Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Crime
Windfall (2022)
လောကကြီးမှာ ပြည့်စုံတဲ့သူတွေနဲ့ မပြည့်စုံတဲ့သူတွေက အမြဲတမ်း အားပြိုင်နေကျစမြဲပါဘဲ မပြည့်စုံတဲ့သူတစ်ယောက်ဟာ ပြည့်စုံတဲ့သူလိုဖြစ်ချင်တာကလည်း သဘာဝတရားတစ်ခုပါပဲ ပြည့်စုံတဲ့သူတစ်ယောက်လည်း မပြည့်စုံတဲ့သူတွေကို အချောင်သမား အပျင်းကြီးတဲ့သူတွေလိုထင်နေတာလည်း မဆန်းပါဘူး ဒါပေမဲ့ ကိုယ်က ပြည့်စုံတယ်ဆိုပြီး ကိုယ့်မိန်းမရဲ့ စိတ်ကိုနည်းနည်းလေးမှ ဂရုမစိုက် လူရာမသွင်းဘဲ ကိုယ်လုပ်ချင်တာတွေချည်းလုပ်နေလို့ မရဘူးဆိုတာလေးကို ရိုက်ပြသွားတာပါ လူလေးယောက်ထဲနဲ့ တစ်ကားထဲကို စဉ်းစားစရာတွေ သင်ခန်းစာယူစရာတွေနဲ့ လူတန်းစားကွာဟချက်တွေအကြောင်း ရိုက်ပြသွားလို့ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်လို့ကောင်းမယ့်ကားလေးပါပဲ ထူးခြားတာကတော့ ဇာတ်ကောင်တွေရဲ့နာမည်ကိုအသုံးမပြုထားဘဲ နာမ်စားတွေပဲသုံးသွားခဲ့တာပါ စဉ်းစားရသက်သာတာပေါ့ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Drama,Crime,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Windfall (2022)
7.1
Election (2005)
Election (2005) ~ IMDb - 7.1/10, RT - 87%, Meta - 73% ~အာရှရုပ်ရှင်ဖန်တွေ အကောင်းဆုံးဟောင်ကောင်ဂန်းကားကို ရွေးကြတဲ့အခါ Election တွေကို ကြည့်ဖူးတဲ့လူအများစုကတော့ Johnnie To ရဲ့ Election နဲ့ Triad Election ကို ရွေးကြတာများပါတယ်။ Election နှစ်ကားက ဂန်းကားပေမဲ့ အားနေပစ်လိုက် ထိုးလိုက်လုပ်နေတဲ့ ဂန်းကားမဟုတ်သလို စကားပဲများနေတဲ့ ဂန်းကားလည်းမဟုတ်ပြန်ဘူး။ အဲဒီနှစ်ခုကြားက မဇ္စျိမပဋိပဋာကျတဲ့ ဂန်းကားလို့ဆိုရမယ်။ ဒီနှစ်ကားလုံးက ဂန်းကားပေမဲ့ အနုပညာရည်အရလည်း မနုံနဲ့ဘူး။ ၂၀၀၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမကားကိုပြခဲ့ပြီး ၂၀၀၆ ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယကားကိုပြခဲ့တဲ့အပြင် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲတွေမှာရော ဝေဖန်ရေးသမားတွေပေးတဲ့ ဆုပေးပွဲတွေမှာ Best Picture ဆုတွေ Best Director ဆုတွေ Best Screenplay ဆုတွေ ရထားတဲ့ရုပ်ရှင်တွေဆိုလည်း ...
movie
Election (2005)
2005
6.4
Trust No One: The Hunt for the Crypto King (2022)
Trust No One: The Hunt for the Crypto King (2022) ==================================== Cryptocurrency.... ၂၀၀၈ ခုနှစ်ဟာ စတင်ပေါ်ပေါက်ခဲ့တဲ့Currencyတစ်ခုဟာ ဆယ်စုနှစ်ကျော်ကြာ ၂၀၁၇၊ ၂၀၁၈မှာပဲ ကမ္ဘာ့ Financial stream တစ်ခုလုံးကို အကြီးအကျယ်ရိုက်ခတ်လာတဲ့ digital currencyတစ်ခုဖြစ်လာပါပြီ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ငွေသားအနေနဲ့ သိမ်းနေစရာမလို၊ ဘဏ်တွေနဲ့ဇယားရှုပ်စရာမလိုတဲ့အပြင် ကိုယ်investထားတဲ့coinတန်ဖိုးဟာ ရွေးချယ်မှု မှန်သလောက် အဆ ရာနဲ့ချီပြီး ဈေးမြောက်သွားနိုင်တဲ့ မက်လုံးကြောင့် Investorတွေ၊ အလွယ်လမ်းနဲ့သူဌေးဖြစ်ချင်သူတွေ တဟုန်ထိုးစိတ်ဝင်စားလာတဲ့ နယ်ပယ်ပေါ့၊ ဒီလိုမနူးမနပ်လူသစ်တွေ များလာတာနဲ့အမျှ scammerလို့ခေါ်တဲ့ အွန်လိုင်းလူလိမ်တွေလည်း များစွာပေါ်လာပါတယ်၊ဒီDocumentaryက cryptoလောကမှာ အတော်ကိုပွဲဆူခဲ့တဲ့Scammer တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်မှတ်တမ်းပါ၊ကနေဒါရဲ့အကြီးဆုံးCrypto exchangeဖြစ်တဲ့QuadrigaCXဟာ Investorတွေရဲ့ keyကို နံပါတ် ၆၄ လုံးအထိ ထားပေးတဲ့အတွက် သိပ်ကိုယုံကြည်စိတ်ချရပါတယ်ဆိုတဲ့ exchangeပါ၊ Investorတွေကလည်း အဆိုပါkeyတွေကို ကုမ္ပဏီပဲတာဝန်ယူသိမ်းဆည်းထားဖို့ တောင်းဆိုခဲ့ပါတယ်၊ ဒီkeyတွေကိုသိနိုင်တဲ့တစ်ဦးတည်းသောသူကတော့ ...
movie
Trust No One: The Hunt for the Crypto King (2022)
5.4
Barbarians (2021)
Game of Thrones ထဲက ဂွေးဖြတ်ကောင် ရမ်ဆေးဘော်တန်တဖြစ်လဲ ဝေးလ်မင်းသား Iwan Rheon ကို မြင်တာနဲ့တန်းမှတ်မိအောင် အမြင်ကပ်နေကြမှာပါ... သူ့ဇာတ်ကားတွေက ရှားပါးပေမယ့် ခုရက်ထဲ ဒီကားအသစ်ထွက်လာလို့ တင်ဆက်လိုက်ပါတယ်။ဒီထဲလဲ အမြင်ကပ်စရာအခွက်နဲ့ပါပဲ။တစ်ရက်ထဲ၊တစ်ညထဲ ဒါမှမဟုတ်အချိန်ပိုင်းလေးတစ်ခုကိုပဲတည်ပြီး တစ်ကားလုံးပြီးအောင်ရိုက်ပြသွားတဲ့ ကားမျိုးတွေကိုကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါဇာတ်ကားကလည်း အိမ်ကြီးတစ်အိမ်မှာ စုံတွဲနှစ်တွဲရဲ့တစ်ညတာကို တစ်ကားလုံးဖြစ်အောင်ရိုက်ပြသွားတဲ့ Drama/Thriller ကားတစ်ကားပါ။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကျွန်တော်တို့ Documentary တွေမှာမြင်ဖူးနေကျ Stonehenge တွေလိုမျိုး ခေတ်အဆက်ဆက်ပါးစပ်ရာဇဝင်တွေ၊ဒဏ္ဍာရီတွေရှိခဲ့တဲ့ ဂေတာဆိုတဲ့ကျောက်တိုင်ကြီးတစ်ခုရှိပါတယ်။ အဲဒီကျောက်တိုင်ကိုလူးကပ်စ်ဆိုတဲ့လူကသူ့မိတ်ဆွေ ကမ္ဘာကျော်ပန်းပုပညာရှင်နဲ့ပုံစံတူတစ်ခုအပ်ပြီး ကျောက်တိုင်နာမည်နဲ့ပဲ အိမ်ယာစီမံကိန်းတစ်ခုကိုဖော်ဆောင်ဖို့စိတ်ကူးခဲ့ပါတယ်။ အဲဒီစီမံကိန်းကတကယ်လည်းအောင်မြင်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ထင်သလောက်မရိုးရှင်းခဲ့ပါဘူး။ဇာတ်ကားရဲ့ Runtime ဟာ တစ်နာရီခွဲသာရှိပြီး အကျယ်ချဲ့ရိုက်ပြလို့ရတဲ့နေရာတွေကိုရိုက်ပြမသွားပဲ ဇာတ်ကောင်တွေရဲ့ဒိုင်ယာလော့ဂ်တွေ အမူအရာတွေကနေပဲ ဒါကဒီလိုပါလားလို့ ကြည့်ရှုသူကိုယ်တိုင်တွေးစရာတွေဆက်တိုက်ပေးသွားတာမျိုးပါ။ Runtime နည်းပေမယ့် အလောတကြီးပြွတ်သိပ်ထည့်ပေးသွားတာမျိုးမဟုတ်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရဒီဇာတ်ကားရဲ့အကောင်းဆုံးအချက်တွေကိုပြောပါဆိုရင် ဘယ်နေရာမှအိုဗာအိုက်တင်ဖြစ်မနေတာ၊ Thriller ဆိုပေမယ့်သဘာဝမဆန်လောက်အောင်ဖြဲခြောက်တာမျိုးတွေပါမနေတာပါပဲ။ ကျစ်လစ်တယ်၊ သဘာဝကျတယ်ပေါ့ဗျာ။ အတိုင်းထက်အလွန်အမွှန်းတင်ရလောက်အောင် ပြောင်မြောက်တဲ့ဇာတ်ကားမျိုးမဟုတ်ပေမယ့်လည်း အချိန်တစ်နာရီခွဲပေးရကျိုးနပ်မယ့်ကားမျိုးဆိုတာတော့အာမခံပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို ...
movie
Barbarians (2021)
6.1
The Mexican (2001)
ဘရတ်ပစ်နဲ့ ဂျူလီယာရောဘတ်ကို ဒီလိုဇာတ်လမ်းမှာ တွဲပြထားတာ ထိပ်တန်းစိတ်ကူးပါပဲ...နှစ်ယောက်လုံးရဲ့သရုပ်ဆောင်မှုတွေ အသက်ဝင်ချက်တွေဆိုတာလေ ကိုယ်တိုင်နှစ်မြောသွားပြီး ပြုံးစိစိကိုဖြစ်နေတာပဲ။ခင်ဗျားအချစ်ဇာတ်လမ်းတစ်ခုရိုက်မယ်ဆိုရင် Mexico လို ဒုစရိုက်တွေပြုံနေတဲ့နေရာမှာ Romance ဆန်ဆန်ရိုက်မယ်လို့ စိတ်ကူးမလား...ပြီးရင် တကယ့်ကြေးစားနာမည်ကြီးလူသတ်သမားတွေက ဘယ်လိုနူးညံ့တယ်ဆိုတာမျိုးရော ထည့်ရိုက်မလား...ပြီးရင် ဇာတ်လမ်းနဲ့ပက်သက်ပြီး မိတ်ဆက်ရာမှာ တကယ်အပြင်မှာဖြစ်နေသလိုမျိုး ကမူးရှူးသောနဲ့ အစီအစဉ်မကျဘဲ ရိုက်မယ်ရော စိတ်ကူးဖူးလား...ဇာတ်လမ်းအမျိုးအစားက အလွဲခန်းတွေကိုထိုင်ရယ်ရမှာလို အချစ်တွေနဲ့ရင်ခုန်ရမှာလို သေနတ်ပစ်ခန်းတွေပဲရင်တုန်ရမှာလို စွန့်စားခန်းတွေကြားထဲပျော်ရွှင်ရမှာလို ရှေးခေတ်ပုံပြင်ထဲမှာပဲ မိန်းမောရမှာလိုနဲ့ တကယ့်ကမောက်ကမ ဘဝင်ကျစေမှာမျိုးကို ရိုက်မလား..ရိုက်တဲ့လူတော့ရှိပါတယ်...ခုဇာတ်ကားကိုရိုက်ထားတဲ့ ဒါရိုက်တာ Gore Verbinski ဖြစ်ပြီး သူ့ကိုတော့ Pirates of the Caribbean (1-3) ရိုက်ကူးတဲ့ဒါရိုက်တာအဖြစ် နာမည်ကျော်ကြားလူသိများပါတယ်။ဇာတ်လမ်းကတော့...ဂျယ်ရီ က ဘာမဆို နမော်နမဲ့လုပ်တတ်တဲ့လူငယ်တစ်ယောက်ပါ။ နမော်နမဲ့လုပ်တတ်လွန်းလို့လည်း မီးနီကိုမမြင်ဘဲ ဖြတ်မောင်းလိုက်တာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ကားကို ဝင်ကျုံးမိပါလေရော။ ရဲတွေရောက်လာတော့ လူဆိုးဂိုဏ်းချုပ်ကြီးရဲ့ကားနောက်ဖုံးထဲမှာ လူတစ်ယောက်ကို ကြိုးနဲ့တုပ်ဖမ်းလာတာ တွေ့သွားကြတယ်။ အဲဒါနဲ့ပဲ ဂိုဏ်းချုပ်ကြီးခမျာ ...
movie
The Mexican (2001)
7.5
The Cinderella Addiction (2021)
The Cinderella Addiction (2021)Genre : Thriller,Mystery,Crime,DramaAlice in Borderland မှာ Usagiအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Tsuchiya Taoနဲ့ မင်းသား Tanaka Keiတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ငယ်ငယ်တုန်းက Disney Princessပုံပြင်တွေမှာဆိုရင် မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့ အခက်အခဲကြုံနေရတဲ့မင်းသမီးတို့ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်လို့ Happily ever afterဆိုတဲ့ပုံပြင်တွေကို အသည်းစွဲခဲ့ကြဖူးပါတယ်။ ဘဝမှာလည်း ကံကောင်းစွာနဲ့ ကိုယ့်ကိုကယ်တင်ပေးမဲ့သူပေါ်လာပြီး ဘဝများပြောင်းလဲသွားလေမလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ကလေးတွေကို တိုင်ပင်စောင့်ရှောက်ပေးတဲ့ဌာနက ဝန်ထမ်းမလေး "ကိုဟရု"ကတော့ ငယ်ငယ်တည်းက မိခင်စွန့်ပစ်တာကိုခံခဲ့ရသူပါ။ ၁၂နှစ်သမီးတည်းက မိခင်ဖြစ်သူထွက်ပြေးသွားပြီး မိခင်မေတ္တာငတ်ခဲ့သူမို့ တာဝန်ယူလိုစိတ်ကင်းမဲ့တဲ့အမေကိုမုန်းပြီး အမေလိုလူတစ်ယောက်မဖြစ်ချင်တဲ့သူပါ။ သူ့အဖေကတော့စက်ဘီးဆိုင်လေးဖွင့်ထားပြီး ညီမဖြစ်သူက အထက်တန်းတက်နေပါတယ်။ တစ်နေ့မှာတော့ အဘိုးဖြစ်သူက ရေချိုးခန်းထဲမှာမူးလဲတာကြောင့် ဆေးရုံပို့ဖို့ ကားနဲ့အပြေးသွားတုန်း အိမ်မှာထွန်းခဲ့တဲ့ခြင်ဆေးခွေကနေ မီးစွဲပြီး အိမ်မီးလောင်ပါတော့တယ်။ အိမ်မီးလောင်သွားတာကြောင့် ရည်းစားဖြစ်သူရဲ့အိမ်မှာ ခဏတည်းဖို့သွားပြန်တော့လည်း ရည်းစားဖြစ်သူက ဖောက်ပြန်နေတာနဲ့ ပက်ပင်းတိုးပါရော။အိမ်ဆုံးရှုံးပြီး ရည်းစားသစ္စာဖောက်လို့စိတ်ပျက်ပျက်နဲ့လမ်းလျှောက်လာတုန်း ရထားသံလမ်းပေါ်မှာ ...
movie
The Cinderella Addiction (2021)
5.2
Boon (2022)
ဘုရားကျောင်းကို နေ့တိုင်းမှန်မှန်သွားတယ်ဆိုတဲ့လူတစ်ယောက်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲ တွေးကြည့်ရအောင်။ အဲဒီလိုလူက နှစ်မျိုးရှိနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ ဘုရားတရားကို အရမ်းကြည်ညိုပြီး ဘာသာတရားကိုင်းရှိုင်းလှသူမျိုး ဖြစ်မှာပေါ့။ ဒုတိယတစ်မျိုးကတော့ ...ဒုတိယတစ်မျိုးကတော့ သူ့ဘဝမှာ ကျူးလွန်ထားမိတဲ့ ဒုစရိုက်မှုတွေ ၊ အကုသိုလ်တွေ များလွန်းနေလို့ နေ့တိုင်း ဘုရားသခင်ဆီသွားပြီး အပြစ်တွေကို ဝန်ခံရင်း အာပတ်ဖြေနေရသူ ဖြစ်မှာပေါ့လေ။အမေရိကန်နိုင်ငံရဲ့ အရက်စက်ဆုံး နဲ့ အတော်ဆုံး ကြေးစားလူသတ်သမားတစ်ယောက်ဟာ တစ်နေ့တော့ ရုတ်တရက်စိတ်ပြောင်းသွားခဲ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကိုရော သူ့ရဲ့ဘော့စ်ကိုပါ ပစ်သတ်ပြီး ဇာတ်မြှုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာအပြင်းအထန်ရသာရခဲ့ပြီး မသေခဲ့တဲ့ ဘော့စ်က သူ့အကြောင်းကို အငြိုးကြီးစွာနဲ့ မရမက လိုက်စုံစမ်းပြီး သူ့ကိုသတ်ဖို့ ကြေးစားသေနတ်သမားတွေ စေလွှတ်နေခဲ့တယ်။အဲဒါတင်မကသေးဘူး။ သူ့ကိုမိလိုက်ရင် တကယ့်အောင်မြင်မှုကြီးဖြစ်မှာပဲလို့ တွက်ပြီး တခြားအမှုတွေဘေးချိတ်လို့ သူ့နောက်ကိုပဲ တကောက်ကောက်လိုက်နေတဲ့ FBI အေးဂျင့်တစ်ယောက်ကလည်း ရှိလို့နေပါသေးတယ်။လူနေကျဲပါးတဲ့ တောင်ပေါ်မြို့လေးတစ်ခုမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ သံဝေဂနောင်တတွေ အပြည့်ဖြစ်နေတဲ့ ...
movie
Boon (2022)
6.5
Nicky Larson and the Cupid’s Perfume (2018)
Nicky Larson and the Cupid's Perfume (2018)IMDb 6.5 Crime/Comedyတော်ရုံတန်ရုံ ဟာသကားဆို ပြုံးရုံပဲပြုံးတတ်တဲ့ ကျွန်တော်တောင် တော်တော်ရယ်မိတဲ့ကားပါဗျာ။ ပြင်သစ်ကားတွေ ကောင်းရင် ရှယ်ကောင်းတယ်ဆိုတာ ဒီကားကလည်း ထပ်ပြီးသက်သေပြတယ်လို့ကိုဆိုရမယ့်ကားဗျ။ဇာတ်လမ်းအမျိုးအစားက မှုခင်းအက်ရှင်ဟာသကားဆိုပေမဲ့ ဟာသက ဟာသသက်သပ်၊ အက်ရှင် အက်ရှင်သက်သက်ဖြစ်နေတာရယ်။ ပြောချင်တာကဗျာ ဟာသတွေ ပါလို့ဆိုပြီး အက်ရှင်တွေက ပေါ့မသွားဘူး၊ အက်ရှင်တွေ ပါလို့လည်း ဟာသတွေရဲ့ရသ လည်း ပျက်မသွားဘူး။တစ်ကားလုံး ဟာသလာပြီဆို ရှယ်ခွီ၊ အက်ရှင်လာပြီဆို ရင်ဖိုလိုက်နဲ့ ခွီလိုက် ဖိုလိုက်နဲ့ကို ကြည့်ရမှာ။ တကယ်ဗျာ အက်ရှင် ဇာတ်ကွက်တွေကလည်း 2018 ကလို့မထင်ရအောင် ဇာတ်ကွက်၊ ရိုက်ကွက်ကောင်းသလို၊ ဟာသတွေကလည်း ရိုးမနေဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ် ကြေးစာလက်ဖြောင့်သမားသာသာအလုပ်လုပ်နေတဲ့ နစ်ကီဆီကို မစ်ရှင်တစ်ခုလာအပ်ရာကနေ စတယ်ဆိုပါတော့။ နစ်ကီကို လာအပ်တဲ့ မစ်ရှင်ကဘာလဲ၊ အဲဒီမစ်ရှင်ကြောင့် ဘယ်လိုတွေဖြစ်ကြမှာလဲ၊ နစ်ကီကရော ဘယ်လိုဇာတ်ကောင်မျိုးလဲဆိုတာကို ဇာတ်ကားစလာတဲ့အခန်းတည်းက ...
movie
Nicky Larson and the Cupid’s Perfume (2018)
2018
5.6
Duplicate (1998)
လောကမှာ လူသူမရှား နာမည်တူမရှားဆိုပြီး ပြောစမှတ်တွင်ခဲ့ကြတယ်မလားဒီဇာတ်ကားလေးမှာလည်း မင်းသားကြီး ရှာရွတ်ခန်းက နှစ်ကိုယ်ခွဲနေရာက သရုပ်ဆောင်ထားတယ်...တစ်ယောက်က ငွေရဖို့အတွက်ဆိုရင် ကမ္ဘာမီးလောင်လည်း သားကောင်ချနင်းမယ့် လူစားမျိုးဖြစ်တဲ့ လူမိုက်ကြီးမန်နူးဒါဒါ...နောက်တစ်ယောက်ကတော့ မိခင်ကိုပျော်အောင်ထားပြီး ကမ္ဘာ့အတော်ဆုံး စားဖိုမှူးလေးဖြစ်ချင်နေတဲ့ ဘဗ်လူး...မန်နူးကို လိုက်ဖမ်းရင်းနဲ့ ရဲတွေက ဘဗ်လူးကို မှားဖမ်းမိတဲ့အခါ အရှုပ်တော်ပုံတွေ ပေါ်လာရပါတော့တယ်။ရိုးသားဖြူစင်တဲ့ဘဗ်လူးကို အကောက်ကြံပြီး သူ့ဘဝကိုပါ လုယူချင်လာတဲ့ မန်နူးနဲ့ကြောက်တတ်ပေမယ့်လည်း အနိုင်ကျင့်သူကို သင်ခန်းစာပြန်ပေးဖို့ကြိုးစားရမယ့် ဘဗ်လူးတို့ကြားသူတို့ရဲ့ ချစ်သူတွေ မိသားစုတွေပါ ပါလာတဲ့အခါမှာတော့...ဘယ်လိုတွေဇာတ်ရှိန်တက်လာမလဲဆိုတာ.........။ရှရွတ်ခန်း ၂ ကိုယ်ခွဲနဲ့ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးကို ရုပ်ရှင်ရုံထဲ လိုက်ကြည့်ရသလို အကအလှရသအစုံ ခံစားရမှာပါ။ File size…(4 GB)/(1.6 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie
Duplicate (1998)
7.3
Death on the Nile (1978)
Death On The Nile (1978) ~ IMDB - 7.3/10, RT - 78%, Meta - 59% ~(ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းကတော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ)Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တုတွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ...
movie
Death on the Nile (1978)
1978
7.6
Delicatessen (1991)
Delicatessen (1991) ~ IMDb - 7.6/10, RT - 89%, Meta - 66% ~၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လိုနေပါတယ်။ အချိန်တိုင်းလိုနေရတာက စုတ်ပြတ်နေတဲ့ တိုက်ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမားတွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ရောင်းစားလိုက်လို့ပါပဲ။ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်ဟောင်းသမား Louison ဟာ အလုပ်ခေါ်စာတွေ့ပြီး ရောက်ချလာပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သဘောတော်ခွေ့သွားချိန်မှာတော့ ချစ်ရသူလေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကားကောင်းတစ်ခုပါပဲဇာတ်လမ်းဟာ Horror ...
movie
Delicatessen (1991)
1991
7.6
Valimai (2022)
Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie
Valimai (2022)
2022
4K HEVC Web-DL
5
[18+] 10 Years Love (2008)
10 Years Love (2008)အသက် ၁၇ နှစ်အရွယ် မာရီဆိုတဲ့ ကောင်မလေးက သူတို့ကျောင်းက ပေါ်ပြူလာဖြစ်တဲ့ ဘောလုံးသမား ဟီရိုဆိုတဲ့ ကောင်လေးကို တိတ်တခိုး ချစ်နေခဲ့တာပေါ့ကျောင်းဘောလုံးပွဲမှာ ဟီရိုက ဂိုးမသွင်းနိုင်တာကြောင့် ကစားပွဲမှာရှုံးနိမ့်သွားပြီး သူငယ်ချင်းတွေကလည်း သူ့ကို ပစ်ပယ်သွားပါတော့တယ်...တစ်ရက် ဟီရိုမိသားစုလည်း ပြိုကွဲသွားပြီး ဟီရိုလည်း အဝေးတစ်နေရာကို ထွက်သွားတဲ့နောက်မာရီက သူချစ်တဲ့ကောင်လေး ဟီရိုကို လိုက်ရှာဖို့အတွက် မြို့တစ်မြို့ကို တက်သွားပါတော့တယ်ဆယ်နှစ်ကြာပြီးနောက်ပိုင်း မာရီ သူချစ်သူကောင်လေးကို ရှာတွေ့နိုင်ပါ့မလား...တစ်ခါမှမရောက်ဖူးတဲ့ မြို့လေးတစ်မြို့မှာ မာရီတစ်ယောက် ဘယ်လိုဖြတ်သန်းမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး ။File Size__(1.3GB) / 650MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:05:00 Type__Adult, Drama, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt
movie
[18+] 10 Years Love (2008)
6.3
Tabloid Truth (2014)
Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie
Tabloid Truth (2014)
6.0
Man’s Creed (2022)
ရှောင်ကျန်းဖုန်းဟာ လွန်ခဲ့တဲ့ ၂၅နှစ်က အကွက်ချခြောက်တွန်းခံရပြီး ထောင် ၂၅နှစ်ကျသွားခဲ့တဲ့ အထက်တန်းလုံခြုံရေးအကြံပေးတစ်ယောက်ပါ၂၅နှစ်ကြာပြီး သူ ထောင်က လွတ်လွတ်ချင်း သူ့ဇနီးနဲ့ သားကိုသွားရှာပေမဲ့ သူတို့တွေက အရင်နေခဲ့ဖူးတဲ့နေရာမှာမရှိတော့ပါဘူးဒီလိုနဲ့ဘယ်လိုရှာရမလဲ လမ်းပျောက်နေချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က သူ့ကို ဆက်သွယ်လာခဲ့ပါတယ်ဆက်သွယ်လာတဲ့အကြောင်းအရင်းကတော့ အဲဒီလူရဲ့သမီးဟာ ပြန်ပေးဆွဲခံထားရတာကြောင့် ကျန်းဖုန်းကို ကူညီပေးဖို့တောင်းဆိုတာဖြစ်ပါတယ်ကျန်းဖုန်းသာ သူ့သမီးကို ပြန်ပေးသမားလက်ထဲကနေ ကယ်ပေးဖို့ သဘောတူရင် သူကလည်း ကျန်းဖုန်းရဲ့ ဇနီးနဲ့သားကို ရှာပေးမယ်လို့ နှစ်ယောက်သား အပေးအယူလုပ်ခဲကြပါတယ် ဒါပေမဲ့ ပြန်ပေးမှုက ထင်သလောက်မရိုးရှင်းဘဲ မူးယစ်ဆေးကုန်ကူးမှုတွေနဲ့ဆက်နွယ်နေချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်ကြည့်ရမှာပါနော် ။File Size__(1.7GB) / (830MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie
Man’s Creed (2022)
Salute (2022)
Salute 2022မှုခင်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်ဒီတစ်ခါမှာတော့ နိုင်ငံရေးနဲ့မှုခင်းတွဲဖက်နေတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်"ငါတို့က ယူနီဖောင်းဝတ်ထားတဲ့ချိန်ပဲ အာဏာရှိတာကွလက်ရှိအုပ်ချုပ်နေတဲ့အစိုးရပြုတ်သွားရင်ဒီအုပ်ချုပ်ရေးခရိုင်မှာ ငါတို့ဆိုတာ ရှိမှာမဟုတ်တော့ဘူး"အာဏာမက်တဲ့သူတွေအတွက် အားနည်းချက်မရှိစေဘဲနဲ့ အာဏာကိုဆက်လက်တည်တံ့နိုင်ဖို့ အထက်ဖားအောက်ဖိ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြတယ်မလားဒီဇာတ်ကားလေးမှာလည်း မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မဲ့မြို့လေးမှာ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားပြီး ၃ပတ်ကြာတောင်မှအမှုနဲ့ပတ်သတ်ပြီး ဘာတိုးတက်မှုမရှိတဲ့အခါ လက်ရှိအုပ်ချုပ်သူကရဲဌာနကိုဖိအားပေးလာပါတော့တယ်အာရဗင်က အစ်ကိုဖြစ်သူစံပြပုဂ္ဂိုလ် ရဲအရာရှိကြောင့်ရဲထဲဝင်လာသူလည်းဖြစ်ပါတယ် ဒီအမှုကို အမြန်စုံစမ်းဖို့ဖိအားပေးတဲ့ချိန်မှာအစ်ကိုဖြစ်သူနဲ့ အာရဗင်တို့ကြား သဘောထားကွဲလွဲမှုဖြစ်လာပြီး အာရဗင်ကိုသူ့အစ်ကို နယ်ပြောင်းပြီး တာဝန်ချပေးလိုက်ပါတယ်အမှုကိုစုံစမ်းရင်းနဲ့ ချန်ဒရာဗီလာဆိုတဲ့လူလိမ် နောက်ကိုလိုက်ရင်း အမှုက ဘယ်လိုရုပ်လုံးပေါ်လာမလဲအာရဗင်တစ်ယောက် အမှုကိုကိုယ့်နည်းကိုယ်ဟန်နဲ့ဘယ်လိုတွေဆက်ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…1.5GB / 800MB Quality…1080p WEB DL Format…mp4 Duration….2h 25min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Honey & Haruko & Poe
movie
Salute (2022)
2022
5.9
Gaddalakonda Ganesh (2019)
Gaddalakonda Ganesh 2019ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင်ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက်လူဆိုးဂန်စတားတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့အကြောင်းဖန်လာပါတော့တယ်သူငယ်ချင်းနှစ်ယောက် အသက်ကိုဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်ကြောင်းကိုသိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ....လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား....ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ...တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီးအာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာအားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko
movie
Gaddalakonda Ganesh (2019)
2019
5.0
Lupin’s Daughter (2021)
ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ဂျပန်ကားသဘောကျသူတွေအတွက် Action, Crime, Drama ရသစုံပါတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။Lမိသားစုဟာ သူခိုးလုပ်ငန်းနဲ့အင်မွေးကြတဲ့မိသားစုပါ။ အဲ့ဒီအိမ်ရဲ့သမီးဖြစ်တဲ့ ဟန ဟာ သူခိုးမိသားစုသမီးဖြစ်ရတာကိုမုန်းတီးမိတဲ့သူပါ။ သူ့ရဲ့ချစ်သူကတော့ ရဲမိသားစုက ဆင်းသက်လာတဲ့ ခဇုဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကခိုင်မြဲလွန်းလှပါတယ်။ တစ်ရက်မှာတော့ တန်ဖိုးကြီးတဲ့ သရဖူတစ်ခုကို ခိုးဖို့ကြိုးစားရင်း L မိသားစုကြားက အတိတ်ရဲ့ အရှုပ်တော်ပုံတွေပေါ်ထွက်လာတဲ့အခါမှာတော့.....။ဒီဇာတ်လမ်းဟာ Lupin Series ရဲ့သုံးကားမြောက်ဖြစ်ပြီး ရှေ့ကားနဲ့ ဇာတ်ကွက်ချိတ်ဆက်မှုတွေကိုလည်းရုပ်ရှင်ထဲမှာ တစ်ခါထဲ ဖြည်ပေးထားပါတယ်။ ဂျပန်စတိုင် Fancy Cosplay လေးတွေလည်းပါတာမို့ Action Fantasy ပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ။ File size…(2.3 GB)/(980 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:49:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lwin Htoo Aung & SST
movie
Lupin’s Daughter (2021)
Exploited (2022)
လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး ...
movie
Exploited (2022)
9.3
The Shawshank Redemption (1994)
The Shawshank Redemption (1994)91% Rotten Tomatoes9.3/10 IMDbမိတ်ဆွေတို့ Google မှာ IMDb rating အမြင့်ဆုံးကားများ လို့ ရိုက်ရှာကြည့်ချင်ပါသလား? Rotten Tomatoes ရဲ့ အကောင်းဆုံးကားများလို့ ရိုက်ရှာကြည့်ချင်ပါသလား? ရုပ်ရှင်သမိုင်းတလျှောက်အကောင်းဆုံးကားများ.....မသေခင်ကြည့်သင့်သော ကားများ....ဘာညာသာရကာ အစုံရိုက်ပြီး ရှာကြည့်လိုက်ပါ။ ဒီဇာတ်ကားကတော့ ထိပ်ပိုင်းတစ်နေရာမှာ အမြဲပါနေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ရိုးရှင်းပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက် ၂ ခါ ကျခံရပြီး ရှောရှန့်ခ် ထောင်ထဲကို ရောက်လာတဲ့ ဘဏ်စီးပွားရေးသမား အန်ဒီ ဒူဖရင်း(Tim Robbins) နဲ့ တကျွန်းသမားဟောင်းကြီး ရက်ဒ်(Morgan Freeman) တို့ ရဲ့ ထောင်ထဲက အခက်အခဲတွေနဲ့ မိတ်ဆွေဘဝ၊ အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ...
movie
The Shawshank Redemption (1994)
1994
4K HEVC
First
62
63
64
65
66
Last
Previous
Next