Channel Myanmar

Crime

An Intrusion (2021) 6.9
An Intrusion (2021) An Intrusionလျှို့ဝှက်သည်းဖို ဇာတ်လမ်းမျိုးနှစ်သက်သူတို့ ကြည့်ကို ကြည့်သင့်တဲ့ကားလေးပါ ခရစ်စမတ်လည်း နီးလာပြီဆိုတော့ ခရစ်စမတ်ကာလနောက်ခံဇာတ်လမ်းမျိုးလည်း ကြည့်ချင်မှာပေါ့ ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါခရစ်စမတ်အားလပ်ရက်... ခရစ်စမတ်အားလပ်ရက်ဆိုတာ ချမ်းအေးတဲ့ ဆောင်းရာသီမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေး နေရမယ့် အချိန်လေးပေါ့ ခရစ်စမတ်သီချင်းတွေ သီဆိုရင်း ဘုရားကျောင်းတက်ရင်း ခရစ်စမတ်လက်ဆောင်တွေ အပြန်အလှန်ပေးရင်း မိသားစုတွေ စုံစုံညီညီပျော်ပျော်ပါးပါး နေရမယ့် အချိန်ပေါ့ ။ဒါပေမယ့် .... ဆမ်တို့မိသားစုရဲ့ ခရစ်စမတ်ကတော့ ပျော်စရာကောင်းရမယ့်အစား စိတ်ခြောက်ခြားစရာကောင်းလွန်းတယ် အမည်မသိ ထူးဆန်းတဲ့ stalker တစ်ယောက်က သမီးဖြစ်သူ ရေဘက်ကာကို စနှောင့်ယှက်ရာကနေ စပါတယ် ဘာကြောင့်လဲမသိ ဘယ်သူလဲမသိနဲ့ ဆမ်တစ်ယောက် မိသားစုကို ဘယ်လိုကာကွယ်သွားမှာလဲ ? ဆမ်ကရော stalker ကို ရှာဖွေရင်း ဘယ်လိုအမှားတွေကျူးလွန်မိမလဲ ? Stalker ကရော ဘာကြောင့်လိုက်နှောင့်ယှက်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__(1.75GB) / (950MB) Quality__1080p, ...
movie

An Intrusion (2021)

The Laws of the Border (2021) 7
The Laws of the Border (2021) လူတောသိပ်မတိုးပဲ ဂိမ်းဆိုင်တွေမှာပဲအနေများတဲ့ Introvert ကောင်လေး နာချိုဟာကျောင်းမှာလည်း အနိုင်ကျင့်ခံကျောင်းသားတစ်ယောက်ဖြစ်ပါတယ်.ဒီကောင်လေးဟာ တစ်နေ့သူသွားနေကြ ဂိမ်းဆိုင်ကနေ လူတစ်ချို့နဲ့တွေ့ပြီးလုယက်ဓားပြတိုက်မှုတွေ မူးယစ်ဆေးထုတ်လုပ်မှုတွေမှာပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး .ဘဝနှစ်မျိုးနဲ့ နေထိုင်နေပါတယ် ဒါပေမယ့်...အမှန်တရားရှောင်လွှဲလို့မရတဲ့အတိုင်းသူ့ရဲ့ Identity အမှန်ကို မိဘဆွေမျိုး ကျောင်းကအနိုင်ကျင့်နေကြ ဘော်ဒါတွေသိသွားခဲ့တဲ့အခါမှာတော့ဘာတွေဖြစ်သွားမလဲဆိုတာ ကြည့်ရမှာပါ....စပိန်လူဆင်းရဲရပ်ကွက်မှာ ကြီးပြင်းလာတဲ့လူငယ်တစ်ယောက်ရဲ့ ဖိအား‌တွေကိုရိုက်ပြထားပြီးစပိန်တွေရိုက်လေ့ရှိတဲ့ ဓားပြတိုက်လုယက်တဲ့ အမျိုးအစားဖြစ်ပြီး IMDB 7 လောက်ရထားလို့ ကြည့်ကောင်းမယ့်ကားပါပဲ(ဘာသာပြန်နဲ့အညွှန်းကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.4 GB) / (1.2 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:07:00 Genre...Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing  
movie

The Laws of the Border (2021)

Edge of Darkness(2010) 7.0
Edge of Darkness(2010) Edge of Darkness(2010) အညွှန်း***************************IMDb...7.0"လူတိုင်းနိုင်ငံရေးလုပ်လာကြတဲ့ အခြေအနေတစ်ခုရှိတယ် လုံးဝမဖြစ်သင့်တဲ့အဖြစ်မျိုးမှန်း သိနေတဲ့အခါမှာ ဝင်ပါရတော့တာပဲလေ ကိုယ့်ဘဝဆုံးသွားနိုင်တယ်ဆိုတာတောင်သိလျှက်နဲ့ပေါ့"ဒါကတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဂျက်ဘာ့ဂ်က ပြောခဲ့တဲ့စကားပေါ့...ဘော်စတွန်မြို့က စုံထောက် သောမတ်စ်ခရေဗင်မှာ အမ်မာခရေဗင်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်.. တစ်နေ့တော့ သူနဲ့သူ့သမီးနဲ့ အိမ်တံခါးဝကအထွက် လူတစ်ယောက်က "ခရေဗင်"လို့အော်ပြီး Shotgun နဲ့ပစ်သွားတာမှာ သူ့သမီးမှန်ပြီး ဆုံးသွားတယ်..... ခရေဗင်ဟာ စုံထောက်တစ်ယောက်ဖြစ်တဲ့အတွက် ရန်ငြှိုးရန်စတွေရှိမှာပဲလို့ရဲတွေကတွေးမိတဲ့အခါမှာ လူသတ်သမား တကယ်တမ်းသတ်ချင်တဲ့လူကစုံထောက်ခရေဗင်ပဲဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်... သူ့ကိုပစ်တဲ့အချိန်မှာ သူ့သမီးကိုမှားပြီးထိသွားတယ်ပေါ့... ဒါပေမဲ့ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိတဲ့ စုံထောက်ခရေဗင်အတွက်တော့တစ်ကိုယ်တော်ထောက်လှမ်းမှုတွေလုပ်ပြီး လူသတ်သမားကို လိုက်ရှာတဲ့အခါမှာသူ့သမီးနဲ့ပတ်သက်တဲ့အကြောင်းတွေကို မထင်မှတ်စွာဘဲ ရှာဖွေတွေ့ရှိလာခဲ့ရချိန်မှာတော့...   File Size :(2.2GB) (0.9 GB) and (365 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…01:52:00 Genre : Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie

Edge of Darkness(2010)

Circle of Deception (2021) 5.1
Circle of Deception (2021) Circle of Deception (2021)====================ဇာတ်ကြောင်းလေးမပြောခင်မှာ ဒီဇာတ်လမ်းရဲ့မူလဝတ္ထုကိုရေးတဲ့ Ann Rule အကြောင်းကိုအရင်ရှင်းပြမှဖြစ်ပါမယ်။Ann Rule ဆိုတာက တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေအကြောင်းကို ဝတ္ထုရေးတဲ့ မှုခင်းဝတ္ထုစာရေးဆရာမကြီးတစ်ဦးပါ။သူရေးခဲ့တဲ့ " Stranger beside me" ဝတ္ထုဆိုရင် ၁၉၇၀ကာလကအမေရိကန်မှာနာမည်ကြီးခဲ့တဲ့ကွင်းဆက်လူသတ်သမားTed Bundy နဲ့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုရေးဖွဲ့ခဲ့ထားပြီး ၁၉၈၆, ၁၉၈၉ , ၂၀၀၀, ၂၀၀၈ခုနှစ်တွေထပ်မံပဲနှိပ်ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။အခုဇာတ်ကားလေးကလည်း ၂၀၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ "Practice to Deceive"ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမှာမပျော်ရွှင်ဖြစ်နေပြီး ယောကျ်ားဖြစ်သူကိုသဘောမကျတော့တဲ့ Branny Douglas တစ်ယောက်သူ့သူငယ်ချင်း Peggy Sue Thomasကိုကြည့်ပြီးအားကျနေတာပေါ့။ Peggyဆိုတာက အလှမယ်ဟောင်းဖြစ်သလိုယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်တဲ့လူ။ ပြီးတော့ ချမ်းသာတဲ့သူ့ချစ်သူ Jim Hudleရဲ့ ဂရုစိုက်မှုကိုခံနေရတော့ Brannyတစ်ယောက်အားကျပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကိုကိုယ်တိုင်ဖြိုခွဲပစ်လိုက်ပါလေရော။ ဒါပေမယ့် Branny မသိလိုက်တာကPeggy ရဲ့ တစ်ဖက်ခြမ်းမှာဖုံးကွယ်ထားတဲ့အရာတွေ။ ဒီလိုနဲ့ အိမ်ထောင်ကွဲပြီးဘဝပျက်နေတဲ့ Branny နဲ့ Peggy က ဘယ်လိုဇာတ်လမ်းတွေပတ်သက်လာမှာလဲ ...
movie

Circle of Deception (2021)

2021
The Terror Live(2013) 7.5
The Terror Live(2013) The Terror Live(2013) အညွှန်း*************************IMDb...7.5ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ် ...တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ် ...အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ် ...အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့အားလုံးကထိတ်လန့်ကုန်ကြပါတယ်..ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်...အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ် ...သူ့ရဲ့  တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ဖြစ်လာပါတော့တယ်...ဒီကားက ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Ha Jung-woo အဓိက ပါဝင်ထားပြီးအခြားနာမည်ကြီ:သရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဇာတ်လမ်းဟာ အစမှ အဆုံးထိ ဇာတ်ရှိန်ကျမသွားသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရအောင်မြိုင်ဆိုင်လွန်းလှတယ်...လူတွေရဲ့သဘော တွေ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ အမြတ်ထုတ်မှုတွေအကြောင်းရိုက်ပြထားသလိုဘက်ဂျက်လည်းအတော်ကုန်ကျခံထားတဲ့ဇတ်ကားဖြစ်တယ်...ဒါ့ကြောင့်  ရုံတင်ပြီးပြီးချင်း ၆ရက်မှာပဲ လက်မှတ်အ​စောင်ရေ ၂မီလီယံရောင်းချခဲ့ရပြီးBox Officeမှာလည်း ဒုတိယအနေရာအထိရောက်ရှိခဲ့ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Estel ဖြစ်ပါတယ်..    File Size : (1.8GB)(921 MB) and ...
movie

The Terror Live(2013)

A Better Tomorrow II (1987) 7.3
A Better Tomorrow II (1987) A Better Tomorrow II (1987)IMDb Rating - 7.3 Directed By John Wooဂျွန်ဝူးရဲ့ ဂန်းကားတွေမှာ ကျွန်တော်အကြိုက်ဆုံး အချက်ကိုပြောရရင် သူ့ထဲက ‌ဇာတ်ကောင်တွေ, အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဇာတ်ကောင်တွေဟာ မိတ်ကောင်းဆွေကောင်း အရမ်းဆန်ပြီး သူတို့မိတ်ဆွေတွေအတွက် အသက်ကိုတောင် မမှုတဲ့လူတွေ ဖြစ်နေတာကိုပါပဲ။ ကျွန်တော်တို့ရော အဲဒီလောက် မိတ်ဆွေကောင်းပီသနိုင်ပါ့မလား,အဲဒီလို မိတ်ဆွေမျိုးရော ရနိုင်ပါ့မလား,မသေချာပေမဲ့ သူတို့တွေရဲ့ မိတ်ဆွေကောင်းပီသမှုကတော့ ကျွန်တော်တို့ရင်ထဲကို အနည်းနဲ့အများတော့ ထိလောက်မှာပါပဲ။ချောင်ယွန်ဖတ်ဟာ လက်တွေ့ဘ၀မှာလည်း ကိုယ်ကျိုးမကြည့်တဲ့ လူကောင်းတစ်ယောက်ပါ။လက်ရှိထိ နာမည်အကြီးဆုံး သက်တမ်းအရင့်ဆုံး မင်းသားကြီးပေမဲ့ ဟောင်ကောင်ရဲ့လမ်းမတွေ မုန့်ဆိုင်တွေမှာ ရိုးရိုးကုတ်ကုတ်ပုံစံနဲ့ပဲ တွေ့ရတတ်တယ်။ သူသေပြီးရင် သူ့စည်းစိမ်တွေအားလုံးကို ပရဟိတအဖွဲ့တွေကို ပေးပစ်ဖို့ပါ အစီအစဉ်ချထားတဲ့သူပါ။ သူရှာထားသမျှတွေကို သူ့ကိုယ်ကျိုးအတွက် သုံးတာ အင်မတန်နည်းတယ်လို့လည်း ငယ်ငယ်က သတင်းစာမှာ ဖတ်ခဲ့ဖူးတယ်။ ဒီလိုသဘောထားကြီးတဲ့ ချောင်ယွန်ဖတ်ဟာ ရုပ်ရှင်ထဲက ...
movie

A Better Tomorrow II (1987)

1987
Raajneeti (2010) 7.1
Raajneeti (2010) RaajneetiIMDb Rating(7.1)ခုတစ်ခါမှာတော့ CM ပရိသတ်ကြီးကို 2010 ထွက် အိန္ဒိယနိုင်ငံရေးကား political thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နိုင်ငံရေးကားတွေကို ပုံဖော်တဲ့နေရာမှာ နာမည်ကြီးတဲ့ Bollywood ဒါရိုက်တာ Prakash Jha က ရိုက်ကူးထားပြီး ဘောလိဝုဒ်ဖန်တွေတိုင်း မစိမ်းတဲ့ Ranbir Kapoor, Ajay Devgn, Nana Patekar, Katrina Kaif နဲ့ Arjun Rampal စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အိန္ဒိယဝန်ကြီးချုပ်တစ်ဦးရဲ့ သမီးဖြစ်သူ ဘဟာရာတီဟာ သူမအဖေကိုဆန့်ကျင်ပြီး ပြိုင်ဖက်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဘဟာစကာဆန်ညဲနဲ့ မေတ္တာသက်ဝင်ခဲ့ပြီး သားတစ်ယောက်မွေးခဲ့ပါတယ် ဒါပေမဲ့ ဝန်ကြီးချုပ်အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ကလေးဆိုပြီး သူမရဲ့အစ်ကိုက အဲ့ကလေးလေးကို မွေးကင်းစမှာတင် စွန့်ပစ်ခဲ့ပါတယ်...အဲ့ကလေးလေးကရော ဘယ်ရောက်သွားမလဲ ဘယ်သူဖြစ်လာမလဲ...ဘဟာရတီဟာ သူမချစ်သူရဲ့ စွန့်ပစ်ခံရပြီးနောက်မှာ သူမအစ်ကိုရဲ့ တိုက်တွန်းမှုနဲ့ ရာ့တရာဝဒီပါတီခေါင်းဆောင်ရဲ့ညီနဲ့ ထပ်မံလက်ထပ်ခဲ့ရပြီး သားနှစ်ယောက်ထပ်မွေးခဲ့ပါတယ် အဲ့သားနှစ်ယောက်ကရော ဘယ်သူတွေဖြစ်လာပြီး ...
movie

Raajneeti (2010)

The King of Comedy (1982) 7.8
The King of Comedy (1982) The King of Comedy (1982)မကြည့်ဖူးရင်တောင် မာတင်စကောစဲစီရဲ့ မာစတာပိစ်ကားဖြစ်တဲ့ The King Of Comedyကို အများစု သိပြီးသားဖြစ်မှာပါပဲ။ ဂန္တ၀င်စာရင်း၀င်တဲ့ နှောင်းလူတွေ မကြာမကြာမှီငြမ်းခံရတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အမျိုးအစားက Black Comedyဆိုတော့ အဲဒီ Black Comedyဆိုတာ ဘာလဲ အရင်ရှင်းတာ ကောင်းပါလိမ့်မယ်။ BC ဘာလဲဆိုတာကို မောင်သာရ စာတစ်ပုဒ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ အမာရွတ်ကြည့်ကာ ရယ်ရသည်ဆိုတဲ့ စကားလုံးနဲ့ ဥပမာပေးရင် အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။“ စိတ္တဇဆေးရုံတစ်ခုမှာ ဆေးရုံခေါင်မိုးပေါ်ကနေ လူနာတွေ တစ်ယောက်ပြီးတစ်ယောက် ခုန်ချနေကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးရောက်လာပြီး "ဘာလို့ ခုန်ချနေကြတာလဲ"လို့မေးတော့ လူနာတစ်ယောက်ကပြန်ဖြေတယ်။ လေယာဉ်ပျံစီးတမ်း ကစားနေကြတာတဲ့။ အဲဒါနဲ့ တာဝန်ကျဆရာဝန်ရော မတွေ့ပါလား။ ဘယ်ရောက်သွားလဲဆိုတော့ လူနာက ပြန်ဖြေတယ်။ ပထမ Flight နဲ့ ထည့်ပေးလိုက်ပြီ‌လေတဲ့...”အဲဒီဟာသလေးကို ကြားဖူးကြလားမသိဘူး။ ရယ်ရလားဆိုတော့ ...
movie

The King of Comedy (1982)

1982
Psych 3: This Is Gus (2021) 8.3
Psych 3: This Is Gus (2021) သောက်တလွဲသူငယ်ချင်းနှစ်ယောက် Gus နဲ့ Shawn Spencer တို့ရဲ့ Psych ကတော့ အသစ်ထွက်လာပါပြီ။ Psych series ကနေ Psych 1 နဲ့ Psych 2 ထွက်ခဲ့ပြီးတော့ အခု Psych 3 ထွက်လာပါပြီ။ ( Psych2ကို Channel Myanmarမှာတင်ပေးဖူးပါတယ်)အခုဒီအပိုင်းမှာ Gus ကို အဓိကဇာတ်ကောင်အနေနဲ့ထားထားပါတယ်။ Gus က မကြာခင်ကလေးမွေးတော့မယ့်သူ့ချစ်သူနဲ့မင်္ဂလာဆောင်ဖို့ စီစဉ်နေချိန်မှာ Shawn Spencerရဲ့ သံသယတစ်ခုကနေအခြေတည်ပြီး Gusချစ်သူရဲ့ နောက်ကြောင်းတွေပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားလိုက်စုံစမ်းရင်းကနေတလွဲတွေဖြစ်လာတဲ့အခါမှာတော့...Psych ဇာတ်ကားပီပီ Crime,Comedy, Mystery အပြည့်နဲ့ ကြည့်ရရှုရမပျင်းရတဲ့ ကားကောင်းလေးတစ်ကားပါလို့ ညွှန်းပါရစေ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (900 MB) Quality__1080p, 720p IMDb Rating__8.3/10 Format__mp4 Duration__01:40:00 Type__Comedy, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Chit ...
movie

Psych 3: This Is Gus (2021)

The Target (2014) 6.3
The Target (2014) ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ...ဇာတ်လမ်းကတော့မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကို အသည်းအသန်လိုချင်နေကြတယ်။ အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ File size…(1.3 ...
movie

The Target (2014)

2014
The Blind Swordsman: Zatoichi (2003)
The Blind Swordsman: Zatoichi (2003) The Blind Swordsman: Zatoichi (2003) ဇာတ်လမ်းအညွှန်း *******************************************************ဒီဇာတ်လမ်းလေးဟာ ဆာမူရိုင်း အကြောင်းရိုက်ကူးထားတဲ့ ဇာတိုအိချိ ဆိုတဲ့ ဇာတ်လမ်းတွဲကို ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးပါမျက်မမြင် အနှိပ်သည်ယောင် ဆောင်ထားတဲ့ တုနှိုင်းမဲ့ ဓားသမားတစ်ယောက် ခြေဦးတည့်ရာ လျှောက်သွားရင် လူမိုက်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ မြို့လေးတစ်မြို့ဆီ ရောက်လာခဲ့တယ်။မြို့ကိုရောက်တဲ့အချိန်မှာ လယ်သမား မိသားစုလေးတစ်ခုနဲ့ တွေ့မိပြီး အပြန်အလှန် ရိုင်းပင်းကူညီရင်း ခင်မင်သွားခဲ့တယ်။တစ်နေ့မှာတော့ မျက်မမြင်အနှိပ်သည်ဟာ စိတ်ပြေလက်ပျောက် လောင်းကစားဝိုင်းသွားရာမှ ဝိုင်းမှာ မတရားလုပ်နေတဲ့ လူမိုက်ဂိုဏ်းကို နှိပ်ကွပ်ဆုံးမလိုက်တာကြောင့် လူမိုက်ဂိုဏ်းတွေရဲ့ ရန်ငြိုးထားခြင်းကို ခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲ ကလေးဘဝမှာ တောပုန်းဓားပြတွေရဲ့ လက်ချက်ကြောင့် မိဘတွေနဲ့ မျိုးရိုးဂုဏ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မောင်နှမလေးနှစ်ယောက်ကလည်း လက်စားချေဖို့ ကြိုးစားရင်း အဆိုပါ မြို့လေးကို ရောက်ရှိလာကြပါတယ်။မျက်မမြင်အနှိပ်သည် တစ်ယောက် လူမိုက်ဂိုဏ်းရဲ့ ရန်က လွတ်ပါ့မလား၊ မောင်နှမလေးနှစ်ယောက်ကကော သူတို့မိဘတွေအတွက် သွေးကြွး ဆပ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါစို့။ File Size  - 2.2GbQuality - Blu-ray 1080p 5.1chDuration ...
movie

The Blind Swordsman: Zatoichi (2003)

Matchstick Men(2013) 7.3
Matchstick Men(2013) Matchstick Men(2013) အညွှန်း***************************IMDb...7.3ဒါကတော့ မင်းသားကြီး Nicolas Cage အကြွေးနွံထဲနစ်ပြီး ပေါချာချာကားတွေရိုက်တဲ့ကာလမတိုင်ခင်ကရိုက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ရိုင်း (Nicolas Cage)နဲ့ ဖရန့်(Sam Rockwell) တို့နှစ်ဦးက ရိုက်စားလောကမှာ အကွက်သေးသေးလေးတွေကနေ အချီကြီးတွေအထိဂွင်ဖန်ရင်း ကျင်လည်နေကြတဲ့လူလိမ်ဝိဇ္ဇာတွေပါ။ ရိုင်းကဉာဏ်ပြေးပေမယ့်အသန့်ကြိုက်လွန်တာတွေ၊ ပစ္စည်းတွေအစီစဉ်တကျဖြစ်မှကြိုက်တာတွေ၊အပြင်ထွက်ရတာမနှစ်သက်တာတွေစတဲ့ OCDတွေ Phobiaတွေရှိနေတဲ့သူပေါ့။ဒီလို တမူထူးတဲ့ အရည်အချင်းတွေကြောင့်ပဲလားမသိ... မိန်းမနဲ့လည်းကွဲခဲ့သလိုဒီလောကထဲမှာပဲ ဆက်ကျင်လည်နေခဲ့တယ်...တစ်နေ့တော့ ‌မမျှော်လင့်ဘဲနဲ့ သူ့ဘဝထဲကိုဆယ်ကျော်သက်အရွယ်သမီးလေးရောက်ရှိလာတဲ့အခါသူ့ဘဝနဲ့အလုပ်ပေါ် ဘယ်လိုရိုက်ခတ်ရှုပ်‌ထွေးမှုတွေကြုံလာရမလဲဆိုတာကိုတော့.....    File Size : (2.2GB)(0.9GB) and (359 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae    
movie

Matchstick Men(2013)

7 Prisoners (2021) 7.3
7 Prisoners (2021) Netflixရဲ့ အသစ်ထွက် Latin Dramaကား​ကောင်း​လေးကို တင်ဆက်​ပေးလိုက်ပါတယ်၊ Latin dramaဆို​ပေမဲ့ IMDb 7.3နဲ့ Rotten Tomatoes 96% အထိရှိတဲ့ ဒရမ်မာကား​ကောင်းပဲ ဖြစ်ပါတယ်၊ ဒါ့အပြင် ၇၈ကြိမ်​မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲ​တော်မှာလည်း ပြသထားပြီး Positive review​ပေါင်းများစွာ ရရှိထားပါတယ် 7 prisonersဆိုတဲ့ ဇာတ်ကားနာမည်​ကြောင့် ​ အကျဉ်းသား၇​ယောက် ​​ထောင်​ဖောက်တဲ့ကားလို့ ထင်ချင်စရာရှိပါတယ်၊ တကယ်​​တော့ 7 prisoners ဆိုတာ ​ ထောင်ကျ​နေသလို လွတ်လမ်းပြန်လမ်းမရှိ၊ အနာဂတ်မရှိတဲ့ ​​ငွေဝယ်ကျွန် အလုပ်သမား​တွေ၊ လူကုန်ကူးခံရသူ​တွေကို ရည်ညွှန်းချင်တာပါ အသက်၁၈နှစ်သာရှိ​သေးတဲ့ မက်တီးယပ်စ်ဟာ မိသားစုရဲ့ စားဝတ်​နေ​ရေးအတွက် ​မွေးရပ်​ရွာက​နေ ​ဆော်​ပေါ်လိုမြို့ကို သွား​ရောက်အလုပ်လုပ်ကိုင်ဖို့ ကြံစည်ခဲ့​ပေမဲ့ Human trafficking လုပ်တဲ့သူနဲ့​တွေ့ပြီး သူ​ရော တခြားပါလာတဲ့သူ​တွေပါ အလုပ်ကြမ်းလုပ်ဖို့ ​ရောင်းစားခံလိုက်ရပါတယ်၊ သူတို့အတွက် ထွက်​ပြေးဖို့လည်း လွတ်လမ်းမရှိ၊ လွတ်သွားခဲ့ရင်​တောင် မိသားစုရဲ့အသက်အန္တရာယ်ကိုပါ လူကုန်ကူးအဖွဲ့က ချိန်း​ခြောက်ထားတဲ့အခါ မက်တီးယပ်စ် ဘယ်လမ်းကို​​ ​ရွေးချယ်မလဲ၊ ဒီဘဝက​နေ လွတ်​မြောက်​အောင် ဘယ်လိုရုန်းထွက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဒရမ်မာကား​ကောင်းစစ်စစ်ပဲ ဖြစ်ပါတယ်File Size : (1.7 GB) & (900 Mb) Quality : Webrip 1080p & 720p ...
movie

7 Prisoners (2021)

Bordertown (2006) 6.1
Bordertown (2006) Bordertown (2006)Bordertown ဆိုတဲ့ကားလေးက JLo ရဲ့ နာမည်ကျော်ကားလေးတစ်ကားဖြစ်သလို တကယ့်အဖြစ်မှန်တွေ ပြည့်နှက်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။အကျင့်ပျက်ချစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မက္ကဆီကိုနိုင်ငံက Juarez ဆိုတဲ့နယ်စပ်မြို့လေးမှာ မိန်းကလေးတွေကို မုဒိန်းကျင့် လူသတ်မှုတွေက ထောင်နဲ့ချီပြီးရှိလို့နေတယ်။ တစ်ရက်တော့ အဲဒီလို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက်က မသေပဲ ပြန်ရှင်လာခဲ့တယ်။ JLo ကတော့ အမေရိကန်က သတင်းထောက်တစ်ယောက်​ပေါ့... သတင်းထောက်ဆိုတဲ့အတိုင်း စပ်စပ်စုစုနိုင်ပြီး ဒီကိစ္စကို အတော်လေးလိုက်ရတယ်။ ကြားထဲမှာလည်း အရင်က သူနဲ့ ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ နယ်ခံသတင်းထောက်တစ်ယောက်နဲ့ ပေါင်းပြီး ကောင်မလေးကိုလည်း ကာကွယ်ရင်း အသက်နဲ့စတေးပြီး ဒီသတင်းကို လိုက်ခဲ့ရတဲ့အကြောင်းတွေကို စိတ်ဝင်တစားကြည့်ရမှာပါ။ မ​​ကောင်းတဲ့ အစိုးရရဲ့ လက်​အောက်မှာ အမျိုးသမီး​တွေ ​ ခေါင်းပုံဖြတ်ခံရမှု အကာအကွယ်မဲ့မှု​အသက်​တွေ တန်ဖိုးမဲ့မှုတွေကို CM ပရိသတ်တို့ စာနာမိမှာပါ...Jennifer Lopez နဲ့ Antonio Banderas ...
movie

Bordertown (2006)

2006
Queens Return (2021)
Queens Return (2021) အသစ်ထွက် Action,Crime,Drama ဟောင်ကောင် ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်။မူးယစ်ဆေးဂိုဏ်းက ကွေ့ရန် ဟာ ရဲအရာရှိဖြစ်တဲ့ ဆရာရှူ ကိုသတ်ခဲ့ပြီးသူ့ညီ သောင်းပါးဆိုတဲ့ကောင်က ဆရာရှူရဲ့ ညီမလေးချင်းချိန်ကိုပါ မတော်မတရားကျင့်ကြံခဲ့ပါတယ်။ဒီအဖြစ်ဆိုးနောက်မှာတော့ ချင်းချိန်ရဲ့ရှင်သန်မှုတွေဟာ ကွေ့ရန်တို့ညီအစ်ကိုကို သတ်ပစ်ဖို့အတွက်သာ ဖြစ်လာပါတော့တယ်။သူမကိုယ်တိုင် ကွေ့ရန်ကို မသတ်နိုင်တဲ့အတွက် လူမိုက်ဟိန်းဟော်ဆီက အကူအညီယူပြီးသိုင်းပညာသင်ရင်းနဲ့လူမိုက်ဂိုဏ်းရဲ့ အရမ်းထက်တဲ့ဓားတစ်လက်နဲ့ သိုင်းပညာရှင်ဖြစ်လာပါတော့တယ်။မတရားမှုတွေ လက်စားချေလိုမှုတွေကြား ဘယ်လိုတွေရှေ့ဆက် စာရင်းရှင်းကြမယ်ဆိုတာ...။၁၇ ရာစုအစောပိုင်း ဟောင်ကောင်ရဲ့လူနေမှုအခြေအနေကိုပေါ်လွင်အောင်ရိုက်ကူးနိုင်တဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပြီးAction သက်သက်မဟုတ်ဘဲ  သိပ်မိုက်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လဲ ဖြစ်နေပါတော့တယ်။ File size…(1.4 GB) / (750 MB) Quality….WEB-DL 1080p/ 720p Format…mp4 Duration….01:30:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

Queens Return (2021)

Red Notice (2021) 7.1
Red Notice (2021) ဒီနှစ်ထဲမှာ ကြည့်ချင်ကြတဲ့ ကားတွေထဲက တစ်ကားလာပါပြီ။ ရိုင်ရန်ရေးနိုး၊ ရော့ခ်၊ ဂယ်ဂါဒေါ့တို့ ပါဝင်ထားတဲ့ red notice ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ ကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။ ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။ တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊ နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။ ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။ စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။ File Size : (1.5 GB) & ...
movie

Red Notice (2021)

Wildland (2021) 6.0
Wildland (2021) တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို မ​ကောင်းတဲ့ လူတွေနဲ့ အ​နေကြာလာတဲ့အခါ ကိုယ်ကိုယ်တိုင် အမှားကိုအမှားမှန်း သိရက်နဲ့မ​ကောင်းမှုမှာ ​ မွေ့​လျော်သွားတဲ့အခါ ဘာကို အပြစ်တင်ရမလဲ၊ ကိုယ့်ဗီဇကိုက ဆိုး​​နေလို့လား ပတ်ဝန်းကျင်လွှမ်းမိုးမှုကပဲ အရမ်းကြီး​နေလို့လား...ဒီရုပ်ရှင်ဟာ ဒိန်းမတ်ဒါရိုက်တာ Jeanette Nordahlရဲ့ ပွဲဦးထုတ်ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပြီး 2020 ဘာလင်ရုပ်ရှင်ပွဲ​တော်မှာပြသခွင့်ရခဲ့သလို Critic​ များစွာရဲ့ Review​ကောင်း​တွေကို ရရှိထားပါတယ်၊ကြည့်ရှုသူ​တွေက ​ပေးတဲ့IMDb ratingမှာ 5.8ပဲရှိပြီး Criticသမားအများစုရဲ့ Rotten Tomatoesမှာတော့ 93% အထိ ရှိ​နေတဲ့အတွက် ကြည့်ရှုသူအ​ပေါ် မူတည်ပြီး အကြိုက်​တွေ့မှု၊ မ​တွေ့မှု​တွေမှာ ဝိဝါဒကွဲပြားတာ​တွေ​တော့ ရှိနိုင်ပါတယ်၊ ဒါ​ပေမဲ့ဒီNoir themeရုပ်ရှင်ကားဟာ ​တွေးရင် တွေးသ​လောက် ​မေးခွန်း​များစွာ ကိုယ့်ကိုယ်ကိုယ် ပြန်​မေးမိမယ့် ဇာတ်ကားဆိုတာ​တော့ ​သေချာပါတယ်၊​ဆေးစွဲ​နေတဲ့မိခင်ဖြစ်သူရဲ့ ကားမ​တော်တဆမှု​ကြောင့် အသက်၁၇နှစ်သာ ရှိ​​သေးတဲ့ Idaဆိုတဲ့မိန်းက​လေးဟာ အ​ဒေါ်ဖြစ်သူ Bodilရဲ့မိသားစုနဲ့ သွား​နေထိုင်ရပါတယ်၊ ​အ​ဒေါ်မိသားစုဟာ သူ့အ​ပေါ်အရမ်း​ကောင်းပြီး တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ကြ​ပုံရပေမဲ့ သူတို့ရဲ့အဲဒီစရိုက်​တွေက ဟန်​ဆောင်မျက်နှာဖုံး ဖြစ်​နေခဲ့သလို သူတို့ရဲ့အသက်​ ​မွေးဝမ်း​ကြောင်းကလည်း သူတစ်ပါးရဲ့မျက်ရည်ကြီးငယ် နဲ့ ထမင်းစားရတဲ့အလုပ်မျိုးဖြစ်​နေတဲ့အခါIdaရဲ့အကျင့်စရိုက်​တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ တစ်​နေ့မှာ သူတို့ရဲ့အလုပ်က​နေ ဒုစရိုက်မှုတစ်ခုအဖြစ် ​ပြောင်းသွားတဲ့အခါ ဘယ်လို​ဖြေရှင်းကြမလဲဆိုတာ.....ဒီရုပ်ရှင်ကားဟာ ...
movie

Wildland (2021)

Spy Game (2001) 7.1
Spy Game (2001) Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie

Spy Game (2001)

Yara (2021) 6
Yara (2021) ငယ်ရွယ်တဲ့ ကလေးတွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို အပြင်သွားရင် ဂရုစိုက်ဖို့ သတိရှိဖို့ မှာကြတယ်ဆိုတာ အလကားရယ်တော့ မဟုတ်ပါဘူး ဘာကြောင့်ဆို အန္တရာယ်ဆိုတာ မမြင်နိုင်သလို အန္တရာယ်ကောင်တွေကလည်း ချိုနဲ့ မဟုတ်ဘူးဗျ ကျွန်တော်တို့ နေထိုင်တဲ့ လူ့ပတ်၀န်းကျင်မှာ ဒုက္ခတွေ ကံဆိုးမှုတွေဟာ အချိန်မရွေး ဘွားကနဲ ပေါ်လာနိုင်ပါတယ် ဒီဇာတ်လမ်းဟာ ၂၀၁၀ တုန်းက အီတလီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ သာမန် မိသားစုက ဆင်းသက်လာတဲ့ အမြဲ ပျော်နေတတ်တဲ့ ၁၃ နှစ်အရွယ် အီတလီ ဆယ်ကျော်သက်မလေး ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပေါ့ ကိုက် ၇၀ဝ ပဲ ဝေးတဲ့ သွားနေကျ အားကစားခန်းမနဲ့ အိမ်ကြားက လမ်းမှာ သူဟာ တိတ်တဆိတ် ပျောက်ဆုံးသွားခဲပါတယ် ဒီကောင်မလေး ဘယ်ရောက်သွားလဲ ဘာတွေဖြစ်ခဲ့တာလဲ ဖြစ်ရပ်မှန်ဇာတ်လမ်းအပြင် ဒီဇာတ်လမ်းမှာ ဘယ်လောက်ပဲ အခြေအနေမပေး အခွင့်မသာပါစေ ရအောင် ကြိုးစား စုံစမ်းတဲ့ ရှေ့နေတွေ ရဲတွေရဲ့ လုပ်ရပ်ကို ချီးကျူးဖွယ်မြင်တွေ့ရမှာပါFile Size : (1.5 GB) & (900 Mb) Quality : ...
movie

Yara (2021)

Road to Perdition (2002) 7.7
Road to Perdition (2002) Road to Perdition (2002)==================IMDb Rating - 7.7/10Directed By Sam Mendes ဟိုးတစ်နှစ်က1917နဲ့ အ‌တော်အောင်မြင်ခဲ့တဲ့၊ 2000ခုနှစ်မှာ American Beautyနဲ့ Best Directorဆုရခဲ့တဲ့၊ လက်ရှိဂျိမ်းစ်ဘွန်း ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ ရိုက်သမျှ အကုန်အောင်မြင်ခဲ့တဲ့ Sam Mendesကြီးရဲ့ လက်ရာဟောင်းပါပဲ။Castတွေနဲ့က Tom Hanks,JuDe Law, လက်ရှိဂျိမ်းစ်ဘွန်းမင်းသား Daniel Craigနဲ့ တစ်ချိန်က မင်းသားကြီး Paul Newmanတို့ပါပဲ။ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။Sam Mendesကားကို စီနီမာတိုရပ်ဖီ အတော်လှပါတယ်လို့ ပြောရမှာက မိ‌ကျောင်းမင်းရေခင်းပြသလိုပါပဲ။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာ တွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က Godfatherနဲ့ နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင် နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung မှဖြစ်ပါတယ်။)A fantastic read File Size - (1.9 GB ...
movie

Road to Perdition (2002)

2002