Channel Myanmar

Crime

Death on the Nile (2022) 6.6
Death on the Nile (2022) ဒီရုပ်ရှင်ကိုလည်း မျှော်နေကြသူတွေ များပါတယ်။ Murder on the orient express ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ်ထွက်လာတာပါပဲ။ စုံထောက်ကြီး ဟာကျူလီ ပွာရိုးနဲ့ ဘုခ် တို့ အမှုလိုက်ကြဦးမှာပါ။ရုပ်ရှင်နာမည်အတိုင်း လူသတ်မှုကတော့ နိုင်းမြစ်ထဲက သင်္ဘောကြီးတစ်ခုပေါ်မှာဖြစ်တာပါ။ သင်္ဘောပေါ်မှာပါနေတဲ့ ခရီးသည်တွေကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်တာမို့ ထုံးစံအတိုင်း တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးပြီး သဲလွန်စတွေ ချိတ်ဆက်ပြီး တရားခံကိုဖော်ထုတ်ရမှာပါပဲ။ဇာတ်လမ်းတစ်ခုလုံးကို အစကနေ အဆုံးထိ အတူတူခန့်မှန်းရင်း ခံစားသွားလို့ရပါတယ်။ ဘယ်သူသေမှာလဲ ဘာကြောင့်လဲ ဘယ်သူသတ်တာလဲ ဘယ်လိုသတ်တာလဲ စသည်ဖြင့် တွေးစရာတွေ အများကြီးပေးပြီး နောက်ဆုံးမှပဲ ရှင်းလင်းသွားမှာဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာမို့ သရုပ်ဆောင်ချက်တွေရော ဇာတ်လမ်းရောက ပရိသတ်တွေအားလုံး စိတ်ကြိုက်ဖြစ်မှာပါ။ File size…(1.8 GB)/(2 GB)/(900 Mb)/(500 Mb) Quality….BluRay DS4K HEVC/ 1080p / 720p / 480p Format…mkv/mp4 Duration….02:07:00 Genre...Drama, Crime, Mystery Subtitle….Myanmar ...
movie

Death on the Nile (2022)

BluRay DS4K HEVC
L.A. Confidential (1997) 8.3
L.A. Confidential (1997) L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie

L.A. Confidential (1997)

The Batman (2022) 8.3
The Batman (2022) ဒါလည်း အားလုံးကြည့်ချင်နေမယ့် ရုပ်ရှင်ပါပဲ။ Rating 8.3 ထိ ရထားတဲ့ တစ်မျိုးဆန်းသစ်တဲ့ ဇာတ်လမ်းပါပဲ။ မင်းသားကလည်း တွိုင်းလိုက်ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒါမှမဟုတ်နာမည်ကျခဲ့တဲ့ ရောဘတ် ပတ်တီဆန်ပါပဲ။ ဒီအထဲမှာ catwoman ကိုလည်း မိတ်ဆက်ထားပြီး အဓိက ဗီလိန်ကတော့ ရစ်ဒလာ ဆိုတဲ့ နာမည်ကျော်ဘတ်မန်းဗီလိန်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စုံထောက်ဆန်ဆန် ပဟေဠိတွေနဲ့ တည်ဆောက်ထားတာမို့ ထိုင်ရမထ ကြည့်ချင်မယ့် ရုပ်ရှင်မျိုးပါပဲ။ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး။File size…(4.4 GB)/(1.8 GB)/(1 Gb)/( 500 Mb) Quality….WEB-DL 4K HEVC / 1080p / 720p / 480p Format…mp4 Duration….02:56:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson, Nyeinsaeya Aung Translated by Mr. Anderson 
movie

The Batman (2022)

4K HEVC Web-DL
Vanishing(2022) 7.0
Vanishing(2022) Vanishing(2022) အညွှန်း**********************မင်းသားYoo Yeon-Seok အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ကတော့ ပြင်သစ်ဒါရိုက်တာ Denis Dercourt ရိုက်ကူးပြီး ကိုရီးယား-ပြင်သစ်ပူးပေါင်းတင်ဆက်ရိုက်ကူးထားတဲ့ Crime / Drama ကားကြီးဖြစ်ပါတယ်.. ပြင်သစ်ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသခဲ့ပြီး ကိုရီးယားမှာလည်း ရုံတင်‌တဲ့ကားကြီးဖြစ်ပါတယ်...ပြင်သစ်ဆရာဝန် ပရော်ဖက်ဆာ Alice က ပျက်စီးနေတဲ့ အလောင်းတွေကနေ ပြန်လည်အချက်အလက်ရှာဖွေတဲ့နည်းပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မှုခင်းဆေးပညာပညာရှင်တစ်ယောက်ဖြစ်ပြီး တောင်ကိုရီးယားကို ဆေးပညာဟောပြော‌ပွဲတစ်ခုရှိတာကြောင့်လာရောက်ခဲ့ခြင်းဖြစ်ပါတယ်.... ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့ကို ကိုရီးယားရဲတပ်ဖွဲ့က မြစ်ထဲမှာတွေ့တဲ့အလောင်းတစ်ခုကိုစစ်ဆေးပေးဖို့ခေါ်ဆို အကူအညီတောင်းခဲ့ပါတယ်... အဲ့လို ကူညီစုံစမ်းပေးလိုက်တဲ့အချိန်မှာတော့ နောက်ကွယ်က ကြောက်စရာကောင်းလွန်းတဲ့မှုခင်းကြီ:ကိုသိလိုက်ရချိန်မှာတော့... File Size :(1.1GB)(532MB) and (115 MB) Quality : FHDRip 1080p, 720P Format…mp4 Duration…01:30:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn Nu Swe Encoded by Phyo Pyae
movie

Vanishing(2022)

Furioza (2021) 6.3
Furioza (2021) Furioza (2021) ဇာတ်လမ်းအညွှန်း ရှယ်ကြမ်း အက်ရှင်ကြိုက်သူများအတွက်ပါ။ ဒါဝိ၊ ဇီကာ နဲ့ အာရှုတို့က ချာတိတ်ဘဝတုန်းက ဖျူရီအိုဇာဆိုတဲ့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေပေါ့။ အတိတ်ဆိုးတွေကနေ ရုန်းထွက်ရင်း ဆယ်နှစ်အကြာမှာ ဒါဝိက ဆရာဝန်ဖြစ်လာပြီး ဇီကာက ရဲဖြစ်လာခဲ့ပါတယ်။ဂိုဏ်းထဲမှာပဲ လူမိုက်ကြီးအဖြစ် ကျန်ရစ်ခဲ့တဲ့သူကတော့ ဒါဝိရဲ့အစ်ကို အာရှုပါပဲ။ဇိကာတို့ ရဲတပ်ဖွဲ့က အန့်မန်းဆိုတဲ့ မူးယစ်ရာဇာကို ဖမ်းချင်နေကြတာပါ။ အန့်မန်းက ဖျူရီအိုဇာဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အာရှူကိုဖမ်းမယ်လို့ အကျပ်ကိုင်ပြီး ဒါဝိကို သူလျှိုအဖြစ် ဂိုဏ်းထဲ ပြန်ဝင်ပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ဒါဝိတစ်ယောက် သူ့ဂိုဏ်းဟောင်းထဲ ပြန်ရောက်သွားရာက ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေနဲ့ ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size          : 2.7GB,  1.1GB & 539MB Quality      ...
movie

Furioza (2021)

2021
Bachchhan Paandey(2022) 7.8
Bachchhan Paandey(2022) Bachchhan Paandey(2022) အညွှန်း*******************************IMDb...7.4အားလုံးစောင့်မျှော်နေတဲ့ အက်ရှေးကူးမားကြီးရဲ့  ဇာတ်ကားသစ်ကြီးလာပါပြီဗျား...မာယာ(Kriti Sanon)က ကြိုးစားနေဆဲလက်ထောက်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ဒါရိုက်တာအဖြစ် လက်စွမ်းပြနိုင်ဖို့ ဇာတ်လမ်းရှာနေသူပါ။အတွေးသစ်အမြင်သစ်လူငယ်တစ်ယောက်အဖို့ရှေးရိုးစွဲနေတဲ့ ဒီအသိုင်းအဝန်းမှာထိုးဖောက်ဖို့မလွယ်ဘူး.. ထုပ်လုပ်သူက မင်းရိုက်ချင်တယ်ဆိုရင်အမြတ်ရဖို့သေချာတဲ့ ဒီအခေတ်အကြိုက် ဂန်းစတားအကြောင်းရိုက်ဖို့ကြိုးစားပြီးဇာတ်ညွှန်းယူလာခဲ့လို့ဆိုတယ်.. ဒီတော့မာယာက ဒိတ်ဒိတ်ကျဲ ဂန်းစတားတွေအကြောင်းစုံစမ်းတယ်...အဲ့ဒီမှာ  အထူးခြားဆုံးဂန်းစတားက ဘချမ်းပန်ဒေးပဲ...သူ့ကြောင့်ရဲတစ်ချို့တောင်နှုတ်ထွက်စာတင်ကြသလိုတစ်ချို့ဂန်းစတားတွေကအပြင်မှာထက်ထောင်ထဲမှာနေတာ ပိုလုံခြုံတယ်ဆိုပြီး ထောင်ထဲကမထွက်ဖို့တောင်တောင်းဆိုးကြတဲ့ ခေတ်ပြိုင် လူမိုက်တွေရှိသတဲ့...ဒီလို ဂန်းစတားကြီ:အကြောင်းကို မာယာတစ်ယောက်ရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားလာတဲ့အခါမှာတော့...အက်ရှေးကူးမားရဲ့ ဒီဇာတ်ကားကလည်း စောင့်နေတဲ့သူတွေစိတ်မပျက်စေရဘူး..ဇာတ်လမ်းအစမှာကတည်းကစိတ်ဝင်စားဖို့ကောင်းသလို တဖြည်းဖြည်းနဲ့ ဂန်းစတားကြီ:အကြောင်းကို ဖော်ပြသွားတယ်...မထင်ထားတဲ့ Plot Twist တွေပါသလို Comedy ဆန်ဆန်လေးတွေလည်းပါလို့လုံးဝ မိုက်ပါတယ်လို့ညွှန်းချင်ပါတယ်...မင်းသမီးကြီး(၂)ဦးဖြစ်တဲ့ Jacqueline Fernandez , Kriti Sanon တို့လည်းပါဝင်တာမို့ မျက်စိအေးဦးမှာလည်းဖြစ်ပါတယ်...File Size :(1.25GB) and (411 MB) Quality : WEB-DL 720P Format…mp4 Duration…02:27:00 Genre : Action , Crime ,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Bachchhan Paandey(2022)

B Cut (2022)
B Cut (2022) B Cut (2022) ဇာတ်လမ်းအညွှန်း ဒီ Action, Crime, Thriller အမျိုးအစား ရုပ်ရှင်လေးက ဖုံးကွယ်လိုသူ နဲ့ ဖော်ထုတ်လိုသူတို့အကြောင်းကို ရိုက်ကူးထားတာပါ။ဆွန်းဟျွန်း ဆိုတဲ့ အမျိုးသားတစ်ယောက်က စမတ်ဖုန်းပြုပြင်ခြင်း အထူးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီလေးတည်ထောင်ထားပါတယ်။ တစ်နေ့မှာတော့ အမျိုးသမီးတစ်ယောက် ဖုန်းပြုပြင်ဖို့အတွက် သူ့ဆီကို ရောက်လာခဲ့ပါတယ်။ဆွန်းဟျွန်းကတော့ ဖုန်းကို ပြင်ရုံမက ဖျက်ထားတဲ့ ဓာတ်ပုံကစလို့ ဒေတာတွေကိုပါ ပြန်လည် ရယူပေးရာကနေ ဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတယ်။ A Cut နဲ့ B Cut ဆိုပြီး ခွဲပြီး ဒေတာတွေ ပြန်ဖော်ပေးလိုက်ပါတယ်။ A Cut ကတော့ လူတိုင်းကြည့်လို့ရနိုင်တာတွေဖြစ်ပြီး B Cut ကတော့ အထူးလျှို့ဝှက် တစ်ကိုယ်ရည်ပဲ သိသင့်တာမျိုးပေ့ါ။ B Cut ဒေတာတွေကနေ စလိုက်တဲ့ ဇာတ်လမ်းက တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ရဲ့ လူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေထိ ပေါ်ပေါက်လာပြီးနောက်မှာတော့ ...ဆန်းဟျွန်းတစ်ယောက် ...
movie

B Cut (2022)

2022
Night Drive(2022) 7.0
Night Drive(2022) Night Drive(2022) အညွှန်း*************************IMDb...7.0မှောင်ခိုမှုနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာဂျန်ကူရက်ဆိုသူဟာ NIA မှာ စစ်ဆေးခံခဲ့ရတယ်။နောက်နေ့မနက်မှာ သူ့ကို လာဖမ်းမယ်ဆိုတဲ့ သတင်းကြားပြီးနောက် ရွှေတွေကိုနေရာရွှေ့ဖို့ စီစဉ်ခဲ့တယ်။ ရိုးသားတဲ့ တက္ကစီသမားလေး ဂျော်ဂျီဟာသူ့ချစ်သူ သတင်းကြေညာသူလေးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ညဘက်မှာ ကားတူတူပတ်မောင်းဖို့ ထွက်ခဲ့တယ်။အဲ့ညမှာ ဝန်ကြီးရဲ့ ရွှေမှောင်ခိုအမှုနဲ့ ပတ်သက်တဲ့သူကိုသူတို့ ကားတိုက်မိသလို ဖြစ်ပြီး ပြဿနာမျိုးစုံတက်ပါတော့တယ်...တစ်ဘက်မှာ အင်အားကြီးမားတဲ့ လူဆိုးဂိုဏ်းနဲ့  ရဲတွေအကြားသူဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့....  File Size :(1.4GB) (737MB) and (309 MB) Quality : WEB-DL1080P5.1CH, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae 
movie

Night Drive(2022)

The Accidental Spy (2001) 5.8
The Accidental Spy (2001) ၂၀၀၁ တုန်းကထွက်ရှိခဲ့တဲ့ ဂျက်ကီချမ်းရဲ့ အက်ရှင်ဟာသဇာတ်ကားလေးပါ။မတင်ရသေးလို့ BluRay Quality နဲ့ အလန်းစားတင်ဆက်လိုက်ပါတယ်။မင်းသမီးတွေကလဲ ကိုယ်တွေအကြိုက် ဟောင်ကောင်ရဲ့ Vivian Hsu နဲ့ ကိုရီးယားရဲ့ Min Kim တို့ဖြစ်ပါတယ်...Min Kim ကိုတော့ တစ်ခါတုန်းကတက္ကသိုလ်ဇာတ်လမ်းတွဲနဲ့ မှတ်မိကြမှာသေချာပါတယ်..ဗီဗီယန်ဆုကတော့ ဟောင်ကောင်ရဲ့ ရွှေမင်းသမီးလေးပါ။ဇာတ်လမ်းကတော့...ရုပ်ရှင်ကားနာမည်အတိုင်းပဲ ဆဌမအာရုံကောင်းတဲ့ မိဘမဲ့ဂျက်ကီက ဓားပြမှုတစ်ခုကို တားဆီးပေးရင်းနာမည်ကျော်သွားရာကနေ မိဘအရင်းတွေကိုလိုက်ရှာဖို့အတွက် သူလျှိုတစ်ယောက်ဖြစ်လာပါတော့တယ်။အတိတ်က အကြောင်းတွေကိုဖော်ထုတ်ရင်း လူဆိုးမျိုးစုံနဲ့ပတ်သတ်မိရာကနေ အရှုပ်တော်ပုံထဲကနေ လွတ်မြောက်အောင် ဘယ်လို အက်ရှင်ခန်းတွေနဲ့ စွန့်စားမလဲဆိုတာ...။ File size…(2.5 GB)/(1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie

The Accidental Spy (2001)

Yaksha: Ruthless Operations(2022) 7.5
Yaksha: Ruthless Operations(2022) Yaksha: Ruthless Operations(2022) ဇာတ်လမ်းအညွှန်း*************************************************ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Sol Kyung-gu , Park Hae-soo , Hiroyuki Ikeuchi ပါဝင်ထားတဲ့ ဒီအက်ရှင်ကားဟာ ဘက်ဂျင်တွေအများကြီးအသုံးပြုထားတဲ့အတွက်တော်တော်ကြီ:ကိုမိုက်ပါတယ်...ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူးKang-in ဟာ အကောင်းဆုံးအေးဂျင့်တွေစုစည်းထားတဲ့ Black Team ကိုဦးဆောင်ပြီးလျှို့ဝှက်မစ်ရှင်များကိုလုပ်ဆောင်ရမယ့် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်.... Kang-in ဟာ သူလိုချင်တာရဖို့အတွက်ဆိုရင် ညှာတာမှုမရှိဘဲရက်စက်တတ်တဲ့သူဖြစ်တာကြောင့် "Yaksha" (လူတွေကိုဝါးမျိုသောဝိဉာဉ်) ဆိုပြီးနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်... တစ်ရက်မှာ Black Team ကိုစစ်ဆေးရေးလုပ်ဖို့အတွက် ဌာနချုပ်ကနေ အမှုစစ် Ji Hoon ကိုစေလွှတ်ခဲ့ပါတယ်... ဒီ‌နေရာမှာ သူတို့ဆောင်ရွက်ရမယ့်စစ်ဆင်ရေးအစစ်ဟာအရှေ့အာရှတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်မယ့်အမှုနဲ့ ပတ်သက်မှုရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့...File Size :(0.9GB) and (346 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Action Subtitle : Myanmar Subtitle (Hard Sub) Translated by  Hnin ...
movie

Yaksha: Ruthless Operations(2022)

Dasvi(2022) 8.5
Dasvi(2022) Dasvi(2022) အညွှန်း*****************IMDb...8.5မင်းသားကြီး Abhishek Bachchan ရဲ့ ကားသစ်လာပါပြီဗျား...ဟရစ် ပရာဒက်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂန်ဒါ ရမ် ချောင်ထရီဟာအတန်းပညာမတတ်သော်လည်းနိုင်ငံရေးအကြောင်းနှောကျေနေပြီးအကျင့်ပျက်ခြစားတတ်တဲ့နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။သူ့မှာ ဗစ်လာ ဒေဗွီ ချောင်ထရီလို့ခေါ်တဲ့နုံ့နုံ့အအဇနီးတစ်ယောက်လည်းရှိပါသေးတယ်။လူတွေအပေါ်အမြဲသြဇာလွှမ်းမိုးတတ်တဲ့ဝန်ကြီးဂန်ဒါ ရမ် ချောင်ထရီတစ်ယောက်တစ်နေ့မှာစွဲချက်ပေါင်းမျာစွာနဲ့ ထောင်ချခံလိုက်ရပြီး သူ့မိန်းမဖြစ်သူက ဝန်ကြီးနေရာဆက်ခံပါတော့တယ်။ ထောင်ထဲမှာလည်း ထောင်မှူးတွေအပေါ် သြဇာညောင်းတဲ့ ချောင်ထရီဆပ်ဟာသူ့မိန်းမဦးဆောင်တဲ့အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကကြိုးကိုင်နေဆဲဖြစ်ပါတယ်။အချိန်ကြာတော့ သူ့ရဲ့ရုပ်သေးရုပ်ဝန်ကြီးဖြစ်တဲ့သူ့မိန်းမဟာ ဝန်ကြီးရာထူးကိုတပ်မက်လာပြီးသူ့ကိုစတင်လျစ်လျှူရှုလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ထောင်ထဲမှာလည်း မထင်ထားတဲ့ပြဿနာတွေပေါ်လာတဲ့အပြင်သူလုံးဝလုပ်ဖို့ခက်တဲ့ ကိစ္စကြီးတွေပေါ်လာတဲ့အခါမှာတော့.....File Size :(1.0GB) and (325 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama,Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Seiji &Jumper Neysman Encoded by Phyo Pyae   
movie

Dasvi(2022)

The Outfit (2022) 7.5
The Outfit (2022) The Outfit (2022) ~ IMDb - 7.5/10, RT - 86%, Meta - 69% ~အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ...
movie

The Outfit (2022)

2022
Kodathi Samaksham Balan Vakeel(2019) 5.9
Kodathi Samaksham Balan Vakeel(2019) Kodathi Samasksham Balan Vakeel 2019ဟာသဆန်ဆန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်ကား​ဟောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဘာလာခရစ်ရှ်နန်က ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့ စကားထစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အလုပ်မှာထက်မြတ်သလောက် နေရာမရတဲ့သူပါ တစ်နေ့မှာ အဖေဖြစ်သူ ငွေလိုအပ်တာကြောင့်ယောက်ဖဖြစ်သူအပ်တဲ့ အမှုကို ကူညီဖို့လုပ်ရာကနေ အရှုပ်တွေဖြစ်လာတဲ့အခါ....အာနူရာဒါက အဖေတစ်ခုသမီးတစ်ခု​နေတဲ့သူဖြစ်ပြီး အဖေဖြစ်သူက လူတစ်ယောက်နဲ့တွေ့ဖို့ထွက်သွားရာကနေ ပျောက်သွားတာကြောင့် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားသူပါသူကလည်း ဘာလာခရစ်ရှ်နန်ရဲ့ အရှုပ်အထွေးမှာ ပါဝင်မိရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲစကားထစ်ရှေ့နေတစ်ယောက် ဒီအရှုပ်အထွေးကို ဘယ်လို​ဖြေရှင်းမှာလဲဆိုတာဆက်လက်စောင့်ကြည့်ပါဦးနော် File size…2.4GB / 1.2GB Quality…1080p Web DL AAC 5.1ch /720p Format...mp4 Duration….2h 35min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie

Kodathi Samaksham Balan Vakeel(2019)

Asurado (2021) 6.0
Asurado (2021)    ASURADO (2021)စည်းမကျော် ဘောင်မကျော် သိက္ခာရှိတဲ့ ဂိုဏ်းခေါင်းဆောင် နိုင်ငံကျော်လူမိုက် အီထယ်ရှစ်တစ်ယောက် လူသတ်မှုတစ်ခုအတွက် မတရားစွပ်စွဲခံရပြီး ထောင်ကျခဲ့ပြီးထောင်ကြီးကြပ်ရေးမှူး ဂျိုဖြောင်ပိုဟာ လူသတ်မှုရဲ့ နစ်နာသူ သူ့သားအတွက် အငြိုးထားပြီး အီထယ်ရှစ်ကို တစ်သက်တကျွန်းထောင်ကျရင်း ခံစားစေရဖို့ တဖက်သက်လုပ်ကြံဒုက္ခတွေ လိုက်ပေးနေတဲ့အခါ...သူများကို ထိရရင်အကောင်း ကိုယ့်ကိုထိမှ မဟားတရား ဆွေ့ဆွေ့ခုန်တတ်တဲ့ အာဏာတွေပါဝါတွေကို အလွဲသုံးစားလုပ် အကျင့်ယုတ်တတ်တဲ့လူအချို့အကြောင်း မီးမောင်းထိုးပြသပြီး ထောင်သားတွေရဲ့ ထောင်ထဲက ဘဝနဲ့ယှဉ်တွဲထားတဲ့ အက်ရှင်ရုပ်ရှင်ကားတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှု့လိုက်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1.6GB) / (780MB) Quality__WebDL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:30:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

Asurado (2021)

Windfall (2022)
Windfall (2022) လောကကြီးမှာ ပြည့်စုံတဲ့သူတွေနဲ့ မပြည့်စုံတဲ့သူတွေက အမြဲတမ်း အားပြိုင်နေကျစမြဲပါဘဲ မပြည့်စုံတဲ့သူတစ်ယောက်ဟာ ပြည့်စုံတဲ့သူလိုဖြစ်ချင်တာကလည်း သဘာဝတရားတစ်ခုပါပဲ ပြည့်စုံတဲ့သူတစ်ယောက်လည်း မပြည့်စုံတဲ့သူတွေကို အချောင်သမား အပျင်းကြီးတဲ့သူတွေလိုထင်နေတာလည်း မဆန်းပါဘူး ဒါပေမဲ့ ကိုယ်က ပြည့်စုံတယ်ဆိုပြီး ကိုယ့်မိန်းမရဲ့ စိတ်ကိုနည်းနည်းလေးမှ ဂရုမစိုက် လူရာမသွင်းဘဲ ကိုယ်လုပ်ချင်တာတွေချည်းလုပ်နေလို့ မရဘူးဆိုတာလေးကို ရိုက်ပြသွားတာပါ လူလေးယောက်ထဲနဲ့ တစ်ကားထဲကို စဉ်းစားစရာတွေ သင်ခန်းစာယူစရာတွေနဲ့ လူတန်းစားကွာဟချက်တွေအကြောင်း ရိုက်ပြသွားလို့ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်လို့ကောင်းမယ့်ကားလေးပါပဲ ထူးခြားတာကတော့ ဇာတ်ကောင်တွေရဲ့နာမည်ကိုအသုံးမပြုထားဘဲ နာမ်စားတွေပဲသုံးသွားခဲ့တာပါ စဉ်းစားရသက်သာတာပေါ့  File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Drama,Crime,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Windfall (2022)

Election (2005) 7.1
Election (2005) Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie

Election (2005)

2005
Trust No One: The Hunt for the Crypto King (2022) 6.4
Trust No One: The Hunt for the Crypto King (2022) Trust No One: The Hunt for the Crypto King (2022) ==================================== Cryptocurrency.... ၂၀၀၈ ခုနှစ်ဟာ စတင်​ပေါ်​ပေါက်ခဲ့တဲ့Currencyတစ်ခုဟာ ဆယ်စုနှစ်​​ကျော်ကြာ ၂၀၁၇၊ ၂၀၁၈မှာပဲ ကမ္ဘာ့ Financial stream တစ်ခုလုံးကို အကြီးအကျယ်ရိုက်ခတ်​လာတဲ့ digital currencyတစ်ခုဖြစ်လာပါပြီ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ​ငွေသားအ​နေနဲ့ သိမ်း​နေစရာမလို၊ ဘဏ်​တွေနဲ့ဇယားရှုပ်စရာမလိုတဲ့အပြင် ကိုယ်investထားတဲ့coinတန်ဖိုးဟာ ​​ရွေးချယ်မှု မှန်သ​လောက် အဆ ရာနဲ့ချီပြီး ဈေးမြောက်သွားနိုင်တဲ့ မက်လုံး​ကြောင့် Investor​တွေ၊ အလွယ်လမ်းနဲ့သူ​ဌေးဖြစ်ချင်သူ​တွေ တဟုန်ထိုးစိတ်ဝင်စားလာတဲ့ နယ်ပယ်​​ပေါ့၊ ဒီလိုမနူးမနပ်လူသစ်​တွေ များလာတာနဲ့အမျှ scammerလို့​ခေါ်တဲ့ အွန်လိုင်းလူလိမ်​တွေလည်း များစွာ​ပေါ်လာပါတယ်၊ဒီDocumentaryက​ crypto​လောကမှာ အ​တော်ကိုပွဲ​ဆူခဲ့တဲ့Scammer တစ်​ယောက်အ​ကြောင်း ဖြစ်ရပ်မှန်မှတ်တမ်းပါ၊က​နေဒါရဲ့အကြီးဆုံးCrypto exchangeဖြစ်တဲ့QuadrigaCXဟာ Investor​တွေရဲ့ keyကို နံပါတ် ၆၄ လုံးအထိ ထား​ပေးတဲ့အတွက် သိပ်ကိုယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ exchangeပါ၊ Investor​တွေကလည်း အဆိုပါkey​တွေကို ကုမ္ပဏီပဲတာဝန်ယူသိမ်းဆည်း​ထားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒီkey​တွေကိုသိနိုင်တဲ့တစ်ဦးတည်း​သောသူက​​တော့ ...
movie

Trust No One: The Hunt for the Crypto King (2022)

Barbarians (2021) 5.4
Barbarians (2021) Game of Thrones ထဲက ဂွေးဖြတ်ကောင် ရမ်ဆေးဘော်တန်တဖြစ်လဲ ဝေးလ်မင်းသား Iwan Rheon ကို မြင်တာနဲ့တန်းမှတ်မိအောင် အမြင်ကပ်နေကြမှာပါ... သူ့ဇာတ်ကားတွေက ရှားပါးပေမယ့် ခုရက်ထဲ ဒီကားအသစ်ထွက်လာလို့ တင်ဆက်လိုက်ပါတယ်။ဒီထဲလဲ အမြင်ကပ်စရာအခွက်နဲ့ပါပဲ။တစ်ရက်ထဲ၊တစ်ညထဲ ဒါမှမဟုတ်အချိန်ပိုင်းလေးတစ်ခုကိုပဲတည်ပြီး တစ်ကားလုံးပြီးအောင်ရိုက်ပြသွားတဲ့ ကားမျိုးတွေကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါဇာတ်ကားကလည်း အိမ်ကြီးတစ်အိမ်မှာ စုံတွဲနှစ်တွဲရဲ့တစ်ညတာကို တစ်ကားလုံးဖြစ်အောင်ရိုက်ပြသွားတဲ့ Drama/Thriller ကားတစ်ကားပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကျွန်တော်တို့ Documentary တွေမှာမြင်ဖူးနေကျ Stonehenge တွေလိုမျိုး ခေတ်အဆက်ဆက်ပါးစပ်ရာဇဝင်တွေ၊ဒဏ္ဍာရီတွေရှိခဲ့တဲ့ ဂေတာဆိုတဲ့ကျောက်တိုင်ကြီးတစ်ခုရှိပါတယ်။ အဲဒီကျောက်တိုင်ကိုလူးကပ်စ်ဆိုတဲ့လူကသူ့မိတ်ဆွေ ကမ္ဘာကျော်ပန်းပုပညာရှင်နဲ့ပုံစံတူတစ်ခုအပ်ပြီး ကျောက်တိုင်နာမည်နဲ့ပဲ အိမ်ယာစီမံကိန်းတစ်ခုကိုဖော်ဆောင်ဖို့စိတ်ကူးခဲ့ပါတယ်။ အဲဒီစီမံကိန်းကတကယ်လည်းအောင်မြင်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ဇာတ်ကားရဲ့ Runtime ဟာ တစ်နာရီခွဲသာရှိပြီး အကျယ်ချဲ့ရိုက်ပြလို့ရတဲ့နေရာတွေကိုရိုက်ပြမသွားပဲ ဇာတ်ကောင်တွေရဲ့ဒိုင်ယာလော့ဂ်တွေ အမူအရာတွေကနေပဲ ဒါကဒီလိုပါလားလို့ ကြည့်ရှုသူကိုယ်တိုင်တွေးစရာတွေဆက်တိုက်ပေးသွားတာမျိုးပါ။ Runtime နည်းပေမယ့် အလောတကြီးပြွတ်သိပ်ထည့်ပေးသွားတာမျိုးမဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဒီဇာတ်ကားရဲ့အကောင်းဆုံးအချက်တွေကိုပြောပါဆိုရင် ဘယ်နေရာမှအိုဗာအိုက်တင်ဖြစ်မနေတာ၊ Thriller ဆိုပေမယ့်သဘာဝမဆန်လောက်အောင်ဖြဲခြောက်တာမျိုးတွေပါမနေတာပါပဲ။ ကျစ်လစ်တယ်၊ သဘာဝကျတယ်ပေါ့ဗျာ။ အတိုင်းထက်အလွန်အမွှန်းတင်ရလောက်အောင် ပြောင်မြောက်တဲ့ဇာတ်ကားမျိုးမဟုတ်ပေမယ့်လည်း အချိန်တစ်နာရီခွဲပေးရကျိုးနပ်မယ့်ကားမျိုးဆိုတာတော့အာမခံပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို ...
movie

Barbarians (2021)

The Mexican (2001) 6.1
The Mexican (2001) ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie

The Mexican (2001)