Channel Myanmar

Drama

Unique Memory: Farewell to Love ( 2019 ) 5.7
Unique Memory: Farewell to Love ( 2019 ) အပျင်းထူပြီး တုံးအအနိုင်ပေမဲ့ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ပိုင်လင် အပြင်မှာဂိုက်ဆရာမလုပ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုကိုယ့်ဘာသာရှာနေတဲ့စုန့်ချီးချီး အိမ်ကအဆင်မပြေတဲ့ကြားက အလုပ်သင်စာမေးပွဲဖြေပြီး ဆရာမဖြစ်ဖို့ကြိုးစားနေတဲ့လိလိ ဒီဇာတ်လမ်းလေးကတော့ ကျောင်းသူလေးတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေးပြဿနာလေးတွေ မိသားစုအရေးလေးတွေကို လှလှပပရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် ။ချစ်သူက ကျောင်းဆရာတစ်‌ယောက်ဖြစ်ချင်ခဲ့တာမလို့ ကိုယ်တိုင်ပါ ဆရာမဖြစ်လာဖို့ အလုပ်သင်ဆရာမဝင်လုပ်ခဲ့တဲ့စုန့်ချီးချီးက ချစ်သူဆီက အထားခဲ့ခံလိုက်ရတဲ့အခါ သူ့ရဲ့အချစ်ရေးကဆက်ပြီးဘယ်လိုဖြစ်လာမလဲ ချစ်စရာကောင်းတဲ့ ပိုင်လင်မှာလည်း လိုလေ‌သည်မရှိအောင် အရိပ်တကြည့်ကြည့်ဖြည့်စည်းပေးနေပေမဲ့ ဖွင့်မပြောတဲ့ သူငယ်ချင်းလိုရော အစ်ကိုလိုပါ ခင်ရတဲ့သူငယ်ချင်း လီကျားဟန်ကို လိလိနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့...လိလိတစ်ယောက် သူတို့နှစ်ယောက်ကြားဝင်လာပြီး ပိုင်လင်ရဲ့အချစ်ရေး ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Healing romantic movie လေးပဲဖြစ်လို့ ‌ဇာတ်ကားလေးထဲမှာကြည့်ရှုကြဖို့‌မမေ့ပါနဲ့နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated byKay Encoded by LK
movie

Unique Memory: Farewell to Love ( 2019 )

Kho Gaye Hum Kahan (2023) 8.8
Kho Gaye Hum Kahan (2023) Kho Gaye Hum Kahan (2023)"ဘယ်မှာလမ်းတွေပျောက်ခဲ့" ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။)( ...
movie

Kho Gaye Hum Kahan (2023)

2023
A Violent Man (2022)
A Violent Man (2022)  ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ...... File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

A Violent Man (2022)

Cherry (2022) 5.6
Cherry (2022)  အသက်၂၅နှစ်အရွယ်မှာ ဘာတစ်ခုမှရေရေရာရာ မအောင်မြင်ခဲ့ဖူးတဲ့ချယ်ရီဟာ ကလေးတစ်ယောက်ကိုတော့ အောင်အောင်မြင်မြင်နဲ့ရရှိခဲ့ပါတယ်။ သူမအနေနဲ့ ဒီကလေးကို မွေးဖို့ဆုံးဖြတ်ရမလား ဖျက်ချလိုက်ရမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ၂၄နာရီစာအတွင်း ဇာတ်ကောင်ရဲ့လှုပ်ရှားမှုတွေကနေတဆင့်ရိုက်ကူးတင်ပြထားတာကို တွေ့နိုင်ပါတယ်။ချယ်ရီတစ်ယောက် ကိုယ်ဝန်နဲ့ပက်သက်ပြီးဘယ်လိုရွေးချယ်မှုမျိုးကိုပြုလုပ်မလဲဆိုတာကို ဇာတ်လမ်းဆန်ဆန် tempoတွေမပါဘဲ ချယ်ရီ့ရဲ့ဘဝကိုပဲ ၂၄နာရီစာdocumentaryပုံစံဆန်ဆန်နဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားမျိုးပါ။ အသက်သာရလာတယ် ဘဝမှာဘာတစ်ခုမှရေရေရာရာမဖြစ်ထွန်းတဲ့လူငယ်တွေတော်တော်များများ relateလုပ်လို့ရတဲ့ real life dramaကားတစ်ကားဖြစ်ပါတယ်။ File size…(1.5 GB)/(815 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Cherry (2022)

When Time Got Louder (2022) 7.3
When Time Got Louder (2022)  ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီးမိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့်ငယ်ဘဝပုံပြင်ကားလေးပါ...။အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကိုအားပြုပြီးဇာတ်အိမ်တည်ထားပါတယ်....မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်းသာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်ကအပျောက်မခံ ကြည့်ရှုထားရသူလေးပါ...။ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီးမိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာအမြဲစောင့်ရှောက်ခဲ့သူပေါ့...။ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်...။အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီးမိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ....ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကိုမြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ...  File size…1.33 GB / 561 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

When Time Got Louder (2022)

Nikki & Nora: Sister Sleuths (2022) 6.6
Nikki & Nora: Sister Sleuths (2022)  Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ...
movie

Nikki & Nora: Sister Sleuths (2022)

Loan Boy aka Usury Academy (2023) 5
Loan Boy aka Usury Academy (2023) Loan Boy a.k.a Usury Academy (2023)Plot ကောင်းကောင်းနဲ့ School Action ကားတွေကိုမှ နှစ်သက်သူ‌တွေ အကြိုက်တွေ့စေမယ့် Loan Boy (2023)ဇာတ်လမ်းအကျဉ်းကတော့ စီးပွားပျက်သွားတဲ့ မိဘတွေရဲ့အတိုးရှင်ကြောင့် ငွေတိုးချေးလောကထဲကို ရောက်ရှိသွားခဲ့တဲ့ အထက်တန်းကျောင်းသားလေး ဂန်ဂျင်းရဲ့အကြောင်းကို ရိုက်ကူးထားတာပါစာသင်ခန်းကို ငွေချေးရုံးခန်းအဖြစ် ပြောင်းလဲပြီး ကျောင်းသားတွေကြားထဲမှာ ငွေတိုးချေးသမားအနေနဲ့နာမည်ကြီးလာတဲ့ ဂန်ဂျင်းတစ်ယောက် ဘယ်အခြေအနေထိ ဒီပုံစံအတိုင်း ဆက်သွားနိုင်လောက်မလဲတဖြည်းဖြည်း သူလည်း ငွေတိုးချေးလောကမှာ ကျင်လည်ရင်း ပိုက်ဆံရဲ့သားကောင် ဖြစ်သွားမလား ဆိုတာအပြင် တခြားစိတ်ဝင်စားဖို့လည်းကောင်းသလို အသိပညာလည်းရစေမယ့် ဇာတ်လမ်းဇာတ်ကွက်လေးတွေပါတာမို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလို့ ညွှန်းချင်ပါတယ်။Main Casts တွေအဖြစ် The Story of Park’s Marriage Contract နဲ့ The Queen’s Umbrella ထဲက အချစ်တော်လေး Yoo Seon Ho အပြင် Alchemy of Souls ထဲက Yoo In-Soo, ...
movie

Loan Boy aka Usury Academy (2023)

2023
Three Wise Men and a Baby (2022) 7.6
Three Wise Men and a Baby (2022) Three Wise Men and a Baby (2022) ========================== IMDb Rating - 7.6/10ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Three Wise Men and a Baby (2022)

2023
Being John Malkovich (1999) 7.7
Being John Malkovich (1999)  ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ ...
movie

Being John Malkovich (1999)

The Disappearance of Alice Creed (2009)
The Disappearance of Alice Creed (2009) ဒီတစ်ခါမှာတော့ The Disapperance Of Alice Creed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ ဗစ်တာနဲ့ဒန်နီဆိုတဲ့ ထောင်ထွက်နှစ်ယောက်ဟာ တစ်ဦးတည်းသောသမီးဖြစ်သူ သူဌေးသမီးအဲလစ်ခရိဒ်ကိုပြန်ပေးဆွဲပြီး သူဖခင်သူဌေးကြီးဆီက ပိုက်ဆံနှစ်သန်းနဲ့ပြန်ရွေးခိုင်းပါတယ်။ သူမကိုပြန်ပေးဆွဲလာပြီး အခန်းတစ်ခုထဲမှာ ခြေတွေလက်တွေကိုကြိုးတုပ်ပြီးဖမ်းထားပါတယ် ဗစ်တာနဲ့ဒန်နီတို့ဟာ ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးကြဖို့ စီစဥ်ထားခဲ့ကြတာပါ။ဒါပေမဲ့ ဗစ်တာတစ်ယောက်မသိလိုက်တာက ဒန်နီနဲ့အဲလစ်တို့ဟာ အရင်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြပြီး ဒန်နီဟာ ဗစ်တာကို သစ္စာဖောက်ပြီး ပိုက်ဆံတွေကို တစ်ယောက်တည်းယူပြီး အဲလစ်နဲ့ထွက်ပြေးဖို့ ကြိုတင်စီစဥ်ထားခဲ့တာပါ ဗစ်တာတစ်ယောက် ထိုအစီစဥ်ကိုသိသွားမလား ဒန်နီနဲ့အဲလစ်ကပဲ ပိုက်ဆံတွေယူပြီးထွက်သွားကြမလား နောက်ဆုံးမှာပိုက်ဆံတွေကို ဘယ်သူကရယူသွားနိုင်မလဲဆိုတာ ကြည့်ရှုရမှာပါထူးခြားတာတစ်ခုက ဇာတ်ကားတစ်ကားလုံးထဲမှာ ဇာတ်ကောင်သုံးယောက်တည်းပါဝင်ပြီး ထိုသုံးယောက်တည်းနဲ့ပဲ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File size…(1.5 GB)/(686 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

The Disappearance of Alice Creed (2009)

Armored (2009)
Armored (2009) ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Armored (2009)

Obsessed (2009)
Obsessed (2009) ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Obsessed (2009)

Polytechnique (2009)
Polytechnique (2009) လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ...
movie

Polytechnique (2009)

Million to One (2023)
Million to One (2023)  " Million to one '' ဒီကားလေးကတော့ 2023 မှာထွက်ရှိထားတဲ့ romatic comedy အမျိုးအစားလေးဖြစ်ပါတယ်။အစားအသောက်အညွှန်းတွေ review ပေးတဲ့ ဆိုရှယ်မီဒီယာကြယ်ပွင့်လေး ဒရေးရှောက စားဖိုမှူးမလေးတစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပေမဲ့ သူအငြင်းခံလိုက်ရပါတယ်။ စာဖိုးမှူးမလေးဆီကနေ အငြင်းခံလိုက်ရပြီးတော့ သူ့အစ်ကိုဖြစ်သူက သူ့မင်္ဂလာပွဲလာခဲ့ဖို့ခေါ်လို့ ဒရေးတစ်ယောက်ဟာ အစ်ကိုရှိရာဆင်ခြေဖုံးမြို့လေးဆီသွားရင်း ဒီစားဖိုမှူးမလေးနဲ့ပြန်ဆုံခဲ့ပါတယ်။ အစ်ကိုဖြစ်သူ မင်္ဂလာပွဲအတွက် ကူညီပေးရင်း ဒရေးရှောတစ်ယောက် စားဖိုမှူးမလေးနဲ့ တဖြည်းဖြည်းနီးကပ်လာနိုင်ခဲ့ပေမယ့် တစ်ချို့ကိစ္စလေးတွေကိုဖြေရှင်းရမဲ့ အကြောင်းကပေါ်လာပါတော့တယ် File size…(1.2 GB)/(594 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:13:00 Genre...Comedy, Drama, romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Million to One (2023)

[18+]The Puppet(2013)
[18+]The Puppet(2013) [18+]The Puppet(2013)********************* ဂျီဟွန်းက မိန်းကလေးတွေကို တစ်နေ့တစ်ယောက် ခေါ်အိပ်တတ်ပြီး အချစ်ကို‌တော့ လုံးဝ အယုံအကြည် မရှိတဲ့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်တယ် တစ်နေ့မှာ သူ့သူငယ်ချင်း ချစ်နေတဲ့ ဟျွန်းဂျင်းဆိုသူ ကောင်မလေးက သူ့ကိုယ်ပွားသူ ပြန်မြင်နေလိုဆိုပြီး သူ့ဆီ လာပြတယ် သူကလည်း အိပ်မွေ့ချပညာကို သုံးပြီးတော့ ကုပေးခဲ့ရာ တဖြည်းဖြည်းနဲ့ ဟျွန်းဂျင်းတစ်ယောက် ရွှင်ရွှင်ပျပျ ပြန်ဖြစ်လာခဲ့တယ် ဂျီဟွန်းကလည်း ကုသပေးနေရင်းနဲ့ ဟျွန်းဂျင်းကို တဖြည်းဖြည်းချင်း ငြိတွယ်လာခဲ့တယ် အဲဒီလိုနဲ့ နောက်ဆုံး ကုသပေးဖို တစ်ချိန်စာသာ ကျန်‌တော့တဲ့အခါမှာ ဂျီဟွန်းတစ်ယောက် အိပ်မွေ့ချပညာကို သုံးပြီးတော့ ဟျွန်းဂျင်းအပေါ် မှာ မလုပ်သင့်တဲ့အရာကို လုပ်မိသွားတယ် အဲဒီလိုနဲ့ တစ်ဘက်မှာလည်း သူတကယ် ချစ်ရတဲ့ မိန်းကလေးပေါ်လာတဲ့အခါမှာတော့... ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်File Size : 1.1GB / 450MB Quality : WEB-DL  1080P / 720p Format…mp4 Duration…01:26:00 Genre : Adult, Drama Subtitle ...
movie

[18+]The Puppet(2013)

Macabre (2009) 6.4
Macabre (2009)  ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးကို rating 6.4/10 အထိရရှိထားတဲ့Macabreဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားကို Kimo Stamboel က ဒါရိုက်တာအဖြစ်ကော ဇာတ်ညွှန်းရေးဆရာအဖြစ်ကော တာဝန်ယူရိုက်ကူးထားပြီး အင်ဒိုနီးရှားရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေဖြစ်တဲ့ မင်းသား Ario Bayuနဲ့ မင်းသမီး JulieEstellaကပါဝင်အားဖြည့်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာ မိဘတွေအက်ဂျီကြောင့်ကားမတော်တဆမှုဖြစ်ပြီးဆုံးသွားလို့ ခပ်တန်းတန်းဖြစ်သွားတဲ့ ညီမဖြစ်သူလိုင်ဒီယာနဲ့ အက်ဂျီတို့ မောင်နှမနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပုံနဲ့အစပျိုးထားပါတယ် အဲ့နောက်မှာတော့ ညီမဖြစ်သူလိုင်ဒီယာတစ်ယောက်အကိုဖြစ်သူတို့အက်ဂျီနဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည် အက်စ်ထရစ်တို့အတူတူဂျာကာတာမြို့ကိုသွားတော့မှာဖြစ်တဲ့အတွက် လိုက်ပို့လိုက်ပါတယ် ဒီလိုနဲ့အက်ဂျီတို့ငါးယောက် ဂျာကာတာကိုသွားတဲ့လမ်း ညကြီးမိုးချုပ်မှာ လမ်းမှာမျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် ဒုက္ခရောက်နေတာတွေ့လိုကူညီဖို့ဆုံးဖြတ်လိုက်ကြပြီး ကားအသွားမလာမရှိတာနဲ့ အိမ်အထိလိုက်ပို့ပေးလိုက်ကြပါတယ် သူတို့တစ်တွေ လမ်းမှာကူညီပေးလိုက်တဲ့ ကောင်မလေးနာမည်ကဆိုနီဖြစ်ပြီး ကောင်မလေးအိမ်ကိုရောက်တဲ့အခါမှာတော့ ထင်မှတ်မထားတဲ့အရာတွေနဲ့တွေ့ကြုံလိုက်ရပါတော့တယ် အဲ့တာကတော့ဆိုနီတို့မိသားစုဟာ အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ဧည့်ခံကျွေးမွေးပြီး ဆေးခတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကလိစာတွေကိုလူချမ်းသာတွေထံပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ် သူတို့တွေ ဒီအိမ်ကြီးမှာဘယ်လိုရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့လုပ်ရက်တွေကို ရင်ဆိုင်ကြုံတွေ့ကြမလဲသူတို့တွေ ဒီအိမ်ကြီးကနေ အသက်ရှင်လျက်လွတ်မြောက်အောင် ...
movie

Macabre (2009)

[18+]Thai Female Secretary(2020)
[18+]Thai Female Secretary(2020) [18+]Thai Female Secretary(2020)******************************** ထိုင်းမှာ စီးပွားရေးလုပ်ရတာ တဖြည်းဖြည်းခက်ခဲလာတဲ့ ဟန်ရှစ်ကကိုးရီးယားမှာရှိတဲ့ အသိတွေဆီကို လိမ်လည်ဖိုအတွက် ဖုန်းဆက်ပေမဲ့အားလုံးက ဖုန်းကို တန်းချပစ်လိုက်တာဖြစ်လို မအောင်မြင်ခဲ့ပါဘူး စိတ်ဓာတ်ကျကျနဲ့ သူငယ်ချင်းထယ်ရှစ်ကို သွားတွေ့တဲ့အခါ ထယ်ရှစ်ကထိုင်း‌မော်ဒယ်လ်မလေးနဲ့ sex လုပ်နေတာကို တွေ့လိုက်ရပါတယ် အဲဒါကိုမြင်လိုက်ရတဲ့ ဟန်ရှစ်လည်း sex လုပ်ချင်လာပြီး ဟိုးတစ်နေ့ကအတွင်းရေးမှူးအင်တာ‌‌ဗျူးလာ‌ဖြေတဲ့ ပယ်ပါဆိုတဲ့ ကောင်မလေးကို ‌ဖုန်းဆက်ပါတော့တယ်...        File Size : 1.7GB / 653MB Quality : WEB-DL  1080P / 720p Format…mp4 Duration…01:00:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS 
movie

[18+]Thai Female Secretary(2020)

Kuiko (2023) 6.8
Kuiko (2023) Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ)IMDb-7.7/10ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.68GB  / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration…1h 54m Subtitle….Myanmar ...
movie

Kuiko (2023)

2023