Channel Myanmar

Junkyard Dogs (2022)

ComedyFamily

5.4
IMDB: 5.4/10 1120 votes

146014

Report error

Junkyard Dogs (2022)
================

Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး
လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ
မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။
သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ
ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင်
ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။
ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ
ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။

တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့
သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည်
လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့
မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ
မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့
ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။

ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့
ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား
စောင့်ကြည့်ရမယ့် မိသားစုဟာသကားလေးဖြစ်တာမို့ ကြည့်ရှူ့သူတို့ကို
အကြိုက်တွေ့စေဦးမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe
ဖြစ်ပါတယ်)

File Size……….(1.6 GB) / (800 MB) / (480 MB)
Quality…………WebRip 1080p / 720p / 480p
Duration………1Hr 29mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Comedy, Family
Translator…….May Thet Khine Soe
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Junkyard Dogs (2022)


No downloads available

Genres



Related movies