Channel Myanmar

Documentary

My Imaginary Country(2022) 7.1
My Imaginary Country(2022) My Imaginary Country(2022)*************************** ၀၁၉ ခုနှစ် အောက်တိုဘာလရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့တာကစလို့ လူထုအုံကြွမှုဖြစ်စေခဲ့တဲ့၂ နှစ်ကြာတဲ့ ချီလီနိုင်ငံရဲ့ တော်လှန်ရေးကို ရိုက်ပြထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။ရထားစီးခကို တိုးပြီး ကောက်ခံတဲ့ လို့ ကျောင်းသားလူငယ်တွေ မကျေမနပ်ဖြစ်ကာအဓိကရုဏ်းဖြစ်ရာကစလို့ နှစ်ကြာရှည် ဖိနှိပ်ခံ အမြတ်ထုတ်ခံနေရတဲ့ ပြည်သူလူထုဟာတစ်စည်း တစ်လုံးတည်း လမ်းမတွေပေါ်ထွက်ကာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစနစ်ကို ဆန္ဒပြ ဖော်ထုတ်ခဲ့ကြတယ်။အစပိုင်းမှာတော့ ရဲတွေရဲ့ မျက်ရည်ယိုဗုံးတွေ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ကျည်ဆန်အတုနဲ့ ပစ်တာတွေကို ကြုံခဲ့ရပြီးလူဦးရေ ၄၀၀ ကျော် မျက်စိကို ထိခိုက်ပြီး အမြင်အာရုံ ပျောက်ခဲ့ရတယ်။ ဒီလိုနဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ တိုးလာပြီး ပြည်သူလူထုဘက်က ဒိုင်းတွေကာ ခဲတွေပေါက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြရတယ်။ဖိုဝါဒီနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဖိနှိပ်ခံထားရတဲ့ အမျိုးသမီးလေးတွေ အိမ်ရှင်မတွေဟာလည်းဒယ်အိုးကို တီးပြီး လမ်းမတွေပေါ် ထွက်လာကြတယ်။ အဲ့ဒီနောက်စစ်တပ်က ...
movie

My Imaginary Country(2022)

Mumbai Mafia: Police vs the Underworld (2023) 6.5
Mumbai Mafia: Police vs the Underworld (2023) Mumbai Mafia: Police vs Underworld (2023) ***************************************************************** ဒီဇာတ်ကားလေးကတော့ တခြားဘောလီးဝုဒ်ကားတွေလို အဆို အက အတီးအမှုတ်တွေ မပါပါဘူး။ ဒီဇာတ်ကားကို Netflixရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး Crime/Documentaryအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ကာ IMDb ratingကလည်း 6.5အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ၁၉၉၀ခုနှစ်အလွန် မွန်ဘိုင်း(ခေါ်)ဘုံဘေမြို့မှာ ဒုစရိုက်လောကသားတွေရဲ့ အရှိန်အဝါ မြင့်တက်လာခဲ့ပြီး တစ်မြို့လုံးဟာ ထိန်းမရသိမ်းမရအခြေအနေကို ရောက်ရှိသွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒုစရိုက်လောကသားတွေကို ထိရောက်စွာနှိမ်နင်းဖို့ရာ Encounter Cops လို့ခေါ်တဲ့ အသေပစ်ခတ်ဖမ်းဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းလိုက်ပါတော့တယ်။ဒုစရိုက်လောကသားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ ဒီရန်စဟာ တဖြည်းဖြည်းကြီးထွားလာပြီး ဘယ်သူတွေက အနိုင်ရသွားမှာလဲ... ဘယ်သူတွေက ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်ကြမလဲ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ... ဘာသာပြန်တွေကတော့Sai Thurein Lynn, Thaik Sanနဲ့ Khin Khinတို့ ဖြစ်ပါတယ်။ File size… 2.42GB  / 850MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard ...
movie

Mumbai Mafia: Police vs the Underworld (2023)

2023
Gandhada Gudi (2023) 9.2
Gandhada Gudi (2023) Gandhada Gudi 2022 IMDb 9.2/10 Documentary /Dramaအိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူ အာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကို ခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။ File size…2.06GB/ 937MB Quality…1080p TRUE  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~ Yunni
movie

Gandhada Gudi (2023)

2022
[18+] Money Shot: The Pornhub Story (2023)
[18+] Money Shot: The Pornhub Story (2023) Money Shot: The Pornhub Story (2023) ~ Rotten Tomatoes - 69% ~(အပြာ ဝက်ဆိုဒ် ပွန်းဟတ်အ​ကြောင်းရိုက်ပြထားတာ​ကြောင့် ကြမ်းတမ်းတဲ့အသုံးအနှုန်း​တွေ တပုံကြီးပါ​တာ​ကြောင့် ၁၈ နှစ်ပြည့်မှ ကြည့်​စေလိုပါတယ်)ကမ္ဘာ​ပေါ်မှာလူကြည့်အများဆုံး ၁၀ခု​မြောက် ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ ပွန်းဟတ်ရဲ့ ဖြတ်သန်းလာရတဲ့ အခက်အခဲ​တွေကို Netflix က မှတ်တမ်းရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။ကုမ္ပဏီစစ​ထောင်ချင်းက​တော့ နည်းပညာပိုင်းဆိုင်ရာ​ကုမ္ပဏီ​ပေမယ့် ​နောက်ပိုင်း လူ​တွေ​ အပြာဓါတ်ပုံ​တွေ ဗီဒီယို​တွေ ​ဝေမျှဖို့ ဝက်ဆိုဒ်လုပ်ရင်း အဲ့ဒီကရတဲ့ ​ကြော်ငြာခ​တွေက​နေ ချမ်းသာလာပြီး ကမ္ဘာလူအကြည့်အများဆုံးဝက်ဆိုဒ်တစ်ခုဖြစ်လာတဲ့ပွန်းဟတ်...တစ်ဖက်မှာလည်း ပွန်းဟတ်​ပေါ်မှာ ​ဘယ်အရာမဆို ကန့်သတ်ချက်မရှိ ​ဝေမျှလို့ရတဲ့အချက်​ကြောင့် လူဝင်များလာတဲ့အ​လျောက် က​လေးသူငယ်ဆိုင်ရာ လိင်အကြမ်းဖက်မှု​တွေ မုဒိမ်းကျင့်တဲ့ဗီဒီယို​တွေ ဝက်ဆိုဒ်ထဲ အမည်မသိပဲ တင်လာကြတဲ့အခါ... ပွန်းဟတ်အတွက် ဘယ်လိုနစ်နာမှု​တွေဖြစ်လာ​စေလဲ ဘာ​တွေရင်ဆိုင်ရမလဲဆိုတာ​တွေ...၂၀၂၀ ​နှောင်းပိုင်းမှာ လိုင်လာဆိုတဲ့အမျိုးသမီးစတင်လိုက်တဲ့ ပွန်းဟတ်ဖြုတ်ချ​ရေး ကမ်ပိန်းက​ရော ပွန်းဟတ်ကို ဘယ်​လောက်ထိ​ရိုက်ခတ်သွားလဲ၊ ဘာ​တွေ​​ပြောင်းလဲ​ပေးလိုက်ရလဲဆိုတာ​​တွေ ...ရုတ်တရက် အသစ်ထွက်ရှိလာတဲ့ဥပ​ဒေ​တွေ၊ ...
movie

[18+] Money Shot: The Pornhub Story (2023)

2023
Justin Bieber: Never Say Never(2011)
Justin Bieber: Never Say Never(2011)     Belieber တို့ရဲ့ အသည်းကျော် Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာBirthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆိုရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီ Documentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။Clarification - Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်) File size… 1.2 GB Quality…Blu-Ray 720p Format…mp4 Duration….1h 45m Genre .....  Documentary / Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu 
movie

Justin Bieber: Never Say Never(2011)

Attack of the Hollywood Clichés! (2022) 6.1
Attack of the Hollywood Clichés! (2022) Attack of the Hollywood Clichés! (2022) ============================= IMDb Rating - 6.1/10လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.3 GB) ...
movie

Attack of the Hollywood Clichés! (2022)

2022
j-hope IN THE BOX (2023) 5
j-hope IN THE BOX (2023) "J-Hope in the Box" (2023)Yo! ARMY တို့ အချိန်အတော်ကြာ စောင့်နေခဲ့ကြတဲ့ BTS အဖွဲ့ဝင် J-Hope ရဲ့ Documentary Film "J-Hope in the Box" လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ J-Hope ရဲ့ Chapter - 2 အစဖြစ်တဲ့ "Jack In the Box" အယ်လ်ဘမ်ခရီးစဉ်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။"ဒီအယ်လ်ဘမ်က ကျွန်တော့်အနုပညာအဆင့်ကို တစ်ဆင့်မြှင့်ပေးနိုင်လိမ့်မယ်" လို့ ပြောခဲ့တဲ့ မြင်နေကျ နားထောင်ဖူးနေကျ ပုံစံမဟုတ်တဲ့ ဒီ"Jack In the Box" က သီချင်းတွေရဲ့ ဖြစ်တည်မှုအစ၊ ပဲ့ကိုင်ရှင် J-Hope က Mainstream မဟုတ်တဲ့ ဒီလိုသီချင်းမျိုးတွေကို ဘယ်လိုအတွေးမျိုး၊ ခံစားချက်မျိုးနဲ့ ရဲတင်းစွာ ဖန်တီးခဲ့လဲဆိုတာကို ချဉ်းကပ်ကြည့်ရှုခွင့်ရမှာပါပဲ။"Jack In the Box" အယ်လ်ဘမ်နောက်ကွယ်က ဖြစ်စဉ်တွေအပြင် အားလုံးစိတ်ဝင်တစား မျှော်လင့်ခဲ့ကြတဲ့ J-Hope ...
movie

j-hope IN THE BOX (2023)

2023
Blank Canvas (2020) 5.4
Blank Canvas (2020) Blank Canvas (2020) ================အမေရိကန် အမျိုးသမီး နှင်းလျှောစီးသူ Elena Hight ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ နာရီဝက်စာ ဒိုကူ လေးတစ်ပုဒ်ဖြစ်ပါတယ်။အိုလံပစ်နဲ့ X Games ချန်ပီယံဆုရှင်ကြီးရဲ့ ပြိုင်ပွဲနယ်ပယ်က နုတ် ထွက်ပြီးတော့၊ သဘာဝအတိုင်း ရှိနေတဲ့ လူဝေးသူဝေး နှင်းတောင် တွေ ရှိရာအရပ်တွေကိုသွားပြီး freeriding နယ်ပယ်ထဲကို ဘယ်လို ဝင်ဖြစ်ခဲ့ပုံတွေ ဒီလို စွန့်စားဖြစ်ဖို့ သူ့ကို ဘာတွေက တွန်းအားပေးခဲ့၊ အားဖြစ်စေခဲ့လဲဆိုတာတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ရေခဲတောင်တွေပေါ်မှာ နှင်းလျှောစီးပြတာတွေကိုလည်း ဒီကား လေးထဲမှာ လှလှပပမြင်တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(990 MB) / (436 MB) Quality............WEB-RIP 1080p / 720p Duration.........31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Documentary Translator.......Act Molemy Encoder..........Zin Phyo Aung
movie

Blank Canvas (2020)

Good Night Oppy (2022) 7.7
Good Night Oppy (2022) Good Night Oppy (2022)~ IMDb - 7.7/10, Rotten Tomatoes - 88% ~အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားနှစ်ကောင်ရှိတယ်ဗျ။ ကွိကွိကွကွ အသံတွေနဲ့ ရုပ်ဆိုးပန်းဆိုး ထိုးထိုးထောင်ထောင်ကောင်တွေပေါ့။ ကမ္ဘာပေါ်က လွှတ်လိုက်တဲ့ ကမ္ဘာသား ဂြိုဟ်သူမနှစ်ယောက်။"အခွင့်လမ်း" နဲ့ "စိတ်ဓာတ်" တဲ့။ အမွှာညီအစ်မနှစ်ယောက်ပေါ့။ "စိတ်ဓာတ်" က အကြီးမ၊ ပြဿနာမလေးပေါ့။ အငယ်မ "အခွင့်လမ်း" က မယ်ကံကောင်းလေး။ သူတို့က အင်္ဂါဂြိုဟ်လေ့လာရေးအတွက် နာဆာကလွှတ်လိုက်တဲ့ ဂြိုဟ်ပေါ်သွားယာဉ် (Rovers) လေးတွေပါ။အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ ဂြိုဟ်နီကြီးကို ကမ္ဘာသားတွေ စိတ်ဝင်စားနေတာကြာပြီ။ ဂြိုဟ်ကြီး (၈) လုံးထဲမှာ (အခုတော့ ၈ လုံးပဲရှိတယ်လို့ ပြောတယ်ဗျ) အင်္ဂါဂြိုဟ်ပဲရွေးပြီး ဘာလို့စိတ်ဝင်စားကြတယ်မသိ။ ဇာတ်ကားတွေကလည်း အင်္ဂါဂြိုဟ်၊ နာဆာဂြိုဟ်သုတေသနကလည်း အင်္ဂါဂြိုဟ်။ ကဲပါလေ။ သူတို့က အင်္ဂါဂြိုဟ်ဆိုတော့လည်း လိုက်ဂါလိုက်ပါ့မယ်။အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား... ...
movie

Good Night Oppy (2022)

2022
Bank Robbers: The Last Great Heist (2022) 7.1
Bank Robbers: The Last Great Heist (2022) Bank Robbers: The Last Great Heist (2022)~ IMDb - 7.1/10, Rotten Tomatoes - 100% ~Netflix ရဲ့ Documentary Show တခုဖြစ်ပြီး ၂၀၀၆ ခုနှစ် အာဂျင်တီးနားနိုင်ငံရဲ့အမိမိုက်ဆုံး ဘဏ်ဓားပြမှုအ​ကြောင်း ဖြစ်ရပ်မှန်ရိုက်ကူးထားတာ​လေးပါ- ဘဏ်ဓားပြတိုက်မှုမှာ ပါဝင်တဲ့လူ​တွေ ဘယ်လို စုမိသွားတာလဲ - ဘဏ်ဓားပြတိုက်တဲ့ ရည်ရွယ်ချက် - ဓားပြတိုက်တုန်းက သုံးခဲ့တဲ့ကိရိယာ​တွေကို ဘယ်လိုစဥ်းစားတီထွင်ခဲ့လဲ - ဘယ်လိုအခက်အခဲ​တွေကြုံ​တွေ့ရလဲ - ဘယ်လိုထွက်​ပြေးလွတ်​မြောက်ခဲ့လဲ - ဘာ့​ကြောင့်အဖမ်းခံရခဲ့ရတာလဲ - လွတ်​မြောက်ပြီး​​နောက်ပိုင်း ဘာ​တွေဖြစ်ခဲ့လဲ... ဆိုတာ​တွေကို အ​သေးစိတ်​ပြောပြရင်း အဆုံးထိဆွဲ​ခေါ်သွားမှာဖြစ်ပါတယ်။အမှုမှာကျူးလွန်တဲ့သူ​တွေအ​ကြောင်းတင် မဟုတ်ဘဲ မျက်မြင်ကို​​ယ်တွေ့ကြုံလိုက်ရတဲ့ ဘဏ်ဝန်ထမ်း ​ရှေ့​နေ ရဲ​​တွေရဲ့ အ​တွေ့အကြုံ​တွေပါ ထည့်သွင်းထားလို့ ​တော်​တော်​လေးကိုပြည့်စုံပြီး ကြည့်လို့​ကောင်းတဲ့ Documentary တစ်ခုပါပဲ။(ဒီဒိုကူမန်ထရီနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 870MB Quality - ...
movie

Bank Robbers: The Last Great Heist (2022)

2022
Mickey: The Story of a Mouse (2022) 7
Mickey: The Story of a Mouse (2022) Mickey : The Story of a Mouse(2022)“အရာအားလုံး ကြွက်တစ်ကောင်ကနေ အစပြုခဲ့တာပါ” ~ Walt Disney ~အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်၊ အဖြူရောင်လက်အိတ်နဲ့ ကြွက်လေး ဆိုတာနဲ့ မစ်ကီမောက်စ်ကို ပြေးမြင်မိကြမှာပါတစ်ကမ္ဘာလုံးက ချီးကျူး အသိအမှတ်ပြုရတဲ့ Animation လောကရဲ့ ပြယုဂ်ဖြစ်လာမယ့် မစ်ကီမောက်စ်ကို 1928 ခုနှစ်မှာ နာမည်ကျော် ဝေါ့တ်ဒစ်စနေ နဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ဖန်တီးခဲ့ကြပါတယ်ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊ အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊ ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊ ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊ လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊ ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊ မူပိုင်ခွင့်တွေကြားထဲက မစ်ကီ...အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ် ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက ...
movie

Mickey: The Story of a Mouse (2022)

2022
Cristiano Ronaldo interview – Piers Morgan Uncensored (2022)
Cristiano Ronaldo interview – Piers Morgan Uncensored (2022) လွန်ခဲ့တဲ့ တနင်္လာ​နေ့မနက်မှာ တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ File size…Part-1 & Part-2 Quality….HDRip 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaung Htike Zaw & ...
movie

Cristiano Ronaldo interview – Piers Morgan Uncensored (2022)

Conor McGregor: Notorious(2017) 7.1
Conor McGregor: Notorious(2017) Conor McGregor: Notorious(2017) အညွှန်း*************************************Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကိုမကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီးသတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်..Conor McGregor ဆိုရင် အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ် နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။File Size :(1.8GB) (908MB) and (271MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:30:00 Genre : Documentary , Biography , Sport Subtitle : Myanmar Subtitle ...
movie

Conor McGregor: Notorious(2017)

Selena Gomez: My Mind & Me (2022) 8.2
Selena Gomez: My Mind & Me (2022) Selena Gomez: My Mind & Me (2022)Selena Gomez ဆိုတဲ့ ကောင်မလေးဟာ ကျွန်တော်တို့ ကလေးဘဝတည်းက Disney ဇာတ်လမ်းတွေ သီချင်းတွေမှာ တောက်လျှောက်မြင်တွေ့ခဲ့ရပြီး ဖန်သားပြင်ကနေလည်း ပျောက်မသွားသူဆိုတော့ ကျွန်တော်တို့နဲ့ အတူတကွကြီးပြင်းလာခဲ့ရသလိုပါပဲ။အနုပညာအလုပ်တွေဟာ စိတ်ဖိစီးမှုများတယ်၊ အလွန်ပင်ပန်းတယ်ဆိုတာ ကျွန်တော်တို့ ခဏခဏမြင်‌နေကြားနေကျပါ။ ဒီတော့ ကလေးလေးဘဝတည်းက အနုပညာရှင်ဖြစ်လာသူ Selenaအတွက်ရော စိတ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေပြီလဲ။Selenaဟာ အသက်၇နှစ်တည်းက အလုပ်တွေမရပ်မနား လုပ်ခဲ့ရပါတယ်။ အသက်၂၀ကျော်အရွယ် Selena အအောင်မြင်ဆုံးအချိန်မှာပဲ အချစ်ရေးလွန်ဆွဲမှုဟာ သတင်းသမားများရဲ့ ထိုးနှက်စရာဖြစ်လာပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ် လူပုံအလယ်မှာ ဒီအကြောင်းတွေချည်း အက်ကြောင်းထပ် အမေးခံရတာပါပဲ။တကယ်တမ်း ကျွန်တော်တို့တွေ အနုပညာရှင်တစ်ယောက် သူတို့အနုပညာလက်ရာတွေကို သဘောကျလို့ အားပေးရာမှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကိုရော ဝင်ရောက်စွက်ဖက်ခွင့် ရှိပါရဲ့လား။ ရောဂါရဲ့နှိပ်စက်မှုတွေ၊ သတင်းသမားတွေရဲ့ ထိုးနှက်မှုတွေ အစရှိသဖြင့် နေရာပေါင်းစုံကဖိအားတွေနဲ့ပေါ့။ဒီလိုနဲ့ ကောင်မလေးအအောင်မြင်ဆုံးဖြစ်နေချိန်မှာ မှောင်အတိပြီးတဲ့ ချောက်နက်ထဲကို ...
movie

Selena Gomez: My Mind & Me (2022)

2022
A Tribute to Her Majesty – the Queen (2022) 5.3
A Tribute to Her Majesty – the Queen (2022) A Tribute to Her Majesty - The Queen (2022)ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw ...
movie

A Tribute to Her Majesty – the Queen (2022)

2022
8 Mile (2002) 7.1
8 Mile (2002) ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက်စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာကအတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်ကသူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် ...
movie

8 Mile (2002)

2002
Indian Predator: The Butcher Of Delhi (2022)
Indian Predator: The Butcher Of Delhi (2022) Indian Predator: The Butcher of Delhi (2022) =========================================ဒီနေ့မှာတော့ Netflix က ထွက်ရှိထားတဲ့ အိန္ဒိယရဲ့ဖြစ်ရပ်မှန် “ကွင်းဆက်လူသတ်မှု မှတ်တမ်းရုပ်ရှင်စီးရီး” ကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းစုစုပေါင်း ၃ပိုင်းပါရှိပြီး တစ်ချိန်ကအိန္ဒိယရဲ့လူတိုင်းထိတ်လန့်ခဲ့ရတဲ့နာမည်ကြီးကွင်းဆက်လူသတ်မှုကြီးဖြစ်ခဲ့တာမို့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအဖို့ကတော့ အသည်းတအေးအးနဲ့ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။“Chandrakant Jha” .. ဆရာမဖြစ်သူမိခင်နဲ့ ဆည်မြောင်းဦးစီးဌာနမှာအလုပ်လုပ်ကိုင်သူဖခင်တို့ရဲ့သား .. မွေးချင်းညီအစ်ကို ၆ယောက်ရှိတဲ့ထဲကမှ တတိယမြောက်သား။ ကလေးကိုမွေးရုံပဲမွေးထုတ်ပေးခဲ့ပြီး မချစ်ပေးတတ်တဲ့မိဘတွေကြားကြီးပြင်းခဲ့ရသူမို့ ငယ်စဉ်ကတည်းကမိဘမေတ္တာငတ်ခဲ့ပြီး မိသားစုနွေးထွေးမှုကိုမခံစားခဲ့ရတဲ့ Chandrakant တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ နေထိုင်ရာ Ghosai ရွာလေးကနေ Delhi ကိုပြောင်းလာခဲ့တယ်။ Chandrakant အပေါ် Delhi ရဲ့ကြိုဆိုမှုက မလှပခဲ့ပါဘူး။ ခရီးရောက်မဆိုက်ပဲ မြို့ခံလူဆိုးဂိုဏ်းအဖွဲ့ဝင်နဲ့ထိပ်တိုက်ရင်ဆိုင်မိပြီး ဓားထိုးခံခဲ့ရပါတော့တယ်။ ဗိုက်တစ်ခုလုံးပွင့်ထွက်သွားပြီး ကလီစာတွေပါထွက်ကုန်ပေမယ့် အသိမိတ်ဆွေမရှိတဲ့ Chandrakant တစ်ယောက် ပွင့်နေတဲ့ဗိုက်ကိုပဝါနဲ့ပတ် ကိုယ့်အားကိုယ်ကိုးပြီးဆေးရုံကိုသွားခဲ့ရတယ်။ ဒီအဖြစ်ကပဲ Chandrakant ရဲ့အမုန်းတရား အာဃာတတွေနဲ့ ကလဲ့စားဆိုတဲ့အရာကို အစပျိုးပေးခဲ့ပြီး Chandrakant ကိုယ်တွင်းကနတ်ဆိုးကို လှုပ်နှိုးပေးလိုက်ပါတော့တယ်။ “မြေနိမ့်ရာ လှံစိုက်” ဆိုသလိုပဲ နိမ့်ပါးတဲ့သူကိုမှ ...
movie

Indian Predator: The Butcher Of Delhi (2022)

Girl in the Picture (2022) 7.3
Girl in the Picture (2022) Girl in the Picture (2022)~ IMDb - 7.3/10, Rotten Tomatoes - 95% ~ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ...
movie

Girl in the Picture (2022)

2022
The Lost Leonardo (2021) 7.5
The Lost Leonardo (2021) The Lost Leonardo (2021)~ IMDb - 7.5/10, Rotten Tomatoes - 97% ~ကမ္ဘာကျော် မိုနာလီဇာရဲ့ အပြုံးကို အသက်သွင်းခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီကို မသိတဲ့သူမရှိဘူးပေါ့။ လီယိုနာဒို ဒါဗင်ချီဟာ ရီနေးဆန့်ခေတ်ရဲ့ နာမည်ကျော် အနုပညာသည်ကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး မိုက်ကယ်အိန်ဂျလိုနဲ့ ခေတ်ပြိုင်လည်း ဟုတ်သလို ပန်းချီတင်မက သိပ္ပံ မက္ကင်းနစ်အပါအဝင် တခြားလိုင်းပေါင်းများစွာမှာ ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက်ပါပဲ။လိုင်းပေါင်းများစွာထူးချွန်ပေမဲ့လည်း သူလုပ်သမျှတွေက ခပ်ပေါပေါတွေတော့မဟုတ်ခဲ့ပါဘူး။ မိုနာလီဇာက သက်သေတစ်ခုပဲမို့လား။ ဒီရုပ်ရှင်ကတော့ မိုနာလီဇာအထီးလို့ခေါ်တဲ့ မိုနာလီဇာနဲ့ ဒီဇိုင်းခပ်ဆင်ဆင် ယောက်ျားပုံတစ်ပုံကို တွေ့ရှိတဲ့အကြောင်းပါ။ အဲဒီပန်းချီကားကို Salvator Mundi လို့ခေါ်ပြီး လီယီုနာဒိုလက်မှတ်မထိုးထားတဲ့ ဟန်ကိုကြည့်ပြီး ဆုံးဖြတ်ရတဲ့ ပန်းချီကားလည်းဖြစ်ပါတယ်။ထူးတာက ဒီကားက လီယီုနာဒိုရဲ့ ကားဟုတ်မဟုတ် အငြင်းပွားမှုတွေအတော်များခဲ့ပြီး အခုထိလည်း မသဲကွဲကြသေးပါဘူး။ ၁၅ရာစုကပန်းချီဟာ ၂၀၀၅လောက်မှာပေါ်လာခဲ့ပြီး လီယိုနာဒိုရဲ့ ပျောက်ဆုံးနေတဲ့ကား ...
movie

The Lost Leonardo (2021)

2021