Channel Myanmar

Drama

The Canal (2014) 5.8
The Canal (2014)  အမျိုးသားဖလင်​မော်ကွန်းတိုက်ရဲ့ ​မော်ကွန်းမှူးဖြစ်တဲ့ ​ဒေးဗစ်ဟာဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်​ထောင်​ရေးခရီးစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်​နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနကမှုခင်း​ဟောင်း ဖလင်မှတ်တမ်း​​တွေ ​ရောက်လာတာ​ကြောင့် ​ဒေးဗစ်အ​နေနဲ့ စစ်​ဆေးကြည့်ရင်း အဲဒီဖလင်​တွေဟာ သူတို့လက်ရှိနေ​တဲ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအ​ကြောင်း ရိုက်ကူးထားတာဖြစ်​နေပါတယ်။မှုခင်းက​တော့ ​​၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကိုသတ်ဖြတ်ခဲ့တဲ့အမှုပါ။အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲ​နေခဲ့သလို သူ့အိမ်ထဲမှာလူရိပ်လူ​ခြေ​တွေ အမြဲမြင်​တွေ့​နေရလို့ စိတ်က​ယောင်​ချောက်ခြားဖြစ်လာတဲ့ဒေးဗစ်တစ်​ယောက်ဟာ တစ်​နေ့မှာ​တော့ မိန်းမဖြစ်သူရဲ့​ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်​လိုက်ရပါတယ်။ ကံဇာတာကဒီ​လောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ ​သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွားတဲ့အခါ မိတဆိုးသား​လေးနဲ့ ​​ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့သူတို့အိမ်ရဲ့ ဆက်စပ်မှု​တွေကို ​ဖော်ထုတ်​ဖြေရှင်းရင်း အ​မှောင်ထုထဲကို တစ်စတစ်စတိုးဝင်သွားမိပါ​တော့တယ်။  File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Canal (2014)

Ten Years of Loving You ( 2022 ) 5.7
Ten Years of Loving You ( 2022 ) မေ့ပစ်ချင်ဆုံးလူတစ်ယောက်ဟာ အိပ်မက်ထဲမှာအမြဲပေါ်ပေါ်လာတတ်တယ်။ ကိုယ့်အတွက်အိမ်လိုနွေးထွေးမှုတွေပေးခဲ့တဲ့လူတစ်ယောက်ဟာ သူ့လက်နဲ့ပဲအဲဒီအိမ်ကိုပဲဖျက်ဆီးပစ်ခဲ့တယ်။အကြောင်းပြချက်မရှိ သူ့ကိုစွန့်ပစ်သွားတဲ့လူတစ်ယောက်ဟာ (၇)နှစ်ကြာမှပြန်ပေါ်လာတော့ သူ့ရဲ့သမာရိုးကျဘဝလေးဟာ စည်းချက်တွေပျက်ပြီး ရှုပ်ထွေးသွားရပြန်တယ်။ ခွင့်လွှတ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား...... ခွင့်လွှတ်လိုက်ရင်ရော တရားပါ့မလား...... ကံကြမ္မာရဲ့ကြိုးကိုင်မှုအောက်မှာ ရင်ဘတ်ကြီးနဲ့ရင်းပြီး ကခုန်ခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ရင်နင့်စရာချစ်ဇာတ်လမ်းလေးပါပဲ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ten Years of Loving You ( 2022 )

{18+}My Brother is Too Much (2020)
{18+}My Brother is Too Much (2020) {18+}My Brother is Too Much (2020)အားကစားထဲမှာ ဘယ်အားကစားက အကောင်းဆုံးလို့ထင်လဲ?အခု ဇာတ်ကားလေးကတော့ ညီကိုတို့အတွက် ကယ်လိုရီလောင်ကျွမ်းမှုအများဆုံး အားကစားလုပ်နည်းလေးအပြင် ညီအစ်ကို ၂ယောက်အတွဲ ၂တွဲရဲ့ တစ်ယောက်နဲ့ တစ်ယောက် မသိရအောင် လူချင်းလဲပြီး အားကစားပညာချင်းဖလှယ်ကြတာကိုပါ မြင်တွေ့ရမှာပါနယ်ကနေ ဆိုးလ်မြို့ပေါ်တက်လာတဲ့အစ်ကို ဖြစ်သူနဲ့ မြို့ပေါ်က ညီလေးရဲ့ အားကစားကျွမ်းကျင်ပုံအပြင် ချစ်သူပျိုဖြူချောလေးတွေကိုပါ ခံစားကြည့်ရှုရမှာပါ..Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size...555MB Quality…720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by FOX
movie

{18+}My Brother is Too Much (2020)

NH10 (2015) 7.2
NH10 (2015) NH 10 (2015)IMDb - 7.2 /10ဒီတစ် ခေါက်မှာ တော့PKကားထဲက နာမည်ကြီးမင်းသမီးအနွတ်ရှ်ကားပါဝင်တဲ့ 2015ထွက် Thriller/Drama ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်း ခရီးထွက်လာတဲ့အဝေးပြေးလမ်းမပေါ်က အာဂျွန်နဲ့မီရာဆိုတဲ့လင်မယားဟာ မထင်မှတ်ထားပဲ လူသတ်မှုတစ်ခုကိုမျက်မြင် တွေ့လိုက်ရပြီး နောက်မှာ သူတိုနှစ်ဦးကိုပါ လူသတ်သမားအုပ်စုက ကိစ္စရှင်းဖိုကြံစည်ကာလိုက်သတ်ပါတော့တယ်လူသူနည်းပါးတဲ့အဝေးပြေးလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်မှာ သူတိုရအောင်ထွက်ပြေးနိုင်ပါ့မလား လူသတ်မှုရဲ့ နောက်ကွယ်မှာရော ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာ ဇာတ်ကားတလျှောက်လုံး သဲထိတ်ရင်ဖိုစွာကြည့်ရှု့သွားရမှာဖြစ်ပါတယ်ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 783MB Quality…1080p WEB DL /720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie

NH10 (2015)

2015
The Wedding Veil (2022) 7.3
The Wedding Veil (2022)   1. The Wedding Veil (2022) 2. The Wedding Veil Unveiled (2022) 3. The Wedding Veil Legacy (2022) 4. The Wedding Veil Expectations (2023) 5. The Wedding Veil Inspiration (2023) 6. The Wedding Veil Journy (2023) စတဲ့ဇာတ်ကား The Wedding Veil (Sequel) ခြောက်ကားရဲ့ ပထမဆုံးဇာတ်ကားလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Lacey Chabert၊ Autumn Reeser နဲ့ Alison Sweeney တို့၃ယောက် ရှေးဟောင်းပစ္စည်းဆိုင်ကနေဝယ်လာမိတဲ့ ၁၉ရာစုက သတို့သမီးမျက်နှာအုပ်ဇာပုဝါလေးတစ်ထည်ရဲ့ ဒဏ္ဍာရီနဲ့ပတ်သက်နေတဲ့အကြောင်းလေးပါ......ဒဏ္ဍာရီလေးကတော့ "ဒီပုဝါကိုပိုင်ဆိုင်ထားသူဟာ အချစ်စစ်နဲ့တွေ့လိမ့်မယ်" တဲ့......ဘယ်လိုဆန်းကြယ်မှုတွေနဲ့ဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်လိုက်ကြတော့နော်---အများကြီးမညွှန်းတော့ပါဘူးနော်--- Drama/Romance ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ Rating လည်းကောင်းသလို Sequel တွေထပ်ရိုက်ရလောက်အောင် အားပေးမှုရထားတဲ့ ဇာတ်ကားလေးဆိုတော့ ...
movie

The Wedding Veil (2022)

The Last King of Scotland (2006) 7.6
The Last King of Scotland (2006)   ~~IMDb 7.6, Rotten Tomatoes 87%~~အော်စကာဆုတစ်ဆု နဲ့အခြားဆုပေါင်း ၄၀ ကျော်ဆွတ်ခူးထားပြီး ဆန်ကာတင်စာရင်းပေါင်း ၃၀ကျော်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား The Last King Of Scotland.သရုပ်ဆောင်များအနေနဲ့ James McAvoy ကဇာတ်ဆောင်မင်းသားအဖြစ်၊ နာမည်ကြီးလူမည်းသရုပ်ဆောင်တွေထဲတစ်ယောက်ဖြစ်တဲ့ Forest Whitaker ကဗီလိန်မင်းသားအဖြစ် နဲ့ ကိုယ်တွေရဲ့ British မင်းသမီးကြီး Gillian Anderson တို့စသဖြင့်များစွာပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းပုံစံကတော့ နီကိုးလတ်စ်(James McAvoy ) က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။ သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။ယူဂန်ဒါမှာ အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်(Forest Whitaker ) က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် ၊နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်.....နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။ ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ...
movie

The Last King of Scotland (2006)

The Great Escaper (2023) 7.2
The Great Escaper (2023)  ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ The Great Escaper ရုပ်ရှင်မှာမင်းသားကြီး Michael Caine က ဒုတိယကမ္ဘာစစ် D-Day မှာပါဝင်တိုက်ခိုက်ခဲ့တဲ့ရေတပ်သားကြီး Bernard Jordan နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားဟာ အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Michael Caine နဲ့မင်းသမီးကြီး Glenda Jackson တို့ရဲ့ နောက်ဆုံးရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။မင်းသမီးကြီး Glenda Jackson ဟာ သူမရဲ့ဇာတ်ဝင်ခန်းများရိုက်ကူးပြီးကိုးလအကြာမှာ ကွယ်လွန်သွားခဲ့ပြီး မင်းသားကြီး Michael Caine ကတော့၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ရိုက်ကူးရေးကနေအနားယူလိုက်ပြီဖြစ်ပါတယ်။ဇာတ်လမ်းအနှစ်ချုပ်ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတော်ဝင်ရေတပ်မှာ အမှုထမ်းခဲ့တဲ့အသက် ၈၉ နှစ်အရွယ် စစ်ပြန်ကြီး Bernard Jordan ဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့နော်မန်ဒီကမ်းတက်တိုက်ပွဲ နှစ် (၇၀) ပြည့်အောက်မေ့ဖွယ်အခမ်းအနားကိုတက်ရောက်လိုတဲ့အတွက် သူနေထိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကနေခိုးထွက်လာခဲ့ပါတယ်။ အဘိုးအိုကြီးတစ်ယောက်တည်း အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီးပြင်သစ်နိုင်ငံကိုထွက်လာခဲ့တဲ့သတင်းဟာ လူမှုကွန်ယက်နဲ့သတင်းဌာနတွေမှာနေ့ချင်းညချင်းနာမည်ကျော်သွားပေမယ့် သူဘယ်ရောက်နေတယ်ဆိုတာဘယ်သူမှမသိကြပါဘူး။အောက်မေ့ဘွယ်အခမ်းအနားတက်ရောက်ဖို့လာတာဆိုပေမယ့် စစ်မှုထမ်းဟောင်းကြီးမှာတခြားလုပ်စရာကိစ္စလေးတွေလည်းရှိနေသလို ကမ္ဘာစစ်ကြီးပြီးကတည်းကစိတ်အာရုံမှာ မကြာခဏခြောက်လှန့်နေတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းတဲ့ဆန္ဒလည်းရှိပါသေးတယ်။ ဒီလိုစွန့်စားခန်းဖွင့်နေချိန်မှာပဲ ဂေဟာမှာကျန်ခဲ့တဲ့ ဇနီးသည်ကျန်းမာရေးချွတ်ယွင်းလာတာကို ...
movie

The Great Escaper (2023)

Grudge (2021) 5.5
Grudge (2021)  Grudge (2021) ဇာတ်ကားဟာ တူရကီနိုင်ငံမှာ အခြေခံရိုက်ကူးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး တူရကီနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ/ဒါရိုက်တာဖြစ်တဲ့Yilmaz Erdogan ကိုယ်တိုင် ရေးသားပြီး ပါဝင်သရုပ်ဆောင်ထားတဲ့action/crime ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကျောရိုးက ဆုချီးမြှင့်ခံရပြီး ရာထူးတိုးတော့မဲ့ရဲမှူးကြီးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူ ရာထူးမတိုးခင်လေးမှာသူသာမန်ရဲဘဝတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်လိုလူတွေကသူ့ကို ရန်ငြိုးတွေနဲ့ ဘာများကြံစည်ကြမလဲ။ သူကကော အဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မှာလား။ သူ့ရဲ့အတိတ်က အရိပ်မည်းတွေကို လွတ်အောင်ရှောင်ပြေးနိုင်မှာလားဆိုတာတွေကို ကြည့်ရှူရမှာဖြစ်ပါတယ်။ သာမန် crime တွေနဲ့မတူတာက ဇာတ်လမ်းမဆုံးမချင်း ဘယ်သူက ဘာတွေ ဖြစ်လိုဖြစ်မလဲဆိုတာလုံးဝမှန်းလို့မရနိုင်တာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို အပေါ့ထသွားဖို့တောင်မေ့လောက်တဲ့အထိ အစကနေအဆုံး ဆွဲခေါ်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။မဖြစ်မနေ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... File size…1.08GB / 531MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Crime , Drama , Mystery Subtitle….Myanmar ...
movie

Grudge (2021)

Ghoomer (2023) 8.6
Ghoomer (2023) Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ) IMDb 8.6ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော် မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲ‌တွေထိတက်ချင်ခဲ့တာက သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး နောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက် လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.14GB Quality…1080p  ...
movie

Ghoomer (2023)

2023
All Ears ( 2023 ) 6.0
All Ears ( 2023 ) ဒီဇာတ်ကား​လေးကတော့ အသုဘနာရေးတွေမှာ သေဆုံးသွားတဲ့လူအကြောင်းပြောဖို့ ဇာတ်ညွှန်းတွေကိုရေးပေးလေ့ရှိတဲ့ ဝမ်ရှန့်။ သူကအရင်တုန်းက TV series ဇာတ်ညွှန်းဆရာတစ်ယောက်ပေါ့။ဒါပေမဲ့သူ့ဇာတ်ညွှန်းတိုင်းဝေဖန်မှုတွေကြောင့် လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့သေဆုံးတဲ့လူတွေအကြောင်းရေးတဲ့အသုဘမိန့်ခွန်းရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကထူးထူးခြားခြား လူတွေသေဆုံးပြီးသွားရင် ကျန်ရစ်သူတွေကဒီသေဆုံးသွားတဲ့သူအပေါ် ဘယ်လိုခံစားချက်တွေရှိကြလဲ။ ဘယ်လိုမျိုးတွေဝမ်းနည်းပူဆွေးကြလဲစတာတွေကို ဖော်ကြူးပြသထားတာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရူလိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 59 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

All Ears ( 2023 )

Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
She Came to Me (2023) 6.1
She Came to Me (2023) She Came to Me (2023)~ IMDb - 6.1/10, Rotten Tomatoes - 47% ~လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland's Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလော‌ဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ဒီဇာတ်လမ်း‌ကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မ‌လေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ...
movie

She Came to Me (2023)

2023
Pippa (2023)
Pippa (2023) Pippa (2023) "စစ်သည်တော် ပစ်ပ်ပါ"Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။"စစ်သည်တော် ပစ်ပ်ပါ"ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ "ပစ်ပ်ပါ"ဆိုတဲ့ အိန္ဒိယရဲ့ ကုန်း‌ရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်‌နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆို‌ပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့...တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ ...
movie

Pippa (2023)

2023
The Guilty Ones (2019) 5.8
The Guilty Ones (2019) လွန်ခဲ့တဲ့၁၀နှစ်က လင်တန်းဆိုတဲ့ကလေးမလေးတစ်ယောက်ကို လူတစ်ယောက်ကပြန်ပေးဆွဲခဲ့ပြီး ကလေးမလေးအမေဆီကို ငွေညစ်တောင်းခဲ့ပေမဲ့ကလေးမလေးကတော့သေသွားခဲ့ပါတယ်.... အဲ့ဒီအမှုကို၁၀နှစ်ကြာစုံစမ်းစစ်ဆေးခဲ့တာတောင် အဖြစ်မှန်မပေါ်နိုင်သေးပဲရှိနေသေးတာမို့ ကလေးမလေးအမေကလက်မလျော့ပဲ အဲ့အချိန်တုန်းကပြန်ပေးဆွဲသမားကို ဆက်လက်ပြီးတော့လိုက်ရှာနေခဲ့ပါတယ်တိုက်ဆိုင်စွာနဲ့ပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအဖြစ်လိုမျိုး ကျူးကျူးဆိုတဲ့ကလေးမလေးဆီမှာပြန်ဖြစ်လာသောအခါ... ကလေးကိုဘယ်သူကပြန်ပေးဆွဲတာလဲ ဘာကြောင့်လဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery , Drama Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie

The Guilty Ones (2019)

In the Name of Love (2012) 8.2
In the Name of Love (2012) အချစ် ဟူသော အမည်နာမအားဖြင့် (၂၀၁၂)(ရုန့်ရင်းကြမ်းတမ်းသော ပြကွက်များ ပါတင်သဖြင့် ၁၈ နှစ်အောက် လူငယ်များ ကြည့်ရှု့ရန် မသင့်တော်ပါ)တစ်ခါတလေ အချစ်ကို နာမည်တပ်တာ လွဲတတ်ကြပါတယ်။ အချစ်၊ လိင်ကိစ္စ နဲ့ အိမ်ထောင် ဆိုတာ ခေါင်းစဉ်ကြီး တစ်ခုပါပဲ။ ဒီဇာတ်ကားမှာလည်း ဒီလို အလွဲလေးတစ်ခုကနေ အမှားအကြီးကြီး ဖြစ်သွားတာပါပဲ။ အမှိုက်ကစ ပြသာဒ်မီးလောင် ဆိုသလိုပါပဲ။လွာ နဲ့ ခန်းတို့ လင်မယားနှစ်ယောက်ဟာ ကလေးမရနိုင်တဲ့ စုံတွဲ ဖြစ်ကြပါတယ်။ ပြဿနာက ယောကျာ်းဖြစ်သူ ခန်း ကြောင့် ကလေး မရနိုင်တာ ဖြစ်ပါတယ်။ ဒီတော့ လွာ တစ်ယောက် ကလေးရနိုင်ဖို့ ကြိုးပမ်းပါတယ်။ ဘယ်လိုကြိုးပမ်းလဲဆိုတော့ အိမ်နီးချင်းဖြစ်သူ ဦးလင်း နဲ့ သွားအိပ်မိတာပါပဲ။ အဲဒီကနေစလို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ ပြဿနာက မီးခိုးကြွက်လျှောက် ဖြစ်တော့တာပါပဲ။ ဦးလင်း က ကလေးကို သူ့ကလေးအနေနဲ့ ပိုင်ဆိုင်ချင်လာတဲ့အချိန်မှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

In the Name of Love (2012)

2012
The Ship Show (2023) 6.2
The Ship Show (2023) The Ship Show (2023)ဒိတ်တင်းရှိုးပရိသတ်တွေအတွက် ကိုရီးယားဒိတ်တင်ရှိုးတွေကို ကြည့်ရတာငြီးငွေ့နေပြီလား။ ဒီတစ်ခေါက်မှာတော့ ဖိလစ်ပိုင်ဒိတ်တင်ရှိုးလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ The Ship Show လို့ခေါ်တဲ့ အစီအစဉ်တစ်ခုအနေနဲ့ တင်ဆက်ထားပြီးတော့ ဆန်ကာတင်ရှိုးတွေရဲ့ထုံးစံအတိုင်း ထုတ်လုပ်ရေးဘက်က ဖောင်လာတင်တဲ့လူတွေအများကြီးထဲက ကာတင် ၁၂ ယောက်ကို ရွေးချယ်ပြီး အတွဲ ၆တွဲကနေ နောက်ဆုံးအနိုင်ရရှိသူကို ဆုကြေးငွေအများကြီးနဲ့ ရုပ်ရှင်တစ်ကားရိုက်ခွင့်ပေးသွားမှာပါ။အဲထဲမှာမှ မိဘတွေဖောင်တင်ပေးလို့ နောက်ဆုံးဆန်ကာတင် ပါမှ သိရတဲ့ Araw နဲ့ မင်းသမီးအရမ်းဖြစ်ချင်လွန်းလို့ ဒိတ်တင်ရှိုးကိုသရုပ်ဆောင်လာလုပ်တဲ့ Chia တို့လည်း ပါဝင်တာပေါ့။ မင်ရှင်တစ်ခုပြီးတိုင်း မဲအနည်းဆုံးတစ်တွဲကိုဖြုတ်မှာဆိုတော့ မဲအနိုင်ရအောင် သရုပ်ဆောင်ပြရပါတော့တယ်။ ဒိတ်တင်ရှိုးတွေရဲ့ဓလေ့အတိုင်း အတွဲတွေရဲ့ပြသနာတွေကို ဖောဖောသီသီမြင်ရမှာပါ။ ဒိတ်တင်းရှိုးတွေရဲ့ Behind the scenes ပုံစံအတိုင်းလေးအတိုင်းပါတာဆိုတော့ အဆင်လေးတွေကို တစ်ဝကြီးငန်းရင်း ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.6GB | 811MB Format… mp4 Duration…. 2h 2min Subtitle…. ...
movie

The Ship Show (2023)

2023
The Hours (2002)
The Hours (2002)   2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia ...
movie

The Hours (2002)

Stay Awake (2022) 6.8
Stay Awake (2022)   Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.2 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Lwin
movie

Stay Awake (2022)

Butcher’s Crossing (2022) 5.9
Butcher’s Crossing (2022) Butcher's Crossing (2022) =================== IMDb Rating -5.9/10Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် - အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ...
movie

Butcher’s Crossing (2022)

2022