Channel Myanmar

Crime

Mad Detective (2007) 7.2
Mad Detective (2007) Mad Detective (2007)IMDb Rating (7.2)/Rotten Tomatoes (81%)ဒီဇာတ်ကားက မြင်နေကျ စုံထောက်ကားနဲ့မတူဘဲ အလွန်ပဲ ဒိပါတယ်... Mad Detective ဆိုတဲ့ အတိုင်း အရူးစုံထောက် ဘန်းရဲ့ အ​ကြောင်းပါ..ဇာတ်လမ်းအကျဥ်းက​တော့ ... ဘန်းဟာ စုံစမ်းစစ်​ဆေး​ရေးမှာ အရမ်းကို ​တော်တဲ့စုံထောက်​ဖြစ်ပေမယ့် သူ့ရဲ့ ရူး​ကြောင်​ကြောင်လုပ်ရပ်​တွေ​ကြောင့် ရဲဘ၀ကို စွန့်လွှတ်ခဲ့ရပါတယ် ဘန်းရဲ့ ထူးခြားတဲ့ ပါရမီ တစ်ခုက​တော့ လူ​တွေရဲ့ အတွင်းစိတ်ကို လူတစ်​ယောက်အသွင်နဲ့ မြင်နိုင်တာပါ...ရဲအရာရှိတစ်​ယောက် ပါတနာနဲ့ အတူ သူခိုးဖမ်းရင်း ​ပျောက်ချင်းမလှ တစ်နှစ်ခွဲ​လောက်​ပျောက်​နေတဲ့ ဒီအမှုဟာ အရာရှိဟိုရဲ့ လက်ထဲ​ရောက်လာပါ​တော့တယ် ရဲအရာရှိ ဟိုက​တော့ ဘန်းကို ​လေးစားခဲ့ရသူတစ်ဦး ဖြစ်တဲ့အ​လျောက် ဒီအမှုကို ​ဘယ်လိုမှ မဖြေရှင်းနိုင်​တော့ချိန်မှာ ဘန်းကို အကူအညီ​တောင်းပါ​တော့တယ်... ဘန်းဟာ တကယ်ပဲ ရူး​​ကြောင်ပြီး ​လျှောက်​ပြော​နေတာလား အတွင်းစိတ်​တွေကို တကယ် သိမြင်နိုင်တာလား... ဒါကိုတော့ ဇာတ်လမ်းကြည့်ရင်း အ​ဖြေရှာအမှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(1 ...
movie

Mad Detective (2007)

HEVC 1080p
Kurup (2021) 7.9
Kurup (2021) 1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။  File size…1.5GB / 2.28GB Quality…720p / 1080p AAC 5.1CH Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Shwe Pyae Sone ~ ThuRa Hein
movie

Kurup (2021)

2021
Bob Biswas (2021) 7.0
Bob Biswas (2021) Bob Biswas (2021)============================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Bob Biswas လို့အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ်ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာသရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူအာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင်ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက်ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ ...
movie

Bob Biswas (2021)

2021
1080p HEVC
Nash Bridges (2021) 6.1
Nash Bridges (2021)  Nash Bridges ---------------လူအချို့က သာမန်ဘဝလေးနဲ့ ရောင့်ရဲတက်ပေမယ့် အချို့က ချမ်းသာသထက် ချမ်းသာချင်ကြတယ် ငွေရဖို့ဆိုရင် ဘယ်လို ရာဇဝတ်ကို မဆို ကျူးလွန်တက်ကြတယ် ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့စိတ်နဲ့ သက်ရှိလူသားတွေလို ကြွက်ကလေးတွေလို သဘောထားပြီး စိတ်ပျော်ရာအတွက် အသုံးချကြတယ်လူကုန်ကူးမှုသံသယတရားခံကို လိုက်ဖမ်းရင်း မြို့ထဲ ပေါက်ကွဲမှုဖြစ်အောင် လုပ်လိုက်လို့ နက်ရှ်တစ်ယောက် တာဝန်ကနေ ဆိုင်းငံ့ခံလိုက်ရပါတယ် ကြုံရာကျပန်း နေလာပြီး ၁နှစ်အကြာမှာ နေဝင်ချိန်လူသတ်မှုလို့ခေါ်တဲ့ ကွင်းဆက်လူသတ်မှုလို့ ထင်ရတဲ့ အမှုတစ်ခု ပေါ်လာပါတော့တယ် နစ်နာသူ ၁၁ယောက်ထိ ရှိလာပြီးတဲ့နောက် ရဲဌာနက နက်ရှ်ရဲ့ အကူအညီလိုလာပါရော ခေါတ်မီနည်းပညာတွေမသုံးပဲနဲ့ နက်ရှ်တို့တွေ ဘယ်လိုများ အမှုလိုက်ကြမလဲ နစ်နာသူတွေက ဆက်တိုက်ဆိုသလိုပေါ်လာနေပြီးတော့ တရားခံအစစ်ကိုရော ဖမ်းမိကြမလားလူချမ်းသာရဲ့နောက်ကွယ်က မြေအောက်မှာ ဘာတွေဖြစ်နေတာလဲ ဆိုတာကိုဆန်းပြားတဲ့ ဇာတ်လမ်းကျောရိုးနဲ့ စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__(1.5GB) / (800MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:22:00 Type__Comedy, Crime, ...
movie

Nash Bridges (2021)

Raging Fire ( 2021 ) 7.2
Raging Fire ( 2021 ) Donnie Yen နဲ့Nicholas Tse တို့လို မင်းသားကြီးနှစ်ယောက်ဦးဆောင်ထားတဲ့Raging Fire ဟာ China Box Office $100M နီးပါးရထားတဲ့အတွက်ထူးထွေပြီးညွှန်းစရာမလိုတဲ့ အက်ရှင်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်Donnie Yen နဲ့Nicholas Tse တို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲ‌‌အညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Quality : BluRay HEVC / WEB-DL 1080p , 720p , 480pFormat : mp4During : 2h 6minGenres : Action Subtitle : Myanmar Subtitle ( Hardsub )Translated By CCFEncoded By LK,Nyeinsaeya Aung
movie

Raging Fire ( 2021 )

Switch (2013)
Switch (2013) Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်‌လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုး‌ပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်‌ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်‌သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်‌ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie

Switch (2013)

2013
Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)

Knock Knock ( 2021 ) 6.8
Knock Knock ( 2021 ) ဒီ knock knockဇာတ်ကားတော့ တော်တော်စဉ်းစားပြီးခေါင်းခြောက်စွာကြည့်ရမဲ့ မှုခင်းဇာတ်ကားလေးပါဇာတ်ကားအစမှာတော့ လောင်လီဆိုတဲ့သူခိုးတစ်ယောက်က သူ့ရဲ့သားလေးဆေးကုပေးဖို့အတွက်ပိုက်ဆံခိုးဖို့ လူနေအဆောက်အအုံဟောင်းတစ်ခုကို ဝင်သွားတာကနေ စတင်ခဲ့တဲ့ လူသတ်မှုတစ်ခုဖြစ်ပါတယ်အဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က ထူးထူးဆန်းဆန်းအသတ်ခံထားရတာကိုတွေ့ပါတယ်အဲ့အချိန်မှာ သူခိုးဖြစ်သူ လောင်လီက အိမ်ထဲမှာ လူငယ်တစ်ယောက်ကိုတွေ့ရာမှလူသတ်သမားထင်ပြီး ဒီလူသတ်အမှုကြီးထဲလည်းမပါအောင် ပိုက်ဆံလည်းရအောင် ခြိမ်းခြောက်ပြီးငွေညစ်ရာမှပစ္စည်းပို့သမား‌ဖြစ်တဲ့ မာမင်လျန့်က ရုပ်တရက်ကြီးအဆောက်အအုံထဲကိုရောက်နေပါတယ်သူတို့ ၃ယောက် ဒီအမျိုးသမီးအလောင်းကိုကြည့်ပြီး ဘယ်လိုဆက်လုပ်ကြမလဲပစ္စည်းပို့သမား မာမင်လျန့်ကရော ဘာဖြစ်လို့အိမ်ထဲကိုရောက်နေတာလဲလူသတ်သမားက ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးကြပါ Quality : WEB-DL 1080pFormat : mp4Genres : Comedy , Drama , Crime , MysteryDuration : 1h 47minSubtitle : Myanmar Subtitle ( Hardsub )Translated By A Pu Lay & Nu MonEncoded By ...
movie

Knock Knock ( 2021 )

The Unforgivable (2021) 7.2
The Unforgivable (2021) The Unforgivable (2021)IMDb - 7.2/10အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ လက်​​တွေ့ဆန်ဆန်​ ပြောရရင် မရှိနိုင်ပါဘူး။ လူတိုင်းအနည်းနဲ့အများ​​တော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့​တွေရှိမှာပါ၊ အဲဒီအမှားက ကြီးလား ​သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာက​တော့ ကိုယ့်အမှား​ကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspective​ပေါ်မှာပဲ မူတည်​နေမှာပါဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ​ခေါင်း​ဆောင် ပါဝင်ထားပါတယ်။ 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခု​ကြောင့် နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို ညီမ​ဖြစ်သူ Katherineနဲ့ ​ဝေးခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန်မှာ​တော့ ညီမဖြစ်သူကို ရှာ​ဖွေဖို့နဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်​ယောက် ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့Ruthလွတ်လာတာကို မ​​ကျေနပ်တဲ့ Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိ​သေးတဲ့ နစ်နာသူမိသားစုက ကလဲ့စား​ချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ....Ruth ကျူးလွန်ခဲ့တဲ့အမှားက ...
movie

The Unforgivable (2021)

2021
Knives Out (2019) 8.0
Knives Out (2019) IMDb Rating (8.0) / Rotten Tomatoes (97%)ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig, ကပ္ပတိန်အမေရိက Chris Evans, No Time to Die နဲ့ Knock Knock ဇာတ်ကားတို့မှာ ပရိတ်သတ်အာရုံကို အပြည့်အဝဖမ်းစားခဲ့တဲ့ မင်းသမီး Ana de Armas, 13 Reason Why ရဲ့ Katherine Langford တို့အပြင် တခြားနာမည်ကြီးတွေလဲပါသေးတယ်။မင်းသမီး Ana de Armas ရဲ့ ရှယ်သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Daniel Craig က သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ကြိုက်လို့ No Time to Die ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ဒီမင်းသမီးကို ထည့်ရိုက်ခိုင်းခဲ့တယ် ဆိုကြတယ်....ပါဝင်သရုပ်ဆောင်ရတဲ့အချိန် အတိုလေးဆိုပေမယ့် သူ့ရဲ့ဖမ်းစားမှုကို ...
movie

Knives Out (2019)

4K HEVC
American Sicario (2021)
American Sicario (2021) ကြမ်းမယ့်ရမ်းမယ့် မူးယစ်ဆေးကုန်သည်ဂိုဏ်းစတားတစ်ယောက်အကြောင်းပါဝင်တဲ့ American-Sicario 2021ဒီမူးယစ်ဆေးကုန်သည်လောကမှာ သစ္စာတရားက အရေးအကြီးဆုံးဆိုပေမဲ့ သစ္စာတရားကြောင့်ပဲ မိသားစုတွင်း ပြဿနာတွေဖြစ်ရတဲ့အခါ ဘယ်လိုမျိုး ဖြေရှင်းကြမလဲဆိုတာ ကြမ်းကြမ်းရမ်းရမ်း ကြည့်ရမယ်ဗျာ..။ဇာတ်လမ်းဇာတ်အိမ် Storyline ကတော့ သာမန် ဇာတ်ကောင်ကိုပဲ အသားပေးထားတဲ့ ပြည့်စုံမှုတွေနဲ့ လွန်ကဲနေတဲ့ အဓိကဇာတ်ကောင်မျိုးနဲ့တော့ မတူဘူးဗျ..။ကြမ်းမယ်ရမ်းမယ် အမှားတွေလည်း လုပ်မိတဲ့ လူကြမ်းကြီးပေါ့ဗျာ..။(ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတဲ့စကားလုံးတွေနဲ့ 18+ ဆန်တဲ့ တစ်ခန်း နှစ်ခန်းပါလို့ မိသားစုနဲ့အတူတော့ မကြည့်သင့်ပါ..။)လုပ်ငန်းချဲ့ထွင်ချင်တဲ့ လောဘ..။ လူပေါင်းမှားမိတဲ့ အမှားတစ်ခုနဲ့..။မလုပ်ချင်ပေမဲ့လည်း လုပ်မှဖြစ်မယ့် ရက်စက်တဲ့လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရတာကြောင့် ဖြစ်လာရတဲ့ အမုန်းတရားတွေကို ကျေကျေနပ်နပ်ကြီး ပြန်ပေးဆပ်ရဲတဲ့ ဂိုဏ်းသမား ဆေးကုန်သည် ဖက်တီးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီးတော့..။မက္ကဆီကိုဒေသရဲ့ နောက်ခံရှုခင်းတွေ..။ ဆွဲဆောင်မှုပြင်းပြင်းနဲ့ အလန်းစား အညိုစင် မိန်းကလေးတွေ..။ဗီိလိန်ရဲ့ နောက်ကွယ်ဘဝဇာတ်ကြောင်း စုံစုံလင်လင်နဲ့..။မိသားစုအတွက်လို့ တဖွဖွပြောနေခဲ့တဲ့သူတွေ ​ကိုယ်ခက်ခဲချိန်မှာ ဘယ်ရောက်ကုန်ကြသလဲ..။သွေးမတော်ပေမဲ့လည်း နောက်ဆုံးအချိန်ထိ ကျန်နေတဲ့လူက ဘယ်နှယောက်များ ရှိနိုင်ဦးမလဲဆိုတာ ဖန်သားပြင်ထက်မှာ ကြည့်ရှုခံစားနိုင်ဖို့ CM ...
movie

American Sicario (2021)

This Game’s Called Murder (2021)
This Game’s Called Murder (2021) This Game's Called Murder (2021)ဒီကားလေးက လူသတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒါပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့ ပြောရင်ကောင်းမလား စိတ်ဝင်စားဖို့ကောင်းတယ်ပဲ ပြောရင်ကောင်းမလား။ ဒီကားလေးက စိတ်ဝင်စားဖို့လည်းကောင်းသလို သူ့ရဲ့ လူသတ်မှုတွေက တစ်နည်းတစ်ဖုံ ရက်စက်လို့နေပါတယ်။ဇာတ်လမ်းကတော့ ဖန်စီဇာတ်လမ်းလေးပါ။ ကမ္ဘာ့နာမည်အကြီးဆုံးဖိနပ်အရောင်းကုမ္ပဏီကနေ လူတွေရဲ့ သတင်းအချက်အလက်တွေစုဆောင်းပြီး ပြန်လည်ရောင်းချပါတယ်။ ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင် အဖေလုပ်သူရဲ့ သမီးက ပေတေဆိုးသွမ်းပြီး လုပ်ချင်ရာလုပ်တယ်၊ အဲဒီလိုပဲ မယားဖြစ်သူကလည်း ဘာသာရေးအစွန်းရောက်ပြီး ဂေါက်တောက်တောက်လိုဖြစ်နေရှာတယ်။အဲဒီမှာပဲ မိသားစုအရှုပ်တော်ပုံကနေ ရွှေချောင်းခိုးသယ်တဲ့ကိစ္စအထိဖြစ်လာပြီး လူသတ်ဂိမ်းကစားတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ သူတို့က လူသတ်တော့မယ်ဆိုရင် ဂိမ်းကစားရအောင်လို့ အမြဲပြော​လေ့ရှိတယ်။ ကြောင်တောင်တောင်နိုင်တဲ့နည်းနဲ့ လူသတ်နေကြပါပဲ။အဲဒါကြောင့် ဒီရက်ပိုင်းပျင်းနေလို့ရှိရင်တော့ ဒီကားလေး ဖွင့်ထားပြီး အပျော်သဘောအနေနဲ့တော့ ကြည့်လို့ကောင်းပါတယ်ဆိုတဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ သတ်ဖြတ်ခန်း​တွေ ကြမ်းတမ်းတာရယ် တချို့ Nudity and Sex scenes ​လေး​တွေ ပါတာမို့ အသက်မပြည့်သူများ မကြည့်သင့်ပါဘူး​နော်။ File size…(1.2 GB)/(600 MB) Quality….WEB-DL ...
movie

This Game’s Called Murder (2021)

Hard Boiled (1992) 7.8
Hard Boiled (1992) Hard Boiled (1992)IMDb - 7.8, Rotten Tomatoes - 94%John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ ...
movie

Hard Boiled (1992)

1992
Hannibal (2001) 6.8
Hannibal (2001) Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie

Hannibal (2001)

2001
The Sixteenth Level of Hell ( 2021 ) 6
The Sixteenth Level of Hell ( 2021 ) ဒီ The Sixteenth Level of Hell ဇာတ်ကားလေးကတော့ posterကိုကြည့်လိုက်ရင် သိလိုက်ရမဲ့အတိုင်း အမှုလိုက်ဇာတ်ကားလေးဖြစ်ပါတယ် သတင်းထောက်မလေးရဲ့ စာဖတ်ပရိတ်သတ်ကနေတစ်ဆင့်ဖြစ်ပွားခဲ့တဲ့ အမှုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ သ‌တင်းထောက်မင်းသမီးလေး ရွှီလင်က သဘောကောင်း စိတ်ရှည်ပြီး သူ့ရဲ့ပရိတ်သတ်တွေကို အချိန်ပေးပြီး စာပို့ စာပြန် ဖုန်းတွေနဲ့အဆက်အသွယ်လုပ်ပြီး ကူညီပေးတဲ့ မိန်းကလေး‌တစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ ဝရမ်းပြေးတစ်ယောက်ဆီက စာတစ်စောင်ကို လက်ခံရရှိကာ ရင်ဖွင့်ပြီး ဖုန်းတွေနဲ့ဆက်သွယ်လာပါတယ် ရွှီလင်မှာ ရဲအရာရှိဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတော့ အမှုလိုက်ချင်တဲ့စိတ်နဲ့ ရွှီလင်ကို သူ့သူငယ်ချင်းက ဘယ်လိုအသုံးချမလဲ ရွှီလင်ကရော ဝရမ်းပြေးကဆီကပို့လာတဲ့စာတွေ ဖုန်းတွေကိုလက်ခံပြီး ဝင်ဖြေရှင်းပေးမလား သို့မဟုတ် ရဲစခန်းကိုပဲတိုင်ကြားလိုက်မလား ဝရမ်းပြေးဆိုတဲ့နာမည်နဲ့ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်ခဲ့တာလဲ ဝရမ်းပြေးတစ်ယောက်က ဘာဖြစ်လို့ သတင်းထောက်ဆိုတာသိသိကြီးနဲ့ လာပြီးရင်ဖွင့်တာလဲဆိုတာကိုသိချင်ရင်တော့ ဇာတ်ကားလေးကိုအဆုံးထိ ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p Format : mp4 During :1h 32min Genres : Crime , Drama Subtitle : Myanmar Subtitle ( Hardsub ) Translated By A Pu Lay Encoded ...
movie

The Sixteenth Level of Hell ( 2021 )

Sooryavanshi (2021) 6.4
Sooryavanshi (2021) Sooryavanshi (2021)မြန်မာစာတန်းထိုးဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးSingham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေကစတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေလုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ...
movie

Sooryavanshi (2021)

2021
4K HEVC Web-DL
A Man Apart (2003) 6.1
A Man Apart (2003) A Man Apart (2003)2003 ခုနှစ်က Vin Diesel ရဲ့ မူးယစ်ဆေးအက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ခုပါ။ မင်းသားကြီးရဲ့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာဖြစ်ပြီး ထိုခေတ် ထိုအခါက လူမည်းဗန်းစကားတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုနေပြတာကိုလည်း တွေ့ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ခွေးကောင် လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာသာပြန်ပြီး ရေးကြည့်တဲ့အခါမှာ အရုပ်ဆိုးအကျည်းတန်နေလို့ ဒေါ့ဂ် လို့ပဲ သုံးနှုန်းထားပါတယ်။မက္ကဆီကို ကိုလံဘီယာ ကနေပြီး ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးတင်ပို့မှုလမ်းကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားလို့ မူးယစ်ဆေးဈေးကွက်ရဲ့ တန်ဖိုးနဲ့ပမာဏကို တအံ့တဩဖြစ်ရမှာပါ။ 2003 ခုနှစ်က ဇာတ်လမ်းဖြစ်လို့ အဲဒီပမာဏထက် အခုလက်ရှိမှာ ဘယ်လောက်ထိပိုနေမလဲ တွေးမိရင် ကြက်သီးထဖွယ်ပါပဲ။ ကယ်လီဖိုးနီးယား သင်္ဘောဆိပ်တွေကနေ တစ်လကို မက်ထရစ်တန် ရာချီပြီး အမေရိကားနိုင်ငံထဲကို ရဲလက်ကလွတ်‌အောင် ကိုကင်းတွေ တင်သွင်းနေတာတွေကိုကြည့်ရတာ ...
movie

A Man Apart (2003)

2003
Fight Against Evil ( 2021 ) 6.2
Fight Against Evil ( 2021 ) ကြမ်း မှ ဖိုက်မှ ကြိုက်တဲ့ Action ပရိတ်သတ်တွေအတွက်အက်ရှင်ကားကောင်းလေးတကားတင်ဆက်ပေးလိုက်ပါတယ်ဒီ Fight Against Evil ဇာတ်ကားကတော့ စုန်းပေမြို့မှာဖြစ်ပွားခဲ့တဲ့မှုခင်းတစ်ခုအကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား လီဟုမ်ချီက‌တော့ ရဲအရာရှိလေးတစ်ယောက်ပေါ့ဗျာလီဟုမ်ချီကသူခိုးဖမ်းရင်းနဲ့ ပြည်သူတစ်ယောက်နဲ့စကားများပြီးတိုင်ကြားခံလိုက်ရတာကနေတစ်ဆင့် အလုပ်ခဏနားလိုက်ရပါတယ်လီဟုမ်ချီနဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့က မိန်းကလေးရှင်ဘက်ကအိမ်ပြန်ပြီး မိဘတွေနဲ့တွေ့ဖို့ စုန်းပေမြို့ကိုခဏတာခရီးထွက်လိုက်ချိန်ကနေ ဒီ‌အမှုက စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် လီဟုမ်ချီကယောက္ခထီးဖြစ်သူနဲ့အဆင်ပြေအောင် ညှိယူရင်းနဲ့ မထင်မှတ်ပဲလူတွေသတ်လိုက် ငွေတွေလိမ်လိုက်နဲ့အမြတ်ထုတ်နေတဲ့ ညီအကို ၃ယောက်နဲ့ တွေ့စုံလိုက်ရပါတယ်သုညအဆင့်ကနေ ဘဝစခဲ့တဲ့ ညီအကို ၃ယောက်ကဘယ်လိုအကြံတွေနဲ့ လောင်းကစားလောကကြီးကို ထိန်းချုပ်သွားမလဲကိုတွေရဲ့မင်းသား လီဟုမ်ချီကရော အမှုကိုဘယ်လိုလိုက်မလဲ ဒီအမှုကရော သူ့ချစ်ရသူနဲ့ယောက္ခထီးဖြစ်သူကြားမှာ‌ရောပတ်သက်မှုတွေရှိနေလို့ဘယ်လိုအမှုကိုဖြေရှင်းသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 480pFormat : mp4Genres : Crime , Drama , ActionRelease Date : 4 October 2021During : 1h 23minSubtitle : Myanmar Subtitle ...
movie

Fight Against Evil ( 2021 )

Ace Bodyguard ( 2021 ) 5.9
Ace Bodyguard ( 2021 ) ဒီ Ace Bodyguardဆိုတဲ့ action ဇာတ်ကားလေးက ခေါင်းစဉ်နာမည်အရ အထူးသက်တော်စောင့်တစ်ယောက်ရဲ့ကြုံတွေလာရတဲ့အခက်ခဲတွေကို သရုပ်ဆောင်တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်အသက်တော်စောင့်ကျန်းဟန့်က သူ့လုပ်ငန်းကနေအနားယူလိုက်ပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုနဲ့ဘဝကိုအေးဆေးစွာဖြတ်သန်းနေရင်းအန္တရာယ်တွေက ရုပ်တရက် သူတို့မိသားစုလေးအပေါ်ကြရောက်လာတာဖြစ်ပါတယ်ဝါနုသက်တော်စောင့်ဖြစ်တဲ့ ကျန်းဟန့်ရဲ့မိန်းမက သူမအလုပ်တာဝန်ကိုပြီးမြောက်အောင်မလုပ်ဆောင်နိုင်လို့ စာချုပ်အရဖမ်းဆီးခြင်းခံခဲ့ရပါတယ်စာချုပ်အရ တာဝန်မပြီးရင် တစ်ဘက်ကတောင်းဆိုတဲ့အတိုင်း၄၈နာရီအတွင်းပေးတဲ့တာဝန်အသစ်ကို သက်ဆိုင်သူက ပြန်လုပ်ပေးရမှာပါအဲ့တာမလို့ ၄၈နာရီအတွင်း သူချစ်ရတဲ့မိန်းမကို ပြန်ကယ်နိုင်မလားကျန်းဟန့်က သူ့သူငယ်ချင်းတွေနဲ့ ဘယ်လိုပူးပေါင်းကြံစည်ပြီး သူ့မိန်းမကို ဘယ်လိုနည်းလမ်းနဲ့ ကယ်ထုတ်မလဲသူယုံကြည်ရတဲ့ သူငယ်ချင်းတွေကရောတကယ်ယုံကြည်ရတဲ့လူဖြစ်မလားနောက်ဆုံးမှာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစွာဖြင့် ဇာတ်ကားလေးကိုအဆုံးထိကြည့်ရှုလိုက်ကြပါ Quality : WEB-DL 1080pFormat : mp4Genres : Crime , DramaDuring : 1h 7minSubtitle : Myanmar Subtitle ( hardsub )Translated By A Pu LayEncoded By LK
movie

Ace Bodyguard ( 2021 )

Time and Tide (2000) 6.8
Time and Tide (2000) Time and Tide (2000)တိုင်လာက လမ်းပျော်လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်မိန်းကလေးတစ်ယောက် မတော်တဆကိုယ်ဝန်ရှိသွားတဲ့နောက်မှာ ငွေရှာဖို့ဆုံးဖြတ်ရင်းက တရားမ၀င်သက်တော်စောင့် ဂိုဏ်းတစ်ခုမှာ ၀င်လုပ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ လုပ်ငန်းတာဝန်တစ်ခုအတွင်း ဂျက်ခ်ဆိုတဲ့လူတစ်ယောက်နဲ့ မတော်တဆခင်မင်ရင်းနှီးခဲ့ရာကနေ အလုပ်တစ်ခုအတူတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်းတော့ ဂျက်ခ်ဟာ ထိပ်တန်းအဆင့်လေ့ကျင့်ထားတဲ့ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ပြီး ရာဇ၀တ်လောကကိုကျောခိုင်းပြီး သူ့ဇနီးနဲ့အခြေချဖို့ကြိုးစားနေတဲ့သူပါ။ ဒါပေမယ့်လဲ သူချန်ထားရစ်ခဲ့တဲ့ အတိတ်တွေဟာ သူရဲ့တည်ငြိမ်ဖို့ကြိုးစားနေတဲ့ဘ၀ထဲအထိ ၀င်စွက်နှောင့်ယှက်ဖို့ ကြိုးစားလာတဲ့အချိန်မှာတော့ တိုင်လာပါ ဒီကိစ္စတွေထဲ ၀င်ပတ်သက်ရပါတော့တယ်။ဟောင်ကောင်ရုပ်ရှင်လောကရဲ့ရွှေခေတ်အကြောင်းပြောရမယ်ဆိုရင် Tsui Hark အကြောင်းမပါပဲပြည့်စုံမှာမဟုတ်ပါဘူး။ မကြည့်ဖူးသူမရှိသလောက် နာမည်ကြီးတဲ့ Zu Warriors from the Magic Mountain၊ Once Upon a Time in China film series တွေ၊ A Chinese Ghost Story တွေကိုပုံဖော်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဒီကားကတော့ ဟောလိဝုဒ် မှာဗန်ဒိမ်းနဲ့နှစ်ကားဆက်တိုက်သွားရိုက်ပြီးဟိုမှာစိတ်ရှိတိုင်း ကြဲခွင့်မရလို့ဟောင်ကောင်ကို ...
movie

Time and Tide (2000)

2000