ရုံကြောင့်စားဝတ်နေရေး ချောင်လည်ကြပြီး မြို့သူမြို့သားတွေဟာ ပျော်ရွှင်နေကြပါတယ်၊တစ်နေ့မှာ အခြေအနေအကြောင်းကြောင်းကြောင့် စက်ရုံကိုပိတ်ဖို့ဖြစ်လာတော့အလုပ်လက်မဲ့သူတွေများလာပြီး ရာဇဝတ်သမားတွေလည်း ပေါလာပါတော့တယ်၃၆ ဆိုတဲ့အလုပ်သမားလေးဟာ အရက်ဆိုင်တစ်ခုကို မီးဖိုလာပို့ရင်းနဲ့ ဆိုင်ရှေ့မှာတင်အခိုးခံလိုက်ရတယ်၊ ဒါကိုမကျေနပ်တဲ့အတွက် ဘယ်သူတွေခိုးတာလဲ သူတို့ကဘယ်မှာနေတာလဲဆိုပြီး အရက်ဆိုင်ပိုင်ရှင်ကိုသွားမေးတယ်၊ ဆိုင်ရှင်ကတော့လိုက်မသွားသင့်ကြောင်း သူတို့ကအန္တရာယ်များကြောင်းပြောပေမယ့် လက်မခံတဲ့အဆုံးမှာ လူမိုက်တွေရှိတဲ့နေရာကိုပြောပြလိုက်တယ်၊ သတ္တိရှိတဲ့ ၃၆ ဟာတစ်ကိုယ်တည်း လူမိုက်တွေနေရာမှာ သွားကြမ်းပြလိုက်တော့ ခေါင်းဆောင်ဖြစ်တဲ့ပွန်ဆူနူနူဟာ သူ့ကိုသဘောကျသွားပြီး ပိတ်ရက်အတွင်းမှာ ချမ်းသာစေမယ့် လုပ်ငန်းတစ်ခုရှိကြောင်းပြောလိုက်တယ်၊ ပစ္စည်းပို့တဲ့အလုပ်ထက်ပိုက်ဆံအများကြီးရမယ့်အလုပ်ဆိုတော့ ၃၆ လည်းစိတ်ဝင်စားပြီးလက်ခံလိုက်တယ်၊ ပွန်ဆူနူနူနဲ့ ၃၆ တို့ ဘာတွေလုပ်ပြီးပိုက်ဆံရှာကြမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။  File size…1.63GB / 681MB Quality…NF WED-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Big Nunu’s Little Heist (2023)

Limbo (2023) 6.3
Limbo (2023) Limbo (2023) ===========IMDb Rating 6.3, Rotten Tomatoes 96% ရရှိထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ Australia နိုင်ငံက ရိုက်ကူးထုတ်လုပ်တာမို့ မြင်နေကြ Hollywood ရုပ်ရှင်တွေနဲ့ ကွဲပြားပါတယ်။ ထို့အပြင် အဖြူအမည်းနဲ့ပဲ တင်ဆက် ထားတဲ့အတွက် အမြင်ထူးခြားနေပါတယ်။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ‌ကောင်းတယ် မကောင်းဘူး ဖြစ်သွားနိုင်တဲ့ ဇာတ်ကား လို့ပဲညွှန်းဆိုချင်ပါတယ်။ တကယ်လို့ Slow burn ဖြစ်တဲ့ Crime/ Drama/Mystery ရုပ်ရှင်မျိုးကြိုက်တယ်ဆိုရင် ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ က ပျောက်ဆုံးသွားတဲ့ ရှားလက် ဆိုတဲ့ လူမည်း ကောင်မလေးအမှုကို ပြန်လည်စုံစမ်းသုံးသပ်ဖို့ မြို့ငယ်လေးကို ထရာဗစ်ဟာလီဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပါတယ်။ မြို့လေးကိုလာရောက်စုံစမ်းရင်း ကားထဲက ပစ္စည်းတွေ အခိုးခံရကာ မြို့ကို မပြန်နိုင်ဘဲသောင်တင်သွားပါတော့တယ်။ ဒီလိုနဲ့ ထရာဗစ် တစ်ယောက် အမှုကို ပြန်လည်သုံးသပ်ဖို့အချိန်ရသွားပါတော့တယ်။ ဒီမှာသူတွေ့လိုက်ရတာက လူမျိုးရေးခွဲခြားမှုတွေ ကြားမှာ ဘယ်လို တွေဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ . ကျန်တာတော့ဇာတ်ကားထဲမှာ ဆက် လက်ကြည့်ရှု့ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်)File Size..........(1.37 GB) ...
movie

Limbo (2023)

2023
The Baytown Outlaws (2012) 6.3
The Baytown Outlaws (2012) IMDb rating -6.3/10 ဒီဇာတ်လမ်းကတော့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်လမ်းဇာတ်ကွက်မိမိရိုက်ကူးထားတင်ဆက်ထားပြီး Action Comedy ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Action အခန်းတွေကို ထိထိမိမိရိုက်ကူးထားတဲ့အပြင် သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကြောင့် Comedy scene တွေမှာဆိုရင် ဗိုက်နာအောင်ရယ်ရမယ့် ဇာတ်လမ်းဇာတ်ကွက်တွေပါကြည့်ရှူခံစားရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ဒီရုပ်ရှင်ကိုတော့ Oodie boys သုံးယောက်ကိုအဓိကထားပြီးရိုက်ကူးထားပါတယ်အကြီးဆုံးက Brick အလတ်က Lincoln နဲ့ နောက်တစ်ယောက်ကတော့ McQueenပါ သူတို့ ၃ ယောက်က ဒေသခံရဲအရာရှိ ရှယ်ရစ်ဖ်ကနေ မြို့ထဲကတခြားရာဇဝတ်ကောင်တွေကို သတ်ဖို့ငှားထားတဲ့ အမည်မသိကြေးစားလူသတ်သမားတွေပေါ့ သူတို့ကြောင့်ပဲ Alabama မြိုလေးကပြစ်မှုအနည်းဆုံးမြို့တစ်ခုဖြစ်နေတော့ ရှယ်ရစ်ဖ်တစ်ယောက် သူတို့လုပ်သမျှကိုမျက်ကွယ်ပြုပေးနေခဲ့ပါတော့တယ် တစ်နေ့မှာတော့ Celeste ဆိုတဲ့အမျိုးသမီးတစ်ယောက်က အကြမ်းဖက်တတ်တဲ့ မွေးစားအဖေလက်ထဲကနေ သူ့မွေးစားသားလေးကိုကယ်တင်ပေးဖို့ ငွေအများကြီးကမ်းလှမ်းပြီးတောင်းဆိုလာခဲ့ပါတယ်။ ငွေရဲ့ဆွဲဆောင်မှုမှာမြောသွားတဲ့ သူတို့ညီအစ်ကို ၃ ယောက် ကလေးကိုပြန်ပေးဆွဲခဲ့တဲ့အခါမှာတော့.. ဘယ်လိုအရာတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားရမှာပါ။ File size…(1.8 GB)/(1 ...
movie

The Baytown Outlaws (2012)

My Professor’s Guide to Murder (2023) 5.0
My Professor’s Guide to Murder (2023)  အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။File size…(1.5 GB)/(693 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...TV Movie, Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Zarni
movie

My Professor’s Guide to Murder (2023)

Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Beast (2022) 5.8
Beast (2022) ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကို လုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်...အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်.. တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်...တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်...ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်...ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ....ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေ အများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်... File size…8GB / 3.3GB / 1.5GB Quality…  1080p NF WEBDL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Beast (2022)

2022
4K HEVC
The Irish Mob (2023)
The Irish Mob (2023) IMDb - 5.3/10 အိုင်ယာလန်နိုင်ငံမှာရှိတဲ့ ဒပ်ဗလင်မြို့ကြီးကို ဗယ်လန်တီနို ဖေဂန် / ဗယ်လ် လို့ခေါ်တဲ့ မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ယောက်က အုပ်စိုးနေပါတယ်။ ရာဇဝတ်ဂိုဏ်းကြီးဖြစ်တဲ့အတွက်ကြောင့်လည်း ဂါဒါ လို့ခေါ်တဲ့ အိုင်းရစ်ရဲတပ်ဖွဲ့က သူတို့ခြေလှမ်းမှားမဲ့အချိန်ကို အမြဲတစေစောင့်ကြည့်နေကြတာပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဗယ်လ်ဆီကိုရောက်လာရမဲ့ မူးယစ်ဆေးတွေကို လမ်းမှာအသိမ်းခံလိုက်ရပြီး ဈေးကွက်ထဲမှာ ပစ္စည်းပျက်မသွားဖို့လိုတဲ့အတွက် ယူရိုငွေ တစ်သန်းနဲ့ ပစ္စည်းအသစ်တွေထပ်မှာဖို့လိုလာခဲ့ပါပြီ။ ဒီလောက်ပိုက်ဆံအများကြီးကို တစုတစည်းထဲ ရနိုင်မဲ့နေရာကို ဗယ်လ်ရဲ့ လက်ရုံးဖြစ်တဲ့ ရေးနိုးကလမ်းပြပေးလိုက်ပြီး၊ အဲဒီနေရာကို ဓားပြတိုက်ကြဖို့အစီအစဉ်တွေချကြပါတော့တယ်။ဒီလိုနဲ့ သေချာစီစဉ်ပြီးတိုက်ခဲ့တဲ့ ဓားပြမှုကနေ ယူရို ၅.၅ သန်းကိုရရှိခဲ့ပြီးနောက်မှာတော့ ဗယ်လ်တစ်ယောက်အာဏာအရှိဆုံးနဲ့ ချမ်းသာဆုံးဂိုဏ်းခေါင်းဆောင်် တစ်ယောက်ဖြစ်လာခဲ့ပြီး ဂါဒါရဲတွေရဲ့ နောက်ယောင်ခံစစ်ဆေးမှုတွေကလည်း ပိုပ်ုကြီးမားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ပလ္လုင်နေရာကို ဘယ်လိုကောင်မျိုးမှမလုယူနိုင်ဘူးလို့ထင်နေတဲ့ ‌မူးယစ်ရာဇာ ဗယ်လ်တစ်ယောက် တကယ်ပဲသူ့နေရာကို ဆက်ထိန်းထားနိုင်မလား ရာဇဝတ်လောကမှာဖြစ်တတ်တဲ့အလှည့်အပြောင်းတွေနဲ့ လူတွေရဲ့သဘောသဘာဝကို သေချရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တဲ့အပြင် ...
movie

The Irish Mob (2023)

The Lovebirds (2020) 6.1
The Lovebirds (2020) Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size…  1.67 GB /  640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  ...
movie

The Lovebirds (2020)

2020